.
<<first     <prev    1  2  3  4  5  6  7  8  (9) 10       next>     last>>
Posted By - Ko Ko - June 28, 2010

ကားတိုက်ပြီးထွက်ပြေးတဲ့မင်းသား


Kwon Sang-woo booked for hit-and-run

မင်းသား Kwon Sang-woo ကားတိုက်မှု နဲ့ ရဲမှ အရေးယူ ထားတယ်လို့ သတင်း ရရှိ ပါတယ်။

မင်းသားဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က Seoul မြို့တောင်ပိုင်း မှာ ကိုယ်တိုင် ကားမောင်း သွားနေစဉ် ရပ်ထားတဲ့ ကားတစ်စီး ကိုတိုက်မိ ပါတယ်။

သူဟာ မရပ်ပဲ မောင်းပြေး ရာမှ ကိုက် ၃၀၀ လောက်မှာ မောင်းနေတဲ့ ရဲကား တစ်စီးကို ထပ်မံ တိုက်မိ ပြန် ပါတယ်။

ရဲက ရပ်ရန် လှမ်းအေါ်ပြော နေတဲ့ ကြားမှ ဆက်မောင်း ခဲ့ရာမှာ သစ်ပင် တစ်ပင်နဲ့ တိုက်မိ ပြီးရပ်သွား ပါတယ်။ ထို့နောက် မင်းသားဟာ အဖမ်း မခံပဲ ထွက်ပြေး သွားတယ် လို့ဆို ပါတယ်။


Kwon Sang-woo

မင်းသားဟာ နောက် နှစ်ရက် အကြာမှာ ရဲစခန်း မှာလာရောက် သတင်းပို့ ပါတယ်။ ရဲကားက ကျွန်တော့ နောက်လိုက် လာတော့ ကျွန်တော်လည်း ကြောက်ပြီး ထွက်ပြေးခဲ့ မိပါတယ်။ ထိုစဉ်က ကျွန်တော် အရက်သောက် ထားခြင်း မရှိပါ လို့ မင်းသားက ပြောသွား ပါတယ်။

ရဲက ယာဉ်တိုက်ပြီး ထွက်ပြေး မှုနဲ့ အရေးယူ ထားပါတယ်။ ဖြစ်ဖြစ်ခြင်း မစစ်နိုင် လို့ အရက် သောက် ထားခြင်း ရှိမရှိ ကိုတော့ စစ်ဆေးလို့ မလွယ်တော့ ပါလို့ ရဲက ပြောပါတယ်။

မင်းသားဟာ ယခု ကိစ္စ အတွက် အလွန်မှ နောင်တ ရနေ ပါတယ်လို့ သူ့ရဲ့ agent က ပြောသွား ပါတယ်။


Kwon Sang-woo, Son Tae-yeong come out
to watch the World Cup with their son

Kwon Sang-woo ဟာ Stairway to Heaven (SBS, 2003) ဇာတ်လမ်းတွဲနဲ့ နာမည်ကြီး လာခဲ့ သူဖြစ် ပါတယ်။

မြန်မာ ပရိသတ် ကတော့ Sad Love Song (MBC, 2005) [လွမ်းမပြေ] ဇာတ်လမ်းတွဲ နဲ့ သူ့ကို ပိုပြီး ရင်းနှီး ခဲ့ကြ ပါတယ်။

မကြာမှီ က မင်းသမီး Son Tae-yeong နဲ့ ဟိုးလေး တစ်ကျော် လက်ထပ် ခဲ့ပြီး သားယောက်ျား လေး တစ်ဦး ထွန်ကား ခဲ့ ပါတယ်။

လောလောဆယ် မင်းသားဟာ 71-Into the Fire လို့အမည် ရှိတဲ့ ရုပ်ရှင် ကားတစ်ကား ကို ရိုက်ကူးနေ ပါတယ်။

Links
Actor Kwon Sang-woo booked for hit-and-run
Kwon Sang-woo indicted for hit-and-run accident which happened 2 weeks ago

Tags: korean actor | korean news | korea
Summary - Actor Kwon Sang-woo was booked for an alleged hit-and-run. The star went to the police station two days after the accident. Kwon was driving in southern Seoul early in the morning of June 12 and hit a parked car. He did not stop, but tried to flee the scene only to hit another car- this time a patrol car. He drove for a further 300 meters, ignoring orders from the police to stop, then hit a tree. He left his car and ran off. Kwon showed up on June 14 at the Gangnam Police Station. Since two days had passed, the investigators were unable to conduct a sobriety test. The actor denied driving under the influence of alcohol and the case was passed to the prosecution on fleeing the scene of an accident charges only. His agency said, the actor was deeply remorseful of his conducts. Kwons car skidded in the rain and hit a car parked nearby. He was trying to reverse to look at the damage but made matters worse by hitting a patrol car. But when he hit the trees, he panicked and left the scene - his agency added.
4 comments            submit comments
.
Article Link - http://video.phpmyanmar.com/video/article/493/actor-kwon-sang-woo-booked-for-hit-and-run
Posted By - Ko Ko - June 21, 2010

အတိုအထွာသတင်းများ(၃၆)


Koo's feature debut is more spoof than ' Magic '

စွယ်စုံရမင်းသမီးရဲ့အစွမ်း

F4 မင်းသမီး Koo Hye-seon ဟာ တကိုယ်တော် ပန်းချီ ပြပွဲ လုပ်ဖို့ စီစဉ်နေ ပါတယ်။ ဝတ္ထု တစ်အုပ်လည်း မကြာမှီ ထွက်ဖို့ ရှိပါတယ်။

ဒီအတွင်း မှာ သူ့ရဲ့ သီချင်း album တစ်ခု ထွက်လာ ပါတယ်။ ဒီ albun မှား ဂျပန် သရုပ်ဆောင် Isao Sasaki နဲ့တွဲပြီး ကိုယ်တိုင် တေးသရုပ်ဖေါ် ထားပါတယ်။

ထို့ပြင် ကိုယ်တိုင် ဒါရိုက်တာ လုပ်ထားတဲ့ Magic အမည်ရှိ ရုပ်ရှင် ကားတို (a short feature film) ကို 11th Jeonju International Film Festival မှာ တင်ဆက် ခဲ့တယ်လို့ လည်း သိရ ပါတယ်။

Source : Koo's feature debut is more spoof than ' Magic '


Rain, Jeon deny relationship rumors, threaten legal action

သူတို့တွဲနေကြပြီးလို့သတင်းတွေထွက်နေပါတယ်

Rain (27) နဲ့ မင်းသမီး Jun Ji-hyun (28) တို့ date လုပ်နေ ကြပြီး ဆိုတဲ့ သတင်း တွေထွက် နေပါတယ်။

မင်းသားနဲ့ မင်းသမီး တို့ရဲ့ agency နှစ်ခု စလုံး ကတော့ ဒီသတင်း မမှန် ပါလို့ ငြင်းဆို ထားပါတယ်၊ မဟုတ် မမှန် သတင်းလွှင့် သူတွေကို တရားစွဲမယ် လို့လည်း ခြိမ်းချောက် ထားပါတယ်။

Source : Rain, Jeon deny relationship rumors, threaten legal action


Park Jae-beom rolls into town with a new film

Park Jae-bum ပြန်လာပြီး

2PM တီးဝိုင်း အဖွဲ့က လွန်ခဲ့တဲ့ ၄ လ လောက်က နှုတ်ထွက် သွားတဲ့ Jae Bum ဟာ Hype Nation လို့အမည် ပေးထားတဲ့ ဟောလီဝုဒ် ရုပ်ရှင် ရဲ့ ဇာတ်ဝင်ခန်း တွေရိုက်ဖို့ ကိုးရီးယား ကိုပြန်ရောက် လာပါတယ်။

သူ့ကို JYP ကထုတ်ပစ် လိုက်တာပါ။ အခုတော့ JYP ထက်ကြီးတဲ့ USA ကုပ္မဏီ ကြီး တစ်ခု အတွက် ရုပ်ရှင် ရိုက်ဖို့ ခေါင်းမေါ့ပြီး ပြန်လာ ခဲ့နိုင်ပြီး ဖြစ်ပါတယ်။

Source :
Park Jae-beom rolls into town with a new film
Female lead cast for Park Jae-beom film
With comeback in sight, Jae-bum reveals feelings


Lee Na-young to star in TV series "Fugitive" with Rain

Lee Na-young မင်းသား Rain နှင့်ဇာတ်လမ်တွဲရိုက်မည်

မင်းသမီး Lee Na-young ဟာ အဆိုတော် မင်းသား Rain နဲ့တွဲပြီး Fugitive လို့အမည် ရှိတဲ့ TV ဇာတ်လမ်းတွဲ ရိုက်တော့ မယ်လို့ သိရ ပါတယ်။

Lee Na-young ဟာ ၂၀၀၄ ခုနှစ် က Ireland (MBC) ဇာတ်လမ်းတွဲ ကိုနောက်ဆုံး ရိုက်ခဲ့ပြီး၊ Rain ဟာလည်း ၂၀၀၅ ခုနှစ်က A Love to Kill (SBS) ဇာတ်လမ်းတွဲ ကိုနောက်ဆုံး ရိုက်ခဲ့ ပါတယ်။

Source :
Lee Na-young to star in TV series "Fugitive" with Rain
Lee to play opposite Rain in new drama


Star actor cast in new Ahn Jung-geun play

ပြဇာတ်မင်းသားလုပ်တော့မည့် Jumong မင်းသား

Jumong မင်းသား Song Il-gook ဟာ I Am You လို့အမည် ပေးထားတဲ့ ပြဇာတ်မှာ ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။

ပြဇာတ် ဆိုတော့ မင်းသားကို အားရပါးရ အရှင်လတ်လတ် ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Source : Star actor cast in new Ahn Jung-geun play


Ko Hyeon-jeong: 'Fans Are Reliable Because They Trust Me'

မင်းသမီး Ko Hyeon-jeong ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခြင်း

မင်းသမီး Ko Hyeon-jeong ဟာ ဇွန်လ ၁၃ ရက်နေ့က ဆိုလ်းပြို့ Yeongduengpo Time Square ရှိ CGV Art Hall မှာ fan meet ကျင်းပ ခဲ့ပါတယ်။

သူ့ရဲ့ သရုပ်ဆောင် သက် ၂၁ နှစ်အတွင်းမှာ ပထမ ဆုံးပြုလုပ်တဲ့ fan meet လည်းဖြစ် ပါတယ်။

Source : Ko Hyeon-jeong: 'Fans Are Reliable Because They Trust Me'


Lee Dong-geon enters military Korean military

Lee Dong-geon စစ်ထဲဝင်ပြီး

မင်းသား Lee Dong-geon ဟာ ကိုးရီးယား အမျိုးသား တိုင်းရဲ့ ၂နှစ် စစ်မှုထမ်း တာဝန်ဖြင့် ဇွန်လ ၁၅ ရက်နေ့က စစ်ထဲ ဝင်သွားတယ်လို့ သိရ ပါတယ်။

Source : Lee Dong-geon enters military Korean military


Female lead cast for Park Jae-beom film

Jae-bum နှင့် အဆိုတော် T-ae တွဲဖက်သရုပ်ဆောင်မည်

အဆိုတော် Jae-bum ပါဝင်မဲ့ Hype Nation ရုပ်ရှင်မှာ RaNia အဆို အဖွဲ့မှ အဆိုတော် T-ae မှ မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင် မယ်လို့ သီရ ပါတယ်။

Source : Female lead cast for Park Jae-beom film


Kim Seon-ah meets with 2,000 fans at Taiwan fan meeting

Kim Seon-ah ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခြင်း

မင်းသမီး Kim Seon-ah ဟာ ဇွန်လ ၁၂ ရကိနေ့က Taiwan မှာ fan meet ပြုလုပ် ပါတယ်။ Fans ၂၀၀၀ ကျော်တက်ရောက် ခဲ့တယ်လို့ သိရ ပါတယ်။

Kim Seon-ah ဟာ My Name is Kim Sam-soon (2005) အမည် ရှိတဲ့ ဇာတ်လမ်း တွဲနဲ့ နာမည် ကြီးလာတဲ့ မင်းသမီး ဖြစ်ပါတယ်။

Source : Kim Seon-ah meets with 2,000 fans at Taiwan fan meeting


Koo Hye-seon to release digital single on June 16

Koo Hye-seon သီချင်းခွေထုတ်ခြင်း

မင်းသမီး Koo Hye-seon ဟာ မကြာမှီက Brown Hair လို့ အမည်ရှိတဲ့ digital single သီချင်းခွေ တစ်ခွေ ထုတ်ဝေခဲ့ ပါတယ်။

သီချင်းရော စာသားပါ၊ Koo Hye-seon ကိုယ်တိုင် ရေးသား ခဲ့ပြီး ကိုယ်တိုင် သီဆိုထား ပါတယ်။

Source : Koo Hye-seon to release digital single on June 16


'Cheer Girl against Greece' identified as actress Song Si-yeon

ကမ္ဘာ့ဖလားပွဲမှာနာမည်ကြီးလာတဲ့အမျိုးသမီး

Greece နဲ့ ကိုးရီးယား ဘောလုံး ပွဲမှာ၊ ကိုးရီးယား ပရီသတ် ထဲမှ အမျိုးသမီးလေး တစ်ဦးရဲ့ ပုံကို internet ထဲမှာ post လုပ်ပြီး နောက်မှာ တော်တော် နာမည်ကြီး လာပါတယ်။ ဘယ်သူ များလဲလို့ လည်း စုံစမ်း လာကြ ပါတယ်။

ဒီမိန်းခလေးဟာ ကိုးရီးယား သရုပ်ဆောင် မင်းသမီး Song Si-yeon ဖြစ်တယ်လို့ သိရ ပါတယ်။ သူ့ကို Cheer Girl against Greece လို့အမည် ပေးထား ပါတယ်။

Source : 'Cheer Girl against Greece' identified as actress Song Si-yeon


Koo Hye-seon's short feature wins at Japan film fest

Koo Hye-seon ဒါရိုက်တာဆုရခြင်း

တိုကျို မြို့မှာ ကျင်းပ ခဲ့တဲ့ 12th Short Shorts Film Festival & Asia မှာ F4 မင်းသမီး Koo Hye-seon ဟာ သူ ဒါရိုက်တာ လုပ်ရိုက် ထားတဲ့ The Madonna တဲ့ ဇာတ်လမ်းတို ကို တင်ဆက် ရှင်ပြိုင် ခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ရှင် ကားတို အတွက် Spotlight Award လို့ အမည် ရှိတဲ့ ဆုကို ဆွပ်ခူး ရရှိခဲ့တယ် လို့ သိရ ပါတယ်။

Source : Koo Hye-seon's short feature wins at Japan film fest


"The Servant" holds onto No. 1 spot on Korean box office

The Servant ရုပိရှင် Box Office 1# ရရှိခြင်း

မင်းသမီး Jo Yeo-jeong ရဲ့ The Servant အမည် ရှိတဲ့ ရုပ်ရှင်ဟာ 1# နေရာကို ၂ ပါတ် ဆက်တိုက် ရရှိ ခဲ့ပါတယ်။ Sex အခန်း တွေတော့ တော်တော် များတယ်လို့ ဆိုပါတယ်။

Source : "The Servant" holds onto No. 1 spot on Korean box office
Jo Yeo-jeong Hits Box-Office Gold with Daring Part


Lee Joon-ki in the military!

စစ်သားကြီး Lee Joon-ki

မင်းသား Lee Joon-ki ဟာ မကြာမှီက အခြေခံ စစ်သင်တန်း ၅ ပတ် ပြီးဆုံးသွား ပါတယ်။ ယခု စစ်တပ်ရဲ့ အနုပညာ ဋ္ဌာန တစ်ခုမှာ အရာရှိ အဖြစ် တာဝန် ထမ်းဆောင် နေတယ်လို့ သိရ ပါတယ်။

Source :
Lee Joon-ki in the military!
Lee Joon-ki to serve as celebrity military officer


Girls' Generation to debut in Japan

Girls' Generation ပထမဦဆုံးဂျပန် Show ပွဲ

Girls' Generation အဆို အဖွဲ့ရဲ့ ပထမဦဆုံးဂျပန် Show ပွဲကို ပရိသတ် တစ်သောင်း ကျော်ဆံ့တဲ့ Ariake Coliseum in Tokyo, Japan မှာ လာမည့် သြဂုတ်လ ၂၅ရကိ မှာကျင်းပ ပြုလုပ် မယ်လို့ သိရ ပါတယ်။

Source : Girls' Generation to debut in Japan


Koo Hye-seon cries happy tears upon meeting Yoona

အဆိုတော် Yoona နဲ့ဆုံရလို့မျက်ရည်ကျခဲ့ရတဲ့မင်းသမီး

F4 မင်းသမီး Koo Hye-seon ဟာ အဆိုတော် Yoona ကိုအလွန် သဘောကျတဲ့ fan တစ်ဦး ဖြစ်ပါတယ်။

KBS2 TV ရဲ့ Win Win အမည်ရှိတဲ့ celebrity talk show မှာ မထင်မှတ်ပဲ ရောက်လာတဲ့ အဆိုတော် Yoona ကိုဆုံရတဲ့ အတွက် Koo Hye-seon ဟာ မျက်ရည် များတောင် ကျခဲ့တယ် လို့ သိရ ပါတယ်။

Source : Koo Hye-seon cries happy tears upon meeting Yoona


Hye-yeong, too sexy for her age of 37 years?

မအိုသေးနဲ့သူအပျိုလေးနဲ့တူ

အဆိုတော် Hwang Hye-yeong ဟာ အသက် ၃၇နှစ် ရှိပါပြီး။ Shopping mall တစ်ခုရဲ့ ပိုစတာ တွေမှာ bikinis နဲ့ မယုံနိုင် လောက်အောင် နုပျိုတဲ့ အသွင်နဲ့ တွေ့ကြ ရလို့ အများမှ ရင်သတ် ရှုမော ဖြစ်နေ ကြပါတယ်။

Source : Hye-yeong, too sexy for her age of 37 years?

Summary - Actor Kwon Sang-woo was booked for an alleged hit-and-run. The star went to the police station two days after the accident. Kwon was driving in southern Seoul early in the morning of June 12 and hit a parked car. He did not stop, but tried to flee the scene only to hit another car- this time a patrol car. He drove for a further 300 meters, ignoring orders from the police to stop, then hit a tree. He left his car and ran off. Kwon showed up on June 14 at the Gangnam Police Station. Since two days had passed, the investigators were unable to conduct a sobriety test. The actor denied driving under the influence of alcohol and the case was passed to the prosecution on fleeing the scene of an accident charges only. His agency said, the actor was deeply remorseful of his conducts. Kwons car skidded in the rain and hit a car parked nearby. He was trying to reverse to look at the damage but made matters worse by hitting a patrol car. But when he hit the trees, he panicked and left the scene - his agency added.
2 comments            submit comments
.
Article Link - http://video.phpmyanmar.com/video/article/492/hot-news-20-june-2010
Posted By - Ko Ko - June 14, 2010

Rain MTV ဆုရခြင်း


Rain after receiving MTV award

ကိုးရီးယား မင်းသား Rain ဟာ ကမ္ဘာကျော် MTV ဆုကို မကြာမှီက ရရှိ ခဲ့ပါတယ်။ Rain ဟာ ဒီဆုကို ရရှိ ခဲ့တဲ့ ပထမ ဦးဆုံး ကိုးရီးယား သရုပ်ဆောင် လည်းဖြစ် ပါတယ်။

ရွေးချယ်ခံ nominee စာရင်း ကို ဟောလီးဝုဒ် မှ producers နဲ့ executives များမှ ပဏာမ စာရင်း ပြုစုပြီး၊ online မှာ ပရိသတ် များပှ မဲပေးပြီးး ဇကာတင် ရွေးချယ် ကြပါတယ်။

ဆုပေးပွဲ ကို Los Angeles မြို့မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပ ခဲ့ပြီး၊ ဆုလက်ခံ ပြီးတဲ့ နောက်မှာ Rain ဟာ ကျေးဇူးတင် စကားကို အင်္ဂလိပ် လို ပြောကြားခဲ့ ပါတယ်။


Rain in Hollywood film Ninja Assassin

Rain ဆုရတာ က Biggest Badass Star ဆိုတဲ့ category မှာဖြစ် ပါတယ်။ မင်းသားဟာ ဟောလီးဝုဒ် နာမည်ကြီး များဖြစ်ကြ တဲ့ Angelina Jolie, Channing Tatum, Chris Pine နဲ့ Sam Worthington စသူ တို့ကို ကျော်တက်ပြီး ဒီဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇နှစ် ရှိပြီး ဖြစ်တဲ့ Rain ကို USA မှာ Ninja Assassin အမည် ရှိတဲံ action ရုပ်ရှင် ပြပြီးတဲ့ နောက်မှာ တော်တော် လူသိများ လာကြ ပါတယ်။ ယခု ရတဲ့ ဆုဟာလည်း Ninja Assassin ရုပ်ရှင် အတွက် ဖြစ်ပါတယ်။


Rain postponed entering military service

Rain ၏ အခြား သတင်းများ ကတော့ ၂နှစ် စစ်မှု ထမ်းခြင်း တာဝန်ကို ခေတ္တ ဆိုင်းငံ့ လိုက်ခြင်း နဲ့ Fugitive လို့ အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ အသစ် တစ်ခုကို မင်းသမီး Lee Na-young နဲ့ တွဲပြီး မကြာမှီ ရိုက်တော့ မယ် ဆိုတာ တို့ပဲဖြစ် ပါတယ်။


Another top-star couple?

နောက်ဆုံး hot ဖြစ်နေတဲ့ သတင်း ကတော့ Rain (27) နဲ့ မင်းသမီး Jun Ji-hyun (28) တို့ date လုပ်နေ ကြပြီး ဆိုတဲ့ သတင်း ပါပဲ။

မင်းသားနဲ့ မင်းသမီး တို့ရဲ့ agency နှစ်ခု စလုံး ကတော့ ဒီသတင်း မမှန် ပါလို့ ငြင်းဆို ထားပါတယ်၊ စောင့်တော့ ကြည့်ကြ ရဦး မှာပါပဲ။

Links
Rain nominated as 'Biggest Badass Star'
Lee Na-young to star in new TV series with Rain
Rain will be entering the military service within a year
Another top-star couple?

Tags: korean actor | korean actress | korean news | korea
Summary - Korean star Rain was Sunday crowned Biggest Badass Star at the 2010 MTV Movie Awards for his role in [Ninja Assassin.] The 27-year-old beat Hollywood A-list candidates such as Angelina Jolie, Channing Tatum and Sam Worthington for the award, which goes to a notable performance in an action movie. He is the first Korean to be recognized at the MTV Movie Awards. There are only four past recipients of the Badass prize who are Asian such as Jackie Chan, Zhang Zi-yi, Lucy Liu and Chiaki Kuriyama.
0 comment            submit comments
.
Article Link - http://video.phpmyanmar.com/video/article/491/mtv-names-rain-biggest-badass-star
Posted By - Ko Ko - June 4, 2010

လမ်းမှာဖိနပ်တိုက်နေတဲ့မင်းသမီး


Koo Hye-seon preparing to polish shoes

မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ F4 မင်းသမီး Koo Hye-seon ဟာ Seoul မြို့ Myeongdong ရပ်ကွက်မှာ ဖိနပ် တိုက်ဆိုင် ဖွင့်ပြီး ဖိနပ်တိုက် ခဲ့ပါတယ်။

မင်းသမီး ဟာ KBS 2TV ကပြု လုပ်တဲ့ WinWin လို့အမည် ပေးထားတဲ့ talk show အစီအစဉ် မှာပါဝင် ခဲ့ပါတယ်။


Koo Hye-seon setting up shop

ဒီ talk show ရဲ့ Lets Meet Now-Keep Your Promise Project အစီအစဉ် မှာ ပရိသတ် ကို အောက်ပါ မေးခွန်း မေးခဲ့ ပါတယ်။

မေးခွန်း
တစ်ကယ်လို့ မင်းသမီး Koo Hye-seon ဟာ မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ Seoul မြို့ Myeongdong ရပ်ကွက်မှာ ဖိနပ် တိုက်ခဲ့ရင် ထိုတစ်ချိန် တည်းမှာ သင်ဘာလုပ် မလဲ?


Koo Hye-seon polishing ardently

ထိုအခါမှာ ပရိသတ် တွေက ဖုန်းဆက်ပြီး သူတို့ တစ်ချိန် တည်းမှာ ဘာလုပ် ပါမယ် ဆိုတာ TV အစီအစဉ် သို့လှမ်းပြီး ပြောကြ ရပါတယ်။ ပေါက်ကရ လေးဆယ် အဖြေ တွေကို ဖတ်ပြပြီး ဟာသ လုပ်တဲ့ အစီအစဉ် ပါ။


Ok, I'm closing up now

ထို့ကြောင့် မင်းသမီးး ဟာသူ့ ဂတိ အတိုင်း မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ Seoul မြို့ Myeongdong ရပ်ကွက် သို့သွားပြီး ဖိနပ် တိုက်တာ ဖြစ်ပါတယ်။


She looks so cute

အဝတ်မဝတ်တဲ့မင်းသမီး

မင်းသမီး Koo Hye-seon ဟာရုပ်ရှင် ပွဲတော် တစ်ခုကို လည်း အဝတ်အစား မဝတ်ပဲ (ဖကိရှင် ကျကျ အမျိုးသမီး အဝတ်အစား မဝတ်ကဲ) ဘောင်းဘီ ရှပ် လည်စီး ဝတ်ပြီး တက်ရောက် လာတာကို တွေ့ရ ပါတယ်။


Koo's reasons for not wearing dresses

ကျွန်မကို ရုပ်ရှင် ပွဲတော် တွေက ဖိတ်တာဟာ ဒါရိုက်တာ အနေနဲ့ပါ၊ မင်းသမီး အနေနဲ့ ဖိတ်တာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် အခုလို ဘောင်းဘီ ဝတ်ပြီး လာခဲ့ တာပါ။ ဒါမှလည်း တခြား ဒါရိုက်တာ တွေနဲ့ ဆွေနွေးရတာ ပိုပြီး အဆင် ပြေပါတယ်လို့ မင်းသမီးက ရှင်းပြ သွားပါတယ်။

မင်းသမီးဟာ The Cheerful Caretaker အမည် ရှိတဲ့ ရုပ်ရှင် ကားတို တစ်ကား ကို 2009 က၄င်း၊ Magic အမည် ရှိတဲ့ ရုပ်ရှင် ကားတို တစ်ကား ကို 2010 က၄င်း၊ ဒါရိုက်တာ လုပ်ပြီး ရိုက်ကူး ခဲ့ ပါတယ်။

စွယ်စုံရတဲ့ပါရမီရှင်

မင်းသမီး ဟာ စွယ်စုံ ရသူ တစ်ဦး ဖြစ် ပါတယ်။ Boys Before Flowers (F4) ရိုက်နေဆဲ ကာလ မှာပဲ Tango လို့ အမည် ရှိတဲ့ novel တစ်အုပ် ရေးသား ထုတ်ဝေ ခဲ့ ပါတယ်။ စာအုပ် မျက်နှာဖုံး design ကို ကိုယ်တိုင် ဆွဲ ပါတယ်။

စာအုပ် အတွင်း မှာလည်း သူကိုယ် တိုင် ဆွဲတဲ့ သရုပ် ဖေါ် ပန်းချီ ၄၀ ကျော် ပါရှိ တယ်လို့ ဆို ပါတယ်။ စါအုပ် ကို March 31, 2009 က ထုတ်ဝေ ခဲ့ ပါတယ်။

လဝက် အတွင်း မှာ အုပ်ရေ ၃ သောင်း စံချိန် တင် ရောင်းချ ခဲ့ရ ပြီးရောင်း မလောက် လို့ ၇ ကြိမ်မြောက် ပုံနှိပ် ခဲ့ရ ပါတယ်။

သူရိုက်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို တွေရဲ့ theme songs တွေကိုလည်း ကိုယ်တိုင် ရေးစပ်ခဲ့ ပါတယ်။ Piano လည်း ကောင်းကောင်း တီးတတ် ပါတယ်။

သူ ခေါင်ဆောင် မင်းသမီး အဖြစ် ပါဝင် ခဲ့တဲ့ Pure 19 (KBS1, 2006) ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ဝင် သီချင်း (themes song) ကိုလည်း ကိုယ်တိုင် သီဆိုခဲ့ ပါတယ်။

ဒါတင် မပြီးသေး ပါဘူး၊ သူဟာ SBS ရဲ့ (2006 - 2007) က music program ရဲ့ စီစဉ် တင်ဆက် သူ (host) အဖြစ် လည်း ဆောင်ရွက် ဖူး ပါတယ်။

SBS Drama Award (2007) ရဲ့ အခမ်း အနားမှူး (MC) အဖြစ်လည်း ဆောင်ရွက် ခဲ့ ပါတယ်၊ ဒီ အလုပ် တွေကလည်း လူတိုင်း လုပ်နိုင်တဲ့ အလုပ် မဟုတ် ပါဘူး။

Links
Koo Hye-seon Shoes Polishing at Myeongdong for WinWinӔProgramme
Koo's reasons for not wearing dresses
Ku Hye Sun - Wikipedia , the free encyclopedia

Tags: korean actress | korean news | korea
Summary - Koo Hye-seon took part in [Let-s Meet Now-Keep Your Promise Project] for KBS 2TV talk show [WinWin]. At the show a question was set [If Goo Hye Sun is to polish shoes on May 25 4pm at Seoul, Myeongdong, what will you do together with her]. Peolpe phone in to the show with assorted answers. on the promised date May 25 at 4pm, actress Koo Hye-seon went to Seoul, Myeongdong and polished shoes to fulfill her side of the promise.
20 comments            submit comments
.
Article Link - http://video.phpmyanmar.com/video/article/490/koo-hye-seon-shoes-polishing-at-myeongdong
Posted By - Ko Ko - May 20, 2010

Jae Bum ပြန်လာပြီး


Jae Bum in the news

2PM တီးဝိုင်း အဖွဲ့က နှုတ်ထွက် သွားတဲ့ Jae Bum ဟာ Hype Nation လို့အမည် ပေးထားတဲ့ ဟောလီဝုဒ် ရုပ်ရှင် ရဲ့ ဇာတ်ဝင်ခန်း တွေရိုက်ဖို့ ကိုးရီးယား ကိုပြန်ရောက် လာမှာဖြစ် ပါတယ်။

ဇာတ်ဝင်ခန်း ၇၀ ရာနှုံးကို ကိုးရီးယား မှာရိုက် ကူးမယ်လို့ သိရ ပါတယ်။ Jae Bum ရဲ့ public relation ကိစ္စ အားလုံးကို မိဘများ ကိုယ်တိုင် ကိုင်တွယ် နေတာ တွေ့ရ ပါတယ်။ အရင်လို ဒုက္ခ မရောက်အောင် မိဘများ ကိုယ်တိုင် ရင်အုပ် မကွာ လိုက်လာ ကြမှာဖြစ် ပါတယ်။


Jae Bum (23)

Jae Bum (23) ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။

ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။

US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။

သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။

ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင် အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ 2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။


Jae Bum keeps dancing

ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့ Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး ဝိုင်အပြစ် တင်ကြ ပါတယ်။

Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော် နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။

Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။

အခုတော့ ခေါင်နှိမ် ထားလို့ မရတဲ့ Jae Bum ရဲ့ခေတ် တစ်ခေတ် ပြန်ထ လာတော့ မယ်လို့ မျှော်လင့် မိပါတယ်။

Links
Jae Bum to Star in Movie
Park Jae-beom considering press conference in Korea
Jaebom is into the Hype
Jaebeom in the news
Jaebum Keeps Dancing
Fans Commemorate Jaebum's 100 Days After Leaving Korea
2PM's Jaebum knows what time it is
Jaebeom From Wikipedia

Tags: korean singer | korean news | korea
Summary - Jae Bum, 23, is scheduled to arrive in Korea in early June to shoot [Hype Nation], a film about a dance contest between dance crews from the East and the West. Jae Bum former 2PM music band leader , has remarkable dance and rap skills, he can speak English fluently, and he also has a cute bad guy image. Korean-American Jae Bum had been caught up in a controversy over remarks he made degrading Korea last September, and he had left for his home in Seattle. After that, his agency JYP Entertainment officially decided to withdraw him from 2PM in February due to issues in his private life, and he has stayed in the USA since then. Therefore the news about his comeback is drawing attention in the Korean entertainment industry. The film [Hype Nation] will be made with 20 billion won worth of funding from both Korea and the US, and it will portray the story of an Asian B-boy group participating in the World B-boy Championship held in Asia and then moving on to have successful lives in America. Director Alan Calzatti, who has made music videos for the Backstreet Boys and N Sync, will direct the film, and Teddy Riley, who was popular as a leader of Black Street in the 1990s and famous for producing albums for Michael Jackson, John Legend, and the Pussycat Dolls, will participate as a music director. Jae Bum will play the leader of the Korean B-boy group in the film.
5 comments            submit comments
.
Article Link - http://video.phpmyanmar.com/video/article/489/jae-bum-in-the-news
.
<<first     <prev    1  2  3  4  5  6  7  8  (9) 10       next>     last>>








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0192 sec **

9301480a05d5e4f1d0ccdfab6be45ec6 - September 23, 2017 - 6:30:50 am