Rain entangled in lawsuit, again

စစ်ထဲရောက်နေတဲ့မင်းသားက
အပြင်ကိုလှမ်းတရားစွဲခြင်
မင်းသား Rain ဟာ 2011 Oct ကထဲက စစ်ထဲ ရောက်နေ ပါတယ်။ ဒါပေမဲ့ ငြိမ်ငြိမ် မနေပါဘူး၊ အပြင်မှာ ရှိတဲ့သူ့ ကိုယ်စာလှယ် နဲ့ လူတစ်ယောက် ကိုလှမ်းပြီး တရားစွဲနေ ပါတယ်။
ကိုးရီးယား Cheongdam-dong မှာရှိတဲ့ Rain ပိုင်တဲ့ အဆောက် အဦး တစ်ခုကို ဟောင်ကောင် က Christine Park ဆိုသူ designer တစ်ဦးက သူ့ရဲ့ အနုပညာ ပစ္စည်း များကို ခင်းကျင်း ပြသဖို့ ငှားထား ပါတယ်။
ဒီအဆောက် အဦးရဲ့ အမိုးက ရေတွေစိမ့် ဝင်ပြီး အထဲက အနုပညာ ပစ္စည်း များ ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။ ဒီ့အတွက် Christine Park က Rain ကိုတရားစွဲ ခဲ့ပါတယ်။ အခန်းငှားခ လည်းဒီနေ့ အထိ မပေး ခဲ့ဘူး လို့သိရ ပါတယ်။
Rain ဘက်က၊ ရေဝင် နိုင်တာကို ကြိုတင် အကြောင်း ကြားစာ ပို့ခဲ့ ပါတယ်လို့၊ အကြောင်းပြပြီး အခန်း ငှားခများ ပြန်လည် ရလိုကြောင်း တန်ပြန် တရား စွဲဆိုတာ ဖြစ်ပါတယ်။.
Source : Rain entangled in lawsuit, again
0 comment submit comments
Kim Jae-won recovers quickly

ထိခိုက်မှုဖြစ်ထားတဲ့မင်းသား
Kim Jae-won သက်သာလာပြီး
MBC ရုပ်သံရဲ့ Me Too, Flower အမည် ရှိတဲ့ ဇာတ်လမ်းတွဲ ရိုက်နေစဉ် Kim Jae-won ဟာ ရိုက်ကွင်းမှာ ပုခုံး အဆစ် ပြုတ်ထွက် သွားလို့ ဇာတ်လမ်းတွဲ မှ နှုတ်ထွက် ခဲ့ရ ပါတယ်။
ထိုစဉ်ထဲက Seoul မြို့ နာမည်ကြီး ဆေးရုံတစ်ရုံ မှာတက်ရောက် ကုသ နေခဲ့ရ ပါတယ်။ အခု မင်းသားဟာ လက်ကို တစ်ဝက် လောက်မြှောက်လို့ ရနေပြီးလို့ သိရ ပါတယ်။ 2011 နှစ်ဆန်းပိုင်း မှာဆေးရုံက ဆင်းနိုင် တော့မယ်လို့ ဆိုပါတယ်
Source : Kim Jae-won recovers quickly
0 comment submit comments
Son Ye-jin, "I want to date too,
I enjoy watching - The Perfect Pair"

အဖေါ်မဲ့နေတဲ့မင်းသမီချော Son Ye-jin
ကျွန်မမှာ ရည်းစားလေး တစ်ယောက် တော့ရှိချင် ပါတယ် လို့ မင်းသမီး Son Ye-jin [၂၉ နှစ်] က အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။
ငယ်ငယ်တုံး ကတော့ အနုပညာ အလုပ်ကိုပဲ ဖိလုပ်နေ ရလို့ သင့်တော်မဲ့ သူတွေနဲ့ ဆုံတွေ့ဖို့ အခွင်အရေး တွေဆုံးရှုံး ခဲ့ရ ပါတယ်။ အခုတော့ အင်မတန်မှ အထီးကျန် နိုင်လှ ပါတယ်လို့ ပြောသွား ပါတယ်။
Son Ye-jin ဟာ မင်းသား Lee Min-ki နဲ့တွဲဖက်ပြီး Chilling Romance အမည် ရှိတဲ့ movie တစ်ကားကို ရိုက်ကူး ထားပါတယ်။
မင်းသား Lee Min-ki က မင်းသမီးကို အလွန်လှပသူ ဖြစ်တယ်လို့ ချီကျူလို့ မဆုံးအောင် ရှိပါတယ်။ "မင်းသမီး Son Ye-jin ရဲ့တစ်ကိုယ် လုံးမှာ မလှတဲ့ နေရာဆိုလို့ တစ်နေရာမှ ရှာမတွေ့ ပါဘူးလို့" မင်းသားက ပြောသွား ပါတယ်။
Source :
Son Ye-jin, "I want to date too, I enjoy watching - The Perfect Pair"
Lee Min-ki, "There's not one ugly part of Son Ye-jin"
0 comment submit comments
Kim Sae-ron is growing up so fast

ခလေးမင်းသမီးလေး Kim Sae-ron
အတော်ထွားလာပြီး
ခလေး သရုပ်ဆောင် မင်းသပီးလေး Kim Sae-ron ဟာ မင်းသား Won Bin နဲ့တွဲပြီး The Man From Nowhere ရုပ်ရှင် မှာပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ The Man From Nowhere ဟာ အတော် နာမည် ကြီးခဲ့ပြီး ဝင်ငွေ စံချိန်တင် ခဲ့ပါတယ်။
Channel A အတွက် ရိုက်ကူမဲ့ Heaven's Garden အမည်ရှိ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ မှာ Kim Sae-ron ကိုတွေ့ခဲ့ ကြရပါတယ်။ မင်းသမီးလေ ဟာ The Man From Nowhere မှာထက် 20 cm ပိုပြီး အရပ်ရှည် လာတယ်လို့ သူမရဲ့ agency က ပြောပါတယ်။
Source : Kim Sae-ron is growing up so fast
0 comment submit comments
Kim Hye-soo friendly toward ex-lover

သူတို့နှစ်ဦးပြေပြေလည်လည်ပါပဲ
မင်းသမီး Kim Hye-soo ဟာ မကြာမှီက ကျင်းပ ခဲ့တဲ့ 32nd Cheongryong Movie Awards မှာ အစီစဉ် ကြေငြာသူ ဖြစ်ပါတယ်။ ဒီပွဲမှာ မင်းသား Yoo Hae-jin ဟာသူ ဒါရိုက်တာ အဖြစ် ဆောင်ရွက် ခဲ့တဲ့ ရုပ်ရှင် အတွက် ဆုတက် ယူပါတယ်။
မင်းသမီး Kim Hye-soo နဲ့ မင်းသား Yoo Hae-jin တို့ဟာ မကြာခင်က လမ်းခွဲ ခဲ့ကြတဲ့ ချစ်သူ ဟောင်းများ ဖြစ်ကြ လေတော့၊ ဘယ်လို ဖြစ်ကြ မလဲ ဆိုပြီး ပရိသတ် က စောင့်ကြည့် နေခဲ့ကြ ပါတယ်။
Kim Hye-soo က ဆုတက် ယူတဲ့ Yoo Hae-jin ကို လက်ခုပ် တီးပြီး အားပေး ခဲ့တဲ့ အပြင်၊ နောက်ပိုင်းမှာ စင်အောက် ဆင်းပြီး Yoo Hae-jin ကို ပွေ့ဖက် လို့ပင် ချီးကျူး ခဲ့တယ်လို့ သိရ ပါတယ်။
Source :
Kim Hye-soo friendly toward ex-lover
Kim Hye-soo and Yoo Hae-jin reunite in Cheongryong
0 comment submit comments
The Blind Witness

မျက်မမြင်သက်သေ
ဇာတ်လမ်း အရ Seoul မြို့မှာ ဆိုးဝါးတဲ့ ရာဇဝတ် ကောင် (serial rapist) တစ်ဦး ပေါ်ပေါက် နေပါတယ်။ ဒီ ရာဇဝတ် ကောင် ဟာ မိန်းခလေး များကို ဆက်တိုက် မတရား ပြုကျင့်ပြီး သတ်ပစ် နေပါတယ်။
မိန်းခလေး တစ်ဦး (မင်းသမီး Kim Ha-neul) ဟာ တစ်ရက်မှာ လူသတ်ကောင် ရဲ့ကားထဲ ရောက်ရှိ ခဲ့ပါတယ်။ သူမဟာ ကားရဲ့အနံ့၊ ကားထိုင်ခုံ ရဲ့အထိအတွေ့ နဲ့ လူသတ်ကောင် ရဲ့ အသံ တို့ကို ကောင်းစွာ မှတ်မိ ပါတယ်။ သူမဟာ ကံကောင်း ထောက်မပြီး လွတ်မြောက် ခဲ့ပါတယ်။
ဲပြသနာ က ဒီမိန်းခလေး ဟာ မျက်မမြင် ဒုက္ခိတ ဖြစ်နေခြင်း ပါပဲ။ လျှို့ဝှက် သဲဖို ရုပ်ရှင်ပါ၊ ၂၀၁၁ ရဲ့ အကောင်းဆုံး ရုပ်ရှင် ကားတစ်ကား ဖြစ်နှိုင်တယ် လို့ဝေဖန် သူက အပြတ် ညွှန်းထား ပါတယ်။
Source : The Blind Witness
0 comment submit comments
Hyeon Bin appears in the news

စစ်ထဲကမင်းသား Hyeon Bin ရဲ့သတင်း
ရုပ်မြင် သံကြား ထဲမှာ ကိုးရီးယား သမတ Lee Myung-bak ဟာ တပ်ဖွဲ့ တစ်ခုကို စစ်ဆေးစဉ် မိန့်ခွန်း ပြောကြား နေတဲ့ သတင်း တစ်ပုဒ် ပါလာ ပါတယ်။
ထူးခြားချက်က မိန့်ခွန်း နားထောင် နေတဲ့ စစ်သား တွေထဲမှာ မင်းသား Hyeon Bin ပုံ သတင်း ပါလာခြင်း ပါပဲ။
မင်းသားရဲ့ ပရိသတ် ဟာ မင်းသား ပုံပေါ် လာတော့ သဲသဲလှုပ် ရင်ခိုက်သွား ကြပါတယ်။ သမတ ကြီး Lee Myung-bak ကိုတော့ မေ့သွား ကြပုံ ပါပဲ။
Source : Hyeon Bin appears in the news
0 comment submit comments
Hwang Soo-jeong back in spy role

မင်းသမီး Hwang Soo-jeong ပြန်လာပြီး
မင်းသမီး Hwang Soo-jeong (39) ဟာ For the Sake of Son လို့ အမည် ပေးထားတဲ့၊ အပိုင်း ၄ ပိုင်း ပါတဲ့ စပိုင် ဇာတ်လမ်းတွဲ မှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် ရိုက်ကူးမှာ ဖြစ်ပါတယ်။
မင်းသမီးဟာ 2007 က Salt Doll လို့အသည် ရှိခဲ့တဲ့ ဇာတ်လမ်းတွဲ မှာနောက်ဆုံး ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။
2001 မှာ မင်းသမီးဟာ မူးယစ်ဆေး သုံးစွဲမှုနဲ့ ထောင် တနှစ်ခွဲ ကျသွားပြီး နောက် နာမည် ကျသွား ခဲ့ပါတယ်။
Source : Hwang Soo-jeong back in spy role
0 comment submit comments
Jang Geun-seok "Can't compare with Bae Yong-joon"

ကျွန်တော်မင်းသာကြီး
Bae Yong-joon ကိုမပြိုင်ဝန့်ပါ
ကျွန်တော် မင်းသားကြီး Bae Yong-joon ရဲ့ပြိုင်ဖက် မဟုတ်ပါ။ Bae Yong-joon ဟာ သဘာရင့် ရန္တဝင်မင်းသားကြီး တစ်လက် ဖြစ်ပြီး၊ ကျွန်တော်က ခုမှ ပေါ်လာတဲ့ ပေါက်စ လေး ပါလို့ မင်းသား Jang Geun-seok (၂၄) က ပြောသွားပါတယ်။
မင်းသား Jang Geun-seok ဟာ ဂျပန်မှာ အလွန် ပေါ်ပြူလာ ဖြစ်နေပါတယ်။ ဂျပန် မဂ္ဂဇင်း တစ်ချို့က Jang Geun-seok ဟာ မင်းသား Bae Yong-joon ကို မကြာမှီ ကျော်တက်သွားတော့ မယ်လို့ သတင်းတွေ ရေးနေကြ ပါတယ်။
Source : Jang Geun-seok "Can't compare with Bae Yong-joon"
0 comment submit comments
Soo-ae's shocking past 13 years ago

ငယ်ငယ်ကဘုတ်ပြဲကြီး Soo-ae
လွန်လဲ့တဲ့ ၁၃ နှစ်က မင်းသမီး Soo-ae ရဲ့ပုံဟာ တကယ့်ကို ဘုတ်ပြဲကြီး ဖြစ်နေတာ တွေ့ရ ပါတယ်။ မိန်းခလေး များဟာ မိမိကိုယ် မိမိ ထိန်းသိမ်း နှိုင်ရင် လှလာနိုင်တယ် ဆိုတဲ့ လက်တွေ့ သက်သေ ပါပဲ။
လောလောဆယ် Soo-ae ဟာ A Thousand Days' Promise (SBS) အမည် ရှိတဲ့ ဇာတ်လမ်း တွဲမှာ Alzheimer ရောဂါသည် သရုပ်ဆောင် ပြီး ရိုက်ကူး နေပါတယ်။
Source : Soo-ae's shocking past 13 years ago
0 comment submit comments
Shocking kiss scene, Park Min-yeong,
'Lee Jang-woo kisses well'


အနမ်းကောင်းတဲ့မင်းသား
မင်းသမီး Park Min-yeong နဲ့ မင်းသားသစ် Lee Jang-woo တို့ရဲ့ ပြောင်မြောက်တဲ့ kiss scene များကို Glory Jane (KBS) အမည် ရှိတဲ့ ဇာတ်လမ်းတွဲ မှာတွေ့ကြ ရပါတယ်။
မင်းသား Lee Jang-woo ဟာ သရုပ်ဆောင် အတွေ့အကြုံ နုသေး ပေမဲ့ တော်တော် အနမ်း ကောင်းတဲ့ မင်းသားပါ လို့ မင်းသမီး Park Min-yeong ကပြောသွားပါတယ်။ (He doesn't have much experience but he's a good kisser)
Source : Shocking kiss scene, Park Min-yeong,
'Lee Jang-woo kisses well'
0 comment submit comments
Tags:
korean drama |
korean news |
korean actor |
korean actress |
korean