Posted By - Ko Ko - August 14, 2011

အတိုအထွာသတင်းများ(၄၅)


Ryoo Si-won Claims Second Win at Ferrari Challenge

ဒုတိယအကြိမ်ပထမထပ်ရခြင်

တရုတ်ပြည် Shanghai မြို့မှာ ကျင်းပတဲ့ Ferrari Challenge Series မှာ မင်းသား Ryoo Si-won ဟာကိုယ်တိုင် ပြိုင်ကား မောင်းပြီး၊ ကိုးရီးယား နိုင်ငံကို ကိုယ်စား ပြု ဝင်ပြိုင် ခဲ့ပါတယ်။

မင်းသား ဟာ ပြိုင်ကားမောင်း လိုင်စင် ရထားတဲ့၊ တစ်ဦးတည်း သော ကိုးရီးယား အနုပညာ သည် လည်းဖြစ် ပါတယ်။

ပထမ Ferrari Challenge Series ပြိုင်ပွဲကို တရုတ်ပြည် Zhuhai မြို့မှာ ပြီးခဲ့တဲ့ July လ ကပြုလုပ် ခဲ့ရာ၊ မင်းသား Ryoo Si-won ပထမ ရရှိ ခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယ Ferrari Challenge Series ပြိုင်ပွဲကို တရုတ်ပြည် Shanghai မြို့မှာ ဆက်တိုက် ကျင်းပ ခဲ့ပြန် ပါတယ်။ ဒီပြိုင်ပွဲ မှာလည်း၊ မင်းသား Ryoo Si-won ပဲ ပထမ ထပ်မံ ရရှိ ခဲ့တယ်လို့ သိရ ပါတယ်။

Source : Ryoo Si-won Claims Second Win at Ferrari Challenge (second series)
Korean actor-singer Ryu Si-won won an auto racing event in China
Ryoo Si-won Cruises to Win Ferrari Challenge (first series)


Sunny opening in more US theaters Friday

Sunny ရုပ်ရှင်ကား USA တွင်အောင်မြင်မှုရနေခြင်း

Sunny လို့အမည် ရှိတဲ့ ရုပ်ရှင်ကား ဟာ ၂၀၁၀ တုံးက ကိုးရီးယား မှာ ဝင်ငွေ အများဆုံး ရရှိ ခဲ့ပါတယ်။

ယခု ဒီရုပ်ရှင် ကို USA မှာ စတင် ဖြန့်ချီ ပြသ နေပြီး ဖြစ်ပါတယ်။ ဒါရိုက်တာ Kang Hyeong-cheol ရိုက်ကူးတဲ့ ဒီရုပ်ရှင် ဟာ (၄င်းရဲ့ ဒုတိယ ရုပ်ရှင်) ကိုးရီးယား မှာ ၁၂ ပတ်အတွင်း ကြည့်သူ 7 million ကျော်ခဲ့ ပါတယ်။

ဒါရိုက်တာ Kang Hyeong-cheol ရဲ့ ပထမ ဆုံး ရုပ်ရှင် Speedy Scandal (2008) ဟာလည်း ကြည့်သူ 8.3 million နဲ့ ဝင်ငွေ စံချိန် တင်ခဲ့ ဖူးပါတယ်။

Source :
Sunny opening in more US theaters Friday
Sunny, the No1 Box Office in Korea is finally coming to the U.S. & Canada
Movie Speedy Scandal Becames The Hit Of The Year


Girls' Generation's Seoul Concert Goes Down a Storm

Girls' Generation ရဲ့ Show ပွဲအထူးအောင်မြင်ခြင်း

Olympic Park Gymnastics Stadium, Seoul မှာ မကြာမှီ က Girls' Generation အဆို အဖွဲ့ ရဲ့ show ပွဲ ပြုလုပ် ခဲ့ပါတယ်။

ပရိသတ် 20,000 ရုံပြည့် အားပေးပြီး အထူး အောင်မြင် ခဲ့ပါတယ်။ အခြား အာရှ မြို့တော် ကြီးတွေ မှာလည်း show ပွဲတွေ လှည့်ပတ် ပြုလုပ် မယ်လို့လည်း သတင်း ရရှိ ပါတယ်။

Source : Girls' Generation's Seoul Concert Goes Down a Storm


TVXQ #1 in Vietnam

TVXQ အဆိုအဖွဲ့ ဗိယက်နမ်တွင် Show ပွဲပြုလုပ်ခြင်း

TVXQ အဖွဲ့ဟာ ကိုးရီးယား မှာ အထူး ကျော်ကြား ပါတယ်။ နောက်ဆုံး စစ်တမ်း ကောက်ချက် များအရ ဗီယက်နမ် မှာလည်း လူကြိုက် အများဆုံး အဖွဲ့ ဖြစ်တယ်လို့ သိရ ပါတယ်။ ဗီယက်နမ် မှာ စစ်တမ်း ကောက်ကြည့်တဲ့ အခါမှာ အောက်ပါ အတိုင်း ရရှိ ပါတယ်။

TVXQ 90,898 votes
Super Junior 87,845 votes
Big Bang 19,399 votes
2PM 5,032 votes
Girls' Generation 4,139 votes
JYJ 2,967 votes
Wonder Girls 2,856 votes
SHINee 2,005 votes

Source : TVXQ #1 in Vietnam


Kim Jae-won With Neck Disc Pains

မင်းသား Kim Jae-won လည်ပင်း
အဆစ်လွဲရောဂါဖြစ်းနေခြင်း

မင်းသား Kim Jae-won ဟာ ဇာတ်လမ်းတွဲ ရိုက်ကူး နေစဉ် လည်ပင်း တဝိုက် နာကျင်မှု ဖြစ်ပေါ်လို့ ဆေးစစ် ကြည့်ပါတယ်။

ဆေးစစ်ချက် အရ လည်ပင်း အဆစ်လွဲ ရောဂါ (neck disc problem) ဖြစ်း နေတယ်လို့ သိရ ပါတယ်။ မနှစ်က မေလ မှာဖြစ်ခဲ့တဲ့ car accident ရဲ့ဒါဏ်လည်း ပါတယ် လို့ ဆိုပါတယ်။ တစ်လ လောက် အနားယူ ကုသ ရမယ်လို့ သိရ ပါတယ်။

Source : Kim Jae-won With Neck Disc Pains


Han Ye-seul not living up to her
acting and is even insincere

အားထုတ်မှုနည်းတယ်လို့အပြောခံနေရတဲ့မင်းသမီး

KBS 2TV ရဲ့လက်ရှိ ရိုက်ကူး ပြသဆဲ ဇာတ်လမ်းတွဲ Spy Myeong Wol ရဲ့ ခေါင်းဆောင် မင်းသမီး Han Ye-seul ဟာ ဇာတ်လမ်းတွဲ ကို စိတ်မပါ လက်မပါ သရုပ်ဆောင် နေတယ်လို့ ဝေဖန် နေကြ ပါတယ်။

ဒီ ဇာတ်လမ်းတွဲ ရဲ့ rating ဟာလည်း ထိုးကျ သွားလို့ လမ်းခုလတ် မှာ ဇာတ်ညွှန်း စာရေးဆရာ ပြောင်းဖို့ စီစဉ် နေတယ်လို့ လည်းသတင်း ရရှိ ပါတယ်။ မင်းသမီး စိတ်မပါ ဖြစ်ရတဲ့ နောက်ကွယ် က အကြောင်း တွေတော့ ရှိမယ် ထင်ပါတယ်။

Source :
Han Ye-seul not living up to her acting and is even insincere
Han Ye-seul shoots"Spy MyeongWol" 5 days a week
Myung Wol the Spy - Drama Info
Myung Wol the Spy - Episode_Ratings
Poor rating "Spy MyeongWol" switching writers... will it work?


Jeon Ji-hyeon's "Snow Flower" popular in USA

မင်းသမီး Jeon Ji-hyeon ရဲ့ Snow Flower
အမည်ရှိရုပ်ရှင် USA တွင်ရေပန်းစာနေခြင်း

မင်းသမီး Jeon Ji-hyeon ရဲ့ Snow Flower and the Secret Fan အမည်ရှိတဲ့ ဟောလီဝုဒ် ရုပ်ရှင်ဟာ ဇွန်လိုင်လ ၁၅ ရက်နေ့ က USA တလွှား မှာစတင် ရုံတင် ပြသ ခဲ့တာ အခြေအနေ ကောင်းတယ်လို့ သိရ ပါတယ်။

Source : Jeon Ji-hyeon's "Snow Flower" popular in USA


Singer Lee Hyo-lee's ex-songwriter copied songs

အဆိုတော် Lee Hyo-ri အမှုနိုင်ခြင်း

အဆိုတော် Lee Hyo-ri ရဲ့နောက်ဆုံး ထွက်ခဲ့တဲ့ album မှ သီချင်း အများအပြား ဟာ နိုင်ငံခြား သီချင်း များကို ခိုးချ ထားတာ ဖြစ်နေလို့ ထုတ်ဝေခြင်း ရပ်ဆိုင်း ထားခဲ့ရ ပါတယ်။

ဒီနောက်မှာ Lee Hyo-ri ရဲ့ agency ဟောင်း CJ E&M က သီချင်းရေး ဆရာ Lee Jae-young ကို နစ်နာကြေး 270 million won ရလို မှုနဲ့ တရား စွဲဆို ခဲ့ပါတယ်။

Agency ဟောင်း CJ E&M ကိုလည်း နိုင်ငံခြား အဖွဲ့အစည်း အများ အပြားမှ တရားစွဲဆို ခဲ့ပါတယ်။

Lee Hyo-ri ကတော့ ဒီ အရှုပ်အရှင်း တွေနဲ့ လွတ်ကင်း ပါတယ်။ CJ E&M agency က ငှားရမ်းပြီး အကျိုးအမြတ် ခွဲဝေတဲ့ ပုံစံနဲ့ ထုပ်ဝေ ခဲ့တာ ဆိုတော့ အလျှော် အပွန်း တွေနဲ့တော့ လွတ်ပါတယ်။ အဲ - နာမည်တော့ ပျက်တာပေါ့။

သီချင်းရေ ဆရာ Lee Jae-young ကို ရုံးတော်က ထောင် ၁၈ လ ချလိုက် ပါတယ်။

Source : Singer Lee Hyo-lee's ex-songwriter copied songs


Kwak, Kwon team up for melodrama


Kwon Sang-woo and Jeong Ryeo-won

Kwon Sang-woo နဲ့ Jeong Ryeo-won တို့ရဲ့ရုပ်ရှင်အသစ်

မင်းသား Kwon Sang-woo နဲ့ မင်းသမီး Jeong Ryeo-won တို့ဟာ နာမည်ကြီး ဒါရိုက်တာ Kwak Gyeong-taek ရိုက်ကူးမဲ့၊ Painted လို့ အမည် ရှိတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ကြမယ်လို့ သတင်း ရရှိ ပါတယ်။

Source : Kwak, Kwon team up for melodrama


Lee Byeong-heon leaves for
Hollywood to shoot "G.I. Joe 2"

Lee Byeong-heon ဟောလီးဝုဒ် သို့ထွက်ခွာခြင်း

မင်းသား Lee Byeong-Heon ဟာက G.I. Joe 2 ရုပ်ရှင် ရိုက်ဖို့ ဟောလီးဝုဒ် သို့ ထွက်ခွာ သွားတယ်လို့ သိရ ပါတယ်။

G.I.Joe 2 ကို သြဂုတ်လ ၁၅ ရက်နေရမှာ USA, New Orleans မြို့ မှာစတင် ရိုက်ကူး မှာဖြစ် ပါတယ်။

Source : Lee Byeong-heon leaves for Hollywood to shoot "G.I. Joe 2"


IU explodes with innocent beauty,
milky skin plus sweet smile

အဆိုတော် IU ရဲ့အပြစ်ကင်းတဲ့အလှ

ကိုးရီးယား SK Telecom ဟာ ကုမ္ပဏီ ရဲ့ပင်တိုင် ကြော်ငြာ သရုပ်ဆောင် အဖြစ် အဆိုတော် မင်းသမီး IU နဲ့ မင်းသား Won Bin တို့ကို ရွေးချယ် ခဲ့ပါတယ်။

ထုတ်ပြန်လိုက် တဲ့ဓါတ်ပုံ တွေထဲမှာ အပေါ်မှာ ဖေါ်ပြ ထားတဲ့ အဆိုတော် မင်းသမီး IU ရဲ့အပြစ် ကင်းတဲ့ ပုံလေးလည်း အပါအဝင် ဖြစ်ပါတယ်။

Source : IU explodes with innocent beauty, milky skin plus sweet smile


Hong Seok-cheon supports Micky Yuchun

Micky Yuchun ယားနာတစ်မျိုးကူးစက်ခံရခြင်း

မင်းသား Micky Yuchun ဟာ herpes zoster လို့ခေါ်တဲ့ ယားနာ တစ်မျိုး ဖြစ်ပွား နေတယ်လို့ သတင်း ရရှိ ပါတယ်။


Herpes zoster infection (example)

ရောဂါ ဖြစ်ပွား နေတဲ့ ကြားက ကားရိုက် မပျက်အောင်၊ အထူးကျိုးစား နေတယ်လို့လည်း သိရ ပါတယ်။

Source :
Hong Seok-cheon supports Micky Yuchun
Micky Yuchun herpes zoster, worst health condition
http://en.wikipedia.org/wiki/Herpes_zoster


Ahn Jae-wook returns in 3 years
with drama "Lights and Shadows"

၃ နှစ်ကြာပြီးနောက်ပြန်လာ
တဲ့မင်းသား Ahn Jae-wook

၂၀၀၈ ခုနှစ် ထဲက ဇာတ်လမ်းတွဲ လောကကနေ ပျောက်နေတဲ့ မင်းသား Ahn Jae-wook ဟာ MBC ရုပ်သံရဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဇာတ်လမ်းတွဲ Light and Shadow မှာပြန်လည် သရုပ်ဆောင် တော့မယ်လို့ သိရ ပါတယ်။

Source : Ahn Jae-wook returns in 3 years with drama "Lights and Shadows"


Babysitting, housework,
Jang Dong-gun is a houseman

ခလေးထိန်းဖြစ်နေတဲ Jang Dong-gun

မင်းသားကြီး Jang Dong-gun ဟာ လွန်ခဲ့တဲ့ ၁ နှစ်လုံး My Way အမည် ရှိတဲ့ ရုပ်ရှင်ကား ရိုက်နေ ပါတယ်။

အခုတော့ နားချိန် ရလို့ ခလေးထိန်း အနှီးလဲ အလုပ်ကို အချိန်ပြည့် လုပ်နေတယ် လို့ သိရ ပါတယ်။

Source : Babysitting, housework, Jang Dong-gun is a houseman


Why Kim Seon-ah refused to be diet icon

မင်းသမီး Kim Seon-ah ကကိုယ်
အလေးချိန်အကြောင်းလုံးဝမပြောလိုပါတဲ့

မင်းသမီး Kim Seon-ah (36) ဟာ My Name is Kim Sam Soon ဇာတ်လမ်းတွဲ နဲ့ နာမည်ကြီး လာခဲ့သူ ဖြစ်ပါတယ်။

ဒီကားမှာ ခပ်ဝဝ ပုံစံနဲ့ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၄င်းနောက်ပိုင်း ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင် တွေမှာ ပိန်ပိန် ပါးပါ ဖြစ်အောင် ဝိတ်ချ ပြီးမှ ရိုက်ခဲ့ ပါတယ်။

ထိုစဉ် ကထဲက ၆နှစ် ၇နှစ် လုံးလုံး တွေ့ဆုံပွဲ အားလုံးမှာ ဝိတ်ဘယ်လို ချခဲ့ သလဲ ဆိုတဲ့ မေခွန်းပဲ ဆက်တိုက် အမေးခံလာရ လို့ ဒီမေးခွန်း ကို နားခါးတယ် လို့ ထုတ်ဖေါ် ပြောသွား ပါတယ်။

Source : Why Kim Seon-ah refused to be diet icon


Park Sin-hye in car accident

မင်းသမီး Park Sin-hye
ယာဉ်တိုက်မှုဖြစ်ပွားခြင်း

ပြသဆဲ ဇာတ်လမ်းတွဲ Heartstrings ရဲ့ သရုပ်ဆောင် မင်းသမီး Park Sin-hye ဟာ မကြာမှီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ ပါတယ်။

စိုးရိမ်ရ လောက်တဲ့ ဒါဏ်ရာ မရခဲ့လို့ ကားဆက် ရိုက်နိုင်တယ် လို့ သီရ ပါတယ်။ ဒါပေမဲ့ ဖြစ်ပွားတဲ့ နေ့ ကတော့ ရိုက်ကွင်း တစ်ရက် နားတယ်လို့ သတင်း ရရှိ ပါတယ်။

Source : No Major Setbacks for Park Sin-hye's Drama After Accident
Park Sin-hye in car accident... in hospital
Car accident Park Sin-hye "No problem with drama"


Jeon Hye-bin's Sexy Styling Book Sells Well

မင်းသမီး Jeon Hye-bin ရဲ့စါအုပ်
အသစ်ရောင်းကောင်းနေခြင်

မင်းသမီး Jeon Hye-bin ရဲ့ Stylish Body အမည် ရှိတဲ့ စာအုပ် အသစ်ဟာ အထူး ရောင်းကောင် နေပြီး၊ အာပ်ရေ ၁၀၀၀၀ ကျော် ရောင်းခဲ့ ရပြီးလို့ သိရ ပါတယ်။

Australia မှာ ထုတ်ဝေတဲ့ InStyle မဂ္ဂဇင်း ရိုက်ကူး စဉ်က ရိုက်ထားတဲ့ sexy ဖြစ်တဲ့ ပုံတော်တော် များများ စာအုပ် ထဲမှာ ပါတယ်လို့ ဆိုပါတယ်။

Source : Jeon Hye-bin's Sexy Styling Book Sells Well


Kim Rae-won and Soo-ae in
drama "A Thousand Days Promise"

မင်သား Kim Rae-won နဲ့ မင်းသမီး
Soo-ae တို့ရဲ့ဇာတ်လမ်းတွဲအသစ်

မင်သား Kim Rae-won နဲ့ မင်းသမီး Soo-ae တို့ဟာ A Thousand Days' Promise (SBS TV) အမည် ရှိတဲ့ ဇာတ်လမ်းတွဲအသစ် မှာ ပါဝင် သရုပ်ဆောင် ကြမယ်လို့ ဆိုပါတယ်။

မင်းသား Kim Rae-won ဟာ စစ်ထဲ ဝင်ပြီးနောက် ၃ နှစ်လောက် ပျောက်နေ ရာက ယခု ပထမ ဆုံး အကြိမ် TV ဇာတ်လမ်းတွဲ ပြန်ရိုက်တာ ဖြစ်ပါတယ်။

Source : Kim Rae-won and Soo-ae in drama "A Thousand Days Promise"


Bae Doo-na In Talks With Hollywood

မင်းသမီး Bae Doona
ဟောလီးဝုဒ်မှာရိုက်တော့မလား?

မင်းသမီး Bae Doona ဟာ ဟောလီးဝုဒ် ရုပ်ရှင် Cloud Atlas မှာသရုပ်ဆောင် ရန် ညှိနိုင်းမှု များပြုလုပ် နေတယ်လို့ သိရပါတယ်။ လာမည့် စက်တင်ဘာ လထဲမှာ အတည် ပြုချက် ကိုသိရ မှာဖြစ် ပါတယ်။

ရိုက်ဖြစ်လို့ ရှိရင် Tom Hanks, Halle Berry, Susan Sarandon စသူ တို့နဲ့ တွဲဖက် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

လောလောဆယ် မင်းသမီးဟာ Ha Ji-won နဲ့တွဲပြီး ရုပ်ရှင် တစ်ကား ရိုက်ကူးနေ ပါတယ်။

Source : Bae Doo-na In Talks With Hollywood


Yoo Jin and Ki Tae-yeong wedding pictures


Their photo

မင်းသမီး Yoo Jin မင်းသား Ki Tae-yeong
တို့ရဲ့ မင်္ဂလာဆောင်နှင်ဖိတ်စာ

မင်းသမီး Yoo Jin နဲ့ မင်းသား Ki Tae-yeong တို့ဟာ ၄င်းတို့ရဲ့ မင်္ဂလာဆောင် ဓါတ်ပုံများ နဲ့ ဖိတ်စာ တို့ကို မကြာမှီ က ထုတ်ပြန် ခဲ့ ပါတယ်။


Their invitation card

Source :
Yoo Jin and Ki Tae-yeong wedding pictures
Yoo Jin and Ki Tae-yeong's unique invitations


Lee Da-hae sleeping on the emergency bed

မင်းသမီး Lee Da-hae ဆေးရုံ
အလယ်မှာတစ်ဦးတည်းအိပ်နေပုံ

မင်းသမီး Lee Da-hae ဟာ ဆေးရုံ ကြီးတစ်ခုရဲ့ အလယ်မှာတစ်ဦးတည်းအိပ်နေ ပုံကို ၄င်းရဲ့ website မှာ တင်ထားတာ တွေ့ရ ပါတယ်။

မူလက မင်းသမီး အိပ်နေတဲ့ နေရာမှာ Miss Ripley (ချစ်လူလည်) ကားရိုက် နေပါတယ်။ နောက်တော့ နေရာရွှေဖို့ လုပ်ကြ ပါတယ်။ အဲဒီ အချိန် လေးမှာ မင်းသမီးဟာ အနီးရှိ ကုတင် တစ်လုံးမှာ တက်အိပ်ပြီး၊ အိပ်ပျော် သွားခဲ့ ပါတယ်။

မင်းသမီးဟာ အလွန် ပင်ပန်း နေသူ ဖြစ်လို့ ဒီအတိုင်း ထားပစ် ခဲ့ကြပြီး နောက် တစ်နေရာ မှာပြင်ဆင် မှုများ သွားလုပ် ကြပါတယ်။ နောက်မှ နှိုးမယ်ပေါ့။

ဒီပုံကို ရိုက်တဲ့ သူကလည်း အမိအရ ရိုက်ပြီး မှတ်တမ်း တင်ထားခဲ့ ပါတယ်။

Source : Lee Da-hae sleeping on the emergency bed


Seo Tai-ji, Ex-Wife Settle Dispute

အဆိုတော် Seo Tai-ji နဲ့မင်းသမီး Lee Ji-ah
တို့ကွာရှင်းမှုကျေအေးကြခြင်း

လင်မယား ကွာရှင်းမှု ဖြစ်နေ ကြတဲ့ အဆိုတော် Seo Tai-ji နဲ့ မင်းသမီး Lee Ji-ah တို့ဟာ ရုံးတော် ပြင်ပမှာ အမှုကို ညှိနှိုင်း ကျေအေး လိုက်ကြ ပါတယ်။

နောင်ကို လင်ကွာ မယားကွာ ကိစ္စ နဲ့ပတ်သက် ပြီး အချင်းချင်း တရား မစွဲရန်၊ နှစ်ဦး ရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက် တဲ့ စာအုပ် ထုတ်ဝေခြင်း၊ အခြားထုတ်ပြန် ခြင်းတို့ မပြုလုပ်ရန်၊ အချင်းချင်း ငွေကြေး နစ်နာမှု မတောင်းရန်၊ စတဲ့ အချက်များ ကို သဘောတူ ခဲ့ကြ ပါတယ်။

ယခု ကျေအေး မှုမှာ နှစ်ဖက် မည်သည့် ငွေကျေး ပေးလျှော်မှု မှ မပါဝင် ပဲ ကျေအေး ခဲ့ကြခြင်း ဖြစ်ပါတယ်။

Source : Seo Tai-ji, Ex-Wife Settle Dispute


Play cancelled on account of suicide threat

ကပြခြင်းရပ်ဆိုင်းလိုက်ရတဲ့ပြဇာတ်

Venus ပြဇာတ်ရုံ Jongno, central Seoul မှာက ပြနေတဲ့ The Professor and the Female Student 2 အမည် ရှိတဲ့ ပြဇာတ်ကို ဇူလိုင်လ ၁၄ ရက်နေ့က ပြသခြင်း ရပ်ဆိုင်း လိုက်ရ ပါတယ်။

ဒီပြဇာတ်မှာ မင်းသမီး Um Da-hae (30) ရဲ့ စင်ပေါ်မှာ ဝတ်လစ်စလစ် သရုပ်ဆောင် ရတဲ့ အခန်းတွေ ပါဝင်ခဲ့ ပါတယ်။

လူတစ်ဦးက Um Da-hae မှာသူရဲ့ အချစ်ဦး ဖြစ်ပြီး၊ လူအများ ရှေ့ စင်ပေါ်မှာ အဝတ်ဗလာ နဲ့ သရုပ်ဆောင် ရတဲ့ အတွက်၊ သူ့တွင် အလွန်စိတ် ဆင်းရဲမှု ဖြစ်ရတယ်လို့ ဖေါ်ထုတ် ခဲ့ပါတယ်။

ပြသခြင်း ရပ်မပေးရင် မိမိကိုယ် မိမိ သတ်သေ မယ်လို့ ခြိမ်းချောက် ခဲ့တဲ့ အတွက် ယခုလို ပြဇာတ် ကပြခြင်း ရပ်ဆိုင်းခဲ့ ရတာ ဖြစ်ပါတယ်။

Source : Play cancelled on account of suicide threat


Rain wins suit against reporter who
made false report of embezzlement

Rain အမှုနိုင်ခြင်

မင်းသား Rain ဟာ သူ့အကြောင်း မဟုတ်မမှန် သတင်း ရေးမှု နဲ့ သတင်း ထောက် အချိုကို များမကြာ မှီက တရားစွဲဆို ခဲ့ပါတယ်။ ဒီအမှုကို ရုံးတော်က Rain ကို အနိုင်ပေး ခဲ့ပါတယ်။

S Newspapers မှ သတင်းထောက် ၃ဦးက won 30 million, N Communications မှ သတင်းထောက် ၃ဦးက won 20 million အသီသီး Rain သို့ ပေးလျော် ကြရန်ပါ ရုံးတော်က အမိန့် ချမှတ် လိုက် ပါတယ်။

အင်း - - ချမ်သာပြီးရင် ချမ်းသာရင် ပေါ့။

Source : Rain wins suit against reporter who made false report of embezzlement


K-Pop Fans Converge on New York City's
Central Park for Flash Mob Dance

K-Pop Fans များ New York
တွင်ရုတ်တရက်စုဝေးကြခြင်း

New York မြို့ Central Park ပန်းခြံမှာ ဇွန်လ ၆ ရက်နေ့က K-Pop Fans ၁၃၀ လောက်ဟာ ရုတ်တရက် စုဝေး ကြပြီး ကိုးရီးယား သီချင်း များနဲ့ ကကြ ပါတယ်။

၎င်းတို့ဟာ facebook မှတဆင့် ညှိနှိုင်းပြီး စုဝေး ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုးရီးယား music band များ USA မှာ concert များ၊ များများ လုပ်ကြဖို့ ဖိတ်ခေါ် တဲ့အနေနဲ့ ယခုလို စုဝေး ကြတာလို့ ဆိုပါတယ်။

Source : K-Pop Fans Converge on New York City's Central Park for Flash Mob Dance


Han Chae-young and Han Ye-seul
same clothes, 'volume VS cutie'

မင်းသမီးနှစ်ဦးအဝတ်ပုံတူ
ဝတ်ခြင်းအပေါ်ဝေဖန်ချက်

မင်းသမီး Han Chae-young နဲ့ Han Ye-seul တို့ အဝတ် ပုံစံတူ ဝတ်ထားတာ ကိုဘေးတိုက် ယှဉ်ပြပြီး ဝေဖန်ရေး ပေးခဲ့ ကြပါတယ်။

မင်းသမီး Han Chae-young က ပြည့်ဝတယ်၊ အထုတ်အထည် ရှိတယ် တစ်လုံးတခဲ ကြီးပေါ့။ မင်းသမီး Han Ye-seul ကတော့ လုံးလုံး လေးနဲ့ ချစ်စရာလေး၊ စသည်ဖြစ် ဝေဖန်ရေး ပေးကြ ပါတယ်။

အင်္ဂလိပ် လိုတော့ volume vs cutie လို့ဆိုထား ပါတယ်။

Source : Han Chae-young and Han Ye-seul same clothes, 'volume VS cutie'


Jang Geun-seok earns 40 billion won in Japan,
"About to step over Bae Yong-joon"

မင်းသား Jang Geun-seok
ဂျပန်တွင် 40 billion won ဝင်ငွေရှိခြင်း

မင်းသား Jang Geun-seok ဟာ ယခုနှစ် အတွက် ဂျပန်မှာ 40 billion won ဝင်ငွေရှိ ရှိမယ်လို့ ဂျပန် ညနေ သတင်းစာ ကြီး Nitkangendai က ခန့်မှန်း ပါတယ်။

ဂျပန်မှာ အစဉ် အဆက် ဝင်ငွေ အများဆုံး ဖြစ်ခဲ့တဲ့ မင်းသားကြီး Bae Yong-joon ကို မကြာမှီ ကျော်တက် တော့မယ် လို့ တစ်ပေး နေကြ ပါတယ်။

Source : Jang Geun-seok earns 40 billion won in Japan, "About to step over Bae Yong-joon"


Ko Hyeon-jeong Sets New
Soap Opera Earnings Record

ဈေးအကြီးဆုံးမင်းသမီး

မင်းသမီး Ko Hyeon-jeong ဟာ ကိုးရီးယား မှာဈေး အကြီးဆုံး မင်းသမီးလို့ ဆိုပါတယ်။

ပြပြီး သွားတဲ့ နာမည်ကျော် Daemul - Big Thing (SBS TV 2010) ဇာတ်လမ်းတွဲ မှာ ကိုးရီးယား ပထမ ဦးဆုံး အမျိုးသမီး သမတ အဖြစ် ပြောင်မြောက် စွာ သရုပ်ဆောင် ခဲ့ပါတယ်။

အဲဒီ ဇာတ်လမ်တွဲ မှာ one eposode ကို won 55 million ရခဲ့ ပါတယ်။ သူ့အရင် အများဆုံး ရခဲ့သူက Choi Ji-woo ဖြစ်ပြီး Celebrity's Sweetheart (SBS 2008) မှာ one eposode ကို won 48 million ရခဲ့ဘူး ပါတယ်။

မင်းသား ထဲမှာ စံချိန် တင်ထားသူက မင်းသားကြီး Bae Yong-joon ဖြစ်ပြီး၊ The Legend (MBC 2007) ဇာတ်လမ်းတွဲ မှာ one eposode ကို won 250 million ရခဲ့ ပါတယ်။

(US$1=W1,085)

Source : Ko Hyeon-jeong Sets New Soap Opera Earnings Record


Rain, holds last concert before army
"All energy into the concert"

Rain ရဲ့စစ်ထဲမဝင်မှီ
နောက်ဆုံးနှုတ်ဆက်ပွဲများ

အဆိုတော် မင်းသား Rain ဟာ ဒီနှစ်ကုန် လောက်မှာ စစ်ထဲ ၂နှစ် စစ်မှုထမ်း တာဝန် ထမ်းဆောင် တော့မှာ ဖြစ်ပါတယ်။

ယခု အခါမှာ နိုင်ငံ လှည့်ပြီး နှုတ်ဆက် show ပွဲတွေ လုပ်ဖို့ စီစဉ် နေပါတယ်။ Show ပွဲများကို အောက်ပါ အစီအစဉ် များအတိုင်း ပြုလုပ် သွားမယ်လို့ သိရ ပါတယ်။

Concert Schedule Of Rain
Busan - August 13 နဲ့ 14
Daegu - August 27
Jeju - September 3
Gwangju - September 17
Daejeon - September 18
Seoul - September 24 နဲ့ 25

Source : Rain, holds last concert before army "All energy into the concert"

End of Article - Hot News-14 August 2011
http://video.phpmyanmar.com/video/article/508/hot-news-14-august-2011

0 comment

Leave your comment

Name

You can type in both English and Myanmar (Use Zawgyi Font)

<< Type above word in this box

.
Article Link - http://video.phpmyanmar.com/video/article/508/hot-news-14-august-2011








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0276 sec *

804a66066a979ce8d0d9c21ef176cfce - September 21, 2017 - 8:58:47 am