Posted By - Ko Ko - July 2, 2011

အတိုအထွာသတင်းများ(၄၄)


Singer Lee Eun-mi-I stabbed
to death by boyfriend

ချစ်သူသတ်လို့သေသွားရတဲ့အဆိုတော်

Iris အဆိုအဖွဲ့ဝင် Lee Eun-mi-I (24) ကို၊ ၇ လကြာ တွဲလာခဲ့တဲ့ boyfriend Cho က၊ အိမ်ပြန် လမ်းမှ စောင့်ပြီး နံနက် 2:15 a.m. မှာဒါးနဲ့ ထိုးသတ်လိုက် တယ်လို့ သတင်းရရှိ ပါတယ်။

Lee Eun-mi-I ဟာ နောက် boyfriend တစ်ယောက်နဲ့ ပြောင်းပြီးတွဲ နေတာကို မနာလို ဖြစ်ပြီး ယခုလို သတ်ခဲ့တာ ဖြစ်ပါတယ်။ Cho ကို ရဲက ဖမ်းထား ပါတယ်။

Source : Singer Lee Eun-mi-I stabbed to death by boyfriend


Kim Hyun-joong, 1st Solo Singer
To Sell 100,000 Album Copies

Kim Hyun-joong ရဲ့ Album
ကော်ပီ ၁သိန်းရောင်းရခြင်

အဆိုတော် မင်းသား Kim Hyun-joong ရဲ့ solo album ဟာ ၂ ပတ် အတွင်းမှာ copy တစ်သိန် ရောင်းချ ရတယ်လို့ သိရ ပါတယ်။

Source : Kim Hyun-joong, 1st Solo Singer To Sell 100,000 Album Copies


Lee Soon-jae advises idols who
are acting "kids with no basics"

သရုပ်ဆောင်အသစ်များအပေါ်
ဝါရင့်မင်းသားကြီးရဲ့အတွေး

ယခုခေတ် နာမည်ကြီး သရုပ်ဆောင် အချို့ဟာ အခြေခံ များကို ပိုင်နိုင်မှု မရှိသေးတာ တွေ့နေရ ပါတယ်။

ကျွန်တော်တို့ ခေတ်က သရုပ်ဆောင် ဆိုတာ လူတွေ တန်ဖိုး မထားတဲ့၊ ဝင်ငွေနည်းတဲ့၊ အသက်မွေး မှု ဖြစ်ပါတယ်။ အနုပညာ ဝါသနာ ကြီးသူ များသာ အငတ်ခံပြီး လုပ်ကြ တာပါ။

အခုတော့ ဒီအလုပ်ဟာ ငွေ သောက်သောက်လဲ ရနေ ပါတယ်။ တချို့ဆိုရင် ကြော်ငြာပဲ ရိုက်နေတာ တွေ့ရ ပါတယ်။ ကြွကြွလေး ရုပ်ပြ စားနေကြ ပါတယ်။ အခြေခံ လည်းမခိုင် ကြပါ။

တော်သေး တာက တကယ်သရုပ် ဆောင်နိုင်တဲ့ အနုပညာသည် အများအပြား လည်းရှိ နေတာ တွေ့ရ လို့ပါ၊ လို့ပြောသွား ပါတယ်။

Source : Lee Soon-jae advises idols who are acting "kids with no basics"


Bae Yong-joon made 53 billion won in 5 years

Bae Yong-joon ၅နှစ်အတွင်း
ဝမ် ၅၃ ဘီလီယံ ဝင်ငွေရှိခြင်

မင်းသား Bae Yong-joon ဟာ အခွန်လျှော့ ဖို့ အစိုးရ နဲ့ အမှုဆိုင် ရာမှာ ရှုံးသွား ပါတယ်။ ရုံးတော်က ချမှတ်တဲ့ အမိန့်မှာ ဖေါ်ပြထား ချက်များ အရ၊ မင်းသားဟာ ၂၀၀၃ မှ ၂၀၀၇ အတွင်း၊ ဝမ် ၅၃ ဘီလီယံ ဝင်ငွေ ရှိနေ ပါတယ်။ (1,000 won = US$1)

Source : Bae Yong-joon made 53 billion won in 5 years


Kim Seon-ah diet and improved act

ပိန်ပိန်လေးဖြစ်သွားတဲ့ Kim Seon-ah

မင်းသမီး Kim Seon-ah ဟာ SBS TV မှ မကြာမှီ ရိုက်မည့်၊ Scent of a Woman အမည်ရှိတဲ့၊ ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းတွဲ အတွက် အပြင်းအထန် diet လုပ်ထားတဲ့ ပုံလှလှ လေးများကို ၄င်းရဲ့ websitre မှာ post လုပ်ထား ပါတယ်။

Source : Kim Seon-ah diet and improved act


Eom Ji-won interviews with English BBC World

BBC မှအင်တာဗျူးခံရတဲ့မင်းသမီး

BBC ဟာ နိုင်ငံပေါင်း ၂၀၀ မှာပြဖို့၊ episode ၈ ပိုင်း ပါပြီး၊ တစ်လကြာ ပြသ ရမည့်၊ The Third Eye အမည်ရှိတဲ့၊ ကိုးရီးယား နိုင်ငံ အကြောင်း documentry ရိုက်ကူးနေ ပါတယ်။

၎င်း documentry မှာထည့်သွင်းဖို့၊ မင်းသမီး Eom Ji-won ကို အင်တာဗျူး လုပ်ပြီး၊ မှတ်တမ်း တင် video ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

Source : Eom Ji-won interviews with English BBC World


Ryoo Si-won Cruises to Win Ferrari Challenge

မင်းသား Ryoo Si-won တရုတ်ပြည်တွင်
ပြုလုပ်သော Ferrari ကားပြိုင်ပွဲတွင်အနိုင်ရရှိခြင်း

မင်းသား Ryoo Si-won ဟာ ပြိုင်ကားမောင်း လိုင်စင် ရထားတဲ့၊ တစ်ဦးတည်း သော ကိုးရီးယား အနုပညာသည် ဖြစ်ပါတယ်။

တရုတ်ပြည် Zhuhai ပြုလုပ်တဲ့၊ Ferrari ကားပြိုင်ပွဲမှာ ကိုးရီးယား နိုင်ငံကို ကိုယ်စား ပြုပြီး၊ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ ပထမ ရရှိ ခဲ့တယ် လို့သိရ ပါတယ်။

Source : Ryoo Si-won Cruises to Win Ferrari Challenge


3 broadcasting companies, unpaid
fees 1.5 billion and 700 million won

ရုပ်သံကုမ္ပဏီကြီး ၃ခု သရုပ်ဆောင်ကြေး
၂.၂ ဘီလီယံ ဝမ် မပေးရသေး

KBS, MBC နဲ့ SBS ရုပ်သံ ကုမ္ပဏီကြီး ၃ခု ဟာ သရုပ်ဆောင် ကြေး ၂.၂ ဘီလီယံဝမ် မပေးရ သေးပဲ ကြွေးကျန် နေတယ်လို့ သိရ ပါတယ်။

Worlds Within (KBS) မှာ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Song Hye-kyo (အွန်စော) ဟာ သရုပ်ဆောင် ကြေးမရသေး တဲ့ထဲမှာ ပါပါတယ်။

Source : 3 broadcasting companies, unpaid fees 1.5 billion and 700 million won


Sunny surpasses 5 million to beat out foreign films

Sunny - 2010 ရုပ်ရှင် ယခုနှစ်
အတွက်ဝင်ငွေစံချိန်တင်ခြင်း

"Sunny - 2010" အမည်ရှိတဲ့ ဟာ ပြည်တွင်း ပြည်ပ ရုပ်ရှင် များကို ကျော်တက်ပြီး၊ ဝင်ငွေ စံချိန် တင်နေ ပါတယ်။

မေလ ၄ ရက်နေ့က စပြတဲ့ ရုပ်ရှင်ဟာ အောက် ပါအတိုင်း ကြည့်သူ ရှိခဲ့ ပါတယ်။

As of 2011.06.26 : 5,731,325 admissions (total)
As of 2011.06.19 : 5,185,828 admissions (total)
As of 2011.06.12 : 4,722,788 admissions (total)
As of 2011.06.05 : 4,094,120 admissions (total)
As of 2011.05.29 : 3,423,318 admissions (total)
As of 2011.05.22 : 2,663,266 admissions (total)
As of 2011.05.15 : 1,780,667 admissions (total)
As of 2011.05.08 : 619,838 admissions (total)
As of 2011.05.01 : 61,976 admissions (total)
Source : www.cine21.com & www.kobis.or.kr

Source : Sunny surpasses 5 million to beat out foreign films


Lee Min-ho appears in the
subway... passengers are lucky

Lee Min-ho မြေအောက်ရထား
ပေါ်တွင်သရုပ်ဆောင်ခြင်း

ပြသဆဲ ရုပ်သံ ဇာတ်လမ်းတွဲ City Hunter (SBS) ရဲ့ဇာတ် ဝင်ခန်း တစ်ခု အတွက်၊ မင်းသား Lee Min-ho ဟာ မြေအောက် ရထား ပေါ်မှာ ရိုက်ကူး ခဲ့ပါတယ်။ ကံကောင်းတဲ့ ရထားစီး ခရီးသည် များဟာလည်း မင်းသားကို မမျှော်လင့် ပဲ တွေ့ဆုံခွင့် ရခဲ့ ကြ ပါတယ်။

Source : Lee Min-ho appears in the subway... passengers are lucky


Won Bin, joins 16 billion won
"Shanghai Project" with Heo Jin-ho?

Won Bin တရုတ်မှာရိုက်မည့် Shanghai Project
ရုပ်ရှင်မှာသရုပ်ဆောင်မှာလာ?

၁၈ ရာစုနှစ် ပြင်သစ် စာရေးဆရာ Choderlos de Lacos ရဲ့ ဝထ္ထု ကို အခြေခံပြီး၊ တရုတ်ပြည် ရှန်ဟိုင်း မြို့ကို နောက်ခံထား၍၊ ဒါရိုက်တာ Heo Jin-ho မှ Shanghai Project အမည်ရှိတဲ့ ရုပ်ရှင်ကား ကိုရိုက်ဖို့ စီစဉ် နေပါတယ်။

ဒီရုပ်ရှင် ကို တရုတ် နာမည်ကြီး သရုပ်ဆောင် များဖြစ်တဲ့ Fan Bingbing နဲ့ Zhou Xun တို့ ပါဝင်မှာ ဖြစ်ပြီး၊ US$ 15 million အကုန်ခံမှာ ဖြစ်ပါတယ်။

၎င်းရုပ်ရှင်မှာ ပါဝင်ဖို့ မင်းသား Won Bin (ထယ်စေါက်) ကိုဖိတ်ခေါ် ထားပါတယ်။ Won Bin က Hollywood နဲ့ စီစဉ် နေတဲ့ ရုပ်ရှင် ကားတစ်ကား ကိုမျှော်နေတဲ့ အတွက် ဆုံးဖြတ်ချက် မချနိုင် သေးပဲ ရှိပါတယ်။ မကြာခင် မှာတော့ အဖြေပေါ် လာမယ်လို့ အားလုံးက မျှော်လင့် နေကြ ပါတယ်။

Source : Won Bin, joins 16 billion won "Shanghai Project" with Heo Jin-ho?


Hong Seok-cheon "My restaurants are
secret hideouts for celeb couples"

မင်းသမီးမင်းသားများခိုနားရာစါးသောက်ဆိုင်

Hong Seok-cheon ဆိုတဲ့ ပုဂ္ဂိုလ် ဟာ စါးသောက်ဆိုင်များ (restaurants) ဖွင့်ထား ပါတယ်။

SBS ရုပ်သံက တင်ဆက် နေတဲ့ "Kang Heart Special, King of Kings" မှာ Hong Seok-cheon ကသူ့ရဲ့ လျှို့ဝှက်ချက် ကိုပြောသွား ပါတယ်။

ကျွန်တော့ ဆိုင်ဟာ ထိပ်တန်း မင်းသား၊ မင်းသမီး၊ အဆိုတော် နဲ့ အခြား နာမည်ကြီး အတွဲများ ခိုနားရာ ဖြစ်ပါတယ်။

နာမည်ကျော် အတွဲများ လျှို့ဝှက် ရောက်ရှိ လာရင်၊ ၄င်းတို့ ရှိတဲ့ အထပ် (အလွှာ) မှာ အခြား ဖေါက်သည်များ မရှိအောင် လုပ်ပေး ထားလိုက် ပါတယ်။

၎င်း အတွဲများ စကားများ ကြရင်လည်း ကျွန်တော် ညှိနိုင်း ပေးလိုက်ရင် ပြေလည် သွားကြတာ များပါတယ်။

ဘယ်သူတွေ လာကြလည်းဗျာ လို့ ဗျူးတဲ့သူက မေးလိုက်တော့၊ "ဟဲဟဲ -- ဒါက ကျွန်တော့ရဲ့ လုပ်ငန်း လျှို့ဝှက် ချက်ပါ" လို့ပြန်ဖြေ သွားပါတယ်။

Source : Hong Seok-cheon "My restaurants are secret hideouts for celeb couples"


"New Gisaeng Story" breaks record, official fight for lead

ထိပ်ဆုံးက ပြေးနေတဲ့
ဇာတ်လမ်းတွဲ New Gisaeng Story

ရုပ်သံ ဇာတ်လမ်းတွဲ New Gisaeng Story (SBS) ဟာ rating 22.3% နဲ့ ထိပ်ဆုံးက ပြေးနေ ပါတယ်။ ဒုတိယ rating 21.5% နဲ့ က Believe in Love ဖြစ်ပြီး၊ တတိယ ကတော့ rating 21.3% နဲ့ Twinkle Twinkle ဖြစ်ပါတယ်။

Source : "New Gisaeng Story" breaks record, official fight for lead


'The power if Micky Yuchun' "Miss. Ripley"
sold in China, Japan and Tawian

JYJ အဖွဲ့မှ Micky Yuchun ရဲ့အစွမ်း

JYJ နဲ့ TVfXQ အဖွဲ့ ဝင်ဖြစ်တဲ့ Micky Yuchun ဟာ အာရှတလွှား မှာ အတော်ပေါက် ပါတယ်။ ပြသဆဲ မင်းသမီး Lee Da-hae ပါဝင်တဲ့ Miss. Ripley (MBC) TV ဇာတ်လမ်းတွဲ ဟာ Micky Yuchun ရဲ့ ပေါ်ပြူလာ ဖြစ်မှုကြောင့် တရုတ်၊ ဂျပန် နဲ့ ထိုင်ဝမ် တို့မှာ pre-sale အနေနဲ့ ဈေးကောင်း ရခဲ့ တယ်လို့ သိရ ပါတယ်။

Source : 'The power if Micky Yuchun' "Miss. Ripley" sold in China, Japan and Tawian


"Miss. Ripley" Lee Da-hae wears a captivating red dress

Lee Da-hae ရဲ့အလှ

ပြသဆဲ ဇာတ်လမ်းတွဲ Miss. Ripleys (MBC) ရဲ့ episode ၁၃ မှာ မင်းသမီး Lee Da-hae ရဲ့အလှ ကို ပါတီ ဝတ်စုံ အနီလေးနဲ့ အလွန်ကြည့်ကောင်း နေတာကို တွေ့ရ ပါတယ်

Source : "Miss. Ripley" Lee Da-hae wears a captivating red dress


Popularity of Actor Gong Yoo's
Japanese Magazine 'Monster' Rises

ဂျပန်မှာလူကြိုက်များနေတဲ့
မင်းသား Gong Yoo

မင်းသား Gong Yoo ရဲ့ လှုပ်ရှားမှု အထွေထွေ ပါဝင်တဲ့ Monster လို့အမည် ပေးထားတဲ့ မဂ္ဂဇင်း ဟာ ဂျပန်မှာ အလွန်ရောင်း ကောင်းနေ ပါတယ်။

မူလက ၄ ကြိမ်ပဲ ထုတ်ဝေဖို့ စီစဉ် ထားခဲ့ ပေမဲ့ ယခုတော့၊ တိုးချဲ့ ထုတ်ဝေဖို့ သင့်မသင့် ဆွေးနွေး နေကြ တယ်လို့ သိရ ပါတယ်။

Source : Popularity of Actor Gong Yoo's Japanese Magazine 'Monster' Rises


Lee Na-young In Minor Motorcycle Accident

မင်းသမီး Lee Na-young ယာဉ် accident ဖြစ်ခြင်း

မင်းသမီး Lee Na-young (32) ဟာ North Chungcheon ဒေသရှိ ရိုက်ကွင်းမှာ ကားရိုက် နေစဉ်၊ Mr. Jung ဆိုသူ မောင်းနှင်တဲ့ ကားနဲ့ မင်းသမီး စီးနေတဲ့ မေါ်တော် ဆိုင်ကယ် တို့ တိုက်မိ ကြတယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ ကံကောင်း ထောက်မစွာ ဘာမှ မဖြစ်ဖူးလို့သိရ ပါတယ်။

Source : Lee Na-young In Minor Motorcycle Accident


K-Pop Invades Europe

K-Pop ကို Paris တွင်တစ်ခဲနက်အားပေးကြခြင်း

SM Entertainment ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ နဲ့ ၁၁ ရက်နေ့ တွင် Paris မြို့၌၊ SM Town Live World Tour ဆိုတဲ့ concert ကိုကျင်းပ ခဲ့ပါတယ်။ ပြင်သစ်မှ fans များဟာ တခဲနက် အားပေး ကြတာကို ဝမ်းမြောက် ဖွယ်ရာ တွေ့ရှိ ခဲ့ရ ပါတယ်။

TVXQ, Girls' Generation, Super Junior, SHINee နဲ့ f(x) အဆိုအဖွဲပ တို့မှ သီချင်း ၄၄ ပုဒ်ဆိုသွား ပါတယ်။

Fan ၁၀၀ လောက်ဟာ ကွင်းမှာ ညအိပ် စောင့်ကြ ပါတယ်။ ပရိသတ် ၇၀၀၀ ကျော် အားပေး ကြပြီး၊ ရုံပြည့် တယ်လို့ သိရ ပါတယ်။

Source : K-Pop Invades Europe


Lee Ji-ah to resume lawsuit
against ex-husband Seo Taiji

Lee Ji-ah ကွာရှင်းမှုအတွက်
အမှုဆက်၍ရင်ဆိုင်ခြင်း

မင်းသမီး Lee Ji-ah ဟာ ခင်ပွန်းဟောင်း Seo Taiji ထံမှ မယား စရိတ် ဝမ် ၅.၅ ဘီလီယံ ရလိုမှုနဲ့ တရားစွဲ ထားပါတယ်။

ဧပြီ ၃၀ က အမှုကို ရုပ်သိမ်း ခဲ့သော်လည်း၊ ခင်ပွန်းဟောင်း မှ သဘော မတူလို့ အမှုကို ဆက်၍ ရင်ဆိုင် နေ ပါတယ်။

Source : Lee Ji-ah to resume lawsuit against ex-husband Seo Taiji


"Dae Jang Geum" will become a movie

နန်းတွင်းရတနာကိုရုပ်ရှင်ပြန်ရိုက်မည်

နန်းတွင်း ရတနာ (Dae Jang Geum) ဇာတ်လမ်းတွဲ ကို မကြာမှီ ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူး မယ်လို့ သိရ ပါတယ်။

မူရင်း ဇာတ်လမ်းတွဲ ကို 2003 September မှ 2004 March အထိ ပြသခဲ့စဉ် က rating 50% အထိ အားပေး ခဲ့ကြ ပါတယ်။

Source : "Dae Jang Geum" will become a movie


Bae Yong-joon to create his own idol group

Bae Yong-joon အဆိုအဖွဲ့
သစ်တည်ထောင်နေခြင်း

Hallyu မင်းသား Bae Yong-joon (39) ဟာ music band အသစ်တစ်ခု ထူထောင် နေတယ်လို့ သိရ ပါတယ်။

Source : Bae Yong-joon to create his own idol group


Rain leads 'sexiest male lips' beats TOP and Nickhun

နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်

Monkey 3 လို့ခေါ်တဲ့ website တစ်ခုက "နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်" (Whose lips calls the Kiss?) ရွေးပွဲ စစ်တမ်းကို online မှာကောက်ယူ ခဲ့ပါတယ်။ စစ်တမ်း ရရှိချက် မှာ အောက်ဖေါ်ပြ ပါအတိုင်း ဖြစ်ပါတယ်။

Listed for the sexiest lips:-
Rain - 52% - the most kissable lips
Big Bang's TOP - 15%
Choi Seung-hyeon - 15%
2PM Nickhun - 13%
Won Bin - 9%
JYJ Kim Jun-su - 6%
Jo In-Seong - 5%

Source : Rain leads 'sexiest male lips' beats TOP and Nickhun


Stars of Popular Soap Fall in Love

သူတို့နှစ်ယောက်တွဲနေပြီး

မင်းသမီး Nam Sang-mi နဲ့ မင်းသား Lee Sang-yoon တွဲနေကြ ပြီးဆို တာကို Nam Sang-mi ရဲ့ ကိုယ်စာလှယ် agency က အတည်ပြုပေး ခဲ့ပါတယ်။

ရုပ်သံ ဇာတ်လမ်းတွဲ Life is Beautifu (SBS - 2010 ) မှာ သူတို့ နှစ်ယောက် ဟာ အတွဲအဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။ အဲဒီနောက် တွဲလာ ကြတာ ၆လ လောက်ရှိ ပြီးလို့ ဆိုပါတယ်။

Source : Stars of Popular Soap Fall in Love


Eric Makes Comeback to 'Beautiful Spy'

Eric Moon ပြန်လာပြီး

အဆိုတော် မင်းသား Eric Moon ဟာ October 30, 2010 က စစ်ထဲက ပြန်ထွက် လာပါတယ်။ မကြာမှီ KBS TV က တင်ဆက်မည့်၊ Beautiful Spy အမည်ရှိတဲ့ ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် တော့မယ်လို့ သတင်း ရရှိ ပါတယ်။

Source : Eric Makes Comeback to 'Beautiful Spy'


Pop Star Charged in Fatal Car Accident

လူသေအောင်ကားနဲ့တိုက်လိုက်မိတဲ့အဆိုတော်

Big Bang အဆိုအဖွဲ့ က အဆိုတော် Daesung (22) ဟာ ၄င်းမောင်း လာတဲ့ ကားနဲ့ လူတစ်ယောက် ကို သေအောင် တိုက်လိုက် တယ်လို့ သတင်း ရရှိ ပါတယ်။

Daesung ရဲ့ 80 km/h နဲ့မောင်း လာတဲ့ ကားဟာ လမ်းပေါ်မှာ လဲနေတဲ့ လူတစ်ယောက် ကိုတက်ကျိတ် မိပြီး လမ်းဘေးမှာ ရပ်ထားတဲ့ taxi တစ်စီး ကိုပါ ဆက်တိုက် ပြီးမှ ရပ်သွားပါတယ်။ ခွင့်ပြု အမြန်နှုံး က 60 km/h ဖြစ်လို့ မိုင်ကျော် မောင်းနှင် ခဲ့တာ ဖြစ်ပါတယ်။ အမှုကို ရဲအဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source : Pop Star Charged in Fatal Car Accident


Kwon Sang-woo: 'I Begin Filming
in Paris with Jackie Chan'

Jackie Chan နဲ့ရုပ်ရှင်ရိုက်နေတဲ့ Kwon Sang-woo

Hallyu မင်းသား Kwon Sang-woo (35) ဟာ လောလောဆယ် Paris မှာ ကမ္ဘာ ကျော်တရုတ် မင်းသားကြီး Jackie Chan နဲ့ "12 Chinese Zodiac Heads" အမည်ရှိတဲ့ ဟောင်ကောင် ရုပ်ရှင်ကား တစ်ကား ကိုရိုက်နေ ပါတယ်။ ဒီကားကို US$ 100 million ကုန်ကျဖို့ လျာထား ပါတယ်။

Kwon Sang-woo ဟာ Paris မှာ ၅ ပတ် ကားရိုက် ပြီးနောက်၊ Thailand, Dubai, Taiwan, Shanghai နဲ့ Beijing တို့မှာ နှစ်ကုန် အထိ ဆက်တိုက် ရိုက်သွား မှာဖြစ်တယ် လို့သိရ ပါတယ်။

ရုပ်ရှင် အဆင်သင့် ဖြစ်တဲ့ အခါ Jackie Chan ရဲ့ကျော်ကြား မှုကြောင့် တစ်ကမ္ဘာ လုံးမှာ တပြိုင် နက်ထဲ ဖြန့်ချီ နိုင်မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

Source : Kwon Sang-woo: 'I Begin Filming in Paris with Jackie Chan'


Girls' Generation tops Oricon Chart

Girls' Generation ဂျပန်
Oricon Weekly Chart မှာ #1 ဖြစ်ခဲ့ခြင်း

Girls' Generation ရဲ့ ဂျပန်မှာ ပထမ ဆုံး ထုတ်တဲ့ album ဟာ ဂျပန် Oricon Weekly Chart ရဲ့ #1 နေရာ ကို ရောက်ရှိခဲ့ ပါတယ်။

ထိုဂျပန် ပထမဆုံး albun ကို ဇွန်လ ၁ ရက်နေ့ မှာစတင် ဖြန့်ချီ ခဲ့ရာ၊ ကော်ပီ ၂၃၂,၀၀၀ ရောင်းချ ခဲ့ရပြီး ဖြစ်ပါတယ်။ ပထမ နေ့မှာ ကော်ပီ ၇၃,၀၀၀ ရောင်ရတယ်လို့ သိရ ပါတယ်။

Source : Girls' Generation tops Oricon Chart

End of Article - Hot News-01 July 2011
http://video.phpmyanmar.com/video/article/507/hot-news-01-july-2011

1 comment

piglet layJuly 4, 2011 - 5:42 am
I think, Big Bang's TOP is the most kissable lip!

Leave your comment

Name

You can type in both English and Myanmar (Use Zawgyi Font)

<< Type above word in this box

.
Article Link - http://video.phpmyanmar.com/video/article/507/hot-news-01-july-2011








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0228 sec