MyanmarPhp.com

Posted By - Ko Ko - November 28, 2008

Summary :
The government Family Health and Welfare Association has deemed Rain fifth album title song [Rainism] as [unhealthy media material] for the youth of South Korea. According to the tenth clause of the teenager preservation law, lyrics or images that encourages sexual behavior amongst the young is prohibited. The government response is a bit too late. The song, has been downloaded by thousands of fans. Does the government really think it has the power over the young by simply declaring the song is too dirty. Stopping Rain dirty version will only light the flame of his fame.[More...][Less...]

Rain သီချင်းများအားတားဆီးခြင်း


Rain songs were censored

ကိုးရီးယား အစိုးရ စီစစ်ရေး အဖွဲ့ တစ်ဖွဲ့ က၊ Rain ရဲ့ နောက်ဆုံး ထုတ် album မှ တချို့ သီချင်း တွေကို၊ လူငယ် များနား ထောင်ရန် မသင့် တဲ့ အတွက်၊ တားမြစ် ပြီး၊ ပြင်ဆင်ချက် တွေ လုပ်ခိုင်း ပါတယ်။ ဥပမာ တချို့ က တော့ - (My magic stick is spinning in your shivering body. You can’t go beyond my body shake. Make it Rainism The Rainism. Feel my body)

Rain ရဲ့ အေးဂျင်း J Tune Entertainment ကတော့ သူတို့ အဆိုတော် ရဲ့ သီချင်း တွေဟာ လိမ်မှု ရေးရာ တွေကို အားပေး လိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိ ပါကြောင်း ဖြေရှင်. သွား ပါတယ်။

ထုတ်ဝေ နေဆဲ သီချင်း ဖြစ်တဲ့ အတွက် internet မှာလည်း၊ အများ အပြား download လုပ်ထား ခဲ့ကြ ပြီးသား သီချင်း ဖြစ်လို့၊ ဘာ့ကြောင် အခုမှ တားမြစ် တယ်ဆို တာကို နားလည် ရန် ခက်နေ ကြ ပါတယ်။


Rain still going strong

နောက် သတင်း တခု ကတော့ မကြာမှီ က SBS TV ဟာ Rain အပါ အဝင် အဆိုတော် အချို့ကို၊ SBS Water Grand Award ပွဲမှာ သီချင်း ဆိုပေး ရန် ဖိတ်ခေါ် ခဲ့ ပါတယ်။

ဒီပွဲမှာ Rain က နောက်ဆုံး ဆိုရ မဲ့သူ ဖြစ် ပါတယ်။ ပွဲထဲ မှာရော TV မှာပါ Rain ရဲ့ ပရိသတ် တွေက မျှော်လင့် တကြီး စောင့် နားထောင် နေကြ ပါတယ်။ Rain ဟာသူ့ အလှည့် ရောက်တော့ စင်ပေါ် တက်ဆို ပါတယ်။

သီချင်း စဆိုပြီး အကပိုဒ် ဝင်နေတဲ့ အချိမ်မှာ TV မှာဖြတ်ပြီး ကြော်ငြာ ထိုး ပါတယ်။ ဒါကတော့ လုပ်ရိုး လုပ်စဉ် ပါ။ ထူးဆန်း တာက စင်ပေါ်မှာ ရှိတဲံ စပီကာ (sound system) တွေကို ပါ ပိတ်လိုက် တာပါပဲ၊

စင်ပေါ်ရှိ Rain နဲ့ band အဖွဲ့ တွေရော၊ အောက်က နားဆင် နေတဲ့ ပရိသတ် တွေပါ နားမလည် နိုင်အောင် ဖြစ်ခဲ့ ရ ပါတယ်။ Rain နဲ့ အဖွဲ့ဟာ ရှက်ရှက် နဲ့ စင်ပေါ်က ဆင်းသွား ကြ ပါတယ်။

SBS ကတော့ ယနေ့ အထိ ဘာဖြေ ရှင်းချက် မှ မပေး ပါဘူး။ လူသစ် လေးတွေ ကိုတောင် ဒီလို ပြုမူ ဆက်ဆံလေ့ မရှိခဲ့ ပါဘူ။ ကိုးရီးယား အစိုးရ ရဲ့ ပိတ်ပင် တဲ့ အမိန့် နဲ့၊ SBS ရဲ့ လုပ်ဆောင် ချက်တွေ များ ဆက်နွယ် နေမလား ဘဲ။ Rain တော့ SBS နဲ့ နောက်ထပ် ထုပ်လွှင့် ရန်ရှိ နေတဲ့ အခြား အစီ အစဉ် တစ်ခု ကို ဖျက်သိမ်း လိုက် ပါတယ်။


Rain buys a 10 billion won pink building

နောက်ထပ် Rain ရဲ့ သတင်း ကတော့ Cheongdam-dong မှာရှိတဲ့ အဆောက် အဦး တခုကို Rain ဟာ 10 billion won (US$ 6.8 million) နဲ့ ဝယ်လိုက် တယ် လို့ သိရ ပါတယ်။ အတော်တော့ တန်ဖိုးကြီး ပါတယ်။ သူထောင် ထားတဲ့ လုပ်ငန်း တွေရဲ့ ရုံးတွေ ဖွင့်ဖို့ ဝယ်တယ် လို့ပဲ ထင်ကြေးပေး နေကြ ပါတယ်။

Links
Government snatches Rain’s magic stick
SBS took away Rain's magic stick
Rain buys a 10 billion won pink building

Tags: korean actor | korean news | korea
Posted as - [KSinger] [News] [Music] [Rain]


End of Article No. 417 - Government snatches Rain magic stick
Permalink (http://video.phpmyanmar.com/video/article/417/government-snatches-rain-magic-stick)



All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Rendering time 0.1277 sec secs