British Weekly Calls Hyeon Bin 'Korean Elvis'

ကိုးရီးယား Elvis Presley လို့
အခေါ်ခံရတဲ့ မင်းသား Hyeon Bin
အင်္ဂလိပ် ဂျာနယ် တစ်စောင်က မင်းသား Hyeon Bin ကို "ကိုးရီးယား Elvis Presley" လို့ တင်စားပြီး ရေးထားတာ တွေ့ရ ပါတယ်။
အမေရိကန် မင်းသား Elvis Presley ဟာ၊ ၄င်းအကျော်ကြားဆုံး ဖြစ်နေစဉ် ၁၉၅၇ ခုနှစ်မှာ မဝင် မနေရ၊ စစ်မှုထမ်း ဥပဒေ အရ၊ အမေရိကန် စစ်တပ်မှာ ၂ နှစ် စစ်မှု ထမ်းခဲ့ ပါတယ်။
မင်းသား Hyeon Bin ဟာလည်း အလားတူ ကျော်ကြား မှုအမြင့်ဆုံး ရောက်နေစဉ်၊ ကိုးရီးယား စစ်တပ်သို့ ၂ နှစ် စစ်မှုထမ်းဖို့ ဝင်ရောက် ခဲ့ပါတယ်။ လက်ရှိလည်း စစ်မှုထမ်း နေဆဲ ဖြစ်ပါတယ်။
ထို့ကြောင့် "ကိုးရီးယား Elvis Presley" လို့တင်စား ခဲ့တာ ဖြစ်ပါတယ်။
Source :
British Weekly Calls Hyeon Bin 'Korean Elvis'
0 comment submit comments
Lee Seon-gyoon "I didn't know my
wife Jeon Hye-jin-II was Miss Korea"

ကျွန်တော့မိန်းမကိုးရီးယားမယ်
ဆိုတာကျွန်တော်မသိခဲ့ပါ
မင်းသား Lee Seon-gyoon က သူ့မိန်းမ ကိုးရီးယား မယ် (Miss Korea) ဆိုတာ မသိခဲ့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောသွား ပါတယ်။
ကျွန်တော့ မိန်းမနဲ့ နာမည်တူ senior တစ်ယောက် ရှိပါတယ်။ သူလည်း ကိုးရီးယား မယ်ဖြစ်ခဲ့ ဖူးပါတယ်။
ကျွန်တော့ မိန်းမ ပုံက မယ်ပုံ မဟုတ်တော့ လုံးဝ မထင်ခဲ့ ပါဘူး၊ date လုပ်နေစဉ် က စာရင်း ထဲရှာ ကြည့်တော့ သူ့ကို၊ ကိုးရီးယား မယ်လို့ ဆိုထားတာ တွေ့ရ ပါတယ်။
တခုခု တော့လွဲနေပြီး ထင်တယ်လို့ သူ့ကို ပြောတော့၊ သူကလည်း၊ အင်းဟုတ်မယ်၊ တခုခု လွဲနေပြီး လို့၊ ပြန်ပြောခဲ့ ပါတယ်။
သူ့အိမ် လိုက်လယ် တော့မှ တကယ် ကိုးရီးယား မယ် ဖြစ်နေတာ သိခဲ့ ရပါတယ်။ ဝိုင်းလည်း ရီခဲ့ ကြပါတယ်။
မင်းသား Lee Seon-gyoon နဲ့ မင်းသမီး Jeon Hye-jin-II တို့ဟာ၊ ၂၀၀၉ ခုနှစ် က လက်ထပ်ခဲ့ ကြပါတယ်။
Source : Lee Seon-gyoon "I didn't know my wife Jeon Hye-jin-II was Miss Korea"
0 comment submit comments
Rain takes civil action against tenant in building

Rain ကသူ့အိမ်ငှားကိုတရားစွဲခြင်း
Rain က သူပိုင်တဲ့ အဆောက်အဦး မှာနေတဲ့ Mr. Park ဆိုတဲ့ အိမ်ငှားကို တရားစွဲထား ပါတယ်။
Mr. Park ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လ ထဲက ငှားရမ်း နေထိုင် ခဲ့ကြောင်း၊ ထိုစဉ် ကထဲက အိမ်ငှားခ မပေး ခဲ့သေးကြောင်း၊ အခွန်များလည်း မပေးကြောင်း၊ ဆင်းပေးဖြင်း လည်းမရှိကြောင်း စွပ်စွဲ ထားပါတယ်။
Mr. Park ဘက်ကလည်း မနှစ်က မိုးအကြီး အကျယ် ယိုပြီး သူ့လုပ်ငန်း တွေပျက် ခဲ့လို့ လျှော်ကြေး တောင်းခဲ့တာ ယခု အထိ မရ သေးကြောင်း တန်ပြန် စွပ်စွဲ ထားပါတယ်။
မေလ ၁၈ ရက်နေ့က ရုံးတော်မှာ ပထမ အကြိမ် တရားဆိုင် ခဲ့ပါတယ်။
Source : Rain takes civil action against tenant in building
0 comment submit comments
IU terrorized by laser at a University

IU being painted with laser light
အဆိုတော် IU လေဆာမီးဖြင့်အထိုးခံရခြင်း
အဆိုတော် IU ဟာ တက္ကသိုလ် တစ်ခုက လုပ်တဲ့ ပွဲတော်မှာ ဖိတ်ခေါ် ခံခဲ့ ရလို့ သီချင်း ဆိုခဲ့ ပါတယ်။ သီချင်း ဆိုနေစဉ် တစုံတစ်ဦး မှ လှမ်းပြီး လေဆာ မီးနဲ့ ထိုးခြင်း ကို ခံခဲ့ ရပါတယ်။ လေဆာ မီးဟာ အားပြင်းရင် မျက်လုံး ပျက်နိုင် ပါတယ်။

Korean Singer IU
မီးနဲ့ အထိုး ခံနေရစဉ် IU ဟာ ကျိုးစားပြီး၊ ဟန်မပျက် သီချင်းဆက် ဆိုခဲ့ ပါတယ်။ ပရိသတ် ထဲက တစုံတဦး က လုပ်တာ ဖြစ်ပါတယ်။
ကိုယ်က ဖိတ်ခေါ်လို့ လာတဲ့ ဧည့်သည်ကို ဒီလို လုပ်တာ၊ အလွန်မှ မိုက်ရိုင်းတဲ့ အပြုအမူ ဖြစ်တယ် လို့ ဝေဖန် သွားကြ ပါတယ်။
Source : IU terrorized by laser at a University
0 comment submit comments
Kim Tae-hee visits Lee Wan in army...
festivities for the base

Kim Tae-hee and brother Lee Won
Kim Tae-hee မောင်ဖြစ်သူစစ်သားကြီး
Lee Won ထံသွားလယ်ခြင်း
မင်းသမီး Kim Tae-hee ဟာ စစ်မှုထမ်း နေတဲ့ မောင်ငယ် ဖြစ်သူ Lee Won ထံ မကြာမှီက သွားလယ် ခဲ့ပါတယ်။
သူ့ထံ လာလယ်ရင်၊ autograph ၅၀၀ ထိုးပေးဖို့ အစ်မ ထံမှ ဂတိ တောင်းထား ခဲ့ဖူး ပါတယ်။ ထို့ကြောင့် Lee Won ရဲ့ ရဲဘော် ရဲဖက် များက လက်မှတ် ထိုးဖို့ T-Shirt တွေနဲ့ အသင့် စောင့်နေ ကြပါတယ်။

Lee Won's comrades having a
good time because of her visit
မင်းသမီး ကလည်း မောင်လုပ်သူ မျက်နှာ ရှိအောင်၊ မငြီးမငြူ လက်မှတ် ထိုးပေး ခဲ့ပါတယ်။
မင်းသား Lee Won ရဲ့ ရဲဘော် (comrades) တွေအတွက် ကတော့၊ မင်းသမီး ကိုလည်းမြင်ရ၊ autograph လည်းရ၊ ဆိုတော့၊ ပွဲတော် ကြီးပါပဲ။
Source : Kim Tae-hee visits Lee Wan in army... festivities for the base
0 comment submit comments
Jeong Woo-seong returns from Japan...
no more activities for a while

တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ Jeong Woo-seong
မင်းသား Jeong Woo-seong ဟာ မကြာခင်ကမှ မင်းသမီး Lee Ji-ah နဲ့ date စတင် လုပ်ခဲ့ ပါတယ်။
မင်းသမီး Lee Ji-ah ဟာ နာမည်ကြီး အဆိုတော် Seo Tai-ji နဲ့ အိမ်ထောင် ကျခဲ့ တာ ၁၅ နှစ်ခန့် ရှိပြီး၊
၂၀၀၆ က ကွာရှင်း ထားတာ ဆိုတဲ့ သတင်း ရုတ်တရက် ထွက်ပေါ် ခဲ့ပြီးနောက်၊ Jeong Woo-seong ဟာ တော်တော် စိတ်ထိခိုက် ပြီး၊ ရှက်လည်း ရှက်သွား ပုံရ ပါတယ်။
နောက်တော့ Fuji TV နဲ့ ရိုက်မဲ့ ဇာတ်လမ်းတွဲ Good Life ကို ရိုက်ဖို့ ဂျပန် ကို ထွက်သွား ပါတယ်။
ဂျပန်မှာ ၂ ပတ်ကြာ ခဲ့ပြီး မေလ ၁၅ ရက်နေ့ က ကိုးရီးယား ကိုပြန်လာ ခဲ့ပါတယ်။ လေဆိပ်မှာ စောင့်နေ ကြတဲ့ သတင်းထောက် တွေကို ဘာမှ မပြောပဲ၊ ခပ်သုပ်သုပ် ပဲ ထွက်ခွာ သွားတယ်လို့ သိရ ပါတယ်။
လောလော ဆယ်တော့ မင်းသားဟာ ငြိမ်နေ ပါတယ်။ လူတွေ ကတော့ သူ့ကိုပဲ စိတ်ဝင်စါး နေကြ ပါတယ်။
Source : Jeong Woo-seong returns from Japan... no more activities for a while
0 comment submit comments
Lee Byeong-heon's secret is elevator shoes

စိတ်မလုံတဲ့မင်းသား
မင်းသား Lee Byeong-heon ဟာ ကမ္ဘာသိ နာမည်ကြီး မင်းသား ဖြစ်ပါတယ်။ ဒီတော့ မိမိ ကိုယ် မိမိ ယုံကြည်ချက် ရှိပြီး ခပ်တင်းတင်း နေတယ်လို့ ထင်ရင် မှားသွား ပါလိမ်မယ်။
သူဟာ အရပ် (height) နဲ့ ပတ်သက်ပြီး စိတ်မလုံသူ (self conscious) တဦး ဖြစ်တယ်လို့၊ ဝေဖန်သူ အချို့က ထောက်ပြ လာကြပါတယ်။
အပေါ်ပုံမှာ မင်းသားရဲ့ မိတ်ဆွေက ခြေထောက် ကားရပ်ပြီး၊ မင်းသားနဲ့ အရပ် တူအောင် လုပ်ပြီး ဓါတ်ပုံ ရိုက်ထာတာ တွေ့ရ ပါတယ်။

ထို့ပြင် အကြာမှီက တက်ရောက် ခဲ့တဲ့ ပွဲတပွဲ မှာ မင်းသား ဟာ ခွာမြင့် ဖိနပ် စီးပြီး တက်ရောက် လာတာ ကို တွေ့ခဲ့ ရပါတယ်။ မင်းသားလည်း လူပဲလေ။
Source : Lee Byeong-heon's secret is elevator shoes
0 comment submit comments
Ex-member of SG Wannabe commits suicide

အဆိုတော်ဟောင်းတစ်ဦးသတ်သေခြင်း
SG Wannabe အဆို အဖွဲ့ ရဲ့ အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်သူ Chae Dong-ha (30) ဟာ ၄င်းရဲ့ နေအိမ်မှာ မိမိ ကိုယ် မိမိ သတ်သေ သွားတယ်လို့ သတင်းရရှိ ပါတယ်။
သူ့ရဲ့ agent ရဲ့ အဆိုအရ Chae ဟာ အခု တလော၊ စိတ်ဓါတ် ကျနေတယ် လို့ဆို ပါတယ်။ သူနဲ့ အဆက် အသွယ် မရလို့၊ ရဲကို အကြောင်းကြား ခဲ့ပြီးနောက်၊ ယခုလို တွေ့ရှိ ရတာ ဖြစ်ပါတယ်။
Source : Ex-member of SG Wannabe commits suicide
0 comment submit comments
Seo Taiji refuses withdraw the alimony case

တရားစွဲခြင်းရပ်စဲတာကိုခင်ပွန်းဟောင်းကလက်မခံပါ
မကြာမှီ က မင်းသမီး Lee Ji-ah ဟာ အဆိုတော် Seo Taiji ထံမှ မယား စရိတ်နဲ့ ပိုင်ဆိုင်မှု တစ်ဝက် ရလိုကြောင်း တရားစွဲဆိုခဲ့ ပါတယ်။ ဒီသတင်း ဟာ ဟိုးလေး တကျော် ဖြစ်ခဲ့ ပါတယ်။
ဧပြီလ ၃၀ ရက်နေ့ မှာ မင်းသမီးက အမှုကို ရုတ်သိမ်းကြောင်း ရုံးတော် သို့ လျှောက်ထား ခဲ့ပြန် ပါတယ်။ ပွဲပြီးသွာပြီး လို့လူအများ က ယူဆခဲ့ကြ ပါတယ်။ ဒါပေမဲ့ ပွဲက ပြီးမသွား ပါဘူး။
အမှုရုတ်တာ ကို ခင်ပွန်းဟောင်း Seo Taiji က လက်မခံ ခဲ့ပါ။ သူ့ဘက်က တင်ပြချက် က၊ ပိုင်ဆိုင်မှု တစ်ဝက် ကိစ္စက နောက်ထပ် တခါ တရားပြန်စွဲ လို့မရ ပေမဲ့၊ မယား စရိတ် ကိစ္စက၊ အမြဲတမ်း ပြန်စ နိုင်တယ် လို့ ဆိုပါတယ်။
ထို့ကြောင့်၊ တစ်ခါ ထဲနဲ့ ကိစ္စပြတ် အောင်၊ အမှူကို ဆက်စစ် စေပါတယ်။ ရုံးတော်မှာ အမှုဆိုင် ခြင်းကို မေလ ၂၃ ရက်နေ့က နှစ်ဖက် ပြုလုပ်ခဲ့ ကြပါတယ်။
Source :
Seo Taiji refuses withdraw the alimony case
Lee drops lawsuit against Seo
0 comment submit comments