.
<<first     <prev    1  2  3  4  5  (6) 7  8  9  10       next>     last>>
Posted By - Ko Ko - August 14, 2011

အတိုအထွာသတင်းများ(၄၅)


Ryoo Si-won Claims Second Win at Ferrari Challenge

ဒုတိယအကြိမ်ပထမထပ်ရခြင်

တရုတ်ပြည် Shanghai မြို့မှာ ကျင်းပတဲ့ Ferrari Challenge Series မှာ မင်းသား Ryoo Si-won ဟာကိုယ်တိုင် ပြိုင်ကား မောင်းပြီး၊ ကိုးရီးယား နိုင်ငံကို ကိုယ်စား ပြု ဝင်ပြိုင် ခဲ့ပါတယ်။

မင်းသား ဟာ ပြိုင်ကားမောင်း လိုင်စင် ရထားတဲ့၊ တစ်ဦးတည်း သော ကိုးရီးယား အနုပညာ သည် လည်းဖြစ် ပါတယ်။

ပထမ Ferrari Challenge Series ပြိုင်ပွဲကို တရုတ်ပြည် Zhuhai မြို့မှာ ပြီးခဲ့တဲ့ July လ ကပြုလုပ် ခဲ့ရာ၊ မင်းသား Ryoo Si-won ပထမ ရရှိ ခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယ Ferrari Challenge Series ပြိုင်ပွဲကို တရုတ်ပြည် Shanghai မြို့မှာ ဆက်တိုက် ကျင်းပ ခဲ့ပြန် ပါတယ်။ ဒီပြိုင်ပွဲ မှာလည်း၊ မင်းသား Ryoo Si-won ပဲ ပထမ ထပ်မံ ရရှိ ခဲ့တယ်လို့ သိရ ပါတယ်။

Source : Ryoo Si-won Claims Second Win at Ferrari Challenge (second series)
Korean actor-singer Ryu Si-won won an auto racing event in China
Ryoo Si-won Cruises to Win Ferrari Challenge (first series)


Sunny opening in more US theaters Friday

Sunny ရုပ်ရှင်ကား USA တွင်အောင်မြင်မှုရနေခြင်း

Sunny လို့အမည် ရှိတဲ့ ရုပ်ရှင်ကား ဟာ ၂၀၁၀ တုံးက ကိုးရီးယား မှာ ဝင်ငွေ အများဆုံး ရရှိ ခဲ့ပါတယ်။

ယခု ဒီရုပ်ရှင် ကို USA မှာ စတင် ဖြန့်ချီ ပြသ နေပြီး ဖြစ်ပါတယ်။ ဒါရိုက်တာ Kang Hyeong-cheol ရိုက်ကူးတဲ့ ဒီရုပ်ရှင် ဟာ (၄င်းရဲ့ ဒုတိယ ရုပ်ရှင်) ကိုးရီးယား မှာ ၁၂ ပတ်အတွင်း ကြည့်သူ 7 million ကျော်ခဲ့ ပါတယ်။

ဒါရိုက်တာ Kang Hyeong-cheol ရဲ့ ပထမ ဆုံး ရုပ်ရှင် Speedy Scandal (2008) ဟာလည်း ကြည့်သူ 8.3 million နဲ့ ဝင်ငွေ စံချိန် တင်ခဲ့ ဖူးပါတယ်။

Source :
Sunny opening in more US theaters Friday
Sunny, the No1 Box Office in Korea is finally coming to the U.S. & Canada
Movie Speedy Scandal Becames The Hit Of The Year


Girls' Generation's Seoul Concert Goes Down a Storm

Girls' Generation ရဲ့ Show ပွဲအထူးအောင်မြင်ခြင်း

Olympic Park Gymnastics Stadium, Seoul မှာ မကြာမှီ က Girls' Generation အဆို အဖွဲ့ ရဲ့ show ပွဲ ပြုလုပ် ခဲ့ပါတယ်။

ပရိသတ် 20,000 ရုံပြည့် အားပေးပြီး အထူး အောင်မြင် ခဲ့ပါတယ်။ အခြား အာရှ မြို့တော် ကြီးတွေ မှာလည်း show ပွဲတွေ လှည့်ပတ် ပြုလုပ် မယ်လို့လည်း သတင်း ရရှိ ပါတယ်။

Source : Girls' Generation's Seoul Concert Goes Down a Storm


TVXQ #1 in Vietnam

TVXQ အဆိုအဖွဲ့ ဗိယက်နမ်တွင် Show ပွဲပြုလုပ်ခြင်း

TVXQ အဖွဲ့ဟာ ကိုးရီးယား မှာ အထူး ကျော်ကြား ပါတယ်။ နောက်ဆုံး စစ်တမ်း ကောက်ချက် များအရ ဗီယက်နမ် မှာလည်း လူကြိုက် အများဆုံး အဖွဲ့ ဖြစ်တယ်လို့ သိရ ပါတယ်။ ဗီယက်နမ် မှာ စစ်တမ်း ကောက်ကြည့်တဲ့ အခါမှာ အောက်ပါ အတိုင်း ရရှိ ပါတယ်။

TVXQ 90,898 votes
Super Junior 87,845 votes
Big Bang 19,399 votes
2PM 5,032 votes
Girls' Generation 4,139 votes
JYJ 2,967 votes
Wonder Girls 2,856 votes
SHINee 2,005 votes

Source : TVXQ #1 in Vietnam


Kim Jae-won With Neck Disc Pains

မင်းသား Kim Jae-won လည်ပင်း
အဆစ်လွဲရောဂါဖြစ်းနေခြင်း

မင်းသား Kim Jae-won ဟာ ဇာတ်လမ်းတွဲ ရိုက်ကူး နေစဉ် လည်ပင်း တဝိုက် နာကျင်မှု ဖြစ်ပေါ်လို့ ဆေးစစ် ကြည့်ပါတယ်။

ဆေးစစ်ချက် အရ လည်ပင်း အဆစ်လွဲ ရောဂါ (neck disc problem) ဖြစ်း နေတယ်လို့ သိရ ပါတယ်။ မနှစ်က မေလ မှာဖြစ်ခဲ့တဲ့ car accident ရဲ့ဒါဏ်လည်း ပါတယ် လို့ ဆိုပါတယ်။ တစ်လ လောက် အနားယူ ကုသ ရမယ်လို့ သိရ ပါတယ်။

Source : Kim Jae-won With Neck Disc Pains


Han Ye-seul not living up to her
acting and is even insincere

အားထုတ်မှုနည်းတယ်လို့အပြောခံနေရတဲ့မင်းသမီး

KBS 2TV ရဲ့လက်ရှိ ရိုက်ကူး ပြသဆဲ ဇာတ်လမ်းတွဲ Spy Myeong Wol ရဲ့ ခေါင်းဆောင် မင်းသမီး Han Ye-seul ဟာ ဇာတ်လမ်းတွဲ ကို စိတ်မပါ လက်မပါ သရုပ်ဆောင် နေတယ်လို့ ဝေဖန် နေကြ ပါတယ်။

ဒီ ဇာတ်လမ်းတွဲ ရဲ့ rating ဟာလည်း ထိုးကျ သွားလို့ လမ်းခုလတ် မှာ ဇာတ်ညွှန်း စာရေးဆရာ ပြောင်းဖို့ စီစဉ် နေတယ်လို့ လည်းသတင်း ရရှိ ပါတယ်။ မင်းသမီး စိတ်မပါ ဖြစ်ရတဲ့ နောက်ကွယ် က အကြောင်း တွေတော့ ရှိမယ် ထင်ပါတယ်။

Source :
Han Ye-seul not living up to her acting and is even insincere
Han Ye-seul shoots"Spy MyeongWol" 5 days a week
Myung Wol the Spy - Drama Info
Myung Wol the Spy - Episode_Ratings
Poor rating "Spy MyeongWol" switching writers... will it work?


Jeon Ji-hyeon's "Snow Flower" popular in USA

မင်းသမီး Jeon Ji-hyeon ရဲ့ Snow Flower
အမည်ရှိရုပ်ရှင် USA တွင်ရေပန်းစာနေခြင်း

မင်းသမီး Jeon Ji-hyeon ရဲ့ Snow Flower and the Secret Fan အမည်ရှိတဲ့ ဟောလီဝုဒ် ရုပ်ရှင်ဟာ ဇွန်လိုင်လ ၁၅ ရက်နေ့ က USA တလွှား မှာစတင် ရုံတင် ပြသ ခဲ့တာ အခြေအနေ ကောင်းတယ်လို့ သိရ ပါတယ်။

Source : Jeon Ji-hyeon's "Snow Flower" popular in USA


Singer Lee Hyo-lee's ex-songwriter copied songs

အဆိုတော် Lee Hyo-ri အမှုနိုင်ခြင်း

အဆိုတော် Lee Hyo-ri ရဲ့နောက်ဆုံး ထွက်ခဲ့တဲ့ album မှ သီချင်း အများအပြား ဟာ နိုင်ငံခြား သီချင်း များကို ခိုးချ ထားတာ ဖြစ်နေလို့ ထုတ်ဝေခြင်း ရပ်ဆိုင်း ထားခဲ့ရ ပါတယ်။

ဒီနောက်မှာ Lee Hyo-ri ရဲ့ agency ဟောင်း CJ E&M က သီချင်းရေး ဆရာ Lee Jae-young ကို နစ်နာကြေး 270 million won ရလို မှုနဲ့ တရား စွဲဆို ခဲ့ပါတယ်။

Agency ဟောင်း CJ E&M ကိုလည်း နိုင်ငံခြား အဖွဲ့အစည်း အများ အပြားမှ တရားစွဲဆို ခဲ့ပါတယ်။

Lee Hyo-ri ကတော့ ဒီ အရှုပ်အရှင်း တွေနဲ့ လွတ်ကင်း ပါတယ်။ CJ E&M agency က ငှားရမ်းပြီး အကျိုးအမြတ် ခွဲဝေတဲ့ ပုံစံနဲ့ ထုပ်ဝေ ခဲ့တာ ဆိုတော့ အလျှော် အပွန်း တွေနဲ့တော့ လွတ်ပါတယ်။ အဲ - နာမည်တော့ ပျက်တာပေါ့။

သီချင်းရေ ဆရာ Lee Jae-young ကို ရုံးတော်က ထောင် ၁၈ လ ချလိုက် ပါတယ်။

Source : Singer Lee Hyo-lee's ex-songwriter copied songs


Kwak, Kwon team up for melodrama


Kwon Sang-woo and Jeong Ryeo-won

Kwon Sang-woo နဲ့ Jeong Ryeo-won တို့ရဲ့ရုပ်ရှင်အသစ်

မင်းသား Kwon Sang-woo နဲ့ မင်းသမီး Jeong Ryeo-won တို့ဟာ နာမည်ကြီး ဒါရိုက်တာ Kwak Gyeong-taek ရိုက်ကူးမဲ့၊ Painted လို့ အမည် ရှိတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ကြမယ်လို့ သတင်း ရရှိ ပါတယ်။

Source : Kwak, Kwon team up for melodrama


Lee Byeong-heon leaves for
Hollywood to shoot "G.I. Joe 2"

Lee Byeong-heon ဟောလီးဝုဒ် သို့ထွက်ခွာခြင်း

မင်းသား Lee Byeong-Heon ဟာက G.I. Joe 2 ရုပ်ရှင် ရိုက်ဖို့ ဟောလီးဝုဒ် သို့ ထွက်ခွာ သွားတယ်လို့ သိရ ပါတယ်။

G.I.Joe 2 ကို သြဂုတ်လ ၁၅ ရက်နေရမှာ USA, New Orleans မြို့ မှာစတင် ရိုက်ကူး မှာဖြစ် ပါတယ်။

Source : Lee Byeong-heon leaves for Hollywood to shoot "G.I. Joe 2"


IU explodes with innocent beauty,
milky skin plus sweet smile

အဆိုတော် IU ရဲ့အပြစ်ကင်းတဲ့အလှ

ကိုးရီးယား SK Telecom ဟာ ကုမ္ပဏီ ရဲ့ပင်တိုင် ကြော်ငြာ သရုပ်ဆောင် အဖြစ် အဆိုတော် မင်းသမီး IU နဲ့ မင်းသား Won Bin တို့ကို ရွေးချယ် ခဲ့ပါတယ်။

ထုတ်ပြန်လိုက် တဲ့ဓါတ်ပုံ တွေထဲမှာ အပေါ်မှာ ဖေါ်ပြ ထားတဲ့ အဆိုတော် မင်းသမီး IU ရဲ့အပြစ် ကင်းတဲ့ ပုံလေးလည်း အပါအဝင် ဖြစ်ပါတယ်။

Source : IU explodes with innocent beauty, milky skin plus sweet smile


Hong Seok-cheon supports Micky Yuchun

Micky Yuchun ယားနာတစ်မျိုးကူးစက်ခံရခြင်း

မင်းသား Micky Yuchun ဟာ herpes zoster လို့ခေါ်တဲ့ ယားနာ တစ်မျိုး ဖြစ်ပွား နေတယ်လို့ သတင်း ရရှိ ပါတယ်။


Herpes zoster infection (example)

ရောဂါ ဖြစ်ပွား နေတဲ့ ကြားက ကားရိုက် မပျက်အောင်၊ အထူးကျိုးစား နေတယ်လို့လည်း သိရ ပါတယ်။

Source :
Hong Seok-cheon supports Micky Yuchun
Micky Yuchun herpes zoster, worst health condition
http://en.wikipedia.org/wiki/Herpes_zoster


Ahn Jae-wook returns in 3 years
with drama "Lights and Shadows"

၃ နှစ်ကြာပြီးနောက်ပြန်လာ
တဲ့မင်းသား Ahn Jae-wook

၂၀၀၈ ခုနှစ် ထဲက ဇာတ်လမ်းတွဲ လောကကနေ ပျောက်နေတဲ့ မင်းသား Ahn Jae-wook ဟာ MBC ရုပ်သံရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဇာတ်လမ်းတွဲ Light and Shadow မှာပြန်လည် သရုပ်ဆောင် တော့မယ်လို့ သိရ ပါတယ်။

Source : Ahn Jae-wook returns in 3 years with drama "Lights and Shadows"


Babysitting, housework,
Jang Dong-gun is a houseman

ခလေးထိန်းဖြစ်နေတဲ Jang Dong-gun

မင်းသားကြီး Jang Dong-gun ဟာ လွန်ခဲ့တဲ့ ၁ နှစ်လုံး My Way အမည် ရှိတဲ့ ရုပ်ရှင်ကား ရိုက်နေ ပါတယ်။

အခုတော့ နားချိန် ရလို့ ခလေးထိန်း အနှီးလဲ အလုပ်ကို အချိန်ပြည့် လုပ်နေတယ် လို့ သိရ ပါတယ်။

Source : Babysitting, housework, Jang Dong-gun is a houseman


Why Kim Seon-ah refused to be diet icon

မင်းသမီး Kim Seon-ah ကကိုယ်
အလေးချိန်အကြောင်းလုံးဝမပြောလိုပါတဲ့

မင်းသမီး Kim Seon-ah (36) ဟာ My Name is Kim Sam Soon ဇာတ်လမ်းတွဲ နဲ့ နာမည်ကြီး လာခဲ့သူ ဖြစ်ပါတယ်။

ဒီကားမှာ ခပ်ဝဝ ပုံစံနဲ့ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၄င်းနောက်ပိုင်း ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင် တွေမှာ ပိန်ပိန် ပါးပါ ဖြစ်အောင် ဝိတ်ချ ပြီးမှ ရိုက်ခဲ့ ပါတယ်။

ထိုစဉ် ကထဲက ၆နှစ် ၇နှစ် လုံးလုံး တွေ့ဆုံပွဲ အားလုံးမှာ ဝိတ်ဘယ်လို ချခဲ့ သလဲ ဆိုတဲ့ မေခွန်းပဲ ဆက်တိုက် အမေးခံလာရ လို့ ဒီမေးခွန်း ကို နားခါးတယ် လို့ ထုတ်ဖေါ် ပြောသွား ပါတယ်။

Source : Why Kim Seon-ah refused to be diet icon


Park Sin-hye in car accident

မင်းသမီး Park Sin-hye
ယာဉ်တိုက်မှုဖြစ်ပွားခြင်း

ပြသဆဲ ဇာတ်လမ်းတွဲ Heartstrings ရဲ့ သရုပ်ဆောင် မင်းသမီး Park Sin-hye ဟာ မကြာမှီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ ပါတယ်။

စိုးရိမ်ရ လောက်တဲ့ ဒါဏ်ရာ မရခဲ့လို့ ကားဆက် ရိုက်နိုင်တယ် လို့ သီရ ပါတယ်။ ဒါပေမဲ့ ဖြစ်ပွားတဲ့ နေ့ ကတော့ ရိုက်ကွင်း တစ်ရက် နားတယ်လို့ သတင်း ရရှိ ပါတယ်။

Source : No Major Setbacks for Park Sin-hye's Drama After Accident
Park Sin-hye in car accident... in hospital
Car accident Park Sin-hye "No problem with drama"


Jeon Hye-bin's Sexy Styling Book Sells Well

မင်းသမီး Jeon Hye-bin ရဲ့စါအုပ်
အသစ်ရောင်းကောင်းနေခြင်

မင်းသမီး Jeon Hye-bin ရဲ့ Stylish Body အမည် ရှိတဲ့ စာအုပ် အသစ်ဟာ အထူး ရောင်းကောင် နေပြီး၊ အာပ်ရေ ၁၀၀၀၀ ကျော် ရောင်းခဲ့ ရပြီးလို့ သိရ ပါတယ်။

Australia မှာ ထုတ်ဝေတဲ့ InStyle မဂ္ဂဇင်း ရိုက်ကူး စဉ်က ရိုက်ထားတဲ့ sexy ဖြစ်တဲ့ ပုံတော်တော် များများ စာအုပ် ထဲမှာ ပါတယ်လို့ ဆိုပါတယ်။

Source : Jeon Hye-bin's Sexy Styling Book Sells Well


Kim Rae-won and Soo-ae in
drama "A Thousand Days Promise"

မင်သား Kim Rae-won နဲ့ မင်းသမီး
Soo-ae တို့ရဲ့ဇာတ်လမ်းတွဲအသစ်

မင်သား Kim Rae-won နဲ့ မင်းသမီး Soo-ae တို့ဟာ A Thousand Days' Promise (SBS TV) အမည် ရှိတဲ့ ဇာတ်လမ်းတွဲအသစ် မှာ ပါဝင် သရုပ်ဆောင် ကြမယ်လို့ ဆိုပါတယ်။

မင်းသား Kim Rae-won ဟာ စစ်ထဲ ဝင်ပြီးနောက် ၃ နှစ်လောက် ပျောက်နေ ရာက ယခု ပထမ ဆုံး အကြိမ် TV ဇာတ်လမ်းတွဲ ပြန်ရိုက်တာ ဖြစ်ပါတယ်။

Source : Kim Rae-won and Soo-ae in drama "A Thousand Days Promise"


Bae Doo-na In Talks With Hollywood

မင်းသမီး Bae Doona
ဟောလီးဝုဒ်မှာရိုက်တော့မလား?

မင်းသမီး Bae Doona ဟာ ဟောလီးဝုဒ် ရုပ်ရှင် Cloud Atlas မှာသရုပ်ဆောင် ရန် ညှိနိုင်းမှု များပြုလုပ် နေတယ်လို့ သိရပါတယ်။ လာမည့် စက်တင်ဘာ လထဲမှာ အတည် ပြုချက် ကိုသိရ မှာဖြစ် ပါတယ်။

ရိုက်ဖြစ်လို့ ရှိရင် Tom Hanks, Halle Berry, Susan Sarandon စသူ တို့နဲ့ တွဲဖက် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

လောလောဆယ် မင်းသမီးဟာ Ha Ji-won နဲ့တွဲပြီး ရုပ်ရှင် တစ်ကား ရိုက်ကူးနေ ပါတယ်။

Source : Bae Doo-na In Talks With Hollywood


Yoo Jin and Ki Tae-yeong wedding pictures


Their photo

မင်းသမီး Yoo Jin မင်းသား Ki Tae-yeong
တို့ရဲ့ မင်္ဂလာဆောင်နှင်ဖိတ်စာ

မင်းသမီး Yoo Jin နဲ့ မင်းသား Ki Tae-yeong တို့ဟာ ၄င်းတို့ရဲ့ မင်္ဂလာဆောင် ဓါတ်ပုံများ နဲ့ ဖိတ်စာ တို့ကို မကြာမှီ က ထုတ်ပြန် ခဲ့ ပါတယ်။


Their invitation card

Source :
Yoo Jin and Ki Tae-yeong wedding pictures
Yoo Jin and Ki Tae-yeong's unique invitations


Lee Da-hae sleeping on the emergency bed

မင်းသမီး Lee Da-hae ဆေးရုံ
အလယ်မှာတစ်ဦးတည်းအိပ်နေပုံ

မင်းသမီး Lee Da-hae ဟာ ဆေးရုံ ကြီးတစ်ခုရဲ့ အလယ်မှာတစ်ဦးတည်းအိပ်နေ ပုံကို ၄င်းရဲ့ website မှာ တင်ထားတာ တွေ့ရ ပါတယ်။

မူလက မင်းသမီး အိပ်နေတဲ့ နေရာမှာ Miss Ripley (ချစ်လူလည်) ကားရိုက် နေပါတယ်။ နောက်တော့ နေရာရွှေဖို့ လုပ်ကြ ပါတယ်။ အဲဒီ အချိန် လေးမှာ မင်းသမီးဟာ အနီးရှိ ကုတင် တစ်လုံးမှာ တက်အိပ်ပြီး၊ အိပ်ပျော် သွားခဲ့ ပါတယ်။

မင်းသမီးဟာ အလွန် ပင်ပန်း နေသူ ဖြစ်လို့ ဒီအတိုင်း ထားပစ် ခဲ့ကြပြီး နောက် တစ်နေရာ မှာပြင်ဆင် မှုများ သွားလုပ် ကြပါတယ်။ နောက်မှ နှိုးမယ်ပေါ့။

ဒီပုံကို ရိုက်တဲ့ သူကလည်း အမိအရ ရိုက်ပြီး မှတ်တမ်း တင်ထားခဲ့ ပါတယ်။

Source : Lee Da-hae sleeping on the emergency bed


Seo Tai-ji, Ex-Wife Settle Dispute

အဆိုတော် Seo Tai-ji နဲ့မင်းသမီး Lee Ji-ah
တို့ကွာရှင်းမှုကျေအေးကြခြင်း

လင်မယား ကွာရှင်းမှု ဖြစ်နေ ကြတဲ့ အဆိုတော် Seo Tai-ji နဲ့ မင်းသမီး Lee Ji-ah တို့ဟာ ရုံးတော် ပြင်ပမှာ အမှုကို ညှိနှိုင်း ကျေအေး လိုက်ကြ ပါတယ်။

နောင်ကို လင်ကွာ မယားကွာ ကိစ္စ နဲ့ပတ်သက် ပြီး အချင်းချင်း တရား မစွဲရန်၊ နှစ်ဦး ရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက် တဲ့ စာအုပ် ထုတ်ဝေခြင်း၊ အခြားထုတ်ပြန် ခြင်းတို့ မပြုလုပ်ရန်၊ အချင်းချင်း ငွေကြေး နစ်နာမှု မတောင်းရန်၊ စတဲ့ အချက်များ ကို သဘောတူ ခဲ့ကြ ပါတယ်။

ယခု ကျေအေး မှုမှာ နှစ်ဖက် မည်သည့် ငွေကျေး ပေးလျှော်မှု မှ မပါဝင် ပဲ ကျေအေး ခဲ့ကြခြင်း ဖြစ်ပါတယ်။

Source : Seo Tai-ji, Ex-Wife Settle Dispute


Play cancelled on account of suicide threat

ကပြခြင်းရပ်ဆိုင်းလိုက်ရတဲ့ပြဇာတ်

Venus ပြဇာတ်ရုံ Jongno, central Seoul မှာက ပြနေတဲ့ The Professor and the Female Student 2 အမည် ရှိတဲ့ ပြဇာတ်ကို ဇူလိုင်လ ၁၄ ရက်နေ့က ပြသခြင်း ရပ်ဆိုင်း လိုက်ရ ပါတယ်။

ဒီပြဇာတ်မှာ မင်းသမီး Um Da-hae (30) ရဲ့ စင်ပေါ်မှာ ဝတ်လစ်စလစ် သရုပ်ဆောင် ရတဲ့ အခန်းတွေ ပါဝင်ခဲ့ ပါတယ်။

လူတစ်ဦးက Um Da-hae မှာသူရဲ့ အချစ်ဦး ဖြစ်ပြီး၊ လူအများ ရှေ့ စင်ပေါ်မှာ အဝတ်ဗလာ နဲ့ သရုပ်ဆောင် ရတဲ့ အတွက်၊ သူ့တွင် အလွန်စိတ် ဆင်းရဲမှု ဖြစ်ရတယ်လို့ ဖေါ်ထုတ် ခဲ့ပါတယ်။

ပြသခြင်း ရပ်မပေးရင် မိမိကိုယ် မိမိ သတ်သေ မယ်လို့ ခြိမ်းချောက် ခဲ့တဲ့ အတွက် ယခုလို ပြဇာတ် ကပြခြင်း ရပ်ဆိုင်းခဲ့ ရတာ ဖြစ်ပါတယ်။

Source : Play cancelled on account of suicide threat


Rain wins suit against reporter who
made false report of embezzlement

Rain အမှုနိုင်ခြင်

မင်းသား Rain ဟာ သူ့အကြောင်း မဟုတ်မမှန် သတင်း ရေးမှု နဲ့ သတင်း ထောက် အချိုကို များမကြာ မှီက တရားစွဲဆို ခဲ့ပါတယ်။ ဒီအမှုကို ရုံးတော်က Rain ကို အနိုင်ပေး ခဲ့ပါတယ်။

S Newspapers မှ သတင်းထောက် ၃ဦးက won 30 million, N Communications မှ သတင်းထောက် ၃ဦးက won 20 million အသီသီး Rain သို့ ပေးလျော် ကြရန်ပါ ရုံးတော်က အမိန့် ချမှတ် လိုက် ပါတယ်။

အင်း - - ချမ်သာပြီးရင် ချမ်းသာရင် ပေါ့။

Source : Rain wins suit against reporter who made false report of embezzlement


K-Pop Fans Converge on New York City's
Central Park for Flash Mob Dance

K-Pop Fans များ New York
တွင်ရုတ်တရက်စုဝေးကြခြင်း

New York မြို့ Central Park ပန်းခြံမှာ ဇွန်လ ၆ ရက်နေ့က K-Pop Fans ၁၃၀ လောက်ဟာ ရုတ်တရက် စုဝေး ကြပြီး ကိုးရီးယား သီချင်း များနဲ့ ကကြ ပါတယ်။

၎င်းတို့ဟာ facebook မှတဆင့် ညှိနှိုင်းပြီး စုဝေး ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုးရီးယား music band များ USA မှာ concert များ၊ များများ လုပ်ကြဖို့ ဖိတ်ခေါ် တဲ့အနေနဲ့ ယခုလို စုဝေး ကြတာလို့ ဆိုပါတယ်။

Source : K-Pop Fans Converge on New York City's Central Park for Flash Mob Dance


Han Chae-young and Han Ye-seul
same clothes, 'volume VS cutie'

မင်းသမီးနှစ်ဦးအဝတ်ပုံတူ
ဝတ်ခြင်းအပေါ်ဝေဖန်ချက်

မင်းသမီး Han Chae-young နဲ့ Han Ye-seul တို့ အဝတ် ပုံစံတူ ဝတ်ထားတာ ကိုဘေးတိုက် ယှဉ်ပြပြီး ဝေဖန်ရေး ပေးခဲ့ ကြပါတယ်။

မင်းသမီး Han Chae-young က ပြည့်ဝတယ်၊ အထုတ်အထည် ရှိတယ် တစ်လုံးတခဲ ကြီးပေါ့။ မင်းသမီး Han Ye-seul ကတော့ လုံးလုံး လေးနဲ့ ချစ်စရာလေး၊ စသည်ဖြစ် ဝေဖန်ရေး ပေးကြ ပါတယ်။

အင်္ဂလိပ် လိုတော့ volume vs cutie လို့ဆိုထား ပါတယ်။

Source : Han Chae-young and Han Ye-seul same clothes, 'volume VS cutie'


Jang Geun-seok earns 40 billion won in Japan,
"About to step over Bae Yong-joon"

မင်းသား Jang Geun-seok
ဂျပန်တွင် 40 billion won ဝင်ငွေရှိခြင်း

မင်းသား Jang Geun-seok ဟာ ယခုနှစ် အတွက် ဂျပန်မှာ 40 billion won ဝင်ငွေရှိ ရှိမယ်လို့ ဂျပန် ညနေ သတင်းစာ ကြီး Nitkangendai က ခန့်မှန်း ပါတယ်။

ဂျပန်မှာ အစဉ် အဆက် ဝင်ငွေ အများဆုံး ဖြစ်ခဲ့တဲ့ မင်းသားကြီး Bae Yong-joon ကို မကြာမှီ ကျော်တက် တော့မယ် လို့ တစ်ပေး နေကြ ပါတယ်။

Source : Jang Geun-seok earns 40 billion won in Japan, "About to step over Bae Yong-joon"


Ko Hyeon-jeong Sets New
Soap Opera Earnings Record

ဈေးအကြီးဆုံးမင်းသမီး

မင်းသမီး Ko Hyeon-jeong ဟာ ကိုးရီးယား မှာဈေး အကြီးဆုံး မင်းသမီးလို့ ဆိုပါတယ်။

ပြပြီး သွားတဲ့ နာမည်ကျော် Daemul - Big Thing (SBS TV 2010) ဇာတ်လမ်းတွဲ မှာ ကိုးရီးယား ပထမ ဦးဆုံး အမျိုးသမီး သမတ အဖြစ် ပြောင်မြောက် စွာ သရုပ်ဆောင် ခဲ့ပါတယ်။

အဲဒီ ဇာတ်လမ်တွဲ မှာ one eposode ကို won 55 million ရခဲ့ ပါတယ်။ သူ့အရင် အများဆုံး ရခဲ့သူက Choi Ji-woo ဖြစ်ပြီး Celebrity's Sweetheart (SBS 2008) မှာ one eposode ကို won 48 million ရခဲ့ဘူး ပါတယ်။

မင်းသား ထဲမှာ စံချိန် တင်ထားသူက မင်းသားကြီး Bae Yong-joon ဖြစ်ပြီး၊ The Legend (MBC 2007) ဇာတ်လမ်းတွဲ မှာ one eposode ကို won 250 million ရခဲ့ ပါတယ်။

(US$1=W1,085)

Source : Ko Hyeon-jeong Sets New Soap Opera Earnings Record


Rain, holds last concert before army
"All energy into the concert"

Rain ရဲ့စစ်ထဲမဝင်မှီ
နောက်ဆုံးနှုတ်ဆက်ပွဲများ

အဆိုတော် မင်းသား Rain ဟာ ဒီနှစ်ကုန် လောက်မှာ စစ်ထဲ ၂နှစ် စစ်မှုထမ်း တာဝန် ထမ်းဆောင် တော့မှာ ဖြစ်ပါတယ်။

ယခု အခါမှာ နိုင်ငံ လှည့်ပြီး နှုတ်ဆက် show ပွဲတွေ လုပ်ဖို့ စီစဉ် နေပါတယ်။ Show ပွဲများကို အောက်ပါ အစီအစဉ် များအတိုင်း ပြုလုပ် သွားမယ်လို့ သိရ ပါတယ်။

Concert Schedule Of Rain
Busan - August 13 နဲ့ 14
Daegu - August 27
Jeju - September 3
Gwangju - September 17
Daejeon - September 18
Seoul - September 24 နဲ့ 25

Source : Rain, holds last concert before army "All energy into the concert"

0 comment            submit comments
.
Article Link - http://video.phpmyanmar.com/video/article/508/hot-news-14-august-2011
Posted By - Ko Ko - July 2, 2011

အတိုအထွာသတင်းများ(၄၄)


Singer Lee Eun-mi-I stabbed
to death by boyfriend

ချစ်သူသတ်လို့သေသွားရတဲ့အဆိုတော်

Iris အဆိုအဖွဲ့ဝင် Lee Eun-mi-I (24) ကို၊ ၇ လကြာ တွဲလာခဲ့တဲ့ boyfriend Cho က၊ အိမ်ပြန် လမ်းမှ စောင့်ပြီး နံနက် 2:15 a.m. မှာဒါးနဲ့ ထိုးသတ်လိုက် တယ်လို့ သတင်းရရှိ ပါတယ်။

Lee Eun-mi-I ဟာ နောက် boyfriend တစ်ယောက်နဲ့ ပြောင်းပြီးတွဲ နေတာကို မနာလို ဖြစ်ပြီး ယခုလို သတ်ခဲ့တာ ဖြစ်ပါတယ်။ Cho ကို ရဲက ဖမ်းထား ပါတယ်။

Source : Singer Lee Eun-mi-I stabbed to death by boyfriend


Kim Hyun-joong, 1st Solo Singer
To Sell 100,000 Album Copies

Kim Hyun-joong ရဲ့ Album
ကော်ပီ ၁သိန်းရောင်းရခြင်

အဆိုတော် မင်းသား Kim Hyun-joong ရဲ့ solo album ဟာ ၂ ပတ် အတွင်းမှာ copy တစ်သိန် ရောင်းချ ရတယ်လို့ သိရ ပါတယ်။

Source : Kim Hyun-joong, 1st Solo Singer To Sell 100,000 Album Copies


Lee Soon-jae advises idols who
are acting "kids with no basics"

သရုပ်ဆောင်အသစ်များအပေါ်
ဝါရင့်မင်းသားကြီးရဲ့အတွေး

ယခုခေတ် နာမည်ကြီး သရုပ်ဆောင် အချို့ဟာ အခြေခံ များကို ပိုင်နိုင်မှု မရှိသေးတာ တွေ့နေရ ပါတယ်။

ကျွန်တော်တို့ ခေတ်က သရုပ်ဆောင် ဆိုတာ လူတွေ တန်ဖိုး မထားတဲ့၊ ဝင်ငွေနည်းတဲ့၊ အသက်မွေး မှု ဖြစ်ပါတယ်။ အနုပညာ ဝါသနာ ကြီးသူ များသာ အငတ်ခံပြီး လုပ်ကြ တာပါ။

အခုတော့ ဒီအလုပ်ဟာ ငွေ သောက်သောက်လဲ ရနေ ပါတယ်။ တချို့ဆိုရင် ကြော်ငြာပဲ ရိုက်နေတာ တွေ့ရ ပါတယ်။ ကြွကြွလေး ရုပ်ပြ စားနေကြ ပါတယ်။ အခြေခံ လည်းမခိုင် ကြပါ။

တော်သေး တာက တကယ်သရုပ် ဆောင်နိုင်တဲ့ အနုပညာသည် အများအပြား လည်းရှိ နေတာ တွေ့ရ လို့ပါ၊ လို့ပြောသွား ပါတယ်။

Source : Lee Soon-jae advises idols who are acting "kids with no basics"


Bae Yong-joon made 53 billion won in 5 years

Bae Yong-joon ၅နှစ်အတွင်း
ဝမ် ၅၃ ဘီလီယံ ဝင်ငွေရှိခြင်

မင်းသား Bae Yong-joon ဟာ အခွန်လျှော့ ဖို့ အစိုးရ နဲ့ အမှုဆိုင် ရာမှာ ရှုံးသွား ပါတယ်။ ရုံးတော်က ချမှတ်တဲ့ အမိန့်မှာ ဖေါ်ပြထား ချက်များ အရ၊ မင်းသားဟာ ၂၀၀၃ မှ ၂၀၀၇ အတွင်း၊ ဝမ် ၅၃ ဘီလီယံ ဝင်ငွေ ရှိနေ ပါတယ်။ (1,000 won = US$1)

Source : Bae Yong-joon made 53 billion won in 5 years


Kim Seon-ah diet and improved act

ပိန်ပိန်လေးဖြစ်သွားတဲ့ Kim Seon-ah

မင်းသမီး Kim Seon-ah ဟာ SBS TV မှ မကြာမှီ ရိုက်မည့်၊ Scent of a Woman အမည်ရှိတဲ့၊ ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းတွဲ အတွက် အပြင်းအထန် diet လုပ်ထားတဲ့ ပုံလှလှ လေးများကို ၄င်းရဲ့ websitre မှာ post လုပ်ထား ပါတယ်။

Source : Kim Seon-ah diet and improved act


Eom Ji-won interviews with English BBC World

BBC မှအင်တာဗျူးခံရတဲ့မင်းသမီး

BBC ဟာ နိုင်ငံပေါင်း ၂၀၀ မှာပြဖို့၊ episode ၈ ပိုင်း ပါပြီး၊ တစ်လကြာ ပြသ ရမည့်၊ The Third Eye အမည်ရှိတဲ့၊ ကိုးရီးယား နိုင်ငံ အကြောင်း documentry ရိုက်ကူးနေ ပါတယ်။

၎င်း documentry မှာထည့်သွင်းဖို့၊ မင်းသမီး Eom Ji-won ကို အင်တာဗျူး လုပ်ပြီး၊ မှတ်တမ်း တင် video ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

Source : Eom Ji-won interviews with English BBC World


Ryoo Si-won Cruises to Win Ferrari Challenge

မင်းသား Ryoo Si-won တရုတ်ပြည်တွင်
ပြုလုပ်သော Ferrari ကားပြိုင်ပွဲတွင်အနိုင်ရရှိခြင်း

မင်းသား Ryoo Si-won ဟာ ပြိုင်ကားမောင်း လိုင်စင် ရထားတဲ့၊ တစ်ဦးတည်း သော ကိုးရီးယား အနုပညာသည် ဖြစ်ပါတယ်။

တရုတ်ပြည် Zhuhai ပြုလုပ်တဲ့၊ Ferrari ကားပြိုင်ပွဲမှာ ကိုးရီးယား နိုင်ငံကို ကိုယ်စား ပြုပြီး၊ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ ပထမ ရရှိ ခဲ့တယ် လို့သိရ ပါတယ်။

Source : Ryoo Si-won Cruises to Win Ferrari Challenge


3 broadcasting companies, unpaid
fees 1.5 billion and 700 million won

ရုပ်သံကုမ္ပဏီကြီး ၃ခု သရုပ်ဆောင်ကြေး
၂.၂ ဘီလီယံ ဝမ် မပေးရသေး

KBS, MBC နဲ့ SBS ရုပ်သံ ကုမ္ပဏီကြီး ၃ခု ဟာ သရုပ်ဆောင် ကြေး ၂.၂ ဘီလီယံဝမ် မပေးရ သေးပဲ ကြွေးကျန် နေတယ်လို့ သိရ ပါတယ်။

Worlds Within (KBS) မှာ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Song Hye-kyo (အွန်စော) ဟာ သရုပ်ဆောင် ကြေးမရသေး တဲ့ထဲမှာ ပါပါတယ်။

Source : 3 broadcasting companies, unpaid fees 1.5 billion and 700 million won


Sunny surpasses 5 million to beat out foreign films

Sunny - 2010 ရုပ်ရှင် ယခုနှစ်
အတွက်ဝင်ငွေစံချိန်တင်ခြင်း

"Sunny - 2010" အမည်ရှိတဲ့ ဟာ ပြည်တွင်း ပြည်ပ ရုပ်ရှင် များကို ကျော်တက်ပြီး၊ ဝင်ငွေ စံချိန် တင်နေ ပါတယ်။

မေလ ၄ ရက်နေ့က စပြတဲ့ ရုပ်ရှင်ဟာ အောက် ပါအတိုင်း ကြည့်သူ ရှိခဲ့ ပါတယ်။

As of 2011.06.26 : 5,731,325 admissions (total)
As of 2011.06.19 : 5,185,828 admissions (total)
As of 2011.06.12 : 4,722,788 admissions (total)
As of 2011.06.05 : 4,094,120 admissions (total)
As of 2011.05.29 : 3,423,318 admissions (total)
As of 2011.05.22 : 2,663,266 admissions (total)
As of 2011.05.15 : 1,780,667 admissions (total)
As of 2011.05.08 : 619,838 admissions (total)
As of 2011.05.01 : 61,976 admissions (total)
Source : www.cine21.com & www.kobis.or.kr

Source : Sunny surpasses 5 million to beat out foreign films


Lee Min-ho appears in the
subway... passengers are lucky

Lee Min-ho မြေအောက်ရထား
ပေါ်တွင်သရုပ်ဆောင်ခြင်း

ပြသဆဲ ရုပ်သံ ဇာတ်လမ်းတွဲ City Hunter (SBS) ရဲ့ဇာတ် ဝင်ခန်း တစ်ခု အတွက်၊ မင်းသား Lee Min-ho ဟာ မြေအောက် ရထား ပေါ်မှာ ရိုက်ကူး ခဲ့ပါတယ်။ ကံကောင်းတဲ့ ရထားစီး ခရီးသည် များဟာလည်း မင်းသားကို မမျှော်လင့် ပဲ တွေ့ဆုံခွင့် ရခဲ့ ကြ ပါတယ်။

Source : Lee Min-ho appears in the subway... passengers are lucky


Won Bin, joins 16 billion won
"Shanghai Project" with Heo Jin-ho?

Won Bin တရုတ်မှာရိုက်မည့် Shanghai Project
ရုပ်ရှင်မှာသရုပ်ဆောင်မှာလာ?

၁၈ ရာစုနှစ် ပြင်သစ် စာရေးဆရာ Choderlos de Lacos ရဲ့ ဝထ္ထု ကို အခြေခံပြီး၊ တရုတ်ပြည် ရှန်ဟိုင်း မြို့ကို နောက်ခံထား၍၊ ဒါရိုက်တာ Heo Jin-ho မှ Shanghai Project အမည်ရှိတဲ့ ရုပ်ရှင်ကား ကိုရိုက်ဖို့ စီစဉ် နေပါတယ်။

ဒီရုပ်ရှင် ကို တရုတ် နာမည်ကြီး သရုပ်ဆောင် များဖြစ်တဲ့ Fan Bingbing နဲ့ Zhou Xun တို့ ပါဝင်မှာ ဖြစ်ပြီး၊ US$ 15 million အကုန်ခံမှာ ဖြစ်ပါတယ်။

၎င်းရုပ်ရှင်မှာ ပါဝင်ဖို့ မင်းသား Won Bin (ထယ်စေါက်) ကိုဖိတ်ခေါ် ထားပါတယ်။ Won Bin က Hollywood နဲ့ စီစဉ် နေတဲ့ ရုပ်ရှင် ကားတစ်ကား ကိုမျှော်နေတဲ့ အတွက် ဆုံးဖြတ်ချက် မချနိုင် သေးပဲ ရှိပါတယ်။ မကြာခင် မှာတော့ အဖြေပေါ် လာမယ်လို့ အားလုံးက မျှော်လင့် နေကြ ပါတယ်။

Source : Won Bin, joins 16 billion won "Shanghai Project" with Heo Jin-ho?


Hong Seok-cheon "My restaurants are
secret hideouts for celeb couples"

မင်းသမီးမင်းသားများခိုနားရာစါးသောက်ဆိုင်

Hong Seok-cheon ဆိုတဲ့ ပုဂ္ဂိုလ် ဟာ စါးသောက်ဆိုင်များ (restaurants) ဖွင့်ထား ပါတယ်။

SBS ရုပ်သံက တင်ဆက် နေတဲ့ "Kang Heart Special, King of Kings" မှာ Hong Seok-cheon ကသူ့ရဲ့ လျှို့ဝှက်ချက် ကိုပြောသွား ပါတယ်။

ကျွန်တော့ ဆိုင်ဟာ ထိပ်တန်း မင်းသား၊ မင်းသမီး၊ အဆိုတော် နဲ့ အခြား နာမည်ကြီး အတွဲများ ခိုနားရာ ဖြစ်ပါတယ်။

နာမည်ကျော် အတွဲများ လျှို့ဝှက် ရောက်ရှိ လာရင်၊ ၄င်းတို့ ရှိတဲ့ အထပ် (အလွှာ) မှာ အခြား ဖေါက်သည်များ မရှိအောင် လုပ်ပေး ထားလိုက် ပါတယ်။

၎င်း အတွဲများ စကားများ ကြရင်လည်း ကျွန်တော် ညှိနိုင်း ပေးလိုက်ရင် ပြေလည် သွားကြတာ များပါတယ်။

ဘယ်သူတွေ လာကြလည်းဗျာ လို့ ဗျူးတဲ့သူက မေးလိုက်တော့၊ "ဟဲဟဲ -- ဒါက ကျွန်တော့ရဲ့ လုပ်ငန်း လျှို့ဝှက် ချက်ပါ" လို့ပြန်ဖြေ သွားပါတယ်။

Source : Hong Seok-cheon "My restaurants are secret hideouts for celeb couples"


"New Gisaeng Story" breaks record, official fight for lead

ထိပ်ဆုံးက ပြေးနေတဲ့
ဇာတ်လမ်းတွဲ New Gisaeng Story

ရုပ်သံ ဇာတ်လမ်းတွဲ New Gisaeng Story (SBS) ဟာ rating 22.3% နဲ့ ထိပ်ဆုံးက ပြေးနေ ပါတယ်။ ဒုတိယ rating 21.5% နဲ့ က Believe in Love ဖြစ်ပြီး၊ တတိယ ကတော့ rating 21.3% နဲ့ Twinkle Twinkle ဖြစ်ပါတယ်။

Source : "New Gisaeng Story" breaks record, official fight for lead


'The power if Micky Yuchun' "Miss. Ripley"
sold in China, Japan and Tawian

JYJ အဖွဲ့မှ Micky Yuchun ရဲ့အစွမ်း

JYJ နဲ့ TVfXQ အဖွဲ့ ဝင်ဖြစ်တဲ့ Micky Yuchun ဟာ အာရှတလွှား မှာ အတော်ပေါက် ပါတယ်။ ပြသဆဲ မင်းသမီး Lee Da-hae ပါဝင်တဲ့ Miss. Ripley (MBC) TV ဇာတ်လမ်းတွဲ ဟာ Micky Yuchun ရဲ့ ပေါ်ပြူလာ ဖြစ်မှုကြောင့် တရုတ်၊ ဂျပန် နဲ့ ထိုင်ဝမ် တို့မှာ pre-sale အနေနဲ့ ဈေးကောင်း ရခဲ့ တယ်လို့ သိရ ပါတယ်။

Source : 'The power if Micky Yuchun' "Miss. Ripley" sold in China, Japan and Tawian


"Miss. Ripley" Lee Da-hae wears a captivating red dress

Lee Da-hae ရဲ့အလှ

ပြသဆဲ ဇာတ်လမ်းတွဲ Miss. Ripleys (MBC) ရဲ့ episode ၁၃ မှာ မင်းသမီး Lee Da-hae ရဲ့အလှ ကို ပါတီ ဝတ်စုံ အနီလေးနဲ့ အလွန်ကြည့်ကောင်း နေတာကို တွေ့ရ ပါတယ်

Source : "Miss. Ripley" Lee Da-hae wears a captivating red dress


Popularity of Actor Gong Yoo's
Japanese Magazine 'Monster' Rises

ဂျပန်မှာလူကြိုက်များနေတဲ့
မင်းသား Gong Yoo

မင်းသား Gong Yoo ရဲ့ လှုပ်ရှားမှု အထွေထွေ ပါဝင်တဲ့ Monster လို့အမည် ပေးထားတဲ့ မဂ္ဂဇင်း ဟာ ဂျပန်မှာ အလွန်ရောင်း ကောင်းနေ ပါတယ်။

မူလက ၄ ကြိမ်ပဲ ထုတ်ဝေဖို့ စီစဉ် ထားခဲ့ ပေမဲ့ ယခုတော့၊ တိုးချဲ့ ထုတ်ဝေဖို့ သင့်မသင့် ဆွေးနွေး နေကြ တယ်လို့ သိရ ပါတယ်။

Source : Popularity of Actor Gong Yoo's Japanese Magazine 'Monster' Rises


Lee Na-young In Minor Motorcycle Accident

မင်းသမီး Lee Na-young ယာဉ် accident ဖြစ်ခြင်း

မင်းသမီး Lee Na-young (32) ဟာ North Chungcheon ဒေသရှိ ရိုက်ကွင်းမှာ ကားရိုက် နေစဉ်၊ Mr. Jung ဆိုသူ မောင်းနှင်တဲ့ ကားနဲ့ မင်းသမီး စီးနေတဲ့ မေါ်တော် ဆိုင်ကယ် တို့ တိုက်မိ ကြတယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ ကံကောင်း ထောက်မစွာ ဘာမှ မဖြစ်ဖူးလို့သိရ ပါတယ်။

Source : Lee Na-young In Minor Motorcycle Accident


K-Pop Invades Europe

K-Pop ကို Paris တွင်တစ်ခဲနက်အားပေးကြခြင်း

SM Entertainment ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ နဲ့ ၁၁ ရက်နေ့ တွင် Paris မြို့၌၊ SM Town Live World Tour ဆိုတဲ့ concert ကိုကျင်းပ ခဲ့ပါတယ်။ ပြင်သစ်မှ fans များဟာ တခဲနက် အားပေး ကြတာကို ဝမ်းမြောက် ဖွယ်ရာ တွေ့ရှိ ခဲ့ရ ပါတယ်။

TVXQ, Girls' Generation, Super Junior, SHINee နဲ့ f(x) အဆိုအဖွဲပ တို့မှ သီချင်း ၄၄ ပုဒ်ဆိုသွား ပါတယ်။

Fan ၁၀၀ လောက်ဟာ ကွင်းမှာ ညအိပ် စောင့်ကြ ပါတယ်။ ပရိသတ် ၇၀၀၀ ကျော် အားပေး ကြပြီး၊ ရုံပြည့် တယ်လို့ သိရ ပါတယ်။

Source : K-Pop Invades Europe


Lee Ji-ah to resume lawsuit
against ex-husband Seo Taiji

Lee Ji-ah ကွာရှင်းမှုအတွက်
အမှုဆက်၍ရင်ဆိုင်ခြင်း

မင်းသမီး Lee Ji-ah ဟာ ခင်ပွန်းဟောင်း Seo Taiji ထံမှ မယား စရိတ် ဝမ် ၅.၅ ဘီလီယံ ရလိုမှုနဲ့ တရားစွဲ ထားပါတယ်။

ဧပြီ ၃၀ က အမှုကို ရုပ်သိမ်း ခဲ့သော်လည်း၊ ခင်ပွန်းဟောင်း မှ သဘော မတူလို့ အမှုကို ဆက်၍ ရင်ဆိုင် နေ ပါတယ်။

Source : Lee Ji-ah to resume lawsuit against ex-husband Seo Taiji


"Dae Jang Geum" will become a movie

နန်းတွင်းရတနာကိုရုပ်ရှင်ပြန်ရိုက်မည်

နန်းတွင်း ရတနာ (Dae Jang Geum) ဇာတ်လမ်းတွဲ ကို မကြာမှီ ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူး မယ်လို့ သိရ ပါတယ်။

မူရင်း ဇာတ်လမ်းတွဲ ကို 2003 September မှ 2004 March အထိ ပြသခဲ့စဉ် က rating 50% အထိ အားပေး ခဲ့ကြ ပါတယ်။

Source : "Dae Jang Geum" will become a movie


Bae Yong-joon to create his own idol group

Bae Yong-joon အဆိုအဖွဲ့
သစ်တည်ထောင်နေခြင်း

Hallyu မင်းသား Bae Yong-joon (39) ဟာ music band အသစ်တစ်ခု ထူထောင် နေတယ်လို့ သိရ ပါတယ်။

Source : Bae Yong-joon to create his own idol group


Rain leads 'sexiest male lips' beats TOP and Nickhun

နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်

Monkey 3 လို့ခေါ်တဲ့ website တစ်ခုက "နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်" (Whose lips calls the Kiss?) ရွေးပွဲ စစ်တမ်းကို online မှာကောက်ယူ ခဲ့ပါတယ်။ စစ်တမ်း ရရှိချက် မှာ အောက်ဖေါ်ပြ ပါအတိုင်း ဖြစ်ပါတယ်။

Listed for the sexiest lips:-
Rain - 52% - the most kissable lips
Big Bang's TOP - 15%
Choi Seung-hyeon - 15%
2PM Nickhun - 13%
Won Bin - 9%
JYJ Kim Jun-su - 6%
Jo In-Seong - 5%

Source : Rain leads 'sexiest male lips' beats TOP and Nickhun


Stars of Popular Soap Fall in Love

သူတို့နှစ်ယောက်တွဲနေပြီး

မင်းသမီး Nam Sang-mi နဲ့ မင်းသား Lee Sang-yoon တွဲနေကြ ပြီးဆို တာကို Nam Sang-mi ရဲ့ ကိုယ်စာလှယ် agency က အတည်ပြုပေး ခဲ့ပါတယ်။

ရုပ်သံ ဇာတ်လမ်းတွဲ Life is Beautifu (SBS - 2010 ) မှာ သူတို့ နှစ်ယောက် ဟာ အတွဲအဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။ အဲဒီနောက် တွဲလာ ကြတာ ၆လ လောက်ရှိ ပြီးလို့ ဆိုပါတယ်။

Source : Stars of Popular Soap Fall in Love


Eric Makes Comeback to 'Beautiful Spy'

Eric Moon ပြန်လာပြီး

အဆိုတော် မင်းသား Eric Moon ဟာ October 30, 2010 က စစ်ထဲက ပြန်ထွက် လာပါတယ်။ မကြာမှီ KBS TV က တင်ဆက်မည့်၊ Beautiful Spy အမည်ရှိတဲ့ ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် တော့မယ်လို့ သတင်း ရရှိ ပါတယ်။

Source : Eric Makes Comeback to 'Beautiful Spy'


Pop Star Charged in Fatal Car Accident

လူသေအောင်ကားနဲ့တိုက်လိုက်မိတဲ့အဆိုတော်

Big Bang အဆိုအဖွဲ့ က အဆိုတော် Daesung (22) ဟာ ၄င်းမောင်း လာတဲ့ ကားနဲ့ လူတစ်ယောက် ကို သေအောင် တိုက်လိုက် တယ်လို့ သတင်း ရရှိ ပါတယ်။

Daesung ရဲ့ 80 km/h နဲ့မောင်း လာတဲ့ ကားဟာ လမ်းပေါ်မှာ လဲနေတဲ့ လူတစ်ယောက် ကိုတက်ကျိတ် မိပြီး လမ်းဘေးမှာ ရပ်ထားတဲ့ taxi တစ်စီး ကိုပါ ဆက်တိုက် ပြီးမှ ရပ်သွားပါတယ်။ ခွင့်ပြု အမြန်နှုံး က 60 km/h ဖြစ်လို့ မိုင်ကျော် မောင်းနှင် ခဲ့တာ ဖြစ်ပါတယ်။ အမှုကို ရဲအဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source : Pop Star Charged in Fatal Car Accident


Kwon Sang-woo: 'I Begin Filming
in Paris with Jackie Chan'

Jackie Chan နဲ့ရုပ်ရှင်ရိုက်နေတဲ့ Kwon Sang-woo

Hallyu မင်းသား Kwon Sang-woo (35) ဟာ လောလောဆယ် Paris မှာ ကမ္ဘာ ကျော်တရုတ် မင်းသားကြီး Jackie Chan နဲ့ "12 Chinese Zodiac Heads" အမည်ရှိတဲ့ ဟောင်ကောင် ရုပ်ရှင်ကား တစ်ကား ကိုရိုက်နေ ပါတယ်။ ဒီကားကို US$ 100 million ကုန်ကျဖို့ လျာထား ပါတယ်။

Kwon Sang-woo ဟာ Paris မှာ ၅ ပတ် ကားရိုက် ပြီးနောက်၊ Thailand, Dubai, Taiwan, Shanghai နဲ့ Beijing တို့မှာ နှစ်ကုန် အထိ ဆက်တိုက် ရိုက်သွား မှာဖြစ်တယ် လို့သိရ ပါတယ်။

ရုပ်ရှင် အဆင်သင့် ဖြစ်တဲ့ အခါ Jackie Chan ရဲ့ကျော်ကြား မှုကြောင့် တစ်ကမ္ဘာ လုံးမှာ တပြိုင် နက်ထဲ ဖြန့်ချီ နိုင်မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

Source : Kwon Sang-woo: 'I Begin Filming in Paris with Jackie Chan'


Girls' Generation tops Oricon Chart

Girls' Generation ဂျပန်
Oricon Weekly Chart မှာ #1 ဖြစ်ခဲ့ခြင်း

Girls' Generation ရဲ့ ဂျပန်မှာ ပထမ ဆုံး ထုတ်တဲ့ album ဟာ ဂျပန် Oricon Weekly Chart ရဲ့ #1 နေရာ ကို ရောက်ရှိခဲ့ ပါတယ်။

ထိုဂျပန် ပထမဆုံး albun ကို ဇွန်လ ၁ ရက်နေ့ မှာစတင် ဖြန့်ချီ ခဲ့ရာ၊ ကော်ပီ ၂၃၂,၀၀၀ ရောင်းချ ခဲ့ရပြီး ဖြစ်ပါတယ်။ ပထမ နေ့မှာ ကော်ပီ ၇၃,၀၀၀ ရောင်ရတယ်လို့ သိရ ပါတယ်။

Source : Girls' Generation tops Oricon Chart

1 comment            submit comments
.
Article Link - http://video.phpmyanmar.com/video/article/507/hot-news-01-july-2011
Posted By - Ko Ko - May 30, 2011

အတိုအထွာသတင်းများ(၄၃)

Actress Charged in Hit-and-Run Accident


Actress Han Ye-seul

ယဉ်တိုက်ပြီးပြေးတယ်လို့စွပ်စွဲခံနေရတဲ့မင်းသမီး

မင်းသမီး Han Ye-seul ဟာ ကိုယ်တိုင် ကားမောင်း လာစဉ်၊ ၄င်းရဲ့ ကားနဲ့ လူတစ်ဦး ကို တိုက်မိတယ်၊ ဒါပေမဲ့ ဆင်းမကြည့်ကဲ ဆက်မောင်းမောင်း သွားတယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့၊ ရဲက အမှုဖွင့် ထားပါတယ်။

ကားနဲ့ အတိုက် ခံရသူ Mr Do ဆိုသူက၊ ရဲကို တိုင်လို့ အမှုဖွင့်တာ ဖြစ်ပါတယ်။ ဖြစ်ပွားတာ ကတော့၊ မေလ ၂ ရက်နေ့ နံနက် ၉ နာရီးမှာ ဖြစ်ပါတယ်။

ရဲက အနီးရှိ လုံခြုံရေး ကင်မရာ ကိုစစ်ဆေး ကြည့်တဲ့အခါ၊ ဘေးကြည့် မှန်နဲ့ ထိတယ် ဆိုရုံ ကလေး ပွတ်သွားပြီး၊ အရှိန် ကလဲ အတော် နှေးတယ်လို့၊ တွေ့ရ ပါတယ်။ ရဲက ရုံးတော်ကို အမှု ပလပ် ပေးဖို့ တင်ပြ ထားတယ်လို့ သိရ ပါတယ်။

Source :
Actress Charged in Hit-and-Run Accident
Actress Han cleared of hit-and-run allegations


British Weekly Calls Hyeon Bin 'Korean Elvis'

ကိုးရီးယား Elvis Presley လို့
အခေါ်ခံရတဲ့ မင်းသား Hy
eon Bin

အင်္ဂလိပ် ဂျာနယ် တစ်စောင်က မင်းသား Hyeon Bin ကို "ကိုးရီးယား Elvis Presley" လို့ တင်စားပြီး ရေးထားတာ တွေ့ရ ပါတယ်။

အမေရိကန် မင်းသား Elvis Presley ဟာ၊ ၄င်းအကျော်ကြားဆုံး ဖြစ်နေစဉ် ၁၉၅၇ ခုနှစ်မှာ မဝင် မနေရ၊ စစ်မှုထမ်း ဥပဒေ အရ၊ အမေရိကန် စစ်တပ်မှာ ၂ နှစ် စစ်မှု ထမ်းခဲ့ ပါတယ်။

မင်းသား Hyeon Bin ဟာလည်း အလားတူ ကျော်ကြား မှုအမြင့်ဆုံး ရောက်နေစဉ်၊ ကိုးရီးယား စစ်တပ်သို့ ၂ နှစ် စစ်မှုထမ်းဖို့ ဝင်ရောက် ခဲ့ပါတယ်။ လက်ရှိလည်း စစ်မှုထမ်း နေဆဲ ဖြစ်ပါတယ်။

ထို့ကြောင့် "ကိုးရီးယား Elvis Presley" လို့တင်စား ခဲ့တာ ဖြစ်ပါတယ်။

Source : British Weekly Calls Hyeon Bin 'Korean Elvis'


SBS "49 Days" ends in first place

ဇာတ်လမ်းတွဲ "49 Days" ထိပ်ဆုံးရောက်နေခြင်

SBS ရဲ့ ဇာတ်လမ်းတွဲ 49 Days (အသက်ဆက် မျက်ရည်) ဟာ rating 16.1% နဲ့ ထိပ်ဆုံး ရောက်နေ ပါတယ်။

ဒုတိယ နေရာကို The Greatest Love (15.1%) က ရပြီး၊ တတိယ နေရာကို Romance Town (9%) က ရရှိခဲ့ ပါတယ်။

Source : SBS "49 Days" ends in first place


Lee Da-hae wearing mini dress
and plastered with patches

တစ်ကိုယ်လုံး plaster တွေကပ်ထား
ရတဲ့မင်းသမီး Lee D
a-hae

မင်းသမီး Lee Da-hae (ချိုဝမ်) ဟာ MBC ရဲ့ ဇာတ်လမ်းတွဲ Miss. Ripley ကိုရိုက်ကူး နေဆဲ ဖြစ်ပါတယ်။ ၂ ရက် ဆက်တိုက် ရိုက်ကူး ထားရလို့၊ "တအား ပင်ပန်း တာပဲ" လို့ Twitter ထဲမှာ မှတ်ချက် ပြုထား ပါတယ်။

Plaster အပြည့် ကပ်ထားတဲ့ ဓါတ်ပုံ ၃ ပုံကိုလည်း ၄င်းရဲ့ website မှာတင်ထား ပါတယ်။

Source : Lee Da-hae wearing mini dress and plastered with patches


Jay Park: 'It Is Too Early to Say That
My Album Achieves Great Success'

Jay Park ရဲ့သီချင်းခွေ #1 ဖြစ်နေခြင်း

Jay Park ဟာ Take A Deeper Look အမည် ရှိတဲ့ solo mini album ကို ကိုးရီးယား မှာ ထုတ်ဝေ ခဲ့တာ အခု အမှတ်တစ် #1 ဖြစ်နေတယ် လို့ သိရ ပါတယ်။

ထို့ပြင် ကမ္ဘာ့ Billboard Music Chart ရဲ့ World Album - category မှာလည်း တတိယ ချိတ်ပါတယ်။

သူဟာ ကိုးရီးယား အကြောင်း မကောင်း ပြောမိလို့ 2PM တီးဝိုင်း အဖွဲ့ ကနေ က ထုတ်ပယ် ခံခဲ့ ရပြီး ဇာတိ USA သို့ပြန်သွား ခဲ့ပါတယ်။ ယခု တစ်ကျော့ ပြန်လာတာ ဖြစ်ပါတယ်။

Reference: (On February 25, 2010, JYPE announced that they had permanently terminated Park's contract) http://en.wikipedia.org/wiki/Jay_Park.

Source : Jay Park: 'It Is Too Early to Say That My Album Achieves Great Success'


Footballer Lee Jung-soo to Wed
Actress Han Tae-yoon


Lee Jung-soo (left) and Han Tae-yoon

ဘောလုံးသမားနဲ့လက်ထပ်မဲ့မင်းသမီး

မင်းသမီး Han Tae-yoon ဟာ ကိုးရီးယား လက်ရွေးစဉ် ဘောလုံး သမား Lee Jung-soo နဲ့ ဇွန်လ ၉ ရက်နေ့ မှာ လက်ထပ် မယ်လို့ သိရ ပါတယ်။ သူတို့ နှစ်ယောက် ဟာ တစ်နှစ်ခွဲ လောက် date လုပ်လာခဲ့ ကြတယ်လို့ ဆိုပါတယ်။

Source : Footballer Lee Jung-soo to Wed Actress Han Tae-yoon


"The Greatest Love" breaks record every episode

လူကြိုက်များလာတဲ့ဇာတ်လမ်းတွဲ The Greatest Love

MBC ဇာတ်လမ်းတွဲ The Greatest Love ဟာ တဖြေးဖြေး လူကြိုက်များ လာပြီး အပါတ်စဉ် rating တက်လာတာ၊ 26.5.2011 မှာ 18% နဲ့ #1 သို့ ရောက်လာ ပါတယ်။ (see rating reference)

Source : "The Greatest Love" breaks record every episode


Yoo Jin And Ki Tae-yeong To Get Married

Eugene နဲ့ Ki Tae-young လက်ထပ်တော့မည်

မင်းသမီး Eugene (30) နဲ့ မင်းသား Ki Tae-young (34) တို့ဟာ ဇွန်လိုင် လ ၂၃ ရက်နေ့မှာ လက်ထပ်ကြ တော့မယ်လို့ သိရ ပါတယ်။

မင်းသား နဲ့ မင်းသမီး ဟာ လက်ထပ်ပွဲ အကြောင်း သတင်းစာ ရှင်းလင်းပွဲး ကို မေလ ၂၃ ရက်နေ့ က ပြုလုပ် ခဲ့ပါတယ်။

Source : Yoo Jin And Ki Tae-yeong To Get Married
Profile of Eugene
Profile of Ki Tae-young


Lee Seon-gyoon "I didn't know my
wife Jeon Hye-jin-II was Miss Korea"

ကျွန်တော့မိန်းမကိုးရီးယားမယ်
ဆိုတာကျွန်တော်မသိခဲ့ပါ

မင်းသား Lee Seon-gyoon က သူ့မိန်းမ ကိုးရီးယား မယ် (Miss Korea) ဆိုတာ မသိခဲ့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောသွား ပါတယ်။

ကျွန်တော့ မိန်းမနဲ့ နာမည်တူ senior တစ်ယောက် ရှိပါတယ်။ သူလည်း ကိုးရီးယား မယ်ဖြစ်ခဲ့ ဖူးပါတယ်။

ကျွန်တော့ မိန်းမ ပုံက မယ်ပုံ မဟုတ်တော့ လုံးဝ မထင်ခဲ့ ပါဘူး၊ date လုပ်နေစဉ် က စာရင်း ထဲရှာ ကြည့်တော့ သူ့ကို၊ ကိုးရီးယား မယ်လို့ ဆိုထားတာ တွေ့ရ ပါတယ်။

တခုခု တော့လွဲနေပြီး ထင်တယ်လို့ သူ့ကို ပြောတော့၊ သူကလည်း၊ အင်းဟုတ်မယ်၊ တခုခု လွဲနေပြီး လို့၊ ပြန်ပြောခဲ့ ပါတယ်။

သူ့အိမ် လိုက်လယ် တော့မှ တကယ် ကိုးရီးယား မယ် ဖြစ်နေတာ သိခဲ့ ရပါတယ်။ ဝိုင်းလည်း ရီခဲ့ ကြပါတယ်။

မင်းသား Lee Seon-gyoon နဲ့ မင်းသမီး Jeon Hye-jin-II တို့ဟာ၊ ၂၀၀၉ ခုနှစ် က လက်ထပ်ခဲ့ ကြပါတယ်။

Source : Lee Seon-gyoon "I didn't know my wife Jeon Hye-jin-II was Miss Korea"


Rain takes civil action against tenant in building

Rain ကသူ့အိမ်ငှားကိုတရားစွဲခြင်း

Rain က သူပိုင်တဲ့ အဆောက်အဦး မှာနေတဲ့ Mr. Park ဆိုတဲ့ အိမ်ငှားကို တရားစွဲထား ပါတယ်။

Mr. Park ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လ ထဲက ငှားရမ်း နေထိုင် ခဲ့ကြောင်း၊ ထိုစဉ် ကထဲက အိမ်ငှားခ မပေး ခဲ့သေးကြောင်း၊ အခွန်များလည်း မပေးကြောင်း၊ ဆင်းပေးဖြင်း လည်းမရှိကြောင်း စွပ်စွဲ ထားပါတယ်။

Mr. Park ဘက်ကလည်း မနှစ်က မိုးအကြီး အကျယ် ယိုပြီး သူ့လုပ်ငန်း တွေပျက် ခဲ့လို့ လျှော်ကြေး တောင်းခဲ့တာ ယခု အထိ မရ သေးကြောင်း တန်ပြန် စွပ်စွဲ ထားပါတယ်။

မေလ ၁၈ ရက်နေ့က ရုံးတော်မှာ ပထမ အကြိမ် တရားဆိုင် ခဲ့ပါတယ်။

Source : Rain takes civil action against tenant in building


Park Bo-yeong Tapped to Promote
Puchon Film Festival

Park Bo-yeong အားရုပ်ရှင်ပွဲတော်
အကျိုးဆောင်အဖြစ်ခန့်အပ်ခြင်း

မင်းသမီး Park Bo-yeong အား Puchon မှာကျင်းပမဲ့ International Fantastic Film Festival (PiFan) အတွက် goodwill ambassador အဖြစ် ခန့်အပ်တယ် လို့သိရ ပါတယ်။

မင်းသမီးဟာ ၂၀၀၈ က ပြသ ခဲ့တဲ့ Speddy Scandal ရုပ်ရှင်မှာ အထူး နာမည်ကြီး ခဲ့ပါတယ်။ ၄င်းရုပ်ရှင် ဟာ အားပေးသူ 8.3 million ရှိခဲ့ ပါတယ်။

သူ့ရဲ့ Unconfirmed Video လို့ အမည်ရှိတဲ့ လျှို့ဝှက် သဲဖို ရုပ်ရှင် ကို လာမဲ့ ဇူလိုင် လမှာ ပြသဖို့ ရှိနေ ပါတယ်။

မင်းသမီး ဟာ သူ့ရဲ့ agent နဲ့ တရား တဘောင် ဖြစ်ပြီး ကြားထဲမှာ တော်တော် ကြာကြာ ပျောက်နေ ခဲ့ပါ သေးတယ်။

Source :
Park Bo-yeong Tapped to Promote Puchon Film Festival
"Unconfirmed Video" Park Bo-yeong is horror queen
Park Bo-yeong Accused of Breaching Contract


IU terrorized by laser at a University


IU being painted with laser light

အဆိုတော် IU လေဆာမီးဖြင့်အထိုးခံရခြင်း

အဆိုတော် IU ဟာ တက္ကသိုလ် တစ်ခုက လုပ်တဲ့ ပွဲတော်မှာ ဖိတ်ခေါ် ခံခဲ့ ရလို့ သီချင်း ဆိုခဲ့ ပါတယ်။ သီချင်း ဆိုနေစဉ် တစုံတစ်ဦး မှ လှမ်းပြီး လေဆာ မီးနဲ့ ထိုးခြင်း ကို ခံခဲ့ ရပါတယ်။ လေဆာ မီးဟာ အားပြင်းရင် မျက်လုံး ပျက်နိုင် ပါတယ်။


Korean Singer IU

မီးနဲ့ အထိုး ခံနေရစဉ် IU ဟာ ကျိုးစားပြီး၊ ဟန်မပျက် သီချင်းဆက် ဆိုခဲ့ ပါတယ်။ ပရိသတ် ထဲက တစုံတဦး က လုပ်တာ ဖြစ်ပါတယ်။

ကိုယ်က ဖိတ်ခေါ်လို့ လာတဲ့ ဧည့်သည်ကို ဒီလို လုပ်တာ၊ အလွန်မှ မိုက်ရိုင်းတဲ့ အပြုအမူ ဖြစ်တယ် လို့ ဝေဖန် သွားကြ ပါတယ်။

Source : IU terrorized by laser at a University


Kim Tae-hee visits Lee Wan in army...
festivities for the base


Kim Tae-hee and brother Lee Won

Kim Tae-hee မောင်ဖြစ်သူစစ်သားကြီး
Lee Won ထံသွားလယ်ခြင်း

မင်းသမီး Kim Tae-hee ဟာ စစ်မှုထမ်း နေတဲ့ မောင်ငယ် ဖြစ်သူ Lee Won ထံ မကြာမှီက သွားလယ် ခဲ့ပါတယ်။

သူ့ထံ လာလယ်ရင်၊ autograph ၅၀၀ ထိုးပေးဖို့ အစ်မ ထံမှ ဂတိ တောင်းထား ခဲ့ဖူး ပါတယ်။ ထို့ကြောင့် Lee Won ရဲ့ ရဲဘော် ရဲဖက် များက လက်မှတ် ထိုးဖို့ T-Shirt တွေနဲ့ အသင့် စောင့်နေ ကြပါတယ်။


Lee Won's comrades having a
good time because of her visit

မင်းသမီး ကလည်း မောင်လုပ်သူ မျက်နှာ ရှိအောင်၊ မငြီးမငြူ လက်မှတ် ထိုးပေး ခဲ့ပါတယ်။

မင်းသား Lee Won ရဲ့ ရဲဘော် (comrades) တွေအတွက် ကတော့၊ မင်းသမီး ကိုလည်းမြင်ရ၊ autograph လည်းရ၊ ဆိုတော့၊ ပွဲတော် ကြီးပါပဲ။

Source : Kim Tae-hee visits Lee Wan in army... festivities for the base


"Twinkle Twinkle" breaks through 20%

Twinkle Twinkle ဇာတ်လမ်းတွဲ
rating 20% ကျော်သွားခြင်း

MBC ဇာတ်လမ်းတွဲ Twinkle Twinkle ဟာ 15.5.2011 က rating 20% ကျော်သွား တယ်လို့ သိရ ပါတယ်။

Han Jeong-won (မင်းသမီး Kim Hyeon-joo) နဲ့ Hwang Geum-ran (မင်းသမီး Lee Yoo-ri) ငယ်စဉ်က ခလေးချင်း လဲလှယ် ခံခဲ့ ရပြီးနောက် ပြောင်းလဲ သွားတဲ့ ဘဝ အခြေ အနေ တွေကို နောက်ခံ ထာပြီး ရိုက်ထားနဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ (rating reference)

Source : "Twinkle Twinkle" breaks through 20%


Jeong Woo-seong returns from Japan...
no more activities for a while

တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ Jeong Woo-seong

မင်းသား Jeong Woo-seong ဟာ မကြာခင်ကမှ မင်းသမီး Lee Ji-ah နဲ့ date စတင် လုပ်ခဲ့ ပါတယ်။

မင်းသမီး Lee Ji-ah ဟာ နာမည်ကြီး အဆိုတော် Seo Tai-ji နဲ့ အိမ်ထောင် ကျခဲ့ တာ ၁၅ နှစ်ခန့် ရှိပြီး၊ ၂၀၀၆ က ကွာရှင်း ထားတာ ဆိုတဲ့ သတင်း ရုတ်တရက် ထွက်ပေါ် ခဲ့ပြီးနောက်၊ Jeong Woo-seong ဟာ တော်တော် စိတ်ထိခိုက် ပြီး၊ ရှက်လည်း ရှက်သွား ပုံရ ပါတယ်။

နောက်တော့ Fuji TV နဲ့ ရိုက်မဲ့ ဇာတ်လမ်းတွဲ Good Life ကို ရိုက်ဖို့ ဂျပန် ကို ထွက်သွား ပါတယ်။

ဂျပန်မှာ ၂ ပတ်ကြာ ခဲ့ပြီး မေလ ၁၅ ရက်နေ့ က ကိုးရီးယား ကိုပြန်လာ ခဲ့ပါတယ်။ လေဆိပ်မှာ စောင့်နေ ကြတဲ့ သတင်းထောက် တွေကို ဘာမှ မပြောပဲ၊ ခပ်သုပ်သုပ် ပဲ ထွက်ခွာ သွားတယ်လို့ သိရ ပါတယ်။

လောလော ဆယ်တော့ မင်းသားဟာ ငြိမ်နေ ပါတယ်။ လူတွေ ကတော့ သူ့ကိုပဲ စိတ်ဝင်စါး နေကြ ပါတယ်။

Source : Jeong Woo-seong returns from Japan... no more activities for a while


Goo Ha-ra - I call 4-year older Lee Min-ho uncle

ဦးလေးအခေါ်ခံနေရတဲ့ Lee Min-ho

F4 မင်းသား Lee Min-ho နဲ့ Kara အဆို အဖွဲ့ဝင် Goo Ha-ra တို့ဟာ လောလောဆယ် City Hunter (SBS) ဇာတ်လမ်းတွဲ ရိုက်နေ ကြပါတယ်။

Goo Ha-ra ဟာ Lee Min-ho ထက် ၄ နှစ်ပဲ ငယ်ပါတယ်။ "ကျွန်မ သူ့ကို ဦးလေး လို့ပဲ ခေါ်ပါတယ်" လို့ Goo Ha-ra က မေးမြန်းခန်း တခုမှာ ပြောသွားပါတယ်။

Source : Goo Ha-ra "I call 4-year older Lee Min-ho 'uncle'"


Lee Byeong-heon's secret is elevator shoes

စိတ်မလုံတဲ့မင်းသား

မင်းသား Lee Byeong-heon ဟာ ကမ္ဘာသိ နာမည်ကြီး မင်းသား ဖြစ်ပါတယ်။ ဒီတော့ မိမိ ကိုယ် မိမိ ယုံကြည်ချက် ရှိပြီး ခပ်တင်းတင်း နေတယ်လို့ ထင်ရင် မှားသွား ပါလိမ်မယ်။

သူဟာ အရပ် (height) နဲ့ ပတ်သက်ပြီး စိတ်မလုံသူ (self conscious) တဦး ဖြစ်တယ်လို့၊ ဝေဖန်သူ အချို့က ထောက်ပြ လာကြပါတယ်။

အပေါ်ပုံမှာ မင်းသားရဲ့ မိတ်ဆွေက ခြေထောက် ကားရပ်ပြီး၊ မင်းသားနဲ့ အရပ် တူအောင် လုပ်ပြီး ဓါတ်ပုံ ရိုက်ထာတာ တွေ့ရ ပါတယ်။

ထို့ပြင် အကြာမှီက တက်ရောက် ခဲ့တဲ့ ပွဲတပွဲ မှာ မင်းသား ဟာ ခွာမြင့် ဖိနပ် စီးပြီး တက်ရောက် လာတာ ကို တွေ့ခဲ့ ရပါတယ်။ မင်းသားလည်း လူပဲလေ။

Source : Lee Byeong-heon's secret is elevator shoes


Ex-member of SG Wannabe commits suicide

အဆိုတော်ဟောင်းတစ်ဦးသတ်သေခြင်း

SG Wannabe အဆို အဖွဲ့ ရဲ့ အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်သူ Chae Dong-ha (30) ဟာ ၄င်းရဲ့ နေအိမ်မှာ မိမိ ကိုယ် မိမိ သတ်သေ သွားတယ်လို့ သတင်းရရှိ ပါတယ်။

သူ့ရဲ့ agent ရဲ့ အဆိုအရ Chae ဟာ အခု တလော၊ စိတ်ဓါတ် ကျနေတယ် လို့ဆို ပါတယ်။ သူနဲ့ အဆက် အသွယ် မရလို့၊ ရဲကို အကြောင်းကြား ခဲ့ပြီးနောက်၊ ယခုလို တွေ့ရှိ ရတာ ဖြစ်ပါတယ်။

Source : Ex-member of SG Wannabe commits suicide


Seo Taiji refuses withdraw the alimony case

တရားစွဲခြင်းရပ်စဲတာကိုခင်ပွန်းဟောင်းကလက်မခံပါ

မကြာမှီ က မင်းသမီး Lee Ji-ah ဟာ အဆိုတော် Seo Taiji ထံမှ မယား စရိတ်နဲ့ ပိုင်ဆိုင်မှု တစ်ဝက် ရလိုကြောင်း တရားစွဲဆိုခဲ့ ပါတယ်။ ဒီသတင်း ဟာ ဟိုးလေး တကျော် ဖြစ်ခဲ့ ပါတယ်။

ဧပြီလ ၃၀ ရက်နေ့ မှာ မင်းသမီးက အမှုကို ရုတ်သိမ်းကြောင်း ရုံးတော် သို့ လျှောက်ထား ခဲ့ပြန် ပါတယ်။ ပွဲပြီးသွာပြီး လို့လူအများ က ယူဆခဲ့ကြ ပါတယ်။ ဒါပေမဲ့ ပွဲက ပြီးမသွား ပါဘူး။

အမှုရုတ်တာ ကို ခင်ပွန်းဟောင်း Seo Taiji က လက်မခံ ခဲ့ပါ။ သူ့ဘက်က တင်ပြချက် က၊ ပိုင်ဆိုင်မှု တစ်ဝက် ကိစ္စက နောက်ထပ် တခါ တရားပြန်စွဲ လို့မရ ပေမဲ့၊ မယား စရိတ် ကိစ္စက၊ အမြဲတမ်း ပြန်စ နိုင်တယ် လို့ ဆိုပါတယ်။

ထို့ကြောင့်၊ တစ်ခါ ထဲနဲ့ ကိစ္စပြတ် အောင်၊ အမှူကို ဆက်စစ် စေပါတယ်။ ရုံးတော်မှာ အမှုဆိုင် ခြင်းကို မေလ ၂၃ ရက်နေ့က နှစ်ဖက် ပြုလုပ်ခဲ့ ကြပါတယ်။

Source :
Seo Taiji refuses withdraw the alimony case
Lee drops lawsuit against Seo

0 comment            submit comments
.
Article Link - http://video.phpmyanmar.com/video/article/506/hot-news-30-may-2011
Posted By - Ko Ko - April 26, 2011

မင်းသမီး Lee Ji-ah အိမ်ထောင်သက်
၁၅နှစ်ခန့်ရှိပြီးဆိုခြင်း



Lee Ji-ah as a super secret agent in drama ATHENA

နာမည်ကြီး မင်းသမီး Lee Ji-ah (33) ဟာ နာမည်ကြီး အဆိုတော် Seo Tai-ji နဲ့ အိမ်ထောင် ကျခဲ့ တာ ၁၅ နှစ်ခန့် ရှိပြီး ဆိုတဲ့ သတင်း ရုတ်တရက် ထွက်ပေါ် ခဲ့ပြီးနောက် ကိုးရီးယား သတင်း လောက တစ်ခုလုံး ပွက်လောရိုက် လျက်ရှိ ပါတယ်။

အဆိုတော် Seo Tai-ji ထံမှ မယား စရိတ်နှင့် ပိုင်ဆိုင်မှု တစ်ဝက် ရလိုကြောင်း မင်းသမီး Lee Ji-ah မှ ရုံးတော်တွင် ဦးတိုက် လျှောက်ထား ခဲ့ပြီးနောက် မင်းသမီး ရဲ့ လျှို့ဝှက် အိမ်ထောင်ရေး ကိစ္စ ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် Seo Tai-ji ရဲ့ ပိုင်ဆိုင်မှု မှာ အထူး လျို့ဝှက်ချက် ဖြစ်ခဲ့ ပေမဲ့၊ မင်းသမီး Lee Ji-ah ရဲ့တရား စွဲဆိုချက် အရ won 50 billion (1US$=W1,081) ခန့်ရှိတယ် လို့သိရ ပါတယ်။

မင်းသမီးဟာ အဆိုတော် Seo Tai-ji နဲ့ အသက် ၁၅ နှစ်သမီး အရွယ်မှာ စတင် သိကြွမ်းခဲ့ပြီး အသက် ၂၀ လောက်မှာ (1997) USA တွင် လက်ထပ် ခဲ့ကြလို့ မင်းသမီးရဲ့ ငယ်ကြွမ်းဆွေ လို့လည်း ဆိုနိုင် မယ်လို့ ထင်းပါတယ်။

ကွာရှင်း မှုကို ၂၀၀၆ မှာ လျှောက်ထား ခဲ့ပြီး ၂၀၀၉ မှာ အတည် ပြုချက် ရခဲ့တယ် လို့ဆို ပါတယ်။ ကွာရှင်းကြေး တွေကို နှစ်ဖက် လျှို့ဝှက် ညှိနှိုင်း ခဲ့တာ အဆင် မပြေ ကြလို့ အခုလို ပေါ်ထင် တရားစွဲခဲ့ ရတာ လို့ သိရ ပါတယ်။


Lee Ji-ah debut as lead actress with top star
Bae Yong-joon in popular drama LEGEND

မင်းသမီး Lee Ji-ah ဟာ အနုပညာ လောကကို နာမည်ကြီး ဇာတ်လမ်းတွဲ LEGEND မှာ ခေါင်းဆောင် မင်းသမီး အနေနဲ့ ခြေချခဲ့ ပါတယ်။ LEGEND ရဲ့ခေါင်းဆောင် မင်းသား ကတော့ ထိပ်တန်း မင်းသားကြီး Bae Yong-joon ဖြစ်ပါတယ်။


Lee JI-ah as "Sujini" in drama LEGEND

ရာဇဝင် LEGEND ဇာတ်လမ်းတွဲ မှာ "ဆူဂျင်နီ" အဖြစ် သရုပ်ဆောင် ခဲ့ပြီး တစ်ကား ထဲနဲ့ နာမည်ကျော် ထိပ်တန်း မင်းသမီး ဖြစ်သွား ခဲ့ပါတယ်။

မင်းသမီး Lee Ji-ah ဟာ အလယ်တန်း ကျောင်းသူ ဘဝထဲက USA သို့ မိဘ များနဲ့ လိုက်ပါ သွားခဲ့ပြီး USA မှာပဲ ပညာသင် ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား၊ ဂျပန် နဲ့ အင်္ဂလိပ် သုံးဘာသာ ကို ရေလည်စွာ ပြောနိုင်သူ ဖြစ်ပါတယ်။


Drama ATHENA

မင်းသမီး Lee Ji-ah ယနေ့အထိ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲ များ ကတော့ Athena: Goddess of War (SBS, 2010), Telecinema The Fool That I Love (SBS, 2010), Style (SBS, 2009), Beethoven Virus (MBC, 2008) နဲံ The Legend (MBC, 2007) စသည်တို့ ဖြစ်ကါတယ်။


Lead actor of drama ATHENA
Jeong Woo-seong is dating with Lee Ji-ah

မင်းသမီး Lee Ji-ah ဟာ ATHENA ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင် မင်းသား Jeong Woo-seong နဲ့ date လုပ်နေကြောင်း မကြာမှီ က နှစ်ဖက် agencies များက အတည်ပြု ကြေငြာ ထားခဲ့ပါတယ်။

မင်းသား Jeong Woo-seong ဟာ အထက်ပါ သတင်း တွေကြောင့် အလွန် အံ့သြ တုန်လှုပ် ခဲ့ပြီး၊ သူငယ်ချင်း များနဲ့ အရက်ပဲ ဖိသောက် နေတယ်လို့ ပြောနေ ကြပါတယ်။

မင်းသမီး Lee Ji-ah မှ မင်းသား Jeong Woo-seong ကို တရားဝင် တောင်းပန် ထားတယ် လို့လည်း ပြောနေ ကြပါတယ်။

မင်းသမီး Lee Ji-ah ရဲ့ profile ကတော့ အောက်ဖေါ် ပြပါ အတိုင်း ဖြစ်ပါတယ်။

    Profile

    • Name: Lee Ji Ah
    • Profession: Actress, singer
    • Birthdate: 1981-Feb-02
    • Birthplace: Seoul, South Korea
    • Height: 168cm
    • Weight: 48kg
    • Star sign: Aquarius
    • Blood type: A
    • Talent agency: KEYEAST

    TV Shows

    Recognitions

    Trivia

    • Education: Pasadena Art Center College of Design (Pasadena, California, United Sates)
    • Languages: Korean, English and Japanese
    • Lee grew up in California, United States
    • Released a single called "Love Virus"

    External Links


    Retrieved from http://wiki.d-addicts.com/

Links
Seo Taiji's secret marriage (and divorce) exposed
Jeong Woo-seong "Knows nothing about Lee Ji-ah and her divorce"
Lee Ji-ah "I truly loved Seo Taiji"
Lee Ji-ah "I am sorry to Jeong Woo-seong"
Seo Tai-ji Worth an Estimated W40-50 Billion
Seo Tai-ji Scandal Sends Rumor Mill into Overdrive
Jeong Woo-seong Reportedly Having Hard Time
Mystery Deepens Over Seo Tai-ji's Secret Marriage to Lee Ji-ah
http://en.wikipedia.org/wiki/Lee_Ji-ah
Profile of Lee Ji-ah

Tags: korean singer | korean actress | korean drama | korean news | korea
Summary - On April 21, 2011 it was discovered that she had been secretly married to singer Seo Taiji for 14 years. The couple had managed to hide their marriage from the public. They had already divorced but Lee was suing Seo for 500 million Won (540,000) in alimony and 5 billion Won (5,400,000) of his assets. They were only discovered when reports began circulating of the couple-s second court appearance. It was also revealed that she had lied about her age and that she was born in 1977 and had married in 1997 when she was 20. She had also been using a different name, with her real name being Kim Sang-eun. Lee-s agency, KeyEast, released a statement stating [Not only did we have no idea about the lawsuit, but we had no idea of Lee Ji Ah-s marriage to Seo Taiji. We are currently unable to reach contact with her.] Many of those that are close to the ex-couple also stated they had not known including people from Seo Taiji Company, Seo-s management company, who said that all they knew was Seo frequented other countries, and they had no idea where he went or what he did. His managers also hadn-t known, stating that they would have felt paraniod about a leak if they knew of the marriage. Yang Hyun-seok, head of YG Entertainment and an old band member of Seo, also said that he knew nothing of the marriage. Lee-s current boyfriend, actor Jung Woo Sung also released a statement saying he had not known of her marriage.
0 comment            submit comments
.
Article Link - http://video.phpmyanmar.com/video/article/505/actress-lee-ji-ah-secretly-married-to-singer-seo-tai-ji
Posted By - Ko Ko - March 24, 2011

လက်ဝှေ့ချန်ပီယံ F4 မင်းသမီး


Actress Lee Si Young Wins Boxing Championship Title

F4 မင်းသမီး Lee Si Young (29) ဟာ (၇) ကြိမ်မြောက် ကိုးရီယား National Amateur Championships ရဲ့ ချန်ပီယံ ဆုကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ်။

ထိုကဲ့ကို့ ချန်ပီယံ ဆုကို ဆွတ်ခူး ပြလိုက် ခြင်းဖြင့် ၄င်းရဲ့ fans များနဲ့ media လောကကို တုန်လှူပ် သွားစေ ခဲ့ပါတယ်။

ဆုယူစဉ် မှာ မင်းသမီး ဟာ မျက်ရည်များ ကျခဲ့ ပါတယ်။ "ကျွန်မ ဝင်ပြိုင် စဉ်က ဗိုလ်လုပွဲ မှာ အနိုင် ရမယ်လို့ လုံးဝ မမျှော်လင့် ခဲ့ပါဘူး" လို့လည်း ပြောသွားပါတယ်။


Lee Si Young the beauty

မင်းသမီးကို TV Drama တစ်ခုမှာ လက်ဝှေ့မယ် အဖြစ် ပါဝင်ဖို့ အစီအစဉ် ရှိခဲ့ဘူး ပါတယ်။ ထို့ကြောင့် မင်းသမီး ဟာ လက်ဝှေ့ လေ့ကျင့်ခဲ့ ပါတယ်။ သို့ပေမဲ့ အဆိုပါ TV Drama ဟာ မရိုက် ဖြစ်ပဲ ပျက်သွား ခဲ့ပါတယ်။

ထို့နောက်မှာ မင်းသမီးဟာ လက်ဝှေ့ ဝါသနာ ပါသွားပြီး ဆက်လက် လေ့ကျင့် ရာက ယခု ကဲ့သို့ champion ဆုကို ရရှိတဲ့ အထိ တိုးတက် လာခဲ့တာ ဖြစ်ပါတယ်။

48-kilogram အတန်းမှာ မင်းသမီး ဟာ Hong Soo Hwan’s Star Boxing Club ဘက်မှ ထိုးသတ်ပြီး၊ ပြိုင်ဖက် ဖြစ်တဲ့ Sung So Mi (17) က Cheng-Am High School - Suncheon မှဖြစ် ပါတယ်။


Lee Si Young landing a punch

အရပ်ရော လက်တံပါ ရှည်တဲ့ မင်းသမီး ရဲ့ ထိုးချက်များ ဟာ အတော် ထိမိတယ် လို့လည်း သိရ ပါတယ်။

Champion ပွဲအတွက် ပြင်ဆင် လေ့ကျင့် ရာမှာ။ မင်းသမီး ဟာ မနက်တိုင်း ၄ မိုင်ခန့် ပြေးခဲ့ပြီး၊ ညနေတိုင်း ၂နာရီ အထိုး လေ့ကျင့် ခဲ့ပါတယ်။ နည်းပြ ကတော့ WBA bantamweight and super bantamweight champion ဟောင်း Hong Soo-hwan ဖြစ်ပါတယ်။

ဒိုင်လူကြီး ဟာ တတိယ အချီ ထိုးသတ်လို့ ၁ မိနစ် ၄၀ စက္ကန့် အကြာမှာ ဒိုင်ပွဲရပ် နဲ့ မင်းသမီးကို အနိုင်ပေး ခဲ့တာ ဖြစ်ပါတယ်။


Sexy Lee Si Young

မင်းသမီးရဲ့ profile ကတော့ အောက်ဖေါ်ပြပါ အတိုင်း ဖြစ်ပါတယ်။

Profile

  • Name:Lee Si Young (Yi Shi Yeong)
  • Profession: Actress, model, singer and boxer
  • Birthdate: 1982-Apr-17
  • Birthplace: South Korea
  • Height: 169cm
  • Weight: 48kg
  • Star sign: Aries
  • Blood type: B
  • Talent agency: GnG Production & Management

TV Shows

Recognitions

External Links

Links
Actress Lee Si Young Wins Boxing Championship Title
Lee Si-young Wins Boxing Championship
A boxing beauty: Actress wins title
Lee Si Young (http://wiki.d-addicts.com)
Lee Si-young (http://en.wikipedia.org)

Tags: korean actress | korean news | korea
Summary - The actress Lee Si-young won the National Amateur Boxing Championships on Thursday. In the final of women-s 48 kg category at the Andong Gymnasium in North Gyeongsang Province, Lee was aggressive from the beginning, and earned a referee-stopped contest victory one minute and 40 seconds into the third round. Her coach Hong Soo-hwan, a former WBA bantamweight and super bantamweight champion, said, [She has improved remarkably in just seven months. Personally, I am looking forward to the prospect of her competing in the 2012 Olympics in London.] Lee shed tears of joy after the final match, saying she had not expected to win the title.
7 comments            submit comments
.
Article Link - http://video.phpmyanmar.com/video/article/504/actress-lee-si-young-won-national-amateur-boxing-championships
.
<<first     <prev    1  2  3  4  5  (6) 7  8  9  10       next>     last>>








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0311 sec