စစ်ထဲဝင်ရတော့မည့်မင်းသား

Gong Yoo (28)
မင်းသား Gong Yoo(28) ဟာ လာမည့် အောက်တိုဘာ ၉ ရက်နေ့မှာ စစ်မှု စတင် ထမ်းဆောင်
ရတော့ မယ်လို့ သတင်းတွေ ထွက်နေ ပါတယ်။
Gong Yoo ဟာ KBS ရုပ်သံ မှထုတ်လွှင့်တဲ့ Hakgyo 4 ဆိုတဲ့ တီဗွီ ဇာတ်လမ်းတွဲ
နဲ့ စတင် နာမည် ရလာ သူဖြစ်ပြီး၊ ယခု ပြသဆဲ Coffee Prince Branch No. 1 ဆိုတဲ့
ဇာတ်လမ်းတွဲ မှာ အကြီး အကျယ် နာမည်ကြီး နေသူ ဖြစ် ပါတယ်။
Coffee Prince Branch No. 1 မှာ Gong Yoo ဟာ နာမည်ကြီး မင်းသမီး Yun Eun-hye
(Princess Hour) နဲ့ တွဲဖက် သရုပ်ဆောင် ထား ပါတယ်။

Gong Yoo and Yun Eun-hye in Coffee Prince Branch No. 1
မင်းသား တွေဟာ နာမည် ရတဲ့ အချိန်၊ အရွယ် ရှိဆဲ အချိန်မှာ အဆက်မပြတ်
ပရိသတ် နဲ့ ထိတွေ့ နေဖို့ လို ပါတယ်၊
ဒီလို အချိန်မှာ ကိုးရီးယား ဥပဒေ များအရ နှစ်အနည်းငယ်
စစ်မှုထမ်း ရမည့် ချိန်နဲ့ တချိန် တည်း ဖြစ်နေ
ကြ ပါတယ်။ ဒါဟာ လူငယ် မင်းသား
ငယ် အားလုံး ကြုံတွေ့ ကြရတဲ့ အခက်အခဲ ဖြစ် ပါတယ်။

Gong Yoo and Yun Eun-hye in Coffee Prince Branch No. 1
မင်းသားရဲ့ အေးဂျင်စီ Cidus
တော့ စစ်တပ်က ဆင့်ခေါ်စာ မရသေး ကြောင်း၊
ထို့ပြင် ရိုက်လက်စ
Coffee Prince First Branch No1 ကို
လည်း ပြီးအောင် ရိုက်သွားမှာ ဖြစ်ကြောင်း ပြောသွား ပါတယ်။
Links
Actor to fall in step with military
Gong Yoo has not received his warrant for the enrollment yet
The 1st Shop of Coffee Prince-d-addidts.com
Profile, pictures and video clips of Gong Yoo
Tags :
korean actor |
Korean News |
korea