သူတို့တွဲနေကြပြီး

Lee Min Ho and Park Min Young are dating
မင်းသား Lee Min-ho (24) နဲ့ မင်းသမီး Park Min-young (25) တို့တွဲ နေပြီး ဆိုတာကို မင်းသမီး နဲ့ မင်းသား တို့ရဲ့ အေဂျင့် များမှ တရားဝင် အတည်ပြု လိုက်ကြ ပါတယ်။
၎င်းတို့ နှစ်ဦး ဟာ မကြာခင် ကပြပြီး သွားတဲ့ City Hunter (SBS 2011) "မြို့ပြမုဆိုး" ဇာတ်လမ်းတွဲ မှာ အလွန်မှ လိုက်ဖက် ညီပြီး လူကြိုက် များခဲ့ ပါတယ်။

Korean drama 'City Hunter'
အေဂျင့် များရဲ့ အဆိုအရ ၄င်းတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ တစ်လ လောက်ထဲက စတင်တွဲခဲ့ ကြတယ်လို့ သိရ ပါတယ်။
မင်းသား နဲ့ မင်းသမီး တို့ဟာ ၂၀၀၇ ခုနှစ် က I Am Sam (SBS 2007) ဇာတ်လမ်းတွဲ မှာ စတင်ပြီး တွဲဖက် သရုပ်ဆောင် ခဲ့ကြ ပါတယ်။

Actor Lee Min Ho
မင်းသား Lee Min Ho ဟာ ၂၀၀၄ ခုနှစ် မှာ Nonstop 5 (MBC 2004) ဇာတ်လမ်းတွဲ နဲ့ drama လောက တွင် ခြေချခဲ့ သေါ်လည်း၊ ၂၀၀၉ ခုနှစ်မှာ၊ မြန်မာများ F4 ဇာတ်လမ်းတွဲ လို့ သိထား ကြတဲ့ Boys Before Flowers (KBS2, 2009) ကျမှ လူသိများ ကျော်ကြား လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာများ က မင်းသား Lee Min Ho ကို "F4 မင်းသား" လို့ပဲ ခေါ်ကြ ပါတယ်။

Korean drama 'Boys Before Flowers'

Lee Min Ho in 'City Hunter'
မင်းသမီး Park Min Young ဟာလည်းပဲ၊ ၂၀၀၆ ခုနှစ် မှာ Unstoppable High Kick (MBC, 2006) ဇာတ်လမ်းတွဲ နဲ့ drama လောက တွင် ခြေချခဲ့ ပြီး၊ ၂၀၁၀ ခုနှစ်မှာ ပြသတဲ့၊ Sungkyunkwan Scandal (KBS2, 2010) "ဆောင်ကျန်ကွမ် အရှုတ်တော်ပုံ" ဇာတ်လမ်းတွဲ ကျမှ super မင်းသမီး ဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

Actress Park Min Young

Korean drama 'Sungkyunkwan Scandal'

Park Min Young in 'Sungkyunkwan Scandal'
နာမည်ကြီး မင်းသမီး နဲ့ မင်းသား တွဲကြတာ ဆိုတော့၊ လူတွေ အထူးပဲ စိတ်ဝင်စား နေကြ ပါတယ်။
နောင်မှာ လက်ထပ် ကြတဲ့ အထိ မြဲအောင် တွဲသွား နိုင်ကြ ပါစေလို့ လှိုက်လှိုက် လဲလဲ ဆုမွန် ကောင်း တောင်းပေး အပ်ပါတယ်။
Links
‘City Hunter’ actors admit they are engaged in a real-life
'City Hunter' Couple Fall in Love Off-Camera
Lee Min Ho dating "City Hunter" co-star Park Min Young
Profile of Lee Min-ho
Profile of Park Min Young
Drama 'Sungkyunkwan_Scandal'
Drama "City Hunter"
Drama 'Boys Before Flowers'

Tags:
korean actor |
korean actress |
korean drama |
korean news |
korea
Leave your comment