"Dae Jang Geum" child Lee Se-yeong
is now a grown woman

Drama Dae Jang Geum kid actress Lee Se-yeong (19)
ချန်ဂင် (ငယ်) လေးအရွယ်ရောက်လာပြီ
နာမည်ကျော် Dae Jang Geum (နန်းတွင်းရတနာ) ဇာတ်လမ်းတွဲ မှာ ချန်ဂင် ခလေး ဘဝ အနေနဲ့ သရုပ်ဆောင် ခဲ့တဲ့ မင်းသမီးလေး Lee Se-yeong ဟာ အသက် ၁၉ နှစ်ရှိလာပြီး၊ လှလည်း အတော် လှလာပါတယ်
[အမှား ပြင်ဆင်ချက် -ချန်ဂင် ငယ်ဘဝ မဟုတ်ပါ - Choi Geum Young ငယ်ဘဝ ဟုပြင်ဆင် ဖတ်ရှု ပါရန်]

Lee Se-yeong (19)
မကြာမှီက "Boyfriend" အဆိုအဖွဲ့ ရဲ့ music vedio မှာပါဝင် သရုပ်ဆောင် သွားတာ တွေ့ရှိ ရပါတယ်။
Source : "Dae Jang Geum" child Lee Se-yeong is now a grown woman
0 comment submit comments
Kim Seon-ah sends Hyeon Bin a video message

Sam-sik မင်းငါ့ကို dinner တစ်ပွဲ ကြွးတင်နေတယ်နော်
မင်းသမီး Kim Seon-ah ပြီးခဲ့တဲ့ ၂၈ ရက်နေ့က SBS ရုပ်သံရဲ့ TV News At Night အစီအစဉ် မှာပါဝင် ခဲ့ပါတယ်။ မင်းသမီးဟာ လောလောဆယ် စစ်မှုထမ်း နေတဲ့ မင်းသား Hyeon Bin ကို TV အစီအစဉ် ထဲကနေ လှမ်းနုတ်ဆက် ခဲ့ပါတယ်။
သူငယ်ချင်း၊ မင်းဒီ အစီအစဉ် ကိုကြည့်နေလား။ ငါနောက်ဆုံး ရိုက် ခဲ့တဲ့ ဇာတ်လမ်း တွဲကိုကော ကြည့်ပြီးပြီလား။ Sam-sik မင်းငါ့ကို dinner တစ်ပွဲ ကြွးတင်နေတယ်နော်၊ ငါ့ကို dinner မကျွေးပဲ မင်း စစ်ထဲ ဝင်သွား ခဲ့တာ။ စသည်ဖြင့်၊ လှမ်းပြော ခဲ့ပါတယ်။
Kim Seon-ah နဲ့ Hyeon Bin တို့ဟာ My Name is Kim Sam-soon (MBC 2005) ဇာတ်လမ်းတွဲ မှ စတင်ပြီး နာမည်ကျော်ခဲ့ သူများ ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းတွဲ ထဲမှာ Hyeon Bin ရဲ့ နာမည် ပြောင် က Sam-sik ဖြစ်ပါတယ်။
Source : Kim Seon-ah sends Hyeon Bin a video message
0 comment submit comments
Hero and Choi Kang-hee's stong back hug

ခပ်ကြမ်းကြမ်းဖက်လိုက်တဲ့မင်းသား
မင်းသား Hero ဟာ Twitter ထဲမှာ "Miss Kang ကို ပေါက်ထွက် သွားအောင် ဖက်ထားပုံ" ဆိုပြီး၊ မင်းသမီး Choi Kang-hee ကို နောက်ကနေ ခပ်ကြမ်းကြမ်း ဖက်ထားတဲ့ ပုံတစ်ပုံ post လုပ်ထား ပါတယ်။
မင်းသားရဲ ပရိသတ် က တော်တော် မနာလို ဖြစ်ပြီး internet ထဲမှာ အတော် ပွက်လော ရိုက်သွားတယ်လို့ လည်း သိရ ပါတယ်။ Hero နဲ့ Choi Kang-hee တို့ဟာ Protect the Boss (SBS-2011 - ဟုတ်ကဲ့ဘော့စ်) ဇာတ်လမ်တွဲ မှာ ပါဝင် ခဲ့ကြ ပါတယ်။
Source : Hero and Choi Kang-hee's stong back hug
1 comment submit comments
Rain Join Army on October 11

စစ်ထဲဝင်သွားတဲ့မင်းသား Rain
အဆိုတော် မင်းသား Rain (နာမည်ရင်း Jeong Ji-hoon, 29) ဟာ ၂၀၁၁ အောက်တိုဘာ လ ၁၁ ရက်နေ့က တိုင်းပြည် တာဝန် ၂ နှစ် ထမ်းဆောင်ရန် စစ်ထဲ ဝင်သွား ပြီဖြစ် ပါတယ်။
စစ်ထဲ မဝင်ခင် နိုင်ငံ အနှံ့ concert ပွဲတွေ ဆက်တိုက် ပြုလုပ် သွား ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့က Apgujeong CGV ရှေ့၊ လမ်းပေါ်မှာ free street concert ကျင်းပ သွားခဲ့ ပါတယ်။
Source :
Rain Join Army on October 11
0 comment submit comments