လက်ဝှေ့ချန်ပီယံ F4 မင်းသမီး

Actress Lee Si Young Wins Boxing Championship Title
F4 မင်းသမီး Lee Si Young (29) ဟာ (၇) ကြိမ်မြောက် ကိုးရီယား National Amateur Championships ရဲ့ ချန်ပီယံ ဆုကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ်။
ထိုကဲ့ကို့ ချန်ပီယံ ဆုကို ဆွတ်ခူး ပြလိုက် ခြင်းဖြင့် ၄င်းရဲ့ fans များနဲ့ media လောကကို တုန်လှူပ် သွားစေ ခဲ့ပါတယ်။
ဆုယူစဉ် မှာ မင်းသမီး ဟာ မျက်ရည်များ ကျခဲ့ ပါတယ်။ "ကျွန်မ ဝင်ပြိုင် စဉ်က ဗိုလ်လုပွဲ မှာ အနိုင် ရမယ်လို့ လုံးဝ မမျှော်လင့် ခဲ့ပါဘူး" လို့လည်း ပြောသွားပါတယ်။

Lee Si Young the beauty
မင်းသမီးကို TV Drama တစ်ခုမှာ လက်ဝှေ့မယ် အဖြစ် ပါဝင်ဖို့ အစီအစဉ် ရှိခဲ့ဘူး ပါတယ်။ ထို့ကြောင့် မင်းသမီး ဟာ လက်ဝှေ့ လေ့ကျင့်ခဲ့ ပါတယ်။ သို့ပေမဲ့ အဆိုပါ TV Drama ဟာ မရိုက် ဖြစ်ပဲ ပျက်သွား ခဲ့ပါတယ်။
ထို့နောက်မှာ မင်းသမီးဟာ လက်ဝှေ့ ဝါသနာ ပါသွားပြီး ဆက်လက် လေ့ကျင့် ရာက ယခု ကဲ့သို့ champion ဆုကို ရရှိတဲ့ အထိ တိုးတက် လာခဲ့တာ ဖြစ်ပါတယ်။
48-kilogram အတန်းမှာ မင်းသမီး ဟာ Hong Soo Hwan’s Star Boxing Club ဘက်မှ ထိုးသတ်ပြီး၊ ပြိုင်ဖက် ဖြစ်တဲ့ Sung So Mi (17) က Cheng-Am High School - Suncheon မှဖြစ် ပါတယ်။

Lee Si Young landing a punch
အရပ်ရော လက်တံပါ ရှည်တဲ့ မင်းသမီး ရဲ့ ထိုးချက်များ ဟာ အတော် ထိမိတယ် လို့လည်း သိရ ပါတယ်။
Champion ပွဲအတွက် ပြင်ဆင် လေ့ကျင့် ရာမှာ။ မင်းသမီး ဟာ မနက်တိုင်း ၄ မိုင်ခန့် ပြေးခဲ့ပြီး၊ ညနေတိုင်း ၂နာရီ အထိုး လေ့ကျင့် ခဲ့ပါတယ်။ နည်းပြ ကတော့ WBA bantamweight and super bantamweight champion ဟောင်း Hong Soo-hwan ဖြစ်ပါတယ်။
ဒိုင်လူကြီး ဟာ တတိယ အချီ ထိုးသတ်လို့ ၁ မိနစ် ၄၀ စက္ကန့် အကြာမှာ ဒိုင်ပွဲရပ် နဲ့ မင်းသမီးကို အနိုင်ပေး ခဲ့တာ ဖြစ်ပါတယ်။

Sexy Lee Si Young
မင်းသမီးရဲ့ profile ကတော့ အောက်ဖေါ်ပြပါ အတိုင်း ဖြစ်ပါတယ်။
Profile
- Name:Lee Si Young (Yi Shi Yeong)
- Profession: Actress, model, singer
and boxer
- Birthdate: 1982-Apr-17
- Birthplace: South Korea
- Height: 169cm
- Weight: 48kg
- Star sign: Aries
- Blood type: B
- Talent agency: GnG Production & Management
TV Shows
Recognitions
External Links
|
Links
Actress Lee Si Young Wins Boxing Championship Title
Lee Si-young Wins Boxing Championship
A boxing beauty: Actress wins title
Lee Si Young (http://wiki.d-addicts.com)
Lee Si-young (http://en.wikipedia.org)
Tags:
korean actress |
korean news |
korea
Leave your comment