TVXQ #1 in Vietnam

TVXQ အဆိုအဖွဲ့ ဗိယက်နမ်တွင် Show ပွဲပြုလုပ်ခြင်း
TVXQ အဖွဲ့ဟာ ကိုးရီးယား မှာ အထူး ကျော်ကြား ပါတယ်။ နောက်ဆုံး စစ်တမ်း ကောက်ချက် များအရ ဗီယက်နမ် မှာလည်း လူကြိုက် အများဆုံး အဖွဲ့ ဖြစ်တယ်လို့ သိရ ပါတယ်။ ဗီယက်နမ် မှာ စစ်တမ်း ကောက်ကြည့်တဲ့ အခါမှာ အောက်ပါ အတိုင်း ရရှိ ပါတယ်။
TVXQ 90,898 votes
Super Junior 87,845 votes
Big Bang 19,399 votes
2PM 5,032 votes
Girls' Generation 4,139 votes
JYJ 2,967 votes
Wonder Girls 2,856 votes
SHINee 2,005 votes
Source : TVXQ #1 in Vietnam
0 comment submit comments
Singer Lee Hyo-lee's ex-songwriter copied songs

အဆိုတော် Lee Hyo-ri အမှုနိုင်ခြင်း
အဆိုတော် Lee Hyo-ri ရဲ့နောက်ဆုံး ထွက်ခဲ့တဲ့ album မှ သီချင်း အများအပြား ဟာ နိုင်ငံခြား သီချင်း များကို ခိုးချ ထားတာ ဖြစ်နေလို့ ထုတ်ဝေခြင်း ရပ်ဆိုင်း ထားခဲ့ရ ပါတယ်။
ဒီနောက်မှာ Lee Hyo-ri ရဲ့ agency ဟောင်း CJ E&M က သီချင်းရေး ဆရာ Lee Jae-young ကို နစ်နာကြေး 270 million won ရလို မှုနဲ့ တရား စွဲဆို ခဲ့ပါတယ်။
Agency ဟောင်း CJ E&M ကိုလည်း နိုင်ငံခြား အဖွဲ့အစည်း အများ အပြားမှ တရားစွဲဆို ခဲ့ပါတယ်။
Lee Hyo-ri ကတော့ ဒီ အရှုပ်အရှင်း တွေနဲ့ လွတ်ကင်း ပါတယ်။ CJ E&M agency က ငှားရမ်းပြီး အကျိုးအမြတ် ခွဲဝေတဲ့ ပုံစံနဲ့ ထုပ်ဝေ ခဲ့တာ ဆိုတော့ အလျှော် အပွန်း တွေနဲ့တော့ လွတ်ပါတယ်။ အဲ - နာမည်တော့ ပျက်တာပေါ့။
သီချင်းရေ ဆရာ Lee Jae-young ကို ရုံးတော်က ထောင် ၁၈ လ ချလိုက် ပါတယ်။
Source : Singer Lee Hyo-lee's ex-songwriter copied songs
0 comment submit comments
Why Kim Seon-ah refused to be diet icon

မင်းသမီး Kim Seon-ah ကကိုယ်
အလေးချိန်အကြောင်းလုံးဝမပြောလိုပါတဲ့
မင်းသမီး Kim Seon-ah (36) ဟာ My Name is Kim Sam Soon ဇာတ်လမ်းတွဲ နဲ့ နာမည်ကြီး လာခဲ့သူ ဖြစ်ပါတယ်။
ဒီကားမှာ ခပ်ဝဝ ပုံစံနဲ့ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၄င်းနောက်ပိုင်း ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင် တွေမှာ ပိန်ပိန် ပါးပါ ဖြစ်အောင် ဝိတ်ချ ပြီးမှ ရိုက်ခဲ့ ပါတယ်။
ထိုစဉ် ကထဲက ၆နှစ် ၇နှစ် လုံးလုံး တွေ့ဆုံပွဲ အားလုံးမှာ ဝိတ်ဘယ်လို ချခဲ့ သလဲ ဆိုတဲ့ မေခွန်းပဲ ဆက်တိုက် အမေးခံလာရ လို့ ဒီမေးခွန်း ကို နားခါးတယ် လို့ ထုတ်ဖေါ် ပြောသွား ပါတယ်။
Source : Why Kim Seon-ah refused to be diet icon
0 comment submit comments
Bae Doo-na In Talks With Hollywood

မင်းသမီး Bae Doona
ဟောလီးဝုဒ်မှာရိုက်တော့မလား?
မင်းသမီး Bae Doona ဟာ ဟောလီးဝုဒ် ရုပ်ရှင် Cloud Atlas မှာသရုပ်ဆောင် ရန် ညှိနိုင်းမှု များပြုလုပ် နေတယ်လို့ သိရပါတယ်။ လာမည့် စက်တင်ဘာ လထဲမှာ အတည် ပြုချက် ကိုသိရ မှာဖြစ် ပါတယ်။
ရိုက်ဖြစ်လို့ ရှိရင် Tom Hanks, Halle Berry, Susan Sarandon စသူ တို့နဲ့ တွဲဖက် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
လောလောဆယ် မင်းသမီးဟာ Ha Ji-won နဲ့တွဲပြီး ရုပ်ရှင် တစ်ကား ရိုက်ကူးနေ ပါတယ်။
Source : Bae Doo-na In Talks With Hollywood
0 comment submit comments
Lee Da-hae sleeping on the emergency bed

မင်းသမီး Lee Da-hae ဆေးရုံ
အလယ်မှာတစ်ဦးတည်းအိပ်နေပုံ
မင်းသမီး Lee Da-hae ဟာ ဆေးရုံ ကြီးတစ်ခုရဲ့
အလယ်မှာတစ်ဦးတည်းအိပ်နေ ပုံကို ၄င်းရဲ့ website မှာ တင်ထားတာ တွေ့ရ ပါတယ်။
မူလက မင်းသမီး အိပ်နေတဲ့ နေရာမှာ Miss Ripley (ချစ်လူလည်) ကားရိုက် နေပါတယ်။ နောက်တော့ နေရာရွှေဖို့ လုပ်ကြ ပါတယ်။ အဲဒီ အချိန် လေးမှာ မင်းသမီးဟာ အနီးရှိ ကုတင် တစ်လုံးမှာ တက်အိပ်ပြီး၊ အိပ်ပျော် သွားခဲ့ ပါတယ်။
မင်းသမီးဟာ အလွန် ပင်ပန်း နေသူ ဖြစ်လို့ ဒီအတိုင်း ထားပစ် ခဲ့ကြပြီး နောက် တစ်နေရာ မှာပြင်ဆင် မှုများ သွားလုပ် ကြပါတယ်။ နောက်မှ နှိုးမယ်ပေါ့။
ဒီပုံကို ရိုက်တဲ့ သူကလည်း အမိအရ ရိုက်ပြီး မှတ်တမ်း တင်ထားခဲ့ ပါတယ်။
Source : Lee Da-hae sleeping on the emergency bed
0 comment submit comments
Seo Tai-ji, Ex-Wife Settle Dispute

အဆိုတော် Seo Tai-ji နဲ့မင်းသမီး Lee Ji-ah
တို့ကွာရှင်းမှုကျေအေးကြခြင်း
လင်မယား ကွာရှင်းမှု ဖြစ်နေ ကြတဲ့ အဆိုတော် Seo Tai-ji နဲ့ မင်းသမီး Lee Ji-ah တို့ဟာ ရုံးတော် ပြင်ပမှာ အမှုကို ညှိနှိုင်း ကျေအေး လိုက်ကြ ပါတယ်။
နောင်ကို လင်ကွာ မယားကွာ ကိစ္စ နဲ့ပတ်သက် ပြီး အချင်းချင်း တရား မစွဲရန်၊ နှစ်ဦး ရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက် တဲ့ စာအုပ် ထုတ်ဝေခြင်း၊ အခြားထုတ်ပြန် ခြင်းတို့ မပြုလုပ်ရန်၊ အချင်းချင်း ငွေကြေး နစ်နာမှု မတောင်းရန်၊ စတဲ့ အချက်များ ကို သဘောတူ ခဲ့ကြ ပါတယ်။
ယခု ကျေအေး မှုမှာ နှစ်ဖက် မည်သည့် ငွေကျေး ပေးလျှော်မှု မှ မပါဝင် ပဲ ကျေအေး ခဲ့ကြခြင်း ဖြစ်ပါတယ်။
Source : Seo Tai-ji, Ex-Wife Settle Dispute
0 comment submit comments
Play cancelled on account of suicide threat

ကပြခြင်းရပ်ဆိုင်းလိုက်ရတဲ့ပြဇာတ်
Venus ပြဇာတ်ရုံ Jongno, central Seoul မှာက ပြနေတဲ့ The Professor and the Female Student 2 အမည် ရှိတဲ့ ပြဇာတ်ကို ဇူလိုင်လ ၁၄ ရက်နေ့က ပြသခြင်း ရပ်ဆိုင်း လိုက်ရ ပါတယ်။
ဒီပြဇာတ်မှာ မင်းသမီး Um Da-hae (30) ရဲ့ စင်ပေါ်မှာ ဝတ်လစ်စလစ် သရုပ်ဆောင် ရတဲ့ အခန်းတွေ ပါဝင်ခဲ့ ပါတယ်။
လူတစ်ဦးက Um Da-hae မှာသူရဲ့ အချစ်ဦး ဖြစ်ပြီး၊ လူအများ ရှေ့ စင်ပေါ်မှာ အဝတ်ဗလာ နဲ့ သရုပ်ဆောင် ရတဲ့ အတွက်၊ သူ့တွင် အလွန်စိတ် ဆင်းရဲမှု ဖြစ်ရတယ်လို့ ဖေါ်ထုတ် ခဲ့ပါတယ်။
ပြသခြင်း ရပ်မပေးရင် မိမိကိုယ် မိမိ သတ်သေ မယ်လို့ ခြိမ်းချောက် ခဲ့တဲ့ အတွက် ယခုလို ပြဇာတ် ကပြခြင်း ရပ်ဆိုင်းခဲ့ ရတာ ဖြစ်ပါတယ်။
Source : Play cancelled on account of suicide threat
0 comment submit comments
Rain wins suit against reporter who
made false report of embezzlement

Rain အမှုနိုင်ခြင်
မင်းသား Rain ဟာ သူ့အကြောင်း မဟုတ်မမှန် သတင်း ရေးမှု နဲ့ သတင်း ထောက် အချိုကို များမကြာ မှီက တရားစွဲဆို ခဲ့ပါတယ်။ ဒီအမှုကို ရုံးတော်က Rain ကို အနိုင်ပေး ခဲ့ပါတယ်။
S Newspapers မှ သတင်းထောက် ၃ဦးက won 30 million, N Communications မှ သတင်းထောက် ၃ဦးက won 20 million အသီသီး Rain သို့ ပေးလျော် ကြရန်ပါ ရုံးတော်က အမိန့် ချမှတ် လိုက် ပါတယ်။
အင်း - - ချမ်သာပြီးရင် ချမ်းသာရင် ပေါ့။
Source : Rain wins suit against reporter who made false report of embezzlement
0 comment submit comments
Ko Hyeon-jeong Sets New
Soap Opera Earnings Record

ဈေးအကြီးဆုံးမင်းသမီး
မင်းသမီး Ko Hyeon-jeong ဟာ ကိုးရီးယား မှာဈေး အကြီးဆုံး မင်းသမီးလို့ ဆိုပါတယ်။
ပြပြီး သွားတဲ့ နာမည်ကျော် Daemul - Big Thing (SBS TV 2010) ဇာတ်လမ်းတွဲ မှာ ကိုးရီးယား ပထမ ဦးဆုံး အမျိုးသမီး သမတ အဖြစ် ပြောင်မြောက် စွာ သရုပ်ဆောင် ခဲ့ပါတယ်။
အဲဒီ ဇာတ်လမ်တွဲ မှာ one eposode ကို won 55 million ရခဲ့ ပါတယ်။ သူ့အရင် အများဆုံး ရခဲ့သူက Choi Ji-woo ဖြစ်ပြီး Celebrity's Sweetheart (SBS 2008) မှာ one eposode ကို won 48 million ရခဲ့ဘူး ပါတယ်။
မင်းသား ထဲမှာ စံချိန် တင်ထားသူက မင်းသားကြီး Bae Yong-joon ဖြစ်ပြီး၊ The Legend (MBC 2007) ဇာတ်လမ်းတွဲ မှာ one eposode ကို won 250 million ရခဲ့ ပါတယ်။
(US$1=W1,085)
Source : Ko Hyeon-jeong Sets New Soap Opera Earnings Record
0 comment submit comments