MyanmarPhp.com

Posted By - Ko Ko - June 14, 2010

Summary :
Korean star Rain was Sunday crowned Biggest Badass Star at the 2010 MTV Movie Awards for his role in [Ninja Assassin.] The 27-year-old beat Hollywood A-list candidates such as Angelina Jolie, Channing Tatum and Sam Worthington for the award, which goes to a notable performance in an action movie. He is the first Korean to be recognized at the MTV Movie Awards. There are only four past recipients of the Badass prize who are Asian such as Jackie Chan, Zhang Zi-yi, Lucy Liu and Chiaki Kuriyama.[More...][Less...]

Rain MTV ဆုရခြင်း


Rain after receiving MTV award

ကိုးရီးယား မင်းသား Rain ဟာ ကမ္ဘာကျော် MTV ဆုကို မကြာမှီက ရရှိ ခဲ့ပါတယ်။ Rain ဟာ ဒီဆုကို ရရှိ ခဲ့တဲ့ ပထမ ဦးဆုံး ကိုးရီးယား သရုပ်ဆောင် လည်းဖြစ် ပါတယ်။

ရွေးချယ်ခံ nominee စာရင်း ကို ဟောလီးဝုဒ် မှ producers နဲ့ executives များမှ ပဏာမ စာရင်း ပြုစုပြီး၊ online မှာ ပရိသတ် များပှ မဲပေးပြီးး ဇကာတင် ရွေးချယ် ကြပါတယ်။

ဆုပေးပွဲ ကို Los Angeles မြို့မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပ ခဲ့ပြီး၊ ဆုလက်ခံ ပြီးတဲ့ နောက်မှာ Rain ဟာ ကျေးဇူးတင် စကားကို အင်္ဂလိပ် လို ပြောကြားခဲ့ ပါတယ်။


Rain in Hollywood film Ninja Assassin

Rain ဆုရတာ က Biggest Badass Star ဆိုတဲ့ category မှာဖြစ် ပါတယ်။ မင်းသားဟာ ဟောလီးဝုဒ် နာမည်ကြီး များဖြစ်ကြ တဲ့ Angelina Jolie, Channing Tatum, Chris Pine နဲ့ Sam Worthington စသူ တို့ကို ကျော်တက်ပြီး ဒီဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇နှစ် ရှိပြီး ဖြစ်တဲ့ Rain ကို USA မှာ Ninja Assassin အမည် ရှိတဲံ action ရုပ်ရှင် ပြပြီးတဲ့ နောက်မှာ တော်တော် လူသိများ လာကြ ပါတယ်။ ယခု ရတဲ့ ဆုဟာလည်း Ninja Assassin ရုပ်ရှင် အတွက် ဖြစ်ပါတယ်။


Rain postponed entering military service

Rain ၏ အခြား သတင်းများ ကတော့ ၂နှစ် စစ်မှု ထမ်းခြင်း တာဝန်ကို ခေတ္တ ဆိုင်းငံ့ လိုက်ခြင်း နဲ့ Fugitive လို့ အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ အသစ် တစ်ခုကို မင်းသမီး Lee Na-young နဲ့ တွဲပြီး မကြာမှီ ရိုက်တော့ မယ် ဆိုတာ တို့ပဲဖြစ် ပါတယ်။


Another top-star couple?

နောက်ဆုံး hot ဖြစ်နေတဲ့ သတင်း ကတော့ Rain (27) နဲ့ မင်းသမီး Jun Ji-hyun (28) တို့ date လုပ်နေ ကြပြီး ဆိုတဲ့ သတင်း ပါပဲ။

မင်းသားနဲ့ မင်းသမီး တို့ရဲ့ agency နှစ်ခု စလုံး ကတော့ ဒီသတင်း မမှန် ပါလို့ ငြင်းဆို ထားပါတယ်၊ စောင့်တော့ ကြည့်ကြ ရဦး မှာပါပဲ။

Links
Rain nominated as 'Biggest Badass Star'
Lee Na-young to star in new TV series with Rain
Rain will be entering the military service within a year
Another top-star couple?

Tags: korean actor | korean actress | korean news | korea
Posted as - [News] [KActress] [KActor] [Movie] [Rain] [Jun Ji-hyun] [Lee Na-young] [Couple Alert] [USA]


End of Article No. 491 - MTV names Rain Biggest Badass Star
Permalink (http://video.phpmyanmar.com/video/article/491/mtv-names-rain-biggest-badass-star)



All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Rendering time 0.1499 sec secs