မင်းသမီးမင်းသားတွေအိုကုန်ကြပြီး

Korean actors and actresses are getting old
ကျွန်တော့ကို update မလုပ်လို့ ဆိုပြီး ပရိသတ် ကဝိုင်း အော်နေကြ ပါတယ်။ ခရီးထွက် နေတာ ရယ်၊ ပြန်ရောက်တော့ နေမကောင်း ဖြစ်နေတာ ရယ်တို့ကြောင့် အခုလောက် ကြာသွား တာပါ။ အနူးအညွတ် တောင်းပန် ပါတယ်။
ပြီးခဲ့တဲ့ တစ်လ လုံးလုံး ကိုးရီးယား အနုပညာ လောက သတင်း နည်းနည်း အေးနေ ပါတယ်။ (please see video.phpmyanmar/english as reference)
သတ်သေခြင်း၊ ရိုက်နှက်ခြင်း၊ ကားတိုက်ခြင်း၊ ချစ်ကြိုက် ကြခြင်း၊ လက်ထပ်ခြင်း၊ အပျံစား ရုပ်ရှင်၊ ဇာတ်လမ်းတွဲ နဲ့ သီချင်း များ ပေါ်ထွက် ခြင်း၊ မင်းသား ဘိန်းစားခြင်း၊ စသည် စသည် တို့ မရှိပါ။ ရိုက်နေရင်း တန်းလန်း ထွက်ပြေးတဲ မင်းသမီး လည်း မရှိပါ။
Rain တစ်ယောက် စစ်ထဲ ဝင်ပြီး နည်းပြ ဆရာဖြစ် သွားတယ် ဆိုတဲ့ သတင်း တစ်ခုပဲ နည်းနည်း ထူး ပါတယ်။
ဒီတစ်ခါတော့ နာမည်ရ ကိုးရီးယား မင်းသား မင်းသမီးတွေ အိုစာ လာတဲ့ အကြောင်း နည်းနည်း ရေးလိုပါတယ်။
ကိုးရီးယား ထုတ်လုပ် သူတွေဟာ၊ ငွေရ သေချာတဲ့ မင်းသား မင်းသမီး အဟောင်းတွေ ကိုပဲ ထည်လဲ သုံးပြီး လုပ်စား နေကြ ပါတယ်။
မင်းသမီး မင်းသား တွေအိုလာတော့၊ တစ်ခုလတ် တလင်ကွာ၊ ခလေး တစ်ယောက် အမေ၊ အပျိုကြီး၊ မောင်လေးနဲ့ မမ၊ အမျိုးသား အမျိုးသမီး သမတ၊ ဖိုက်တင် စတဲ့ နည်းတွေနဲ့ ရသလောက် ညှစ်ယူ နေကြ ပါတယ်။
အားလုံး အိုစာတဲ့ ပုံပေါက် နေတဲ့ ရာဇဝင် ကားတွေနဲ့ လည်း မင်းသမီး မင်းသား အိုအို တွေကို recycle လုပ်နေ ကြပါတယ်။
ငွေရတာကို မကြည့်ပဲ ငယ်ငယ် ရွယ်ရွယ် လေးတွေကို မွေးဖို့တော့ လိုပြီး ထင်ပါတယ်။ နို့မဟုတ် ရင်တော့ ခါးလည် ပြတ်သွား နိုင်ပါတယ်။
Aging actors list
Aging actresses list
Actors 30 and under list
Actresses 30 and under list
Tags:
korean actor |
korean actress |
Leave your comment