MyanmarPhp.com

Posted By - Ko Ko - March 27, 2009

Summary :
Pop star Rain took the stand in his civil trial in Honolulu federal court and said he did not know why his 2007 concert at Aloha Stadium was canceled. Through an interpreter, he said, he was looking forward to performing in Hawaii but his management team made the decision to cancel the show. The courtroom was packed with his fans, almost all of them women. The Honolulu lawsuit was filed by Honolulu based, Click Entertainment Inc. suing Rain and his former agency, Seoul-based JYP Entertainment Co., for breach of contract and fraud in cancellation of a 2007 concert at Aloha Stadium. The court decided USD 8 million fine, out of which Rain is to pay 3 million and his agency JYP, 5 million. The initial demand was USD 40 million.[More...][Less...]

Rain ဒါဏ်ငွေဆောင်ရခြင်း


Singer-Actor Rain (26)

အဆိုတော် မင်းသား Rain ဟာ သူရင် ဆိုင်နေ ရတဲ့ အမှု တစ်ခု အတွက် ထွက်ဆို ချက်ပေး ရန် Honolulu (USA) သို့ ရောက်ရှိ လာကြောင်း ၂၀၀၉ မတ်လ ၁၇ ရက်နေ့ ထုတ် Associated Press မှ သတင်း ရရှိ ပါတယ်။

Rain နဲ့ သူ့ရဲ့ agency ဟောင်း JYP တို့ အပေါ် (၁) စာချုပ် ဖေါက်ဖျက် မှု (၂) လိမ်လည်မှု တို့နဲ့ လျှော်ကြေး ငွေ USD သန်း ၄၀ ရလို ကြောင်း Honolulu အခြေ စိုက် Click Entertainment Company မှ တရား စွဲဆို ခဲ့ ပါတယ်။


Rain greeted by fans at Honolulu airport

၎င်း တရား ရင်ဆိုင် မှုကို မတ်လ ၁၀ ရက်နေ့ ကတည်း က တရား ရုံးမှာ စစ်ဆေး လာခဲံ ပါတယ်။ Rain ဟာ အမှု နောက်ဆုံး နေ့မှာ သက်သေ ထွက်ဆို ရန် ရုံးတော် သို့ရောက် ရှိလာ ပါတယ်။

USA မှ အခြား အဖွဲ့ အစည်း များရဲ့ မူပိုင်ခွင့် ကန့်ကွက် မှုကြောင့် USA တလွှား မှာ stage show များ ဖျက်သိမ်း ခဲ့ရ ခြင်း ဖြစ်ကြောင်း၊ ၄င်း အဖြစ် အပျက် အားလုံး မှာ မိမိ တို့၏ ထိမ်းချုပ် မှု အောက်တွင် မရှိ ပါကြောင်း၊ Rain မှ စကားပြန် မှ တဆင့် ထွက်ဆို ခဲ့ ပါတယ်။

ဖျက်သိမ်း ခြင်းများ ကို မိမိ လုပ်ခဲ့ ခြင်း မဟုတ် ပဲ၊ ဆက်စပ် အဖွဲ့ အစည်း အဆင့်ဆင့် တို့မှ ပြုလုပ် ခဲ့ခြင်း သာ ဖြစ်ကြောင်၊ မိမိ အနေ ဖြင့် USA တွင် အလွန် မှပင် သီဆို ဖြေဖျော် လို ပါကြောင်း၊ အေးဆေး တည်ငြိမ် စွာ ထွက်ဆို သွားခဲ့ ပါတယ်။


Singer-Actor Rain

Rain ကို Honolulu လေဆိပ် မှာ ၄င်းရဲ့ fan များမှ စောင့်ကြို ခဲ့ကြ တဲ့ အပြင်၊ တရားရုံး မှာလည်း ခန်းလုံး ပြည့် တက်ရောက် အားပေး ခဲ့ကြ ပါတယ်။ အားလုံး လိုလို မှာ အမျိုး သမီးများ ဖြစ်ကြ ပြီ၊ ဆယ်ကျော် သက်အ ရွယ်မှ ဖွားဖွား အရွယ် တွေ အထိ ပါတယ် လို့ဆို ပါတယ်။

USD 40 million ရလိုကြောင်း တရား စွဲဆို မှု အတွက် ရုံးတော် မှ USD 8 million ပေးဆောင် ရန် အမိန့် ချမှတ် ခဲ့ ပါတယ်။ Rain မှ USD 3 million (three) ပေးရ မှာ ဖြစ်ပြီး၊ သူ့ရဲ့ agency (JYP) မှ USD 5 million ခွဲဝေ ပေးဆောင် ရမှာ ဖြစ်ကြောင်း သတင်း ရရှိ ပါတယ်။

Links
Rain loses in court
Pop Star Rain Arrives at US Court
Rain says he doesn't know why Honolulu concert was canceled
Korean actor and pop star reaches isles for lawsuit
Rain Questioned Over Canceled Hawaii Concert

Tags: korean actor | korean singer | korean news | korea
Posted as - [KSinger] [News] [KActor] [Rain]


End of Article No. 447 - Rain says he does not know why Honolulu concert was canceled
Permalink (http://video.phpmyanmar.com/video/article/447/rain-says-he-does-not-know-why-honolulu-concert-was-canceled)



All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Rendering time 0.1110 sec secs