သတိုးသမီးသင်တန်း
၂၁
ရာစုနှစ် ရဲ့ ခေတ်
အမှီဆုံး နိုင်ငံ တ နိုငိငံ ဖြစ်တဲ့ တောင်ကိုးရီးယား
မှာ ရှေရိုး
စဉ်လာ သတိုးသမီး ပီသရေး သင်တန်း တွေရှိ နေ ပြီး သင်တန်း
တက်သူ လည်း အများအပြား ရှိ ပါတယ်
လို့ ဆိုရင် ယုံတမ်း စကား ပြော နေတယ် လို့ ထင်ကြ ပါလိမ့် မယ်။
ဒီနိုင်ငံ မှာ သတိုးသမီး ကို ယောက်ျား လေးဘက် က လေးလေးစားစား တန်ဖိုး ထာ စေချင်
တဲ့ အစဉ်အလာ ဟာ အရိုးစွဲ နေဆဲ ဘဲ ဖြစ်ပါ တယ်။
ကိုးရီးယား
မှာ Institute Of Etiquette And Wisdom သို့မဟုတ် ဒေသအခေါ် Yejiwon
လို့ ခေါ် တဲ့ ကျောင်း
တကျောင်း ရှိပြီး သင်တန်း တက်တဲ့ သူလည်း အများ အပြား ရှိ နေ ပါတယ်။
Ms Pak လို့ အမည်ရှိ တဲ့ သင်တန်း သူ တဦးဟာ ဒီ သင်တန်း ကို အထူးဘဲ အလေးထား
ပြီး တက် နေ ပါ
တယ်၊ သူ့အရင် အမေ၊ အမ နဲ့ ဝမ်းကွဲ ညီအမ တွေလည်း ဒီသင် တန်း ကို တက်ခဲ့ ကြပြီး ဖြစ်
တယ် လို့ သိရ ပါတယ်။
ဘာတွေ များ သင်သလဲ၊ အောက် ဖေါ်ပြ ပါ တွေ ကို နမူနာ အဖြစ် ကြည့် ပါ။
ဖိနပ် သံ မမြည် အောင် လမ်း လျှောက်နည်း။
အမျိုးသား
တဦးက လက်ဆွဲရင် လက်ခံ နည်း (နှစ်ကြိမ် ငြင်းပြီး သုံးကြိမ် မြောက် ကြမှ ပေးကိုင်ပါ)။
လူကြီး ကန်တော့ ရင် ညာလက်ကို ဘယ်လက် ပေါ် တင်ပါ (အမျိုးသမီး)။
အရိုအသေ ပေတဲ့ အခါ မှာ ခန္တာ ကိုယ်ကို ဘယ်လို ကိုင်း ရမယ်။
ရိုးရာ ဝတ်စုံ ဝတ်နည်း။
ခေါက်ဆွဲစါးနည်း။
လင်ယောက်ျား ကို ဟိုလိုလုပ်၊ ဒီလိုလုပ်၊ ဒီလိုနေ ဒီလိုထိုင် စတာတွေ မပြောရ ဆိုတာ
တွေ အထိ ပါ ပါတယ်။
အဲဒါ
တွေ တတ် ရင် ယောက်ျား ကောင်းရ လိမ့် မယ် လို့ ယုံကြည် မှု အပြည့် နဲ့ ချီတက် နေတဲ့
သူတွေ ကလည်း ချီတက် နေ ကြဆဲ ဖြစ်ပါ တယိ။
ဒီအချိန် မှာ
အများစုက တော့ ခေတ်ရေ စီး ကြောင်း အတိုင် ဘဲသွား နေကြ ပါ တယ်။
Links
Inside South Korea's "Bride-Training"
Tags:
korean culture |
korean custom |
korean habit |
korean |