http://phpmyanmar.com
http://video.phpmyanmar.com
Korean Drama Korean Movies Korean Video Korean Films Korean Music Korean Actor Korean Actress Korean Stars Korean Singer Korean Culture Korean Arts

Home

Google Ad

Recent Articles

hot-news-06-jan-2012
graying-korean-actors-and-actresses
hot-news-18-october-2011
lee-min-ho-and-park-min-young-are-dating
hot-news-14-august-2011
hot-news-01-july-2011
hot-news-30-may-2011
actress-lee-ji-ah-secretly-married-to-singer-seo-tai-ji
actress-lee-si-young-won-the-national-amateur-boxing-championships
hot-news-19-feb-2011
hot-news-10-jan-2011
hot-news-27-nov-2010
hot-news-23-october-2010
hot-news-01-oct-2010
hot-news-05-september-2010
ss501-music-band
hot-news-25-july-2010
the-top-9-female-idols-in-a-summer-wears-ranked
actor-park-yong-ha-found-dead-in-apparent-suicide
actor-kwon-sang-woo-booked-for-hit-and-run
see more...    [all articles]

Articles by Catagory

KActor (191 )
KActress (217 )
KSinger (77 )
JSinger (1 )
TV Drama (91 )
Movie (68 )
Music (40 )
Media (1 )
News (206 )
Culture (12 )
Custom (14 )
Fashion (10 )
Food (2 )
Habit (16 )

Related Links

<<first    <prev    1  2  3  4  (5) 6  7  8  9  10       next>     last>>
Posted By - Ko Ko - October 22, 2010

Summary :
(1)Kim Hyun-joong will watch [Mischievous Kiss] with his fans. (2)Rain-s [The Fugitive Plan B] recorded its lowest viewer rating, 11.9%. (3)Kim Tae-hee, Song Seung-heon to star in new drama. (4)Ha Ji-won is Korean Jolie. She turned into an [Action Queen]. (5)Actor Ryoo Si-won to wed October 26. (6)Police confirmed that Tablo is a Stanford graduate. (7)Cha Seung-won has surgery, he will be in hospital for 25 days. (8)MC Mong indicted for draft-dodging. (9)Yoon Si-yoon: [99 Percent of People Said No to Me]. (10)[Girls Generation-s and Kara-s hot pants not allowed in Thailand. (11)Jang Ja-yeon-s Ex-Representative and Ex-Manager got one year jail sentence. (12)Jang Dong-gun begot a son, both wife and child are healthy. (13)Ain-t No Stopping TVXQ-s Trio In China. (14)Interpark Demands Monetary Compensation From Lee Hyo-lee. (15)Actor Kwon-s management agency ruled to compensate W350 million. (16)Kim Tae-Hee is South Korea-s most beautiful woman on shyness, beauty and guns. (17)Rain military entrance date deferred to next year. (18)Song Seung-heon says wants to dine with Girls Generation and Kara. (19)Pop Queen Lee Hyo-lee Maintains Status As CF Queen. (20)Will [Athena] Exceeds Popularity of [IRIS][More...][Less...]

အတိုအထွာသတင်းများ(၃၉)


Kim Hyun-joong will watch 'Mischievous Kiss' with his fans

ဇာတ်သိမ်းကို Fans များနှင့်အတူကြည့်တဲ့မင်းသား

ပြသဆဲ Mischievous Kiss ဇာတ်လမ်းတွဲ (ဟန်ဆောင် အနမ်း) ဇာတ်သိမ်းပိုင်း ကို၊ ခေါင်းဆောင် မင်းသား Kim Hyun-joong ဟာ ၄င်းရဲ့ fans များနဲ့ အတူ ကြည့်မှာ ဖြစ်ပါတယ်။

စုပေါင်း ကြည့်ပွဲကို လူ ၂၀၀၀ ဆံ့တဲ့ Seoul Grand Park Dorm Art Hall မှာ ပြုလုပ် မှာဖြစ် ပါတယ်။

Korea, China, Japan, Hong Kong နဲ့ Taiwan တို့မှ fans ၁၀, ၀၀၀ ကျော်တို့မှ လျှောက်လွှာ တင်ထား ကြပြီး မဲချ ပေးမှာဖြစ်ပါတယ်။

Source : Kim Hyun-joong will watch 'Mischievous Kiss' with his fans


Rain's 'The Fugitive Plan B' recorded
its lowest viewer rating, 11.9%

လူကြည့်အလွန်နည်းသွားတဲ့
Rain ရဲ့နောက်ဆုံးဇာတ်လမ်းတွဲ

ပြသဆဲ Rain ရဲ့ The Fugitive Plan B ဇာတ်လမ်းတွဲ ဟာ အပတ်စဉ် Wed-Thurs နေ့တွေမှာ ပြသတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ ကြည်သူ ၂၁% ကျော်ခဲ့ ပါတယ်။

တစ်ပတ် နောက်ကျ ပြီး မင်းသမီး Ko Hyeon-jeong ရဲ့ Daemul - Big Thing စင်ပြိုင် ပြချိန် မှစပြီး ကြည့်သူ ဆုတ်လာ ခဲ့တာ ယခု ဆိုရင် rating ၁၁.၉% ပဲရှိ ပါတော့တယ်။

Daemul - Big Thing ကတော့ rating ၂၀% ကျော်နဲ့ ထိပ်ဆုံးမှ ပြေးနေဆဲ ဖြစ်ပါတယ်။

Source : Rain's 'The Fugitive Plan B' recorded its lowest viewer rating, 11.9%


Kim Tae-hee, Song Seung-heon
to star in new drama

Kim Tae-hee နဲ့ Song Seung-heon
တို့ရဲ့ဇာတ်လမ်းတွဲအသစ်

မင်းသမီး Kim Tae-hee နဲ့ မင်းသား Song Seung-heon တို့ဟာ MBC ရုပ်သံရဲ့ Pasta အမည်ရှိ ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။

ရိုးရိုး တက္ကသိုလ် ကျောင်းသူလေး တစ်ဦးနဲ့ အလွန် ချမ်းသာတဲ့ လုပ်ငန်းရှင် တစ်ဦးတို့ ရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

Source : Kim Tae-hee, Song Seung-heon to star in new drama


Ha Ji-won is Korean Jolie?
She turned into an "Action Queen'

Action မင်းသမီး Ha Ji-won

November 13 မှာပြသမဲ့ SBS ရုပ်သံရဲ့ Secret Garden ဇာတ်လမ်းတွဲ မှ ပိုစတာ ပုံများ ထုတ်ပြန် ရာမှာ မင်းသမီး Ha Ji-won ကို အမေရိကန် မင်းသမီး Angelia Jolie စတိုင်မျိုး အဝတ် အစား နဲ့တွေ့ရ ပါတယ်။ မင်းသား ကတော့ Hyun Bin ဖြစ်ပါတယ်။

Source : Ha Ji-won is Korean Jolie? She turned into an "Action Queen'


Actor Ryoo Si-won to wed October 26

မင်းသား Ryoo Si-won လက်ထပ်တော့မည်

Hallyu မင်းသား Ryoo Si-won ဟာ October 26 မှာ လက်ထပ်တော့ မှာဖြစ်ကြောင်း သူ့ website မှတဆင့် အသိပေး ဖေါ်ပြ သွားပါတယ်။

သတိုးသမီး ဟာ ရိုးရိုး အရပ်သူ တစ်ဦး ဖြစ်ပြီး မင်းသားရဲ့ ကိုယ်ဝန်ကို လွယ်ထား ပါတယ်။ လက်ထပ်ပြီး မကြာမှီမှာ မွေးမှာ ဖြစ်ပါတယ်။

Source : Actor Ryoo Si-won to wed October 26


Police confirmed that Tablo is a Stanford graduate

Hip-hop အဆိုတော် Tablo ရဲ့ဘွဲ့လက်မှတ်ဟာအစစ်ပါ

Hip-hop အဆိုတော် Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အစစ် ဖြစ်ကြောင်းကို ကိုးရီးယား ရဲအဖွဲ့ က သက်ဆိုင်ရာ တက္ကသိုလ် နဲ့ဆက်သွယ် ပြီးနောက် အတည် ပြုပေး ခဲ့ပါတယ်။

Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အတုပါ ဆိုပြီး internet ထဲမှာ တိုက်ခိုက် နေတာ ကြာပါပြီး။ ရဲက မဟုတ် မမှန် သတင်း ဖြန့်နေ သူတွေကို အရေးယူ ဖို့ ဆောင်ရွက် နေပါတယ်။

Source : Police confirmed that Tablo is a Stanford graduate


Cha Seung-won has surgery,
he will be in hospital for 25 days

မင်းသား Cha Seung-won ခွဲစိပ်ခံယူခြင်း

ATHENA ဇာတ်လမ်းတွဲ ရဲ့ မင်းသား Cha Seung-won ဟာ ဆေးရုံ တက်ပြီး ခွဲစိပ် ကုသမှု ခံယူ နေရ ပါတယ်။ October 20 မှာ ရိုက်ကွင်း ရှိရာ Hawaii သို့လိုက်သွား မယ်လို့ သိရ ပါတယ်။

Source : Cha Seung-won has surgery, he will be in hospital for 25 days


MC Mong indicted for draft-dodging

အဆိုတော် MC Mong စွဲချက်တင်ခံရပြီး

အဆိုတော် MC Mong ကို ကိုးရီးယား ရဲအဖွဲ့ က စစ်မှု ထမ်းရန် ရှောင်တိမ်း မှုနဲ့ စွဲချက်တင် အရေးယူ လိုက်ပြီး လို့ သိရ ပါတယ်။

MC Mong ဟာ သူ့ရဲ့ သွားအကောင်း တွေကို နှုတ်ပစ် ပြီး တပ်ဝင် ဆေးစစ် ကျအောင် ကြံစည် တာမှန်ကန် တယ်လို့ တွေ့ရှိ ရတဲ့ အတွက် ယခုလို စွဲချက်တင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။

Source : MC Mong indicted for draft-dodging


Yoon Si-yoon: '99 Percent of People Said 'No' to Me'

အလွန်အောင်မြင်လာတဲ့ Yoon Si-yoon

မနှစ်က လူမသိ သူမသိ မင်းသား Yoon Si-yoon ဟာ၊ ဒီနှစ် လူတိုင်း သိတဲ့ super star မင်းသား တစ်လက် ဖြစ်လာ ပါတယ်။

မင်းသား ပါဝင် ခေါင်းဆောင် တဲ့ Bread, Love, and Dreams ဇာတ်လမ်းတွဲ ဟာ rating ၅၀.၈% အထိ ရရှိ ခဲ့ပါတယ်။ ကျွန်တော် သရုပ် မဆောင် နိုင်ဘူး၊ မဖြစ်နိုင် ဘူးဆိုပြီး ဆန့်ကျင် ကြတဲ့ သူများက ၉၉% ရှိပြီး၊ ထောက်ခံတဲ့ ကျန်တဲ့ ၁% က အမေရယ် အဖေရယ် ကျွန်တော့ မန်နေဂျာ ရယ်ဘဲ ရှိခဲ့ ပါတယ်လို့၊ မင်းသားက ပြောသွား ပါတယ်။

မင်းသား Yoon Si-yoon ဆက်လက် အောင်မြင် ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။

Source : Yoon Si-yoon: '99 Percent of People Said 'No' to Me'


'Girls Generation's and Kara's
hot pants not allowed!' in Thailand

ဘောင်းဘီတိုမဝတ်သင့်ဆိုတဲ့ထိုင်းအစိုးရရဲ့အဆို

ကိုးရီးယား အမျိုးသမီး အဆိုအဖွဲ့ များရဲ့ ဘောင်းဘီတို hot pants ဖက်ရှင်ဟာ အာရှတလွှာမှာ အလွန် ခေတ်စါး လာပြီး တောမီးလို ပြန့်နှံ့ လာပါတယ်။

ဘောင်းဘီတို ဝတ်ရင် ခြင်ကိုက်ခံ ရပြီး သွေးလွန် တုတ်ကွေး ပိုဖြစ်နိုင်လို့ ထိုင်း မိန်းခလေး များ ဘောင်းဘီတို မဝတ် သင့်ကြောင်း ထိုင်းအစိုးရ က ထုတ်ပြန် ကြေငြာ ပါတယ်။ (ယောက်ျား လေးတွေ ရင်ခုံပြီး အသက်တို မှာလည်း ရှိသေးတယ် နော်)

Source : 'Girls Generation's and Kara's hot pants not allowed!' in Thailand


Jang Ja-yeon's Ex-Representative and
Ex-Manager got one year jail sentence

သတ်သေတဲ့မင်းသမီးရဲ့အေးဂျင်းနဲ့
မန်နေဂျာတို့ထောင်ကျပြီး

Boys Over Flowers (F4) ဇာတ်လမ်းတွဲ မှ အရံမင်းသမီး တစ်လက် ဖြစ်တဲ့ Jang Ja-yeon ဟာ ၂၀၀၉ မတ်လ က မိမိ ကိုယ် မိမိ သတ်သေ သွားခဲ့ ပါတယ်။

သေတမ်းစာ ထဲမှာ သူ့ကို အထက် လူကြီး များနဲ့ အိပ်စက်ဖို့ အဆက် မပြတ် ဖိအား ပေးခံရ တာကို မခံနိုင် တော့လို့ သတ်သေ တာပါလို့ ရေးထား ခဲ့ပါတယ်။

ဒီကိစ္စ အတွက် Agent Mr. Kim နဲ့ မန်နေဂျာ Mr. Yoo တို့ကို ထောင်ဒါဏ် ၁ နှစ်စီ ချလိုက်တယ် လို့သိရ ပါတယ်။

Source :
Jang Ja-yeon's Ex-Representative and Ex-Manager got one year jail sentence


Jang Dong-gun begot a son,
"Both wife and child are healthy"

Jang Dong-gun အဖေဖြစ်ပြီး

မင်းသား Jang Dong-gun ရဲ့ ဇနီး မင်းသမီး Ko So-young ဟာ October 4 က သား ယောက်ျား လေး ဖွားမြင်တယ် လို့သတင်း ရရှိ ပါတယ်။ မိခင်ရော ခလေးပါ ကျန်းမာစွာ ရှိကြ ပါတယ်။

Source : Jang Dong-gun begot a son, "Both wife and child are healthy"


Ain't No Stopping TVXQ's Trio In China

TVXQ ရဲ့သုံးဦးအဖွဲ့တရုတ်ပြည်တွင်
ဆက်လက်လှုပ်ရှားကြမည်

TVXQ အဖွဲ့မှ Xiah Jun-su, Micky Yoochun နဲ့ Hero Jae-joong တို့ဟာ 2010 East Asia All Stars Concert မှာ ပါဝင် ဆင်နွှဲ ကြပါမယ်။ ထို့ကြောင့် ဂျပန်မှာ လုပ်မဲ့ show ပွဲတွေကို ဖျက်လိုက် ရပါတယ်။

တရုတ်ပြည် က fans များဟာ သူတို့ ဆီက show ပွဲ အစီအစဉ် တွေလည်း ဖျက်လိုက်မှာ အလွန် စိုးရိမ် နေကြ ပါတယ်။

အဆိုတော် များရဲ့ တရုတ်ပြည် agent က တရုတ် show ပွဲများ ဆက်လုပ် မှာ ဖြစ်ကြောင်း ပြော သွားလို့ အားလုံး စိတ်အေး သွားကြတယ် လို့ သိရ ပါတယ်။

Source : Ain't No Stopping TVXQ's Trio In China


Interpark Demands Monetary
Compensation From Lee Hyo-lee

Lee Hyo-lee ရဲ့ Agency လျှော်ကြေးတောင်းခံရခြင်း

Lee Hyo-lee ရဲ့နောက်ဆုံး album မှာ ခိုးချ သီချင်းတွေ ပါခဲ့လို့ အကြီးအကျယ် ပြဿနာ တက်ခဲ့ ပါတယ်။

ဒီနောက်မှာ Lee Hyo-lee ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းထားခဲ့ ပါတယ်။ Interpark လုပ်ငန်းစု က ဒီကိစ္စကြောင့် အဆိုတော်ရဲ့ ရိုးသား ပွင့်လင်း တဲ့ ပြရုပ်ဟာ မှေးမှိန် ခဲ့ရကြောင်း၊ ထို့ကြောင့် ၄င်းတို့ ရဲ့ ရောင်းအား ကျဆင်း ပြီးဝင်ငွေ လျှော့ခဲ့ရ တယ်ဆိုပြီး တရားစွဲ ပါတယ်။

Lee Hyo-lee ရဲ့ Agency ထံမှ ပေးလျှော်ရန် တောင်းခံတဲ့ လျှော်ကြေး ကတော့ 490 million won ဖြစ် ပါတယ်။

Source :
Interpark Demands Monetary Compensation From Lee Hyo-lee


Actor Kwon's management agency
ruled to compensate W350 million

မင်းသား kwon Sang-woo ရဲ့
Agency လျှော်ကြေးပေးရပြီး

မင်းသား kwon Sang-woo ရဲ့ Agency မှ ContentsLab လုပ်ငန်းစု သို့ လျှော်ကြေး 350 million won ပေးရ မယ်လို့ Seoul Central District Court က မကြာမှီ က အမိန့် ချမှတ် လိုက်ပါတယ်။

မင်းသား agency ဟာ ဖြေဖျော်ရေး ကိစ္စများ နဲ့ ပတ်သက်ပြီး ချုပ်ဆို ထားတဲ့ စါချုပ်ပါ အချက်အလက် များကို အပြည့် အဝ ဆောင်ရွက် ပေးရန် ပျက်ကွက် ခဲ့တာ ထင်ရှားလို့ ယခုလို လျှော်ကြေး ပေးရတာ ဖြစ်ပါတယ်။

Source :
Actor Kwon's management agency ruled to compensate W350 million


Kim Tae-Hee: South Korea's 'most
beautiful woman' on shyness, beauty and guns

အလှဆုံးကိုးရီးယားအမျိုးသမီး

မင်းသမီး Kim Tae-Hee ဟာ ဂျပန်မှာ အလွန် ခေတ်စား နေပါတယ်။ ဂျပန် media များက မင်းသမီးကို ကိုးရီးယား နိုင်ငံရဲ့ အလှဆုံး အမျိုးသမီး အဖြစ် တင်စား လာကြပါတယ်။ Kim Tae-Hee ဟာ IRIS ဇာတ်လမ်းတွဲ တွင် စပိုင်မ အဖြစ် ပါဝင် ပြီးနောက် အထူး နာမည် ကြီးလာ ပါတယ်။

Source :
Kim Tae-Hee: South Korea's 'most beautiful woman' on shyness, beauty and guns


Rain military entrance date deferred to next year

Rain စစ်မှုထမ်းခြင်းမှတစ်နှစ်ရွှေ့ဆိုင်းခွင့်ရခြင်း

မင်းသား Rain (28) ဟာနိုင်ငံသား တိုင်းရှိတဲ့ တာဝန်အရ စစ်မှုထမ်း ချိန်တန် နေပါပြီး။ သို့သော် သူတင်ပြတဲ့ အထွေထွေ အကြောင်း ပြလျက် များကို လက်ခံ တဲ့အတွက်၊ ကိုးရီးယား Military Manpower Administration (MMA) က စစ်တပ်သို့ သတင်း ပို့ရမဲ့ ရက်ကို တစ်နှစ် ဆိုင်းငံ့ ခွင့်ပြုလိုက် ပါတယ်။

Source : Rain military entrance date deferred to next year


Song Seung-heon says wants to
dine with Girls' Generation and Kara

အဆိုတော်မလေးတွေနဲ့ညစာစား
ချင်နေတဲ့မင်းသားဂျွန်စော

မကြာမှီက ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ မင်းသား Song Seung-heon (33) က Girls' Generation, Kara, After School နဲ့ f(x) စတဲ့ music band တွေက အဆိုတော် မလေး များနဲ့ ညစာ (dinner) အတူ စားလိုကြောင်း ထုတ်ဖေါ် ပြောသွား ပါတယ်။

Source :
Song Seung-heon says wants to dine with Girls' Generation and Kara


Pop Queen Lee Hyo-lee Maintains Status As CF Queen

ကြော်ငြာဘုရင်မ Lee Hyo-lee

Lee Hyo-lee (33) ကို ကိုးရီးယား ကြော်ငြာ လောကရဲ့ ဘုရင်မ တစ်ဆူ အဖြစ် တင်စားထား ကြပါတယ်။

သာမန်အာဖြင့် သုံးလေးနှစ် ကြာလာရင် မျက်နှာသစ် အငယ် လေးများနဲ့ အစားထိုး တတ်ကြ ပါတယ်။ Lee Hyo-lee ကတော့ ၁၀ နှစ် ရှိသွား ပါပြီး။ ယခု အထိ ကျမသွားပဲ လူကြိုက် များနေဆဲ ဖြစ်တဲ့ CF Queen ဖြစ်ပါတယ်။

Source : Pop Queen Lee Hyo-lee Maintains Status As CF Queen


Will 'Athena' Exceeds Popularity of 'IRIS'?

IRIS ထက်သာမယ်လို့တစ်ပြေးနေတဲ့ ATHENA

နာမည်ကျော် ဇာတ်လမ်းတွဲ IRIS ရဲ့ အဆက် ATHENA ဟာ IRIS ထက်သာ မယ်လို့ တစ်ပြေး နေပါတယ်။ မင်းသား Jeong Woo-seong, Cha Seung-won မင်းသမီး Soo-ae, Lee Ji-ah တို့ခေါင်းဆောင် ပါဝင် ပါမယ်။

Super Junior အဖွဲ့မှ Choi Si-won က လက်သင် စုံထောက် ပေါက်စလေး အဖြစ် ပါဝင်ပြီး၊ အဆိုတော် BoA နဲ့ မင်းသမီး Lee Bo-yeong တို့က ဧည့်သည်တော် သရုပ်ဆောင် များအဖြစ် ပါဝင် ကြမှာ ဖြစ်ပါတယ်။

Source : Will 'Athena' Exceeds Popularity of 'IRIS'?

Tags: korean news | korean actor | korean actress | korean singer | korea

Posted as - [TV Drama] [KSinger] [News] [KActress] [KActor] [Boa] [Kwon Sang-woo] [Rain] [Ha Ji-won] [Jang Dong-gun] [Kim Tae-hee] [Ko Hyun-jung] [Lee Bo-young] [Lee Hyo-ri] [Ryu Shi-won] [Shin Hyun-joon] [Girls Generation] [Ko So-young]

2 comments            submit comments

End of Article No. 500 - Hot News-23 October 2010
Permalink (http://video.phpmyanmar.com/video/article/500/hot-news-23-october-2010)

Posted By - Ko Ko - October 1, 2010

Summary :
(1)Kim Tae-hee was happy about dating rumors with Lee Byeong-heon. (2)Gong Yoo to Hold Live Concert In Japan in December. (3)Won Bin-s -The Man From Nowhere- going to reach 6,000,000 viewers. (4)Rain says done lifetime-s worth of running for -The Fugitive Plan B. (5)Song Hye-kyo-s return in films. (6)A secret date between Jeon Ji-hyeon and John Woo. (7)Bread, Love and Dreams- places at No. 1 on weekly TV charts for 12th. (8)Why Japanese Girls Go Mad for Korean Girl Bands. (9)MC Mong had healthy teeth extracted. (10)So Ji-sub to receive honor at Daejong Film Awards. (11)Please love -Doctor Champ- says Kim So-yeon. (12)Bae Yong-joon photo essay to sell in China starting today. (13)Joo Jin-mo thinks Zhang Ziyi liked him. (14)Jang Dong-gun Hollywood picture to premiere in Korea. (15)Actor Lee Byeong-heon wins Seoul Tourism. (16)Kim So-eun-s popularity rises in Taiwan. (17)Lee Byeong-heon named PR ambassador for California. (18)Kim Ah-joong cast as female lead in new medical drama. (19)Lee Min-ho attends fashion show in New York. (20)Lee Hyo-lee songwriter held in custody for plagiarism. (21)Moon Geun-yeong joins Jang Geun-seok for new drama. (22)Cha Seung-won to hold fan meeting in Japan. (23)Former 2PM Singer Breaks Silence[More...][Less...]

အတိုအထွာသတင်းများ(၃၈)

Are Kim Tae-hee and Lee Byeong-heon dating?


Kim Tae-hee and Lee Byeong-heon in IRIS

မင်းသမီး Kim Tae-hee နဲ့ မင်းသား
Lee Byeong-Heon တို့တွဲ နေကြ သလား?

မင်းသမီး Kim Tae-hee နဲ့ မင်းသား Lee Byeong-Heon တို့တွဲ နေကြတယ် လို့ သတင်းတွေ ထွက်နေ ပါတယ်။

ဒီကိစ္စ ကို မကြာမှီက KBS ရုပ်သံက ပြုလုပ်တဲ့ အင်တာဗျူး မှာ မေးခွန်း ထုတ်တဲ့ အခါမှာ မင်းသမီးက၊ "ဒီသတင်းကို ကြားရတော့ ကျွှန်မ အတော် ဝမ်းသာ သွားမိ ပါတယ် လို့ ဖြေပါတယ်"။

နောက်တခါ ထပ်ပြီး တကယ် တွဲနေ ကြလား လို့ မေးတော့၊ မဟုတ် ပါဘူး လို့ ငြင်းဆို သွား ပါတယ်။

Source : Kim Tae-hee was happy about dating rumors with Lee Byeong-heon


Gong Yoo to Hold Live Concert
In Japan in December

Gong Yoo ဂျပန်တွင်ပြဇာတ်ကမည်

Coffee Prince ဇာတ်လမ်းတွဲ မှ မင်းသား Gong Yoo ဟာ December 5 မှာ ဂျပန်တွင် fan meet ပြုလုပ်ရန် ရှိပါတယ်။

အဲဒီ ပွဲမှာ Love Song for You အမည်ရှိတဲ့ ပြဇာတ်နဲ့ သူ့ရဲ့ fans များကို ဖြေဖျော်ဖို့ အစီအစဉ် ရှိတယ်လို့ သိရ ပါတယ်။

Source : Gong Yoo to Hold Live Concert In Japan in December


'The Man From Nowhere' going
to reach 6,000,000 viewers

Won Bin ရဲ့ရုပ်ရှင်ကိုအားပေးသူ ၆ သန်းကျော်သွားပြီး

The Man From Nowhere လို့အမည် ရှိတဲ့ မင်းသား Won Bin ရဲ့ရုပ်ရှင် ဟာ အားပေး ကြည့်ရှုသူ ၆ သန်းကျော် သွားပြီး လို့သိရ ပါတယ်၊ ၆သန်း ဆိုတာ ရန်ကုန် မြို့ရဲ့ လူဦးရေ နဲ့ညီ ပါတယ်။

Source : Won Bin's 'The Man From Nowhere' going to reach 6,000,000 viewers


Rain says done lifetime's worth
of running for "The Fugitive Plan B"

Rain ရဲ့ဇာတ်လမ်းတွဲသစ် The Fugitive Plan B

မင်းသား Rain ရဲ့ The Fugitive Plan B (KBS) လို့အမည် ရှိတဲ့ ဇာတ်လမ်းတွဲ အသစ်ကို မင်းသမီး Lee Na-young နဲ့တွဲဖက် ပြီး September 29 မှာ စတင် ပြသ ပါတယ်။

ဒါရိုက်တာ ကတော့ မကြာမှီ က ပြသွားတဲ့ နာမည်ကျော် Slave Hunter ဇာတ်လမ်းတွဲ (ကျွန်မုဆိုး) ကိုရိုက်ခဲ့တဲ့ Kwak Jeong-hwan ပဲဖြစ် ပါတယ်။

ဒီဇာတ်လမ်းတွဲ မှာ အခြားပါဝင် သူများ ကတော့ Daniel Henney, Lee Jeong-jin, Kong Hyeong-jin, Yoon Son-ha, ဟောင်ကောင်မှ Ti Lung, တရုတ်ပြည်မှ Josie Ho, ဂျပန်မှ Naoto Takenaka နဲ့ Uehara Takako တို့ ဖြစ်ကြ ပါတယ်။

Source : Rain says done lifetime's worth of running for "The Fugitive Plan B"


Song Hye-kyo's return in films

Song Hye-kyo ရုပ်ရှင်တစ်ကားရိုက်တော့မည်

မင်းသမီး Song Hye-kyo ဟာ မကြာမှီမှာ ဒါရိုက်တာ Lee Jeong-hyang ရဲ့ Nobody Somebody လို့ ယာယီ အမည် ပေးထားတဲ့ ရုပ်ရှင် တစ်ကား ရိုက်ရန် ရှိ ပါတယ်။

မင်းသမီးဟာ လောလောဆယ် တရုတ်ပြည် မှာရုပ်ရှင် တစ်ကား ရိုက်နေ ပါတယ်။ အောက်တိုဘာ လကုန်မှာ ပြီးမှာ ဖြစ်ပါတယ်။ ပြီးရင် အထက် ဖေါ်ပြပါ ကိုးရီးယား ရုပ်ရှင် ကို ဆက်ရိုက်မှာ ဖြစ်ပါတယ်။

မင်းသမီး နောက်ဆုံး ရိုက် ခဲ့တဲ့ ရုပ်ရှင် ကတော့ Hwangjin-yi (2007) ဖြစ်ပါတယ်။

Source : Song Hye-kyo's return in films


A secret date between
Jeon Ji-hyeon and John Woo

Jeon Ji-hyeon နဲ့ ဒါရိုက်တာ John Woo
လျှို့ဝှက် date လုပ်ကြသလား?

လူတွေက မေးခွန်း ထုတ်နေကြ ပါတယ်။ ကမ္ဘာကျော် ဟောင်ကောင် ဒါရိုက်တာ John Woo ဟာ ကိုးရီးယား ကို မကြာမှီက ခေတ္တ ရောက်ရှိ ခဲ့ပါတယ်။ ထိုစဉ်က ကိုးရီးယား မင်းသမီး Jeon Ji-hyeon နဲ့ တိတ်တိတ် ချိန်းတွေ့ ကြတယ်လို့ သတင်းတွေ ထွက်နေ လို့ပါ။

လုပ်ငန်း ဆွေနွေး ဖို့တွေ့ ကြတယ်လို့ သိရ ပါတယ်။ မင်းသမီး Jeon Ji-hyeon ဟာ တရုပ်ကား တွေဖက် ခြေဦး လှည့်ဖို့ ခြေလှမ်း ပြင်နေတယ် လို့လည်း သိရ ပါတယ်။

Source : A secret date between Jeon Ji-hyeon and John Woo


"Bread, Love and Dreams" places
at No. 1 on weekly TV charts for 12th

Bread, Love and Dreams ဇာတ်လမ်းတွဲ
ဆက်လက်လူကြိုက်များနေခြင်း

ပြသဆဲ Bread, Love and Dreams ဇာတ်လမ်းတွဲ ဟာ #1 နေရာတွင် ၁၃ ပတ်မြောက် ရပ်တည် နေခဲ့ပြီး လူကြိုက် များနေကြောင်း သိရ ပါတယ်။

Source : "Bread, Love and Dreams" places at No. 1 on weekly TV charts for 12th


Why Japanese Girls Go Mad for Korean Girl Bands

ကိုးရီးယားအမျိုးသမီးအဆိုအဖွဲ့တွေကို
ဂျပန်မိန်းခလေးများပိုနှစ်သက်ကြသည်

မကြာမှီက ဂျပန်မှာ Girls' Generation အဖွဲ့ ဖြေဖျော် ခဲ့စဉ်က အားပေးသူ ပရိသတ် ၈၀% ကျော်ဟာ မိန်းခလေး တွေဖြစ် နေတာ တွေ့ရ ပါတယ်။

အခြား ကိုးရီးယား အမျိုးသမီး အဆို အဖွဲ့ များဖြစ် ကြတဲ့ 4 Minute, Kara နဲ့ Brown Eyed Girls တို့ ဖြေဖျော် ခဲ့စဉ်က လည်း အားပေးသူ ပရိသတ် အများစု မိန်းခလေး များဖြစ် နေတာ တွေ့ရ ပါတယ်။

ပရိသတ် အများစု ဟာ ယောက်ျား လေးများ ဖြစ်သင့် ပေမဲ့ အခုလို အမျိုးသမီး အများစု ဖြစ်နေလို့ ဝေဖန် သူများ မျက်စေ့လည်နေကြ ပါတယ်။

Source : Why Japanese Girls Go Mad for Korean Girl Bands


MC Mong had healthy teeth extracted

ဒီလူစစ်ထဲမဝင်ရအောင်သွားတွေနှုတ်ပစ်သလာ?

TV-show host နဲ့ အဆိုတော် MC Mong (31) ကို ရဲက စစ်ထဲ မဝင်ရအောင် ရှောင်တဲ့ စွဲချက်နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရ ပါတယ်။

ရဲအဖွဲ့ ရဲ့ အဆို အရ သူဟာ အကြောင်း အမျိုးမျိုး ပြပြီး ရက်ပေါင်း ၄၂၂ ရက် စစ်ထဲ မဝင် ရအောင် ရှောင်တိမ်း နေခဲ့ကြောင်း၊ ထို့ပြင် ကောင်းနေတဲ့ သွား ၃ ချောင်း ကိုတမင် နှုတ်ပစ်ပြီး တပ်ဝင် ဆေးစစ်ချက် ကျအောင် လုပ်ခဲ့ကြောင်း စွပ်စွဲ ထားပါတယ်။

ကိုးရီးယား မှာ ယောက်ျားလေး များဟာ အရွယ်ရောက် လာရင် ၂ နှစ် မဝင် မနေရ စစ်မှုထမ်း ကြရ ပါတယ်။

Source : MC Mong had healthy teeth extracted


So Ji-sub to receive honor at Daejong Film Awards

So Ji-sub ဂုဏ်ထူးဆောင်ဆုရရှိခြင်း

September 25 မှ 30 အတွင်း ပြုလုပ် ကျင်းပ ခဲ့တဲ့ 47th Daejong Film Award (2010) မှာ မင်းသား So Ji-sub ဟာ ထူးခြားတဲ့ ဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။

မင်းသားဟာ ကိုးရီးယား ယဉ်ကျေးမှု (culture) ကို အာရှတလွှား မှာ သိရှိ လာစေရန် ဆောင်ရွက် ပန့်ပိုး ပေခဲ့လို့ ဒီဆုကို လက္ခံ ရရှိ ခဲ့ခြင်း ဖြစ်ပါတယ်။

Source : So Ji-sub to receive honor at Daejong Film Awards


Please love 'Doctor Champ' says Kim So-yeon

Kim So-yeon ရဲ့နောက်ဆုံးဇာတ်လမ်းတွဲ

မင်းသမီး Kim So-yeon ရဲ့ Doctor Champ (SBS) လို့အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ အသစ်ကို September 27 ကစတင် ပြသ ပါတယ်။

ဒီဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် သူများ ကတော့ Kim So-yeon, Jeong Kyeo-woon နဲ့ Eom Tae-woong တို့ဖြစ် ကြပြီး၊ ဒီ သုံးဦးရဲ့ ၃ ပွင့်ဆိုင် အချစ် ဇာတ်လမ်း နဲ့ ပုံဖေါ်ထား ပါတယ်။

Source : Please love 'Doctor Champ' says Kim So-yeon


Bae Yong-joon photo essay
to sell in China starting today

Bae Yong-joon ရဲ့စါအုပ် Chinese version ထုတ်ဝေခြင်း

မင်းသား Bae Yong-joon ရဲ့ Discovering the Beauty of Korea အမည်ရှိ စါအုပ် Chinese version ကို September 16 က တရုတ်ပြည် မှာ စတင် ဖြန့်ချီ ခဲ့ပါတယ်။ အုပ်ရေ ၁၀၀, ၀၀၀ ရောင်းရမယ် လို့ ခန့်မှန်း ထားကြ ပါတယ်။

တစ်သိန်း ဆိုရင် တရုတ် ပြည်မှာ bestseller လို့သတ်မှတ် နိုင်ပါတယ်။ ကိုရီးယား နဲ့ ဂျပန် version ကို မနှစ်က စက်တင်ဘာ လမှာ ထုတ်ဝေ ခဲ့ရာမှာ သိန်းချီပြီး ရောင်းခဲ့ ရတယ်လို့ ဆိုပါတယ်။

ဂျပန်က version copyright ကို မကြုံစဖူး won 800 million နဲ့ဝယ်သွား ခဲ့ပါတယ်။ တစ်အုပ်ကို US$ 28.87 နဲ့ ရောင်း ပါတယ်။

Source :
Bae Yong-joon photo essay to sell in China starting today

Discovering the Beauty of Korea - Bae Yong-joon - Publisher - Sid Paper-US$28.87


Joo Jin-mo thinks Zhang Ziyi liked him

Zhang Ziyi မင်းသား Joo Jin-mo ကိုကြိုက်ခဲ့သလား?

နာမည်ကျော် တရုတ် မင်းသမီး Zhang Ziyi ဟာလွန် ခဲ့တဲ့ ၁၀ နှစ်က ယခုလောက် နာမည် မကြီး သေးပါ။ Zhang Ziyi နဲ့ Joo Jin-mo တို့တွဲပြီး Musa အမည် ရှိတဲ့ ကိုးရီးယား ရာဇဝင် ရုပ်ရှင်ကား ကို ၂၀၀၁ ခုနှစ်က ရိုက်ခဲ့ ဖူးပါတယ်။

သူတို့ နှစ်ဦးဟာ ရိုက်ကွင်း အတွင်းမှာရော ရိုက်ကွင်း အပ မှာပါ တတွဲတွဲ စါးအတူ သွားအတူ ရင်းနှီး ခဲ့ကြ ပါတယ်။

MBC talk show မှာ မင်းသားက "Zhang Ziyi ကျွန်တော့ ကိုများ သဘောကျ ခဲ့ လေမလား မသိပါ၊ သူ့ကိုတော့ ချစ်စရာ ကောင်းတယ် လို့ထင်ခဲ့ ပါတယ်။"

ဒါပေမဲ့ ထိုစဉ်က ကျွန်တော်က girl friend ရှိနေ လေတော့ ဘယ်လိုမှ ရှေ့မဆက် ဖြစ်ခဲ့ပါ၊ အဲတုံးက သာ နာမည်ကျော် မင်းသမီး ဖြစ်လါမယ် ဆိုတာ သိခဲ့ ရရင် အကောင်းသား လို့ ညီးသွား ပါတယ်။

Source :
Joo Jin-mo thinks Zhang Ziyi liked him

Musa (武士 무사) or The Warrior in English, is a 2001 Korean epic film


Jang Dong-gun Hollywood
picture to premiere in Korea

Jang Dong-gun ရဲ့ဟောလီးဝုဒ်ရုပ်ရှင်

မင်းသား Jang Dong-gun (ဒါရိုက်တာရင်) ရဲ့ The Warrior's Way အမည် ရှိတဲ့ Hollywood ရုပ်ရှင်ကို USA နဲ့ ကိုးရီးယား တို့မှာ December 3 တွင် တပြိုင်နက် ထဲပြမယ် လို့သိရ ပါတယ်။

Source : Jang Dong-gun Hollywood picture to premiere in Korea


Actor Lee Byeong-heon wins Seoul Tourism Award

မင်းသား Lee Byeong-heon အား
Seoul Tourism ဆုချီးမြင့်ခြင်း

ကိုးရီးယား ကို tourist အမျာအပြား လာရောက် လယ်ပတ် စေရန် သြဇာ သက်ရောက် စေခဲ့သူ ဖြစ်တယ်လို့ သတ်မှတ်ပြီး မင်းသား Lee Byeong-Heon ကို Seoul Municipal အုပ်ချုပ်ရေး အဖွဲ့မှ Seoul Tourism Award ဆုချီးမြင့် ခဲ့ပါတယ်။

Source : Actor Lee Byeong-heon wins Seoul Tourism


Kim So-eun's popularity rises in Taiwan

Kim So-eun အား ထိုင်ဝမ် တွင်လူကြိုက်များနေခြင်း

မင်းသမီး Kim So-eun ကို Taiwan မှာလူကြိုက် များနေတယ် လို့သိရ ပါတယ်။ KBS TV ရဲ့ Good Days when the Wind Blows ဇာတ်လမ်းတွဲ ကို July 22 မှာစတင် ပြသ ခဲ့ပြီး နောက်မှာ ယခုလို popular ဖြစ်လာ တာပါ။

မင်းသမီးဟာ ၂၀၀၅ ခုနှစ်မှာ MBC ရုပ်သံ ရဲ့ Sister of the Sea အမည်ရှိ ဇာတ်လမ်းတွဲ နဲ့ စတင် သရုပ်ဆောင် ခဲ့ပြီး Sad Love Story (2005) နဲ့ The Iron Empress (2009) တို့မှာလည်း ပါခဲ့ ပါတယ်။

Choo Ga-eul အဖြစ် Boys Over Flowers (F4) မှာ အထူး နာမည် ရခဲ့ ပါတယ်။ နောက်ထပ် ရိုက် ခဲ့တဲ့ The Man Who Can’t Get Married ဇာတ်လမ်းတွဲ မှာလည်း လူကြိုက် များခဲ့ ပါတယ်။

Source : Kim So-eun's popularity rises in Taiwan


Lee Byeong-heon named PR ambassador for California

Lee Byeong-heon အား California ၏
PR သံအမတ်အဖြစ်ခန့်အပ်ခြင်း

မင်းသား Lee Byeong-heon အား California ၏ PR သံအမတ် အဖြစ် ခန့်အပ် လိုက်တယ် လို့သိရ ပါတယ်။

September 15, 2010 မှာ ပြုလုပ်တဲ့ သံအမတ်အဖြစ်ခန့်အပ် ပွဲ အခမ်းအနား မှာ ခန့်အပ်လွှာ ကို California ပြည်နယ် Governor Arnold Schwarzenegger က မင်းသားအား ပေးအပ် ခဲ့ပါတယ်။

Source : Lee Byeong-heon named PR ambassador for California


Kim Ah-joong cast as female lead in new medical drama

Kim Ah-joong ရဲ့ဇာတ်လမ်းတွဲအသစ်

မင်းသမီး Kim Ah-joong မကြာမှီ မှာ ပြသမဲ့ Heaven အမည်ရှိ TV ဇာတ်လမ်းတွဲ မှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။

Kim Ah-joong ဟာ 200 Pounds Beauty အမည်ရှိ ရုပ်ရှင် နဲ့ နာမည်ကြီး လာတဲ့ မင်းသမီး ဖြစ်ပါတယ်။

Source : Kim Ah-joong cast as female lead in new medical drama


Lee Min-ho attends fashion show in New York

New York ဖက်ရှင်ပွဲ တက်ရောက်ခဲ့တဲ့
F4 မင်းသား Lee Min-ho

ပြင်သစ် ဒီဇိုင်နာ Christophe Lemaire ဦးစီးတဲ့ Lacoste 2011 အမည်ရှိ ဖက်ရှင် show ပွဲရဲ့ ဖိတ်ကြား ချက် အရ၊ ၄င်းပွဲကို F4 မင်းသား Lee Min-ho တက်ရောက် ခဲ့တယ်လို့ သိရ ပါတယ်။

Source : Lee Min-ho attends fashion show in New York


Lee Hyo-lee songwriter held in custody for plagiarism

Lee Hyo-lee ရဲ့ခိုးချသီချင်းများကိစ္စ

2010 April က အဆိုတော် Lee Hyo-lee ရဲ့ H-Logic အမည် ရှိတဲ့ album ထွက်လာ ပါတယ်။ သီချင်း ထွက်ပြီး မကြာခင် မှာ အများရဲ့ ထောက်ပြချက် အရ အောက်ပါ သီချင်း များဟာ ခိုးချ ထားတဲ့ သီချင်းတွေ ဖြစ်နေ ကြပါတယ်။

  • "I'm Back" [Canadian indie-singer Lil Precious' track "So Insane"]
  • "Memory" [British Trip-Hop group Second Person's track "The Alphabet Song"]
  • "Feel the Same" [Canadian indie-singer Melanie Durrant's "Feel the Same"]
  • "Swing"[(Greek composer Mikis Theodorakis' "To treno fegi stis ohto"]
  • "Bring it Back" [Canadian girl-group Cookie Couture's "Boy Bring it Back"]
  • "How Did We Get" [Jason Derulo's "How Did We"]

Lee Hyo-lee ဟာ၎င်း ကိစ္စ ဖြေရှင်း မပြီးမချင်း သီချင်း ဆိုခြင်း လုပ်ငန်း အားလုံးကို ရပ်ဆိုင်း ထားလိုက် ပါတယ်။ သီချင်းရေး ဆရာ Bahnus Vacuum @ Lee ကို သီချင်း ရေးခ won 29 million Lee Hyo-lee တို့ဖက်က ပေးထား ရတယ် လို့ဆို ပါတယ်။

Lee Hyo-lee နဲ့ သူမရဲ့ agency Mnet Media တို့က တရား စွဲပြီး ရဲသို့ တိုင်ကြား ထား တဲ့အတွက် သီချင်းရေး ဆရာကို ဖမ်းထား ပါတယ်။

မြန်မာ ပြည်မှာ ဆိုရင် အဆိုတော် အချို့ သီဆိုမှု ရပ်ထား ရပြီး၊ တေးဖွဲ့သူ အချို့ လည်း အချုပ်ထဲ ရောက်နေ လောက် ပါပြီး။ (တောင်းပန် ပါတယ်၊ အမှန်အကန် ပါရမီ ရှင်တွေကို လေးစါး ပါတယ်)

Source : Lee Hyo-lee songwriter held in custody for plagiarism


Moon Geun-yeong joins Jang Geun-seok for new drama

Moon Geun-yeong အွန်စောငယ် ရဲ့ဇာတ်လမ်းတွဲအသစ်

မင်းသမီး Moon Geun-yeong (23) ဟာ Mary Stayed Out All Night လို့အမည် ရှိတဲ့ ကာတွန်း ဇာတ်လမ်း ကိုမှီးပြီး KBS TV က ထုတ်လွှင့်မဲ့ TV ဇာတ်လမ်းတွဲ မှာ မင်းသား Jang Geun-seok နဲ့တွဲဖက် ပါဝင်မယ် လို့သိရ ပါတယ်။

Source : Moon Geun-yeong joins Jang Geun-seok for new drama


Cha Seung-won to hold fan meeting in Japan

မင်းသား Cha Seung-won
ဂျပန်တွင် Fan Meet ပြုလုပ်ခြင်း

ကိုးရီးယား ထိပ်တန်း သဘာဝ မင်းသား Cha Seung-won ဟာ September 24 က ဂျပန် နိုင်ငံ Tokyo မြို့မှာ သူ့ သရုပ်ဆောင် သက်တမ်းရဲ့ ပထမ ဦးဆုံး Fan Meet ကို ကျင်းပ ခဲ့ပါတယ်။

Source : Cha Seung-won to hold fan meeting in Japan


Former 2PM Singer Breaks Silence

Jae-bum စကားစပြောပြီး

2PM အဆို အဖွဲ့ ကနေ နှုတ်ထွက် သွားတဲ့ Jae-bum ဟာ ဘာ စကားမှ မပြောပဲ ရေငုံနှုတ် ပိတ်ပြီး ဇာတိ USA သို့ ပြန်သွား ခဲ့ပါတယ်

Jae Bum (23) ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။

US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။

သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။ ဒီနောက် အမျိုးမျိုး အပြစ်ပြော ခံရပြီး 2PM အဖွဲ့မှ နှုတ်ထွက် ခဲ့ပါတယ်။

ဖြစ်ပျက် ခဲ့ပုံက အတော် ခံပြင်းဖို့ ကောင်းပါတယ်။ သီချင်း ဆိုတယ်၊ ကတယ် ဆိုတာ ဘယ်မှာ လုပ်လုပ် ရပါတယ်။ လူလည်း သေသွားတာ မဟုတ် ပါဘူ၊ ဒါနဲ့ ကျွန်တော့ ဘဝကို အသစ် ကနေ ပြန် စဖို့ ဆုံးဖြတ် ခဲ့တာပါ။

ကျွန်တော့ agency ဟောင်း ကတော့ ကျွန်တော့ ကို နစ်နာ စေလိုတဲ့ သဘော မရှိခဲ့ ပါဘူ။ ကျွန်တော်လည်း စိတ်ထဲမှာ ဘာမှမထား ပါဘူ။ ကျွန်တော့ကို စောင့်မျှော် နေတဲ့ Fans တွေ အများကြီး ရှိပါတယ် လို့ Jae-bum ကပြောသွား ပါတယ်။

Source : Former 2PM Singer Breaks Silence

Tags: korean news | korean actor | korean actress | korean singer | korea
Posted as - [TV Drama] [KSinger] [News] [Music] [KActress] [KActor] [Movie] [Bae Yong-jun] [Rain] [Song Hye-gyo] [Gong Yoo] [Jang Dong-gun] [Joo Jin-mo] [Jun Ji-hyun] [Kim Ah-joong] [Kim So-yun] [Kim Tae-hee] [Lee Byung-hun] [Lee Hyo-ri] [Moon Geun-young] [So Ji-sup] [Won Bin] [Hollywood] [Lee Min-ho] [2PM] [Jae-bum]

2 comments            submit comments

End of Article No. 499 - Hot News-01 Oct 2010
Permalink (http://video.phpmyanmar.com/video/article/499/hot-news-01-oct-2010)

Posted By - Ko Ko - September 5, 2010

Summary :
(1)Won Bin-s movies all successful. (2)Web Users Flame Child Actress Over Photo. (3)SS501 Kim Hyung-joon joins Kang Ji-hwan agency. (4)Sexy moves provoke debate over teen idols. (5)Jay Park to arrive in Korea. (6)Dong Yi - reclaims lead on Monday and Tuesday nights. (7)The Slave Hunters - wins Seoul International Drama Award. (8)Lee Joon-ki Reassures Fans Not To Worry About His Injury. (9)So Ji-sub to release a photo essay. (10)Taiwanese Singer Reveals Underbelly of Korean Showbiz. (11)Kim Hyun-joong wraps up - Boys Over Flowers - reunion. (12)Kim So-yeon, no longer a prosecutor but now a doctor. (13)Bread, Love and Dreams - maintains lead on weekly TV charts for 8th week. (14)Remembering Lee Eon. (15)Kim Tae-hee aims higher with new sports film. (16)Song Seung-heon denies dating Son Dam-bi. (17)BoA takes first win on - Music Bank - after comeback. (18)Saying goodbye to Andre Kim. (19)Han Ji-hye to wed prosecutor in September. (20)Song Il-gook credits family for his success. [More...][Less...]

အတိုအထွာသတင်းများ(၃၇)


Won Bin's movies all successful

Won Bin ရဲ့ရုပ်ရှင်အားလုံးပေါက်ကြသည်

မြန်မာတွေ "ထယ်စောက်" လို့ သိထား ကြတဲ့ မင်းသားချော Won Bin ဟာ ယနေ့ အထိ ရုပ်ရှင် ၅ ကား ရိုက်ခဲ့ ပြီးဖြစ် ပါတယ်။ ဇာတ်ကား အားလုံး ပေါက်ကြ ပါတယ်။

Guns and talks (2001), Taegukgi in (2003), My Brother (2004) နဲ့ Mother (2009) ၄ ကားဟာ အားပေး ကြည့်ရှုသူ ၅ သန်း ကျော်ခဲ့ ပါတယ်။

ပြသဆဲ နောက်ဆုံး ကားဖြစ်တဲ့ The Man From Nowhere (2010) ဟာ ရုံတင်ရက် ၄ ပတ် ထဲနဲ့ ကြည့်သူ 4,047,227 ကျော်နေ ပြီးဖြစ် ပါတယ်။

Source : Won Bin's movies all successful


Web Users Flame Child Actress Over Photo

ဒီမင်းသမီးလေးကိုအပုတ်ဝိုင်းချနေကြပါတယ်

ခလေး သရုပ်ဆောင် Kim Sae-ron (10) ဟာ မင်းသားချော Won Bin (ထယ်စောက်) ရဲ့ အလွန် လူကြိုက် များနေတဲ့ The Man From Nowhere (2010) ရုပ်ရှင်မှာ အဓိက ခလေး သရုပ်ဆောင် ဖြစ် ပါတယ်။

နို့နံ့တောင် မစင်သေးတဲ့ ဒီခလေး သရုပ်ဆောင် လေးကို internet ထဲမှာ မကောင်းကြောင်း ဝိုင်းပြီး အပုတ်ချ နေကြတယ် လို့ သိရ ပါတယ်။

စီစစ် ကြည့်တော့ အသက် ရွယ်တူ အလယ်တန်း ကျောင်းသူ များမှ မနာလို ဖြစ်ပြီး မကောင်း ကြောင်း ဝိုင်းရေး နေကြတာ လို့ဆို ပါတယ်။ သြ ဖြစ်မှ ဖြစ်ရ ပါလေ။

Source : Web Users Flame Child Actress Over Photo


SS501 Kim Hyung-joon joins Kang Ji-hwan agency

SS501 အဖွဲ့ဖျက်သိမ်းမှာမဟုတ်ပါ

SS501 ရဲ့ အဖွဲ့ဝင် Kim Hyung-joon ဟာ agency အသစ် ဖြစ်တဲ့ S-Plus Entertainment နဲ့ စာချုပ် အသစ် ပြောင်းချုပ်လိုက် ပြီးလို့ သိရ ပါတယ်။ သူဟာ SS501 ကနေ ခွဲထွက် တဲ့ တတိယ မြောက် ဝိုင်းတေါ်သား ဖြစ်ပါတယ်။

Kim Hyung-joon က မကြာ သေးခင် ကပြု လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ၊ ကျွန်တော် တို့ရဲ့ SS501 အဖွဲ့ကို ဖျက်သိမ်းမှာ မဟုတ် ပါဘူ။ မကြာမှိမှာ SS501 ရဲ့ album အသစ် ထွက်လာ တော့မှာပါ လို့ ပြောသွား ပါတယ်။

Source : SS501 Kim Hyung-joon joins Kang Ji-hwan agency


Sexy moves provoke debate over teen idols

ခလေးသာသာတွေကိုမတရား
ခိုင်းနေကြတဲ့ဝိသမသမားများ

COOL, g.o.d, Shinhwa အစရှိတဲ့ အဆို အဖွဲ့ များကို ၁၉၉၀ နှစ်လွန် များက စတင် ပွဲထုတ် ခဲ့စဉ်က ၄င်းတို့ရဲ့ ဖျမ်းမျှ အသက် များဟာ ၂၂ နဲ့ ၁၉ လောက် ပဲရှိကြ ပါတယ်။ ပွဲထုတ် စဉ်က ကကွက် များကို ခလေး ဆန်တဲ့ အမူ အရာ များနဲ့ ဖေါ်ကြူး ခဲ့ကြ ပါတယ်။

၂၀၁၀ ဝန်းကျင် အဆို အဖွဲ့ သစ်များရဲ့ ဖျမ်းမျှ အသက် များဟာ ၁၅ နဲ့ ၁၆ လောက်ပဲ ရှိကြ ပါတယ်။

သို့ပေမဲ့ ဝိုင်းတည် ထောင်သူ ဝိသမ လောဘ သားများ ဟာ၊ ဒီလို ခလေး သာသာ လေးတွေကို၊ ဖေါ်နိုင် သမျှ ဖေါ် ထားတဲ့ အဝတ်တွေ ဝတ်ခိုင်းပြီး၊ လိမ်မှု ဆန်ဆန် ကကွက် များနဲ့ စတင် ပွဲထုတ် လာကြတာ တွေ့ရ ပါတယ်။

ကိုးရီးယား လူ့ဘောင်မှာ ဒီလို ရမ်းကား လာမှု တွေကို ဘယ်လို ထိမ်းချုပ် ရမယ် ဆိုတာ အကြီး အကျယ် ဆွေနွေး ငြင်းခုံ မှုတွေ ဖြစ်ပေါ် နေပါတယ်။

Source :
Sexy moves provoke debate over teen idols
Korean Teen Entertainers 'Pressed to Wear Skimpy Clothes'


Jay Park to arrive in Korea

Jae bum ပြန်လာခြင်း

2PM အဆို အဖွဲ့ဝင် ဟောင်း Jae Bum ဟာ USA သို့ ခေတ္တ ပြန်သွား ခဲ့ပြီး Aug 25 ရက်နေ့က ကိုးရီးယား ပြန်ရောက် လာပါတယ်။

Aug 28 ရက်နေ့က Korea University (Seoul) မှာ fan meet ပြူလုပ် ပါတယ်။ Sept လဆန်းမှာ USA ပြန်ပြီး Show ပွဲတစ်ပွဲ ပြူလုပ် မှာဖြစ် ပါတယ်။

နောက်ပိုင်း မှာ Taiwan, China, Hong Kong, Thailand, Philippines, Malaysia စတဲ့ နိုင်ငံ များသို့ သွားပြီး fan meet များ ဆက်တိုက် ပြုလုပ် မယ်လို့ သိရ ပါတယ်။

Source : Jay Park to arrive in Korea


"Dong Yi" reclaims lead on Monday and Tuesday nights

အလံထူနေဆဲဇာတ်လမ်းတွဲ Dong Yi

ရာဇဝင် ဇာတ်လမ်းတွဲ Dong Yi ဟာ အပတ် ၂၀ မြောက် လူကြည့် အများဆုံး ဇာတ်လမ်းတွဲ အဖြစ် ဆက်လက် အောင်လံ ထူနေဆဲ ဖြစ်ပါတယ်။

Dong Yi မှာ မင်းသမီး Han Hyo-joo နဲ့ မင်းသား Ji Jin-hee တို့ခေါင်းဆောင် ပါဝင် ပါတယ်။ ဒုတိယ လိုက်နေ တာကတော့ Giant (SBS) ဇာတ်လမ်တွဲ ဖြစ်ပါတယ်။

Source : "Dong Yi" reclaims lead on Monday and Tuesday nights


'The Slave Hunters' Wins Seoul International Drama Award

The Slave Hunters ဇာတ်လမ်းတွဲ Grabd Prize ရရှိခြင်း

မကြာမှီက ပြသ ပြီးသွားတဲ့ The Slave Hunters (ကျွန်မုဆိုး) ဇာတ်လမ်းတွဲ ဟာ Seoul International Drama Awards 2010 မှာ Grand Prize ရရှိတယ် လို့သိရ ပါတယ်။ အကောင်းဆုံး ဒါရိုက်တာ ဆု (Director Kwak Jeong-hwan) ကိုလည်း ရရှိတယ် လို့သိရ ပါတယ်။

ဒီ ဇာတ်လမ်းတွဲ မှာ မင်းသား Jang Hyeok မင်းသား Oh Ji-ho နဲ့ မင်းသမီး Lee Da-hae တို့ ပါဝင် သရုပ်ဆောင် ထား ပါတယ်။

Source : 'The Slave Hunters' Wins Seoul International Drama Award


Lee Joon-ki Reassures Fans Not To Worry About His Injury

Lee Joon-ki ခေါင်းအချက်ငါးဆယ်ချုပ်ရခြင်း

မင်းသား Lee Joon-ki ဟာ လောလောဆယ် စစ်မှုထမ်း နေပါတယ်။ ၄င်းပါဝင် သရုပ်ဆောင် တဲ့ Voyage of Life အမည်ရှိတဲ့ ပြဇာတ် ကို ကိုးရီးယား တပ်မတော် အနုပညာ အဖွဲ့မှ National Theatre (Seoul) မှာ Aug 24 က စင်တင် ပြသ ပါတယ်။

ထိုပွဲ အတွက် လေ့ကျင့် နေစဉ် မင်းသားဟာ သံဘောင်တန်း နဲ့ တိုက်မိပြီး ဦးခေါင်းမှာ အချက် ၅၀ ချုပ်လိုက် ရတယ်လို့ သိရ ပါတယ်။

ပထမ ပွဲမှာ ခေါင်းပတ်တီး စီးလျှက်နဲ့ ပါဝင် ကပြခဲ့ ပါတယ်။ ဒုတိယ ပွဲမှာ နားပြီး တတိယ ပွဲမှ စလို့ ပွဲစဉ် မပျက် ဆက်တိုက် ပါဝင် ကပြ သွားတယ်လို့ သိရ ပါတယ်။

Source : Lee Joon-ki Reassures Fans Not To Worry About His Injury


So Ji-sub to release a photo essay

So Ji-sub စာအုပ်ထုတ်ဝေခြင်း

The Journey of So Ji-sub လို့အမည် ရှိပြီး ဓါတ်ပုံ များနဲ့ ဝေဝေ ဆာဆာ သရုပ်ဖေါ် ထားတဲ့ စါအုပ် တစ်အုပ် ကို မင်းသား So Ji-sub မှ ထုတ်ဝေ ခဲ့ပါတယ်။

ခေါင်းစဉ် များကို 'Rest and Travels', 'Freedom', 'Dreams', 'Pain and Remedies', 'Youth and Passion', 'Memories and Deep Thoughts', 'Ours and Mine' နဲ့ 'Peace and Love' စသည်ဖြင့် ခွဲခြား ထားတယ်လို့ သိရ ပါတယ်။

Source : So Ji-sub to release a photo essay


Taiwanese Singer Reveals Underbelly of Korean Showbiz

ကိုးရီးယားအဆိုလောကရဲ့အပုတ်နံ့

3EP Beauties အမျိုးသမီး အဆို အဖွဲ့ဝင်ဟောင်း ထိုင်ဝမ် နိုင်ငံသူ Estrella Lin ဟာ၊ ကိုးရီးယား အဆိုလောက မှာ အောင်မြင်အောင် အစွမ်းကုန် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ပဲ ထိုင်ဝမ် ကို ပြန်လာခဲ့ရ ပါတယ်။

ထိုင်ဝမ် ပြန်ရောက်တော့ ကိုးရီးယား အဆိုလောက ရဲ့ စိတ်မချမ်းမြေ့ ဖွယ်ရာ များကို ဖေါ်ကြူး ထားတဲ့ စာအုပ် တစ်အုပ် ထုတ်ဝေ ခဲ့ ပါတယ်။

၎င်းရဲ့ agency မှ ၄င်းကို ရင်းနှီးမြှုပ်နှံ သူငွေရှင် များနဲ့ အိပ်စက်ဖို့ အကြိမ်ကြိမ် တိုက်တွန်း ခဲ့ကြောင်း၊ ၄င်းမှ မည်သည့် အခါကမှ မလိုက်လျှော ခဲ့ကြောင်း၊ ထို့ပြင် အခြားနည်း များနဲ့လည်း လူမဆန်စွာ ဆက်ဆံ ခံခဲ့ရကြောင်း ရေးသား ဖေါ်ပြ ထား ပါတယ်။

ရင်းနှီးမြှုပ်နှံ သူငွေရှင် များနဲ့ အိပ်စက်ဖို့ ရန် ယောက်ျားလေး အဆိုတော် များလည်း တိုက်တွန်း ခံရ ကြောင်း ရေးသား ထား ပါတယ်။

Source : Taiwanese Singer Reveals Underbelly of Korean Showbiz


Kim Hyun-joong wraps up "Boys Over Flowers" reunion

F4-Boys over Flower အဖွဲ့ပြန်ဆုံပွဲ

F4-Boys over Flower အဖွဲ့ဝင် များရဲ့ ပြန်ဆုံပွဲ ကို 21 Aug က Tokyo International Forum, Japan မှာ ကျင်းပ ခဲ့ပါတယ်။

၎င်းပြန်ဆုံပွဲကို Kim Hyun-joong, Koo Hye-seon, Kim Bum နဲ့ Kim Jun တို့တက်ရောက် ခဲ့ပါတယ်။

Source : Kim Hyun-joong wraps up "Boys Over Flowers" reunion


Kim So-yeon, no longer a prosecutor but now a doctor!

ဆရာဝန်ဖြစ်သွားတဲ့မင်းသမီး

မင်းသမီး Kim So-yeon ဟာ IRIS မှာ မြောက် ကိုးရီယား စပိုင်၊ Prosecutor Princess မှာ ရှေ့နေမ အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ပြီး ဖြစ်ပါတယ်။

27 Sept မှာ Doctor Champ အမည်နဲ့ ထုတ်လွှင့်မဲ့ ဇာတ်လမ်း တွဲမှာ ဆရာဝန် အနေနဲ့ သရုပ်ဆောင် ဦးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် ပီပြင်ဖို့ အတွက် ဆရာဝန် တွေအကြောင်း အပြင်းအထန် လေ့လာ နေတယ် လို့ သိရ ပါတယ်။

Source : Kim So-yeon, no longer a prosecutor but now a doctor


"Bread, Love and Dreams" maintains
lead on weekly TV charts for 8th week

ပေါင်မုတ်ဇာတ်လမ်းတွဲ

Bread, Love and Dreams (KBS) ဇာတ်လမ်းတွဲ ဟာ ဗုဒ္ဒဟူး၊ ကြာသာပတေး နေ့တွေ မှာပြတဲ့ ဇာတ်လမ်းတွဲ တွေထဲမှာ ရှစ်ပတ် တိတိ average rating 40 ရာခိုင်နှုံးနဲ့ ထိပ်ဆုံးမှ ပြေးနေ ပါတယ်။

သရုပ်ဆောင် မင်းသား များ ကတော Yoon Si-yoon နဲ့ Joo Won တို့ဖြစ်ပြီး၊ မင်းသမီး ကတော့ Eugene ဖြစ်ပါတယ်။

Source :
"Bread, Love and Dreams" maintains lead on weekly TV charts for 8th week


Remembering Lee Eon

မင်းသား Lee Eon ရဲ့အမှတ်တရ

မင်းသား Lee Eon ဟာ မေါ်တော်ဆိုင်ကယ် မှောက်ပြီး ဆုံးသွား ခဲ့တာ ၂ နှစ် ရှိသွား ပါပြီ။ သူ့ရဲ့ fans များဟာ 21 Aug နေ့က ၂ နှစ်မြောက် အမှတ်တရ ပွဲကျင်းပ ခဲ့ပါတယ်။

မင်းသား Lee Eon ဟာ Coffee Prince No 1 မှာ နာမည်ကျော် လာခဲ့ ပါတယ်။ ကွယ်လွန် ချိန်မှာ အသက် ၂၇ နှစ်ရှိပြီး ဖြစ်ပါတယ်

Source :
Remembering Lee Eon
Actor Lee Eon passed away from motorcycle accident


Kim Tae-hee aims higher with new sports film

ရင်ထိပ်နေတဲ့မင်းသမီး Kim Tae-hee

IRIS ဇာတ်လမ်းတွဲ မှာ မင်းသမီး Kim Tae-hee ဟာ တော်တော် နာမည် ရခဲ့ ပါတယ်။ အခု မင်းသား Yang Dong-geun နဲ့တွဲပြီး Grand Prix လို့အမည် ရှိတဲ့ ရုပ်ရှင် တစ်ကား ရိုက်ထား ပါတယ်။ 26 Sept မှာ ရုံတင်မှာ ဖြစ်ပါတယ်။

မြင်းစီး အားကစား နောက်ခံ ဇာတ်လမ်း ဖြစ်တဲ့ အတွက် Kim Tae-hee ဟာ မြင်းစီး ၅ လလောက် လေ့ကျင့် ခဲ့ရတယ် လို့ ဆိုပါတယ်။ သူ့ရုပ်ရှင် လူမဝင်မှာ စိုးရိမ်ပြီး မင်းသမီးဟာ အတော် ရင်ထိပ် နေတယ်လို့ လည်းသိရ ပါတယ်။

Source : Kim Tae-hee aims higher with new sports film


Song Seung-heon denies dating Son Dam-bi

ဂျွန်စောနဲ့ Son Dam-bi တွဲနေကြသလား

အဆိုတော် မင်းသမီး Son Dam-bi (26) နဲ့ ကျွန်တော် တွဲနေ ကြပြီးလို့ သတင်း ကြားရတော့ ကျွန်တော် ဝမ်းသာ သလို ဖြစ်သွား ပါတယ်။ Son Dam-bi ဟာ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး (sexiest singer in Korea) လို့ ကျော်ကြား နေသူပဲ၊ ကျွန်တော် မနာ ပါဘူး လို့ မင်းသား Song Seung-heon (33) က ပြောသွား ပါတယ်။

မင်းသမီး ရော မင်းသား ကပါ ဒီသတင်း မမှန်ကြောင်း ငြင်းဆို သွားပါတယ်။ ကျွန်တော် တို့ဟာ မိတ်ဆွေ တွေတောင် မဟုတ် ပါဘူးလို့ မင်းသားက ပြောသွား ပါတယ်။

Source : Song Seung-heon denies dating Son Dam-bi


BoA takes first win on "Music Bank" after comeback

BoA ရဲ့နောက်ဆုံး Album

BaO (23) ရဲ့ နောက်ဆုံး Album, "Hurricane Venus" ဟာ လူကြိုက် အလွန် မျာနေ ပါတယ်။ Hurricane Venus ဟာ BaO ရဲ့ ၆ ကြိမ်မြောက် album ဖြစ်ပါတယ်။ ဒိအရင် နောက်ဆုံး album ကို လွန်ခဲ့တဲ့ ၅ နှစ်က ထုတ်ခဲ့ ပါတယ်။

Source : BoA takes first win on "Music Bank" after comeback


Saying goodbye to Andre Kim

ဖက်ရှင်ဒီဇိုင်နာ Andre Kim ကွယ်လွန်ခြင်း

ကမ္ဘာကျော် ကိုးရီးယာ။ လူမျိုး ဖက်ရှင် ဒီဇိုင်နာ Andre Kim (74) ဟာ 12 Aug က နီမိုးနီးယား ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။ သူ့ကို အဆိုတော် နဲ့ ရုပ်ရှင် မင်းသမီး မင်းသားများ အပါ အဝင် လူထု လူတန်းစား အလွှာ ပေါင်းစုံမှ လာရောက် ဂါရဝ ပြုကြ ပါတယ်။

တောင်ကိုးရီးယား နိုင်ငံ သမတ ကြီး Lee Myung-bak မှလည်း ဝမ်းနည်းကြောင်း သဝုဏ်လွှာ ပို့ခဲ့ ပါတယ်။ ရုရှနိုင်ငံ သံအမတ် ကြီးမှလည်း ဝမ်းနည်းကြောင်း သဝုဏ်လွှာ ပို့ခဲ့ ပါတယ်။

Andre Kim ဟာ ကိုးရီးယား ဖက်ရှင် လောကကို လွှမ်းမိုး လာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ ပါပြီး။ သူ့မှာ ၂နှစ် သား အရွယ် ထဲက မွေးစား လာခဲ့တဲ့ သား Jung-do (30) နဲ့ မြေး ၂ ယောက် ကျန်ခဲ့ ပါတယ်။

Source :
Saying goodbye to Andre Kim
Top designer Andre Kim dies at 74


Han Ji-hye to wed prosecutor in September

မင်းသမီး Han Ji-hye လက်ထပ်တော့မည်

မင်းသမီး Han Ji-hye (26) ဟာ သူ့ရဲ့ ချစ်သူ ရှေ့နေ နဲ့ စက်တင်ဘာ လ ထဲမှာ လက်ထပ်တော့ မယ်လို့ မင်းသမီးရဲ့ agency မှ ထုတ်ပြန် သွား ပါတယ်။

သတိုးသား ဟာ မင်းသမီးထက် ၆ နှစ်ကြီး ပါတယ်။ ချစ်သူ အဖြစ် တွဲလာတာ ၂ နှစ်ရှိပြီး လို့သိရ ပါတယ်။ Hawaii တွင် 21 Sept မှာ လက်ထပ်မယ် လို့သိရ ပါတယ်။

Source : Han Ji-hye to wed prosecutor in September


Song Il-gook credits family for his success

မျိုးရိုးကြောင့်ကျွန်တော်အောင်မြင်ခဲ့တာပါ

ကျွန်တော့ မျိုးရိုးက ကျွန်တော့ရဲ့ အောင်မြင်မှု ကို များစွာ အထောက် အကူ ဖြစ်စေခဲ့ ပါတယ်လို့ Jumong မင်းသား Song Il-gook (39) က အင်တာဗျူး တစ်ခုမှာ ပြောသွား ပါတယ်။

မင်းသားရဲ့ အဖိုးဟာ နာမည်ကျော် နိုင်ငံရေး သမားကြီး တစ်ဦး ဖြစ်ပါတယ်။ သူ့ဖခင် ဟာ ကိုးရီးယား လွတ်လပ်ရေး ပိသုကာ တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး Kim Jwa-jin ဖြစ်ပါတယ်။ သူ့မိခင် Kim Eul-dong (65) ဟာ ရုပ်ရှင် မင်းသမီး တစ်ဦး ဖြစ်ခဲ့ တဲ့အပြင်၊ လက်ရှိ လွှတ်တော် အမတ် တစ်ဦး လည်းဖြစ် ပါတယ်။

မင်းသားက တောပြော တောင်ပြော လျှေက်ပြော နေတာပါ၊ Jumong ဇာတ်လမ်းတွဲ ကြည့်ပြီး သူတိုင်း မင်းသား Song Il-gook မှာ ပင်ကိုယ် အရည်အချင်း ရှိပြီးသား ဆိုတာ သိကြ ပါတယ်။

Source : Song Il-gook credits family for his success

Tags: korean news | korean actor | korean actress | korean singer | korea
Posted as - [TV Drama] [KSinger] [News] [Music] [KActress] [KActor] [Movie] [Boa] [Song Seung-hun] [Eugene] [Han Ji-hye] [Kim So-yun] [Kim Tae-hee] [Lee Joon-ki] [Song Il-gook] [So Ji-sup] [Won Bin] [Music Band] [Son Dam-bi] [Jae-bum] [SS501]

2 comments            submit comments

End of Article No. 498 - Hot News-05 September 2010
Permalink (http://video.phpmyanmar.com/video/article/498/hot-news-05-september-2010)

<<first    <prev    1  2  3  4  (5) 6  7  8  9  10       next>     last>>

PHP Training

Install Myanmar Font

  • Download the font, (zawgyi-one) here.
  • See how to install the font here.

Photos

thousands-of-photos-of-korean-actors-and-actresses
Thousands of photos of Korean
Actors and Actresses.

Over 90 KActors-KActresses

Photos and Articles
Over 90 Korean Actors and Acteresses.
see more...

2120 KActors-KActresses

Profiles of 2120 KActors and KActresses.
see more...

Info of 1011 Korean TV Dramas

Information of 1011 Korean TV Dramas.
see more...

Google Ad

RSS Feed of Recent Entries

Feedback (In Eng and Myan)

Google Ad

Articles by KActor

Articles by KActress

Articles by KSinger

Bada (2 )
Boa (15 )
Eric (2 )
Eugene (1 )
Hero (4 )
Ivy (1 )
Jae-bum (6 )
Mina (1 )
Rain (11 )
Se7en (3 )
Top (2 )
U-Know (3 )
Yoona (1 )

Articles by JActress

Articles by JSinger

Articles by CActress



I will try hard