မင်းသမီး-Song Yun-ah

Song Yun-ah(34)
ဒီနေ့ တော့ မြဝတီ စတင် ပြသ နေတဲ့ [လေလှိုင်းနှင့်အတူ] ဇာတ်လမ်းတွဲ မှ ခေါင်းဆောင် မင်းသမီး Song Yun-ah(34) အကြောင်း ဖေါ်ပြ ပါမယ်။
Song Yun-ah တို့လို သက်လတ်ပိုင်း သရုပ်ဆောင် များ နာမည် တက် နေစဉ်က၊ Korean Wave မှာ အာရှ တခွင် ကို ရိုက်ခတ်ခြင်း မရှိ သေးပါ။ လက်ရှိ နာမည် ကြီး နေသော မင်းသား မင်းသမီးလေး များမှာ ဒုတိယ မင်းသား မင်းသမီး များ အဖြစ်သာ ရှိကြ ပါ သေးသည်။

Song Yun-ah ခေါင်းဆောင် ခဲ့သော Hotelier တီဗွီ ဇာတ်လမ်း တွဲ မှာ အတော် နာမည် ကြီးခဲ့ သော ဇာတ်လမ်း တွဲ တစ်တွဲ ဖြစ် ပါသည်။
Hotelier တွင် Song Yun-ah ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် ခဲ့စဉ် က ယခု ထိပ်တန်း မင်းသမီး ဖြစ်သော Song Hye-gyo (အွန်စော) မှာ ဒုတိယ မင်းသမီး မျှသာ ရှိ ပါသေးသည်။

TV Drama Hotelier
L to R, Kim Seung-woo, Song Yun-ah, Song Hye-gyo, Bae Yong-jun
Song Yun-ah ခေါင်းဆောင် မင်းသမီး လုပ်စဉ်က Song Hye-gyo (အွန်စော)
မှာ ဒုတိယ မင်းသမီး သာရှိ ပါသေးသည်။
|
Profile of Song Yun-ah
- Name: Song Yun-ah
- Profession: Actress
- Date of Birth: 1973-Jun-07
- Height: 169 cm
- Weight: 48 kg
- Blodd Type O
TV Series
Movies
Trivia
- Talents: piano, violin and golf
- Religion: Catholicism
- Debut: 1995
|

Master of Ceremony Song Yun-ah
ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၁ ရက်နေ့ က ကျင်းပ ခဲ့တဲ့ Sixth Koream Film Awards ဆုပေးပွဲ မှာ Song Yun-ah ဟာ ပင်တိုင် အခမ်းနားမှူး (Solo - Master of Ceremony) အဖြစ် ဆောင်ရွက် ခဲ့ ပါတယ်။
ဒီလို ပွဲကြီး တွေမှာ ဘယ်တော့မှ အခမ်းနားမှူး တစ်ယောက် ထဲ မထား ခဲ့ပါ။ အတိမ်းအစောင်း ရှိခဲ့ရင် ဖေးမ နိုင်အောင် အမြဲ နှစ်ယောက် ထားလေ့ရှိ ပါတယ်။
ကိုးရီးယား ရုပ်ရှင် ဆုပေးပွဲး များ ရာဇဝင် မှာ ပထမ ဆုံးသော ပင်တိုင် အခမ်းနားမှူး (Solo - Master of Ceremony) ဖြစ်လေ တော့၊ Song Yun-ah ဟာ ဘယ်လောက် ဝါရင့် တဲ့ ပညာသည် တစ်ဦး ဖြစ် တယ် ဆိုတာ သိသာ ပါတယ်။
Links
Film Award's First Sole Woman MC
Profile of Song Yun-ah
Pictures of Song Yun-ah
Tags :
korean news |
korean actress
korea