Lee Soon-jae advises idols who
are acting "kids with no basics"
သရုပ်ဆောင်အသစ်များအပေါ်
ဝါရင့်မင်းသားကြီးရဲ့အတွေး
ယခုခေတ် နာမည်ကြီး သရုပ်ဆောင် အချို့ဟာ အခြေခံ များကို ပိုင်နိုင်မှု မရှိသေးတာ တွေ့နေရ ပါတယ်။
ကျွန်တော်တို့ ခေတ်က သရုပ်ဆောင် ဆိုတာ လူတွေ တန်ဖိုး မထားတဲ့၊ ဝင်ငွေနည်းတဲ့၊ အသက်မွေး မှု ဖြစ်ပါတယ်။ အနုပညာ ဝါသနာ ကြီးသူ များသာ အငတ်ခံပြီး လုပ်ကြ တာပါ။
အခုတော့ ဒီအလုပ်ဟာ ငွေ သောက်သောက်လဲ ရနေ ပါတယ်။ တချို့ဆိုရင် ကြော်ငြာပဲ ရိုက်နေတာ တွေ့ရ ပါတယ်။ ကြွကြွလေး ရုပ်ပြ စားနေကြ ပါတယ်။ အခြေခံ လည်းမခိုင် ကြပါ။
တော်သေး တာက တကယ်သရုပ် ဆောင်နိုင်တဲ့ အနုပညာသည် အများအပြား လည်းရှိ နေတာ တွေ့ရ လို့ပါ၊ လို့ပြောသွား ပါတယ်။
Source : Lee Soon-jae advises idols who are acting "kids with no basics"
0 comment submit comments
Eom Ji-won interviews with English BBC World

BBC မှအင်တာဗျူးခံရတဲ့မင်းသမီး
BBC ဟာ နိုင်ငံပေါင်း ၂၀၀ မှာပြဖို့၊ episode ၈ ပိုင်း ပါပြီး၊ တစ်လကြာ ပြသ ရမည့်၊ The Third Eye အမည်ရှိတဲ့၊ ကိုးရီးယား နိုင်ငံ အကြောင်း documentry ရိုက်ကူးနေ ပါတယ်။
၎င်း documentry မှာထည့်သွင်းဖို့၊ မင်းသမီး Eom Ji-won ကို အင်တာဗျူး လုပ်ပြီး၊ မှတ်တမ်း တင် video ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
Source : Eom Ji-won interviews with English BBC World
0 comment submit comments
Sunny surpasses 5 million to beat out foreign films

Sunny - 2010 ရုပ်ရှင် ယခုနှစ်
အတွက်ဝင်ငွေစံချိန်တင်ခြင်း
"Sunny - 2010" အမည်ရှိတဲ့ ဟာ ပြည်တွင်း ပြည်ပ ရုပ်ရှင် များကို ကျော်တက်ပြီး၊ ဝင်ငွေ စံချိန် တင်နေ ပါတယ်။
မေလ ၄ ရက်နေ့က စပြတဲ့ ရုပ်ရှင်ဟာ အောက် ပါအတိုင်း ကြည့်သူ ရှိခဲ့ ပါတယ်။
As of 2011.06.26 : 5,731,325 admissions (total)
As of 2011.06.19 : 5,185,828 admissions (total)
As of 2011.06.12 : 4,722,788 admissions (total)
As of 2011.06.05 : 4,094,120 admissions (total)
As of 2011.05.29 : 3,423,318 admissions (total)
As of 2011.05.22 : 2,663,266 admissions (total)
As of 2011.05.15 : 1,780,667 admissions (total)
As of 2011.05.08 : 619,838 admissions (total)
As of 2011.05.01 : 61,976 admissions (total)
Source : www.cine21.com & www.kobis.or.kr
Source : Sunny surpasses 5 million to beat out foreign films
0 comment submit comments
Won Bin, joins 16 billion won
"Shanghai Project" with Heo Jin-ho?

Won Bin တရုတ်မှာရိုက်မည့် Shanghai Project
ရုပ်ရှင်မှာသရုပ်ဆောင်မှာလာ?
၁၈ ရာစုနှစ် ပြင်သစ် စာရေးဆရာ Choderlos de Lacos ရဲ့ ဝထ္ထု ကို အခြေခံပြီး၊ တရုတ်ပြည် ရှန်ဟိုင်း မြို့ကို နောက်ခံထား၍၊ ဒါရိုက်တာ Heo Jin-ho မှ Shanghai Project အမည်ရှိတဲ့ ရုပ်ရှင်ကား ကိုရိုက်ဖို့ စီစဉ် နေပါတယ်။
ဒီရုပ်ရှင် ကို တရုတ် နာမည်ကြီး သရုပ်ဆောင် များဖြစ်တဲ့ Fan Bingbing နဲ့ Zhou Xun တို့ ပါဝင်မှာ ဖြစ်ပြီး၊ US$ 15 million အကုန်ခံမှာ ဖြစ်ပါတယ်။
၎င်းရုပ်ရှင်မှာ ပါဝင်ဖို့ မင်းသား Won Bin (ထယ်စေါက်) ကိုဖိတ်ခေါ် ထားပါတယ်။ Won Bin က Hollywood နဲ့ စီစဉ် နေတဲ့ ရုပ်ရှင် ကားတစ်ကား ကိုမျှော်နေတဲ့ အတွက် ဆုံးဖြတ်ချက် မချနိုင် သေးပဲ ရှိပါတယ်။ မကြာခင် မှာတော့ အဖြေပေါ် လာမယ်လို့ အားလုံးက မျှော်လင့် နေကြ ပါတယ်။
Source : Won Bin, joins 16 billion won "Shanghai Project" with Heo Jin-ho?
0 comment submit comments
Hong Seok-cheon "My restaurants are
secret hideouts for celeb couples"

မင်းသမီးမင်းသားများခိုနားရာစါးသောက်ဆိုင်
Hong Seok-cheon ဆိုတဲ့ ပုဂ္ဂိုလ် ဟာ စါးသောက်ဆိုင်များ (restaurants) ဖွင့်ထား ပါတယ်။
SBS ရုပ်သံက တင်ဆက် နေတဲ့ "Kang Heart Special, King of Kings" မှာ Hong Seok-cheon ကသူ့ရဲ့ လျှို့ဝှက်ချက် ကိုပြောသွား ပါတယ်။
ကျွန်တော့ ဆိုင်ဟာ ထိပ်တန်း မင်းသား၊ မင်းသမီး၊ အဆိုတော် နဲ့ အခြား နာမည်ကြီး အတွဲများ ခိုနားရာ ဖြစ်ပါတယ်။
နာမည်ကျော် အတွဲများ လျှို့ဝှက် ရောက်ရှိ လာရင်၊ ၄င်းတို့ ရှိတဲ့ အထပ် (အလွှာ) မှာ အခြား ဖေါက်သည်များ မရှိအောင် လုပ်ပေး ထားလိုက် ပါတယ်။
၎င်း အတွဲများ စကားများ ကြရင်လည်း ကျွန်တော် ညှိနိုင်း ပေးလိုက်ရင် ပြေလည် သွားကြတာ များပါတယ်။
ဘယ်သူတွေ လာကြလည်းဗျာ လို့ ဗျူးတဲ့သူက မေးလိုက်တော့၊ "ဟဲဟဲ -- ဒါက ကျွန်တော့ရဲ့ လုပ်ငန်း လျှို့ဝှက် ချက်ပါ" လို့ပြန်ဖြေ သွားပါတယ်။
Source : Hong Seok-cheon "My restaurants are secret hideouts for celeb couples"
0 comment submit comments
K-Pop Invades Europe

K-Pop ကို Paris တွင်တစ်ခဲနက်အားပေးကြခြင်း
SM Entertainment ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ နဲ့ ၁၁ ရက်နေ့ တွင် Paris မြို့၌၊ SM Town Live World Tour ဆိုတဲ့ concert ကိုကျင်းပ ခဲ့ပါတယ်။ ပြင်သစ်မှ fans များဟာ တခဲနက် အားပေး ကြတာကို ဝမ်းမြောက် ဖွယ်ရာ တွေ့ရှိ ခဲ့ရ ပါတယ်။

TVXQ, Girls' Generation, Super Junior, SHINee နဲ့ f(x) အဆိုအဖွဲပ တို့မှ သီချင်း ၄၄ ပုဒ်ဆိုသွား ပါတယ်။

Fan ၁၀၀ လောက်ဟာ ကွင်းမှာ ညအိပ် စောင့်ကြ ပါတယ်။ ပရိသတ် ၇၀၀၀ ကျော် အားပေး ကြပြီး၊ ရုံပြည့် တယ်လို့ သိရ ပါတယ်။
Source : K-Pop Invades Europe
0 comment submit comments
Rain leads 'sexiest male lips' beats TOP and Nickhun

နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်
Monkey 3 လို့ခေါ်တဲ့ website တစ်ခုက "နမ်းချင်ဖွယ်အကောင်းဆုံးနုတ်ခမ်းပိုင်ရှင်" (Whose lips calls the Kiss?) ရွေးပွဲ စစ်တမ်းကို online မှာကောက်ယူ ခဲ့ပါတယ်။ စစ်တမ်း ရရှိချက် မှာ အောက်ဖေါ်ပြ ပါအတိုင်း ဖြစ်ပါတယ်။
Listed for the sexiest lips:-
Rain - 52% - the most kissable lips
Big Bang's TOP - 15%
Choi Seung-hyeon - 15%
2PM Nickhun - 13%
Won Bin - 9%
JYJ Kim Jun-su - 6%
Jo In-Seong - 5%
Source : Rain leads 'sexiest male lips' beats TOP and Nickhun
0 comment submit comments
Stars of Popular Soap Fall in Love

သူတို့နှစ်ယောက်တွဲနေပြီး
မင်းသမီး Nam Sang-mi နဲ့ မင်းသား Lee Sang-yoon တွဲနေကြ ပြီးဆို တာကို Nam Sang-mi ရဲ့ ကိုယ်စာလှယ် agency က အတည်ပြုပေး ခဲ့ပါတယ်။
ရုပ်သံ ဇာတ်လမ်းတွဲ Life is Beautifu (SBS - 2010 ) မှာ သူတို့ နှစ်ယောက် ဟာ အတွဲအဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။ အဲဒီနောက် တွဲလာ ကြတာ ၆လ လောက်ရှိ ပြီးလို့ ဆိုပါတယ်။
Source : Stars of Popular Soap Fall in Love
0 comment submit comments
Pop Star Charged in Fatal Car Accident

လူသေအောင်ကားနဲ့တိုက်လိုက်မိတဲ့အဆိုတော်
Big Bang အဆိုအဖွဲ့ က အဆိုတော် Daesung (22) ဟာ ၄င်းမောင်း လာတဲ့ ကားနဲ့ လူတစ်ယောက် ကို သေအောင် တိုက်လိုက် တယ်လို့ သတင်း ရရှိ ပါတယ်။
Daesung ရဲ့ 80 km/h နဲ့မောင်း လာတဲ့ ကားဟာ လမ်းပေါ်မှာ လဲနေတဲ့ လူတစ်ယောက် ကိုတက်ကျိတ် မိပြီး လမ်းဘေးမှာ ရပ်ထားတဲ့ taxi တစ်စီး ကိုပါ ဆက်တိုက် ပြီးမှ ရပ်သွားပါတယ်။ ခွင့်ပြု အမြန်နှုံး က 60 km/h ဖြစ်လို့ မိုင်ကျော် မောင်းနှင် ခဲ့တာ ဖြစ်ပါတယ်။ အမှုကို ရဲအဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source : Pop Star Charged in Fatal Car Accident
0 comment submit comments
Kwon Sang-woo: 'I Begin Filming
in Paris with Jackie Chan'

Jackie Chan နဲ့ရုပ်ရှင်ရိုက်နေတဲ့ Kwon Sang-woo
Hallyu မင်းသား Kwon Sang-woo (35) ဟာ လောလောဆယ် Paris မှာ ကမ္ဘာ ကျော်တရုတ် မင်းသားကြီး Jackie Chan နဲ့ "12 Chinese Zodiac Heads" အမည်ရှိတဲ့ ဟောင်ကောင် ရုပ်ရှင်ကား တစ်ကား ကိုရိုက်နေ ပါတယ်။ ဒီကားကို US$ 100 million ကုန်ကျဖို့ လျာထား ပါတယ်။
Kwon Sang-woo ဟာ Paris မှာ ၅ ပတ် ကားရိုက် ပြီးနောက်၊ Thailand, Dubai, Taiwan, Shanghai နဲ့ Beijing တို့မှာ နှစ်ကုန် အထိ ဆက်တိုက် ရိုက်သွား မှာဖြစ်တယ် လို့သိရ ပါတယ်။
ရုပ်ရှင် အဆင်သင့် ဖြစ်တဲ့ အခါ Jackie Chan ရဲ့ကျော်ကြား မှုကြောင့် တစ်ကမ္ဘာ လုံးမှာ တပြိုင် နက်ထဲ ဖြန့်ချီ နိုင်မှာ ဖြစ်တယ်လို့ သိရ ပါတယ်။
Source : Kwon Sang-woo: 'I Begin Filming in Paris with Jackie Chan'
0 comment submit comments