ကိုးရီးယားနာမည်များအကြောင်း
လူမျိုး တမျိုး ရဲ့ ဓလေ့ စရိုက် ကိုသိ ထားမှ သူတို့ ရဲ့ ဇာတ်လမ်း တွေကို အရသာ
ခံနိုင် မှာဖြစ်ပါ တယ်။
ဒီ ဆောင်းပါး မှာ ကိုးရီးယား လူမျိုး တွေ နာမည် ဘယ်လို ပေးလေ့ ရှိ သလဲ
ဆိုတာ လေ့လာ ကြည့်ကြ ရ
အောငိ။
နာမည်အား လုံး ရဲ့ ထိပ်ဆုံး အလုံး ဟာ မိသားစု အမည် (family name) ဖြစ် ပါတယ်
(အဖေ နာမည်မဟုတ် ပါ)၊ အသံထွက် တလုံးတည်း (just one syllable) ပဲရှိ ပါတယ်။
သားသမီ တွေ ဟာ ဖခင် ရဲ့ မိသားစု နာမည် ကို ယူ ကြပါ တယ်။
အသုံး များတဲ့ မိသားစု နာမည် ပထမ ၁၀ ခု
မှာ Kim, Lee (Yi/Rhee),
Park (Pak), Choi (Choe), Jung (Jeong/Chung), Kang (Gang), Jo (Cho), Yoon (Yun),
Jang (Chang) and Im (Yim/Lim)တို့ ဖြစ်ကြ ပါတယ်။
ထို့ ပြင် အခြားအသုံး များ သော အမည် များ မှာ Ahn (An),
Han, Go (Ko), Goo (Ku), Oh, Noh, Shin, နဲ့ Yoo (Yu) တို့ ဖြစ်
ကြပါ တယ်။
မိသားစု နာမည် ပြီးရင် ကိုယ်ပိုင် အမည် လာပါ တယ်။ ဥပမာ ဂျွန်စော ရဲ့ အမည်
Song Seung-hun မှာ Song ဟာ မိသားစု အမည် (family
name) ဖြစ် ပါတယ်။
Seung-hun က သူ့ရဲ့ ကိုယ် ပိုင် အမည်(given
name) ပါ။
ညီအကို တွေ
မှာ နောက် ဆုံး အလုံး တွေ တူတတ် ပါတယ်။ ဥပမာ ဇာတ်လမ်း တွဲ "More than Words Can Say"
မှာ သား သုံး ယောက် အမည် ဟာ Jang-su, Tae-su နဲ့ Min-su
တို့ဖြစ် ကြ ပါတယ်။
မိန်ခလေး တွေ အိမ်ထောင် ကျရင် လင် ယောက်ျား ရဲ့ မိသားစု အမည် ကို ပြောင် မယူ
ပါဘူ၊ သွေးသား မဟုတ် တဲ့ မိသားစု အမည် ကို ယူလို့ မရ လို့ ပါ။
ရှေးဘိုဘွား ဒေသ တူ (the same ancestral hometown)
ဖြစ်ပြီး မိသားစု နာမည် တူ နေရင်
ဆွေမျိုး တွေ လို့ ယူဆ ပြီ အိမ်ထောင် ပြု ခွင့် မရှိ ပါဘူ။ ဒါ့ ကြောင့် မိသားစု နာမည် တူတဲ့ သူကို စိတ်ဝင် စားမိ ရင် ဘယ် ဒေသ (ancestral
hometown) ကလဲလို့ အရင် မေးကြည့် တတ် ပါ တယ်။
မရင်းနှီး လျှင် မိသားစု နာမည် နဲ့ ခေါ်ဆို ဆက်ဆံ မှ ကြိုက် ကြပါ တယ်။ လူအုပ် ထဲမှာ
မိသားစု နာမည် နဲ့ လှမ်း ခေါ်ရင် လူတွေ အများကြီး က လှည့်ကြည့် တတ် ပါတယ်။
ဥပမာ ကိုးရီးယား ၂၀% လောက် ဟာ "Kim" တွေဖြစ် ပြီး၊ ၁၅% လောက် ဟာ "Lee" တွေဖြစ်
ကြလို့ လူအုပ် ထဲ မှာ Kim လှမ်း ခေါ်ရင် လူ အများ ကြီး က လှည့် ကြည့် ပါ လိမ့်မယ်။
About Korean Names
http://en.wikipedia.org/wiki/Korean_name
Tags:
korean culture |
korea