မင်းသမီး Lee Ji-ah အိမ်ထောင်သက်
၁၅နှစ်ခန့်ရှိပြီးဆိုခြင်း

Lee Ji-ah as a super secret agent in drama ATHENA
နာမည်ကြီး မင်းသမီး Lee Ji-ah (33) ဟာ နာမည်ကြီး အဆိုတော် Seo Tai-ji နဲ့ အိမ်ထောင် ကျခဲ့ တာ ၁၅ နှစ်ခန့် ရှိပြီး ဆိုတဲ့ သတင်း ရုတ်တရက် ထွက်ပေါ် ခဲ့ပြီးနောက် ကိုးရီးယား သတင်း လောက တစ်ခုလုံး ပွက်လောရိုက် လျက်ရှိ ပါတယ်။
အဆိုတော် Seo Tai-ji ထံမှ မယား စရိတ်နှင့် ပိုင်ဆိုင်မှု တစ်ဝက် ရလိုကြောင်း မင်းသမီး Lee Ji-ah မှ ရုံးတော်တွင် ဦးတိုက် လျှောက်ထား ခဲ့ပြီးနောက် မင်းသမီး ရဲ့ လျှို့ဝှက် အိမ်ထောင်ရေး ကိစ္စ ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် Seo Tai-ji ရဲ့ ပိုင်ဆိုင်မှု မှာ အထူး လျို့ဝှက်ချက် ဖြစ်ခဲ့ ပေမဲ့၊ မင်းသမီး Lee Ji-ah ရဲ့တရား စွဲဆိုချက် အရ won 50 billion (1US$=W1,081) ခန့်ရှိတယ် လို့သိရ ပါတယ်။
မင်းသမီးဟာ အဆိုတော် Seo Tai-ji နဲ့ အသက် ၁၅ နှစ်သမီး အရွယ်မှာ စတင် သိကြွမ်းခဲ့ပြီး အသက် ၂၀ လောက်မှာ (1997) USA တွင် လက်ထပ် ခဲ့ကြလို့ မင်းသမီးရဲ့ ငယ်ကြွမ်းဆွေ လို့လည်း ဆိုနိုင် မယ်လို့ ထင်းပါတယ်။
ကွာရှင်း မှုကို ၂၀၀၆ မှာ လျှောက်ထား ခဲ့ပြီး ၂၀၀၉ မှာ အတည် ပြုချက် ရခဲ့တယ် လို့ဆို ပါတယ်။ ကွာရှင်းကြေး တွေကို နှစ်ဖက် လျှို့ဝှက် ညှိနှိုင်း ခဲ့တာ အဆင် မပြေ ကြလို့ အခုလို ပေါ်ထင် တရားစွဲခဲ့ ရတာ လို့ သိရ ပါတယ်။

Lee Ji-ah debut as lead actress with top star
Bae Yong-joon in popular drama LEGEND
မင်းသမီး Lee Ji-ah ဟာ အနုပညာ လောကကို နာမည်ကြီး ဇာတ်လမ်းတွဲ LEGEND မှာ ခေါင်းဆောင် မင်းသမီး အနေနဲ့ ခြေချခဲ့ ပါတယ်။ LEGEND ရဲ့ခေါင်းဆောင် မင်းသား ကတော့ ထိပ်တန်း မင်းသားကြီး Bae Yong-joon ဖြစ်ပါတယ်။

Lee JI-ah as "Sujini" in drama LEGEND
ရာဇဝင် LEGEND ဇာတ်လမ်းတွဲ မှာ "ဆူဂျင်နီ" အဖြစ် သရုပ်ဆောင် ခဲ့ပြီး တစ်ကား ထဲနဲ့ နာမည်ကျော် ထိပ်တန်း မင်းသမီး ဖြစ်သွား ခဲ့ပါတယ်။
မင်းသမီး Lee Ji-ah ဟာ အလယ်တန်း ကျောင်းသူ ဘဝထဲက USA သို့ မိဘ များနဲ့ လိုက်ပါ သွားခဲ့ပြီး USA မှာပဲ ပညာသင် ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား၊ ဂျပန် နဲ့ အင်္ဂလိပ် သုံးဘာသာ ကို ရေလည်စွာ ပြောနိုင်သူ ဖြစ်ပါတယ်။

Drama ATHENA
မင်းသမီး Lee Ji-ah ယနေ့အထိ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲ များ ကတော့ Athena: Goddess of War (SBS, 2010), Telecinema The Fool That I Love (SBS, 2010),
Style (SBS, 2009),
Beethoven Virus (MBC, 2008) နဲံ
The Legend (MBC, 2007) စသည်တို့ ဖြစ်ပါတယ်။

Lead actor of drama ATHENA
Jeong Woo-seong is dating with Lee Ji-ah
မင်းသမီး Lee Ji-ah ဟာ ATHENA ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင် မင်းသား Jeong Woo-seong နဲ့ date လုပ်နေကြောင်း မကြာမှီ က နှစ်ဖက် agencies များက အတည်ပြု ကြေငြာ ထားခဲ့ပါတယ်။
မင်းသား Jeong Woo-seong ဟာ အထက်ပါ သတင်း တွေကြောင့် အလွန် အံ့သြ တုန်လှုပ် ခဲ့ပြီး၊ သူငယ်ချင်း များနဲ့ အရက်ပဲ ဖိသောက် နေတယ်လို့ ပြောနေ ကြပါတယ်။
မင်းသမီး Lee Ji-ah မှ မင်းသား Jeong Woo-seong ကို တရားဝင် တောင်းပန် ထားတယ် လို့လည်း ပြောနေ ကြပါတယ်။
မင်းသမီး Lee Ji-ah ရဲ့ profile ကတော့ အောက်ဖေါ် ပြပါ အတိုင်း ဖြစ်ပါတယ်။
Profile
- Name: Lee Ji Ah
- Profession: Actress, singer
- Birthdate: 1981-Feb-02
- Birthplace: Seoul, South Korea
- Height: 168cm
- Weight: 48kg
- Star sign: Aquarius
- Blood type: A
- Talent agency: KEYEAST
TV Shows
Recognitions
Trivia
- Education: Pasadena Art Center College of Design (Pasadena, California, United Sates)
- Languages: Korean, English and Japanese
- Lee grew up in California, United States
- Released a single called "Love Virus"
External Links
Retrieved from http://wiki.d-addicts.com/
Links
Seo Taiji's secret marriage (and divorce) exposed
Jeong Woo-seong "Knows nothing about Lee Ji-ah and her divorce"
Lee Ji-ah "I truly loved Seo Taiji"
Lee Ji-ah "I am sorry to Jeong Woo-seong"
Seo Tai-ji Worth an Estimated W40-50 Billion
Seo Tai-ji Scandal Sends Rumor Mill into Overdrive
Jeong Woo-seong Reportedly Having Hard Time
Mystery Deepens Over Seo Tai-ji's Secret Marriage to Lee Ji-ah
http://en.wikipedia.org/wiki/Lee_Ji-ah
Profile of Lee Ji-ah

Tags:
korean singer |
korean actress |
korean drama |
korean news |
korea
Leave your comment