Jeon Do-yeon ရဲ့ရုပ်ရှင်သစ်

မင်းသမီး Jeon Do-yeon ဟာ နာမည်ကျော် Chaser ရုပ်ရှင် ကားမှ မင်းသား Ha Jung-woo နဲ့ တွဲပြီး My Dear Enemy အမည် ရှိ အချစ် ဇာတ်မြူး ရုပ်ရှင် ကားရိုက် ရန် သတင်း စာ ရှင်းလင်း ပွဲ ပြုလုပ် ပါတယ်။
ဒီကား ကို ဒါရိုက်တာ Lee Yoon-ki မီ ဦးစီး သတင်းစာ ရှင်းလင်း ပွဲကို Seoul မြို့ Artsonje Center မှာ သြဂုတ်လ ၂၆ ရက်နေ့ ပြုလုပ် ခဲ့တာ ဖြစ် ပါတယ်။ (မြန်မာ ပြည်မှာ ဆိုရင် ကန်တော့ ပွဲပေး တာနဲ့ အလားတူ ပါတယ်)
Jeon Do-yeon ဟာ Cannes ရုပ်ရှင် ပွဲတော်မှာ ၂၀၀၇ ခုနှစ်က ပေးတဲ့ အထူးချွန်ဆုံး
မင်းသမီး သရုပ်ဆောင် ဆုကို ဆွတ်ခူး ရရှိ ခဲ့သူ ဖြစ် ပါတယ်။
အာရှ စကားပြော၊ အာရှ ဒါရိုက်တာ နဲ့ ရိုက်တဲ့ အာရှ ဇာတ်ကား စစ်စစ် နဲ့ Cannes
ဆုကို ပဋ္ဌမ ဆုံး ရရှိ ခဲ့တဲ့ မင်းသမီး လည်းဖြစ် ပါတယ်။
သူ ဟာ ဒါရိုက်တာ Lee Chang-dong ရဲ့ Secret Sunshine အမည် ရှိတဲ့ ကိုးရီးယား
ရုပ်ရှင် ကားနဲ့ ဆုရခဲ့ တာဖြစ် ပါတယ်။
ကိုးရီးယား သမတကြီး ကလည်း ဒီဆုကြီး ရရှိလို့ အလွန် မှ ဂုဏ်ယူ ကြောင်း ဂုဏ်ပြု သဝုဏ်လွှာ ပေးပို့ ခဲ့ပါ သေးတယ်။

Jeon Do-yeon received Cannes award in SECRET SUNSHINE
အခု ရိုက်မဲ့ My Dear Enemy မှာ မင်းသမီး ဟာ သူ့ရဲ့ ချစ်သူ ဟောင်း ထံမှ ဝမ် သုံးသန်းခွဲ ရလို မှုနဲ့ အတင်း လိုက်တောင်း တာကို ကျောရိုး ခံပြီး ရိုက်ထား တဲ့ ဟာသ အချစ် ကားဖြစ် ပါတယ်။
ထူးခြား တာ ကတော့ မင်းသမီး Jeon Do-yeon ဟာ လောလော ဆယ် ကိုယ်ဝန် ၄လ ရှိနေ ခြင်း ပါပဲ၊ သိသိ သာသာ ဗိုက် မထွက် လာခင် ဘယ်လို များ ရုပ်ရှင် ပြီးအောင် ရိုက် မလဲ ဆိုတာ ကို မေးခွန်း ထုတ်နေ ကြ ပါတယ်။
Links
Ha Jung-woo and Jun Do-yeon in new movie
Tags:
korean actress |
korean movie |
korean news |
korea