လမ်းမှာဖိနပ်တိုက်နေတဲ့မင်းသမီး

Koo Hye-seon preparing to polish shoes
မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ F4 မင်းသမီး Koo Hye-seon ဟာ Seoul မြို့ Myeongdong ရပ်ကွက်မှာ ဖိနပ် တိုက်ဆိုင် ဖွင့်ပြီး ဖိနပ်တိုက် ခဲ့ပါတယ်။
မင်းသမီး ဟာ KBS 2TV ကပြု လုပ်တဲ့ WinWin လို့အမည် ပေးထားတဲ့ talk show အစီအစဉ် မှာပါဝင် ခဲ့ပါတယ်။

Koo Hye-seon setting up shop
ဒီ talk show ရဲ့ Lets Meet Now-Keep Your Promise Project အစီအစဉ် မှာ ပရိသတ် ကို အောက်ပါ မေးခွန်း မေးခဲ့ ပါတယ်။
မေးခွန်း
တစ်ကယ်လို့ မင်းသမီး Koo Hye-seon ဟာ မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ Seoul မြို့ Myeongdong ရပ်ကွက်မှာ ဖိနပ် တိုက်ခဲ့ရင် ထိုတစ်ချိန် တည်းမှာ သင်ဘာလုပ် မလဲ?

Koo Hye-seon polishing ardently
ထိုအခါမှာ ပရိသတ် တွေက ဖုန်းဆက်ပြီး သူတို့ တစ်ချိန် တည်းမှာ ဘာလုပ် ပါမယ် ဆိုတာ TV အစီအစဉ် သို့လှမ်းပြီး ပြောကြ ရပါတယ်။ ပေါက်ကရ လေးဆယ် အဖြေ တွေကို ဖတ်ပြပြီး ဟာသ လုပ်တဲ့ အစီအစဉ် ပါ။

Ok, I'm
closing up now
ထို့ကြောင့် မင်းသမီးး ဟာသူ့ ဂတိ အတိုင်း မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ Seoul မြို့ Myeongdong ရပ်ကွက် သို့သွားပြီး ဖိနပ် တိုက်တာ ဖြစ်ပါတယ်။

She looks so cute
အဝတ်မဝတ်တဲ့မင်းသမီး
မင်းသမီး Koo Hye-seon ဟာရုပ်ရှင် ပွဲတော် တစ်ခုကို လည်း အဝတ်အစား မဝတ်ပဲ (ဖကိရှင် ကျကျ အမျိုးသမီး အဝတ်အစား မဝတ်ကဲ) ဘောင်းဘီ ရှပ် လည်စီး ဝတ်ပြီး တက်ရောက် လာတာကို တွေ့ရ ပါတယ်။

Koo's reasons for not wearing dresses
ကျွန်မကို ရုပ်ရှင် ပွဲတော် တွေက ဖိတ်တာဟာ ဒါရိုက်တာ အနေနဲ့ပါ၊ မင်းသမီး အနေနဲ့ ဖိတ်တာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် အခုလို ဘောင်းဘီ ဝတ်ပြီး လာခဲ့ တာပါ။ ဒါမှလည်း တခြား ဒါရိုက်တာ တွေနဲ့ ဆွေနွေးရတာ ပိုပြီး အဆင် ပြေပါတယ်လို့ မင်းသမီးက ရှင်းပြ သွားပါတယ်။
မင်းသမီးဟာ The Cheerful Caretaker အမည် ရှိတဲ့ ရုပ်ရှင် ကားတို တစ်ကား ကို 2009 က၄င်း၊ Magic အမည် ရှိတဲ့ ရုပ်ရှင် ကားတို တစ်ကား ကို 2010 က၄င်း၊ ဒါရိုက်တာ လုပ်ပြီး ရိုက်ကူး ခဲ့ ပါတယ်။
စွယ်စုံရတဲ့ပါရမီရှင်
မင်းသမီး ဟာ စွယ်စုံ ရသူ တစ်ဦး ဖြစ် ပါတယ်။ Boys Before Flowers (F4) ရိုက်နေဆဲ ကာလ မှာပဲ Tango လို့ အမည် ရှိတဲ့ novel တစ်အုပ် ရေးသား ထုတ်ဝေ ခဲ့ ပါတယ်။ စာအုပ် မျက်နှာဖုံး design ကို ကိုယ်တိုင် ဆွဲ ပါတယ်။
စာအုပ် အတွင်း မှာလည်း သူကိုယ် တိုင် ဆွဲတဲ့ သရုပ် ဖေါ် ပန်းချီ ၄၀ ကျော် ပါရှိ
တယ်လို့ ဆို ပါတယ်။ စါအုပ် ကို March 31, 2009 က ထုတ်ဝေ ခဲ့ ပါတယ်။
လဝက် အတွင်း မှာ အုပ်ရေ ၃ သောင်း စံချိန် တင် ရောင်းချ ခဲ့ရ ပြီးရောင်း မလောက်
လို့ ၇ ကြိမ်မြောက် ပုံနှိပ် ခဲ့ရ ပါတယ်။
သူရိုက်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို တွေရဲ့ theme songs
တွေကိုလည်း ကိုယ်တိုင် ရေးစပ်ခဲ့ ပါတယ်။ Piano လည်း ကောင်းကောင်း တီးတတ် ပါတယ်။
သူ ခေါင်ဆောင် မင်းသမီး အဖြစ် ပါဝင် ခဲ့တဲ့ Pure 19 (KBS1, 2006) ဇာတ်လမ်းတွဲ ရဲ့
ဇာတ်ဝင် သီချင်း (themes song) ကိုလည်း ကိုယ်တိုင် သီဆိုခဲ့ ပါတယ်။
ဒါတင် မပြီးသေး ပါဘူး၊ သူဟာ SBS ရဲ့ (2006 - 2007) က music program ရဲ့ စီစဉ်
တင်ဆက် သူ (host) အဖြစ် လည်း ဆောင်ရွက် ဖူး ပါတယ်။
SBS Drama Award (2007) ရဲ့ အခမ်း အနားမှူး (MC) အဖြစ်လည်း ဆောင်ရွက် ခဲ့ ပါတယ်၊ ဒီ
အလုပ် တွေကလည်း လူတိုင်း လုပ်နိုင်တဲ့ အလုပ် မဟုတ် ပါဘူး။
Links
Koo Hye-seon Shoes Polishing at Myeongdong for WinWinӔProgramme
Koo's reasons for not wearing dresses
Ku Hye Sun - Wikipedia , the free encyclopedia
Tags:
korean actress |
korean news |
korea