သူတို့လွတ်လာကြပြီး
မင်းသား
Song Seung-heon (ဂျွန်စော) နဲ့ မင်းသား Chang Hyuk တို့ဟာ နိုဝင်ဘာလ ၁၅ ရက်
နေ့က စစ်မှု ထမ်း တာဝန် ပြီးဆုံး သွားလို့ အရပ်သား ဘဝကို ပြန် ရောက် သွားကြ
ပြီးဖြစ် ပါတယ်။
Song Seung-heon ကို သတင်း ထောက် ၂၀၀ နဲ့ ပရိသတ်(fans) ၅၀၀ လောက် က သူ့တပ်မ
တည်ရှိ ရာ Gangwon ပြည်နယ် Hwacheon မှာ နံနက် ၄ နာရီ လောက် ကတည်း က နှင်းတော ထဲမှာ
လာစောင့် နေကြ ပါတယ်။ သူ့ fans တွေထဲ မှာ Korea က အပြင် Japan, Hong Kong နဲ့ Thai
နိုင်ငံ တို့ ကလည်း ပါ ပါတယ်။
နိုင်ငံခြား
ပရိသတ် အတွက် ဘစ်ကာ ကြီး ၁၅ စီ နဲ့ နံနက် ၂ နာရီ မှာ Seoul
ကနေ စထွက် ကြ ရပါ တယ်။ နှင်တွေ ကျနေ တော့ ၃ နာရီ ခရီး ကို ၅ နာရီခွဲ ကြာ မောင် ခဲ့
ရပါတယ်။ ပို ဆိုးတာက မင်းသား နဲ့ တွေ့ မဲ့နေရာ မှာ ရေ အိမ်သာ မရှိ ပါဘူး။ ဒီတော့
ပါလာတဲ့ မမ တွေ က လမ်းမှာ တွေ့ သမျှ ဆိုင် ဈေးဝင် ဝယ် ပြီး သူတို့ ကိစ္စ သူတို့ လုပ်
နေကြတော့ ပိုကြာ သွားတော့ တာ ပေါ့။
မင်းသား ဟာ သူ့ fans တွေနဲ့ နိုဝင်ဘာ
၁၈-၁၉ မှာ Seoul မြီု့ Olympic Park တွင် တရား ဝင်တွေ့ ဆုံ ပွဲကြီး ပြုလုပ် မှာဖြစ်
ပါတယ်။ ပရိသတ် ကတော့ နိုင်ငံ ပေါင်းစုံ ကနေ ရောက် နှင့် နေကြ ပါပြီ။
မင်းသား Song Seung-heon ဟာ တီဗွီ ဇာတ် လမ်း တွဲ အသစ် တခု
ကို မကြာ မှီ ရိုက်ကူး မှာ ဖြစ် ပါတယ်။
အလား
တူဘဲ Chang Hyuk ကို သတင်း ထောက် ၃၀ လောက် နဲ့ သူ့ရဲ့ ပရိသတ်(fans) တွေက သူ့တပ်မ
တည်ရှိ ရာ Gangwon ပြည်နယ် Cheolwon မှာ နံနက် အစောကြီး ထဲက လာ စောင့်နေ ကြပါ တယ်။
သူဟာ barrack ရှိရာ ကနေ တပ်ပြင် ရောက်တဲ့ အထိ နှင်းတော ထဲမှာ ၁ နာရီ လောက် လမ်း
လျှောက် ထွက် လာ ရပါတယ်။ လောလော ဆယ်တော့ ကားရိုက် ရန် အစီအစဉ် မရှိ သေးကြောင်း သိရ
ပါတယ်။
မင်းသား နှစ်ဦး ဟာ သူတို့ ရဲ့ agency က လူ များနဲ့ အတူ မိသားစု များရှိ ရာ သို့
အသီးသီး ထွက်ခွာ သွားကြ ပါတယ်။
Links List
Yellow Ribbons Time for Song Seung-hun
Song Seung-heon, Chang Hyuk Discharged from Military
Japanese Fans Flock to See Song Seung-heon
Fuji TV Producing Special on Korean Wave Star Song Seung-heon
Competition to Cast Song Seung-heon Heats Up


Tags:
korean actor |
korean news |
korea