Rain နဲ့ အိုလံပစ်

Rain, Kelly Chen (Hong Kong) and Wang Lee Hom (Taiwan)
singing in closing ceremony of Olympic 2028
Rain ဟာ ပီကင်းမှာ ကျင်းပ တဲ့ ၂၀၀၈ ဝိုလံပစ် ပွဲတော် မှာ သီချင်း ဆိုရန် ရွေးချယ် ခံထား ရတယ် လို့ မူလ က သတင်း သဲ့သဲ့ ထွက်ခဲ့ ပါတယ်။
နောက်တော့ Sumsung အီလက် ထရောနစ် လုပ်ငန်း ကြီး အတွက် ဝိုလံပစ် အကြို ဂုဏ်ပြု တေးဆို မှာဖြစ် သွားလို့ အားလုံး ရဲ့ လှောင်ပြောင် ခြင်းကို ခံခဲ့ ရ ပါတယ်။
မနှစ် က USA မှာမှာ လုပ်မဲ့ stage show
တွေ ဖျက်သိမ်း ခဲ့ရ ပြီးတဲ့ နောက်မှာ Rain ဟာ သူ့ရဲ့ agent (JYP) နဲ့ လမ်းခွဲ ခဲ့
ပါတယ်။ နောက်တော့ Rain ဟာ ကိုယ်ပိုင် agency ( J Tune Entertainment ) ကို
ထောင်ပြီး မိမိ ဘဝ မိမိ ဖန်တည်း ခဲ့ ပါတယ်။
လက်ဝါးကြီး အုပ်ထား ခဲ့တဲ့ agency ဟောင်းရဲ့ ပရောဂ မကင်တဲ့ တိုက်ခိုက် မှုတွေ
အောက်မှာ Rain ဟာ အလူးအလဲ ခံစား ခဲ့ရ ပါတယ်။ Rain ဘာ လုပ်လုပ် ငပေါကြီး ဖြစ်အောင် ဝိုင်း ဖန်တည်း ကြ ပါတယ်။

Rain, sporting a new hairstyle again
အိုလံပစ် ပွဲ ပိတ်ခါ နီးလောက် Rain ဟာ ကိုးရီးယား ကနေ တရုတ် ပြည်ကို ထွက်သွား ပါတယ်။ ပိတ်ပွဲ အတွက် တိတ်တဆိတ် သီချင်း ဆို လေ့ကျင့် နေတယ် လို့တော့ သတင်း တွေ ဖြစ်ပေါ် ခဲ့ ပါတယ်။
ပိတ်ပွဲ နေ့မှာ တော့ Rain ဟာ Kelly Chen (Hong Kong) နဲ့ Wang Lee Hom (Taiwan) တို့နဲ့ တွဲဖက် ပြီဲး့ လူ တစ်သိန်း လောက် တက်ရောက် နေတဲ့ အားကစား ကွင်ကြီး ထဲမှာ Beijing Beijing, I love Beijing လို့ အမည် ပေးထား တဲ့ တရုတ် သီချင်း နဲ့ ဖျော်ဖြေ သွားခဲ့ ပါတယ်။
Rain ဖြေဖျော် ခဲ့တာ ကို ကမ္ဘာ တလွှား မှ သန်းပေါင်း မြောက်များ စွာသော TV ပရိသတ် ကလည်း၊ အားပေးခဲ့ ပါတယ်။
Links
Rain sings in Chinese at the Closing Ceremony of the Beijing Olympics
Rain ends the Olympics
Tags:
korean actor |
korean singer |
korean news |
korea