မျက်ရည်မိုးစွေ

"1 Litre of Tears" Japanese Drama
ဒီ website မှာ ယနေ့ စပြီး ဂျပန် တရုတ် drama, move, actor, actress တွေ အကြောင် ပါ ရေးသွား ပါ တော့မယ်။ ကိုးရီးယား အကြောင်း ကြီးပဲ ရေး ရတာ အကြောင်း အရာ ရှားပါး ပြီးရိုး အီလာ သလား လို့ပါ၊
စာဖတ်သူ တွေက ကိုးရီးယား ကြီးပဲလား ဂျပန် တရုတ် အကြောင်း ရော မရေး တော့ ဘူးလား လို့ လည်းမေး လာကြ ပါတယ်။
မကြာမှီ က Pie ဆိုတဲ့ စာဖတ် သူ တစ်ဦး က သူ့ အမ ပေးတဲ့ 1 Litre of Tears အမည် ရှိတဲ့ ဂျပန် drama ဟာ အလွန် ကောင်းကြောင်း၊ ဒီ drama ကြည့်ပြီး နောက်မှာ ကိုးရီးယား drama တွေတောင် မကြည့် လို တော့ကြောင်း၊ အပြတ် ညွှန်းလာ ပါတယ်။
ဒါနဲ့ internet ထဲမှာ ရှာကြည့် ပြီး တွေ့တာ လေးတွေ တဆင့် ဖေါက်သည် ချအပ် ပါတယ်။ မကြည့် ဖူးတဲ့ drama နဲ့ မမြင် ဖူးတဲ့ မင်းသမီး အကြောင်း ရေး ရ တာမို့ အမှား တွေ့ရင် ထောက်ပြ ကြပါ၊

A scene from "1 Litre of Tears"
1 Litre of Tears ((Ichi Rittoru No Namida) ရဲ့ အစ က Aya Kito (1962 - 1988) အမည် ရှိ ဂျပန် မိန်းခလေး တစ်ဦး ရဲ့ ကိုယ်ရေး diary ဖြစ် ပါတယ်။
ဒီ မိန်းခလေး ဟာ အသက် ၁၅ နှစ် အရွယ် မှာ ကုသလို့ မရတဲ့ spinocerebellar ataxia ဆိုတဲ့ ရောဂါ ဖြစ်ပွား ပါတယ်။
သူ့ဆရာဝန် ရဲ့ အားပေး အကြံ ပေချက် အရ Aya ဟာ မသေခင် ကျန်တဲ့ အချိန် လေးတွေ မှာ ဘဝ ကို အပြည့် အဝ နေသွား ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။
ဒါ့အပြင် ဆရာ့ တိုက်တွန်း ချက် အတိုင်း သူ့ ဘဝ အကြောင်း ကို diary စရေး ခဲ့တာ နောင် ၁၀ နှစ်ကြာ သေဆုံး တဲ့ အထိ ပါပဲံ။
Aya Kito ၁၀ နှစ်ကြာ ဘဝကို ရုန်းကန် စဉ်မှာ ချစ်ရမဲ့ သူလည်း တွေ့ခဲ့ ပါတယ်။ အသက် ၂၅ နှစ် အရွယ် သူဆုံးပြီး နောက်မှာ သူ့ diary ကို စါအုပ် အဖြစ် ထုတ်ဝေ ခဲ့တာ ဂျပန် မှာတွင် အုပ်ရေ ၁ သန်း ကျော် (1.1 million) ရောင်းချ ခဲ့ရ ပါတယ်။

Japanese actress Erika Sawajiri as Aya Kito
Fuji Television ရုပ်သံ က Aya Kito ရဲ့ diary ကို မှီးပြီး အပိုင်း ၁၁ ပိုင်း ပါတဲ့ TV Drama အဖြစ် ၂၀၀၅ ခုနှစ် အောက်တိုဘာ လ ၁၁ ရက်နေ့ မှာ စတင် ထုတ်လွှင့် ခဲ့ ပါတယ်။
ဇာတ်လမ်း တွဲရဲ့ အမည် ကိုလည်း diary စါအုပ် ရဲ့ အမည် အတိုင်း 1 Litre of Tears ((Ichi Rittoru No Namida) လို့ပဲ မှည့်ခေါ် ခဲ့ ပါတယ်။
Aya Kito အဖြစ် ဂျပန် မင်းသမီး Erika Sawajiri က ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့ ပါတယ်။ Drama ဟာလည်း စာအုပ် လိုပဲ အထူး လူကြိုက် များခဲ့ ပါတယ်။
Aya Kito ရဲ့ diary ကို ရုပ်ရှင် အဖြစ် လည်း ရိုက်ကူး ပြသ ခဲ့ ပါတယ်။ ရုပ်ရှင် မှာတော့ Aya Kito အဖြစ် မင်းသမီး Asae Onishi က သရုပ် ဆောင်ခဲ့ ပါတယ်။
မြန်မာပြည် မှာ bandwidth နည်းလို့ You Tube ကနေ ကြည့်ဖို့ မလွယ် ပေမဲ့၊ အပြင် ရောက်နေ သူတွေ ကိုတော့ internet ထဲမှာ ရှာကြည့် ကြဖို့ တိုက်တွန်း လို ပါတယ်။
နောက်ဆုံး အနေနဲ့ Aya Kito လေး တစ်ယောက် ကောင်းရာ သုဂတိ လား ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
1 Litre of Tears at Fuji TV (Japanese)
1 Litre of Tears Reviews and information at AsianDramaReviews
1 Litre of Tears Review at HK Neo Reviews
1 Litre of Tears at Wiki.d-addicts
National Ataxia Foundation
Erika_Sawajir (Japanese Actress)i
A Litre of Tear (Movie)
A Litre of Tear (TV Drama)
Tags:
japanese actress |
japanese drama |
japan