Posted By - Ko Ko - February 18, 2011

အတိုအထွာသတင်းများ(၄၂)


Glam picture book

အွန်စောရဲ့စိတ်ကြိုက်ဓါတ်ပုံများစာအုပ်

ဖက်ရှင် အရောင်း လုပ်ငန်း BOONTHESHOP နဲ့ Song Hye-kyo (အွန်စော) တို့ပူးပေါင်း ပြီး ၅ နှစ်တာ ရိုက်ထားတဲ့ မင်းသမီး ရဲ့ ဓါတ်ပုံများ စာအုပ်ကို ထုတ်ဝေ ခဲ့ပါတယ်။

အုပ်ရေ ၂၀၀၀ သာထုတ်ဝေ ခဲ့ပြီး တစ်အုပ်ကို US$ 108 နဲ့ရောင်း ချမှာ ဖြစ်ပါတယ်။ စာအုပ် ရောင်းလို့ ရတဲ့ ငွေကို အလှူငွေ အဖြစ် သုံးမှာ ဖြစ်ပါတယ်။

Source :
Glam picture book
Son Hye-kyo, VIP marketing dispute "For 1%? Just charity"


Hyeon Bin volunteers to join Marine Corps

Hyeon Bin စစ်ထဲဝင်တော့မည်

မင်းသား Hyeon Bin (29) ဟာ ကိုးရီးယား နိုင်ငံရဲ့ မဝင် မနေရ စစ် ဥပဒေ အရ မကြာမှီမှာ ၂နှစ် စစ်မှုထမ်း တော့မှာ ဖြစ်ပါတယ်။ မင်းသားဟာ ကိုးရီးယား Marine တပ်ဖွဲ့မှာ ဝင်ရန် လျှေက်လွှာ တင်ထား တယ်လို့ သိရ ပါတယ်။

Source :
Hyeon Bin volunteers to join Marine Corps
Hyeon Bin... gets permission to step on the Berlin Red Carpet


'Oska' socks selling for 4000won

မင်းသားပုံပါတဲ့ခြေအိတ်ရောင်းတော့မည်

မကြာမှီ က ပြပြီး သွားတဲ့ Secret Garden ဇာတ်လမ်းတွဲ မှာ Gil La-im (မင်းသမီး Ha Ji-won) ဟာ သူအလွန် နှစ်သက်တဲ့ အဆိုတော် Oska (Yoon Sang Hyun) ရဲ့ ပုံပါတဲ့ ခြေအိတ် ကို ဖက်ရှင် အဖြစ် ဝတ်ပြခဲ့ ပါတယ်။

ဒါကို မိန်းခလေး တွေက ကြိုက်နှစ်သက် ကြလို့ 'Oska socks' လို့အမည် ပေးထားတဲ့ အလားတူ ခြေအိပ် တွေကို တစ်စုံ won 4000 နဲ့ ဆိုင်တင် ရောင်ချ ပေးနေတယ် လို့ သိရ ပါတယ်။

Source : 'Oska' socks that made Hyeon Bin jealous selling for 4000won


Jang Dong-gun, Ha Ji-won, Hero
get together in "10 Billion drama"

Jang Dong-gun, Ha Ji-won
နဲ့ Hero တို့ရဲ့ဇာတ်လမ်းတွဲအသစ်

Jang Dong-gun, Ha Ji-won နဲ့ Hero တို့ သုံးဦး ပေါင်းပြီး "Hanbando - Drama" လို့ အမည် ရှိတဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိပါတယ်။ ဒီ ဇာတ်လမ်းတွဲ ဟာ 10 billion won ကုန်ကျ မှာဖြစ်ပြီး လာမည့် ဇူလိုင် လမှာ စတင် ရိုက်ကူးခါ အောက်တိုဘာ လမှာ ပြသ မယ်လို့ သိရ ပါတယ်။

Source : Jang Dong-gun, Ha Ji-won, Hero get together in "10 Billion drama"


Lee Seo-jin appointed as director
of Asset Management company

ကုမ္ပဏီဒါရိုက်တာဖြစ်လာတဲ့မင်းသား

မင်းသား Lee Seo-jin ရဲ့ မိသားစု ဟာ လုပ်ငန်းရှင် များဖြစ်ကြ ပါတယ်။ မင်းသားဟာ New York University က "Diploma in Management" ရထားသူ ဖြစ်ပါတယ်။ အဖိုးက Seoul Bank နဲ့ Jae-il Bank တို့ရဲ့ President ဖြစ်ပြီး၊ အဖေက Ahn Heung Mutual Trust Safe လုပ်ငန်းက အရာရှိ တစ်ဦး ဖြစ် ပါတယ်။

Ask Veritas Assets Management က မင်းသား Lee Seo-jin ကို ၄င်းတို့ ကုမ္ပဏီ ရဲ့ "Global Contents2 Director of Headquarters" အဖြစ် ခန့်အပ်ကြောင်း မကြာမှီက ထုတ်ပြန် ကြေငြာခဲ့ ပါတယ်။

Source : Lee Seo-jin appointed as director of Asset Management company


Kim Jae-wook - We will be a rock
band with no compromise

ကျွန်တော်တို့ကတော့ Rock Band
ထက်တပြားမှမလျှော့နိုင်ပါ

မင်းသား Kim Jae-wook ဦးစီးတဲ့ "WALRUS" Rockband ရဲ့ ပထမ ဆုံး Fan Meet ကို Japan နိုင်ငံ Sibuya CC Lemon Hall မှာ မကြာမှီက ပြုလုပ် ခဲ့ရာ fans ၂၀၀၀ ကျော် တက်ရောက် တယ်လို့ သိရ ပါတယ်။

ကျွန်တော်တို့ အဖွဲ့ဟာ ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆို တီးမှုတ် မှာဖြစ်ပြီး၊ အင်အား အပြည့် စိုက်ထုတ် သွားမှာ ပါလို့ fans များကို မင်းသားက ပြောကြား သွားပါတယ်။

Source : Kim Jae-wook "We will be a rock band with no compromise"


BoA to Debut in Hollywood

ဟောလီဝုဒ်မှခြေချတော့မဲ့ BoA

အဆိုတော် BaO (25) ဟာ အမေရိကန် မင်းသား Derek Hough ("Dancing with the Stars", "Footloose: The Musical") နဲ့တွဲဖက် ပြီး 'COBU 3D' အမည် ရှိတဲ့ dance movies တစ်ကား ကို ခေါင်းဆောင် မင်းသမီး အဖြစ် ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ ကတော့ "Save the Last Dance", "Step Up" စတဲ့ အောင်မြင်တဲ့ ရုပ်ရှင် များကို ရိုက်ကူး ခဲ့တဲ့ နာမည်ကျော် Duane Adler ဖြစ်ပါတယ်။

ရိုက်ကူးမှာ ကတော့ 3D dance movie ဖြစ်ပြီး love story ဖြစ်ပါတယ်။ Toronto နဲ့ New York တို့မှာ လာမည့် နွေဦးမှာ စတင် ရိုက်ကူး မှာဖြစ် ပါတယ်။

Source : BoA to Debut in Hollywood


Hyeon Bin Stops Traffic in Downtown Seoul

အလွန်ပေါ်ပြူလာဖြစ်လာတဲ့ Hyeon Bin

မကြာမှီ က ပြသလို့ ပြီးသွားတဲ့ Secret Garden ဇာတ်လမ်းတွဲ ပြီးနောက်မှာ မင်းသား Hyeon Bin (29) ဟာ အရင်ကထက် ပိုပြီး ပေါ်ပြူလာ ဖြစ်လာ ပါတယ်။

Seoul မြို့ Sogong-dong ရပ်ကွက် Lotte Department Store မှာ မင်းသား ဟာ autographs ထိုးပွဲ ပြုလုပ် ခဲ့ပါတယ်။

မင်းသားကို တွေ့ဖို့ လာတဲ့ ပရိသတ် ကများလွန်း လို့ ရပ်ကွက် တစ်ခုလုံး ယာဉ်ကြောတွေ ပိတ်ဆို့ သွားခဲ့ ပါတယ်။ ရာသီဥတု ဟာ သုညအောက် ရောက် နေသော်လည်း လူအုပ်က အစောကြီးထဲက ရောက်နေ ပါတယ်။ ဂျပန်က fans အများ အပြားလည်း အထူး အစီအစဉ် နဲ့ ရောက်လာ ကြတယ် လို့ သိရ ပါတယ်။

USA မှာ မင်းသားဟာ တရုတ် မင်းသမီး Tang Wei (31) နဲ့ လွန်ခဲ့တဲ့ စက်တင်ဘာ လမှာ "Late Autumn - 2010 (Manchu)" အမည်ရှိ ရုပ်ရှင် ရိုက်စဉ် ကလည်း၊ ရိုက်ကွင်း မှာရှိတဲ့ အမေရိကန် အမျိုးသမီး များအကြား မှာ အလွန်မှ ရေပန်းစား တယ်လို့ ဆိုပါတယ်။ မင်းသားဟာ ကြော်ငြာလည်း အလွန် ရိုက် နေရတယ် လို့သိရ ပါတယ်။

Source : Hyeon Bin Stops Traffic in Downtown Seoul
Actor Hyeon Bin is on the rise in America, too
Hyeon Bin The Advertisement King


Jo In-seong Received Appreciation Plaque
For His Role As Promotions Ambassador

စစ်ထဲရောက်နေတဲ့ Jo In-seong ရဲ့သတင်း

မင်းသား Jo In-Seong ဟာ ၂ နှစ် မပြည့် သေးလို့ စစ်မှုထမ်း နေဆဲ ဖြစ်ပါတယ်။ စစ်တပ် နဲ့ လူထု အကြား ဆက်ဆံရေး တိုးတက်ဖို့ အတွက် မင်းသားမှ ဆောင်ရွက် ခဲ့မှုများ အတွက် ကျေးဇူးတင် အသိအမှတ် ပြုလွှာကို Korea Military Administration မှ မင်းသားအား ပေးအပ်ခဲ့ ပါတယ်။

မင်းသားဟာ ၂၀၀၉ ဧပြီး မှာ တပ်ထဲသို့ ဝင်ခဲ့ပြီး ၂၀၁၁ မေလ ၄ ရက်နေ့မှာ ၂ နှစ် ပြည့်မြောက် တဲ့အတွက် တပ်ကနေ ထွက်ခွင့် ရမှာ ဖြစ်ပါတယ်။

Source : Jo In-seong Received Appreciation Plaque For His Role As Promotions Ambassador


Ha reflects on the success of 'Secret Garden'

နာမည်ကြီးသထက်ကြီးလာတဲ့ Ha Ji-won

မကြာမှီ က ပြသ ပြီးသွားတဲ့ Secret Garden ဇာတ်လမ်းတွဲ မှာ Gil Ra-im အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Ha Ji-won ဟာ အလွန်မှ ပေါ်ပြုလာ ဖြစ်လျက် ရှိပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ Secret Garden ရိုက်လို့ ပြီးဆုံး ပြီးနောက်၊ Ha Ji-won ဟာ တစ်ရက် လုံးလုံး ခြေပစ် လက်ပစ် အနားယူ ခဲ့ပါတယ်။

"ကျွန်မဟာ အိမ်မက် ကနေ နိုးထ လာသလို ဖြစ်နေ ပါတယ်၊ အိပ်ယာ ကနေ သေသေ ချာချာ မနိုး သေးတဲ့ သူလို ဖြစ်နေ ပါတယ်" လို့ မင်းသမီး က ပြောသွား ပါတယ်။

ဇာတ်လမ်းတွဲ ရိုက်နေစဉ် သူ့ကိုယ်သူ ဇါတ်ကောင် Gil Ra-im အဖြစ် နေရော ညပါ ဈာန်သွင်း ထားတယ်လို့ ဆိုပါတယ်။

အက်ရှင်ခန်း အတော် များများကို ကိုယ်တိုင် လူစား မထိုးပဲ သရုပ်ဆောင် ခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက် က အမေရိကန် မင်းသမီး Angelina Jolie ကဲ့သို့ စတန့် အက်ရှင် ခန်းတွေကို ကိုယ်တိုင် သရုပ်ဆောင် ဖို့ပဲ ဖြစ်တယ်လို့ ပြောသွား ပါတယ်။

Source : Ha reflects on the success of 'Secret Garden'


Choi Ji-woo to come back with "Medical College"

Choi Ji-woo ရဲ့ဇာတ်လမ်းတွဲအသစ်

မင်းသမီး Choi Ji-woo ဟာ Medical College အမည်ရှိ ဇာတ်လမ်းတွဲ အသစ်မှာ ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။

Star's Lover (2009) ဇာတ်လမ်းတွဲ ရိုက်ပြီး ကတည်းက Choi Ji-woo ဟာ ကားဆက် ပြတ်နေတာ ၂နှစ် လောက်ရှိ သွားပါပြီး။ ဇာတ်လမ်းတွဲ ကို ၂၀၁၁ နှစ်လယ် လောက်မှာ ရိုက်ကူး မယ်လို့ သိရ ပါတယ်။

Source : Choi Ji-woo to come back with "Medical College"


Rain, "can load pictures on Twitter"
escapes computer illiteracy

Rain ကွန်ပျူတာသုံးတတ်ပြီး :-)

ကွန်ပျူတာ " အသုံးလုံး" မကျေသူ လို့ နာမည်ကြီး နေတဲ့ မင်းသား Rain ဟာ "ကျွန်တော် ကွန်ပျူတာ နဲ့ ဓါတ်ပုံ upload လုပ်နိုင်ပြီး" လို့ရပြီး လို့ twitter မှာရေးတယ် ဆိုပဲ။

ကွန်ပျူတာ " အသုံးလုံး" မကျေ ကြောင်း ကို သူကိုယ်တိုင် ဝန်ခံ ထားရာက အခုတော့ နည်းနည်း သုံးတတ် လာပြီး ဖြစ်ပါတယ်။ (Congratulation Rain)

Source : Rain, "can load pictures on Twitter" escapes computer illiteracy


Yoon Eun-hye reveals more uniform
pictures "When will I wear it again?"

Yoon Eun-hye ကျောင်းသူဝတ်စုံနှင့်ပုံများ

မင်းသမီး Yoon Eun-hye ဟာ My Black Mini Dress လို့အမည် ရှိတဲ့ ရုပ်ရှင်ကား ရိုက်နေ ပါတယ်။ အဲဒီမှာ ကျောင်းသူလေး အသွင်နဲ့ သရုပ်ဆောင် မှာဖြစ် ပါတယ်။

သူ့ agency က ဒီရုပ်ရှင် ထဲက နမူနာ ပုံတွေကို ထုတ်ပြန် ပါတယ်။ အသက် ၂၇ နှစ်ရှိပြီး ဖြစ်တဲ့ Yoon Eun-hye ဟာမ ယုံနိုင် လောက်အောင် ငယ်နေ ပါတယ်။

ဒီရုပ်ရှင် ကားမှာ Yoon Eun-hye ဟာ Lee Yong-woo, Park Han-byeol, Cha Ye-ryeon, Yoo In-na နဲ့ U-Kiss အဆို အဖွဲ့ မှ Dong Ho တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။

Source : Yoon Eun-hye reveals more uniform pictures "When will I wear it again?"
Yoon Eun-hye, student transformation "baby face"


Lee Young-ae, pregnant with boy.girl twins

"ချန်ဂင်" အမွှာမွေးတော့မည်

နာမည်ကျော် "နန်းတွင်ရတနာ" ဇာတ်လမ်း တွဲမှာ ချန်ဂင် အဖြစ် သရုပ်ဆောင် ခဲ့တဲ့ Lee Young-ae ဟာ မကြာမှီ က လက်ထပ် ခဲ့ပါတယ်။

အခု ကိုယ်ဝန် ရှိနေလို့ စစ်ဆေး ကြည့်တဲ့ အခါမှာ၊ ယောက်ကျားလေး နဲ့ မိန်းခလေး အမွှာ မွေးမယ်လို့ သတင်းရရှိ ပါတယ်။

Source :
Lee Young-ae, pregnant with boy.girl twins... focus on prenatal education
Actress Lee Young-ae To Give Birth In February


Kim Tae-hee, pretty short cut

ဆံတိုလေးနဲ့ Kim Tae-hee

My Princess (MBC) အမည်ရှိ ဇာတ်လမ်းတွဲ episode 7 မှာ မင်းသမီး Kim Tae-hee ကို ချစ်စဖွယ် ဆံတို လေးနဲ့ တွေ့ရ ပါတယ်။

မင်းသမီး ဟာ ဆံပင် ဖြတ်လိုက်တာ မဟုတ်ပါ၊ ဆံပင် အတု (wig) ဝတ်ပြီး သရုပ် ဆောင်တာလို့ သိရ ပါတယ်။

Source : Kim Tae-hee, pretty short cut... energy fight with Park Ye-jin


Koo Hye-seon, directs Seoul International
Female Film Awards official trailer

Koo Hye-seon ဒါရိုက်တာအဖြစ်ခန့်အပ်ခံရခြင်း

သက်ဆိုင်ရာ တို့က ၁၃ ကြိမ်မြောက် Seoul International Female Film Awards ပွဲတော် အတွက် ကြော်ငြာ trailer ရိုက်ဖို့ စီစဉ် နေပါတယ်။

ဒီ ကြော်ငြာ trailer ရုပ်ရှင် ရဲ့ ဒါရိုက်တာ အဖြစ် မင်းသမီး Koo Hye-seon ကို ခန့်အပ် လိုက်တယ်လို့ သိရ ပါတယ်။

Source : Koo Hye-seon, directs Seoul International Female Film Awards official trailer


"My Princess" Song Seung-heon and
Kim Tae-hee, heart throbbing first kiss

ဂျွန်စော နဲ့ Kim Tae-hee တို့ရဲ့ပထမဆုံးအနမ်း

My Princess (MBC) အမည်ရှိ ဇာတ်လမ်းတွဲ episode 7 မှာ မင်းသား Song Seung-heon (ဂျွန်စော) နဲ့ မင်းသမီး Kim Tae-hee တို့ရဲ့ ကြယ်ပွင့်များ ထွက်လောက်တဲ့ kiss scene ပါလာတဲ့ အတွက် ပရိသတ် တွေ အတော် လှုပ်လှုပ် ရှားရှား ဖြစ်သွား ကြတယ်လို့ သိရ ပါတယ်။

Source : "My Princess" Song Seung-heon and Kim Tae-hee, heart throbbing first kiss


Jeong Woo-seong injured while filming 'Athena'

Athena မင်းသား Jeong Woo-seong ဒါဏ်ရာရခြင်း

Athena ဇာတ်လမ်းတွဲ မှ ခေါင်းဆောင် မင်းသား Jeong Woo-seong ကားရိုက် နေစဉ် accident ဖြစ်လို့ အနီးဆုံး ဆေးရုံသို့ ခေါ်သွားပြီး ခေါင်းက ဒါဏ်ရာကို ချုပ်လိုက် ရတယ်လို့ သတင်း ရရှိ ပါတယ်။

Source : Jeong Woo-seong injured while filming 'Athena'
Jeong Woo-seong accident filming "Athena" emergency room


Son Ye-jin Celebrates Birthday With Fans

Fans များနဲ့အတူမွေးနေ့ပွဲကျင်းပတဲ့ Son Ye-jin

မင်းသမီး Son Ye-jin ဟာ သူ့ရဲ့ ၂၉ နှစ်မြောက် မွေးနေ့ပွဲ ကို Korea, Japan, Taiwan, Hong Kong, China, Australia နဲ့ USA တို့မှ fans များနဲ့ ဇန်နဝါရီ လ ၂၃ ရက်နေ့က Seoul မြို့ Yaksu-dong ရပ်ကွက်ရှိ Musical House မှာ ကျင်းပ ခဲ့တယ်လို့ သိရ ပါတယ်။

Source : Son Ye-jin Celebrates Birthday With Fans


Actor gets 4 years for drug use

"ချိုဝမ်"ဇာတ်လမ်းတွဲမှမင်းသား
ထောင်လေးနှစ်ကျခြင်း

မင်းသား Kim Seong-min ကို မူးယစ်ဆေး သုံးစွဲမှူ နဲ့ တရားရုံးက ထောင်ဒါဏ် ၄နှစ်နဲ့ ဒါဏ်ငွေ ဝမ် ၉၀၄၅၀၀ (US$ 900) ပစ်ဒါဏ် ချမှတ် လိုက်တယ်လို့ သိရ ပါတယ်။

မင်းသား Kim Seong-min ကို Lotus Flower Fairy (MBC, 2004), "ချိုဝမ်" ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင် မင်းသား အဖြစ် မြန်မာ ပရိသတ် သိရှိ ရင်းနှီး ခဲ့ပါတယ်။

Source :
Actor gets 4 years for drug use
Prison for actor caught with drugs


Lee Joon-ki, Salutes in new uniform

စစ်သားကြီး Lee Joon-ki

မင်းသား Lee Joon-ki ဟာ သူ့ရဲ့ စစ်ယူနီဖေါင်း နဲ့ပုံကို ဇန်နဝါရီလ ၂၄ ရက်နေ့က Twitter မှာ upload လုပ်ခဲ့ ပါတယ်။

"နိုင်ငံ တဝှမ်းရှိ ပရိသတ် များ ရွှင်လန်း ကျန်းမာ ကြပါစေ၊ ကျွန်တော်နဲ့ ပြင်ပမှာ ပြန်လည် ဆုံတွေ့ဖို့ အချိန် နီးကပ်လို့ လာပါပြီး" လို့မှတ်ချက် ပြုထား ပါတယ်။

မင်းသားဟာ ယခု တပ်မတော် ရေဒီယို အစီအစဉ် မှာ DJ အဖြစ် တာဝန် ထမ်းဆောင် နေပါတယ်။

Source : Lee Joon-ki, Salutes in new uniform "Time to meet again getting close"


Actors shiver in the cold

ချမ်းချမ်းလှပြီး

အလွန် အေးတဲ့ ဆောင်းရာသီ မှာ ကိုးရီးယား အနုပညာ သည်များဟာ ဇာတ်လမ်းတွဲ များ ရက်ချိန်း မှီစေရန် အတွက် ပြင်ပမှာ ချမ်းချမ်း စီးစီး ပင်ပင် ပန်းပန်း အလုပ်လုပ် ကြရ ပါတယ်။

Queen of Reversals (MBC) ဇာတ်လမ်းတွဲ မှ မင်းသား Park Si-hoo ဟာ သွားဖုံး များရောင် လာလို့ ဆေးရုံ ပို့ပြီး ၂ ရက်အနား ယူခဲ့ ရပါတယ်။

Dream High (KBS 2TV) ဇာတ်လမ်းတွဲ မှ Tacyeon ဟာ နှာခေါင်းသွေး မကြာခဏ ထွက်ပြီး နာမကျန်း ဖြစ်ခဲ့ ပါတယ်။ ၄င်း ဇာတ်လမ်းတွဲ မှ Kim Soo-hyeon-I ဟာလည်း ပင်ပန်းပြီး ပစ်လဲ သွားလို့ ဆေးရုံ ပို့ခဲ့ ရပါတယ်။

Sign (SBS) ဇာတ်လမ်းတွဲ မှ Park Shin-yang ဟာ ခြေထောက်များ ရောင်လာလို့ ချိုင်းထောက် နဲ့ လှုပ်ရှား နေရ ပါတယ်။ သူက Twitter မှာ "ဆက်ရိုက် နေရတုံး ပါပဲ၊ ဘယ်သူမှ မအိပ် ရတာ တော်တော် ကြာသွားပါပြီး၊ ဘယ်သူ အရင် မေ့လဲ မယ်ဆိုတာ စောင့်ကြည့် နေကြ သလို ပါပဲ" လို့ရေး သွားပါတယ်။

Source : Actors shiver in the cold


JYJ Fans Show Their Support

JYJ ကို Fans များမှဝိုင်းပန့်ပိုးနေကြသည်

အဆိုတော် Jaejoong, Yoochun နဲ့ Junsu က တဖက် သူတို့ရဲ့ agency ဟောင်း SM တို့က တဖက်၊ ဖြစ်နေ ကြတဲ့ "တရားမ" မှုဟာ ၆လ ကြာသွား ခဲ့ပါပြီး။

သူတို့ရဲ့ fans များဟာ အားပေးဖို့ အတွက် online မှာ ရံပုံငွေ စုခဲ့ရာ ပြည်တွင်း ပြည်ပ 140 million won စုဆောင်း နိုင်ခဲ့ကြ ပါပြီး။

ပရိသတ် အကြားမှာ ဒီသုံးယောက် ဆက်လက် ထင်ပေါ် နေဖို့ အတွက်၊ သူတို့ အကြောင်း နဲ့ သီချင်း တွေကို အဆက် မပြတ် ထုတ်လွှင့် နိုင်စေရန်၊ စုဆောင်း ရရှိငွေ နဲ့ internet radio station တစ်ခု တည်ထောင် ကြမယ်လို့ သတင်း ရရှိ ပါတယ်။

Source : JYJ Fans Show Their Support


Girl Group "KARA"'s Breakup Crisis

KARA အဖွဲ့ပြိုကွဲတော့မည်

Kara အဖွဲ့မှ အဆိုတော် များဖြစ် ကြတဲ့ Han Seung-yeon, Nicole Jung နဲ့ Kang Jiyoung တို့ဟာ သူတို့ရဲ့ အေးဂျင့် DSP Media နဲ့ စကားများ နေကြပါတယ်။ Park Gyuri နဲ့ Goo Hara ပဲ DSP Media အေးဂျင်စီ ဖက်မှာ ကျန်ခဲ့ ပါတယ်။

မတရား စေခိုင်းတယ်၊ မမျှတတဲ့ စာချုပ် တွေကို၊ သူတို့ကို နားလည်အောင် ရှင်းမပြပဲ ချုပ်ဆို ခဲ့တယ်လို့ DSP Media အပေါ် စွပ်စွဲ ခဲ့ကြ ပါတယ်။ အဆင် မပြေ ရင်တော့ နာမည်ကြီး Kara အဖွဲ့ ပြိုကွဲ သွားမှာ ဖြစ် ပါတယ်။

Source :
Girl Group "KARA"'s Breakup Crisis
About Kara Band (wikipedia.org)


Teenage Singer IU Is Open to Surprises

ပေါ်ပြူလာဖြစ်နေတဲ့ IU

အဆိုတော် IU (၁၈ နှစ်) ဟာ ၂၀၁၀ ခုနှစ် ထဲမှာ ရုတ်တရက် အကြီးအကျယ် နာမည် ကြီးလာ ပါတယ်။

အုပ်စုလိုက် နာမည် ကြီးနေ ကြတဲ့ အဆို လောကမှာ သူတစ်ဦးပဲ solo နာမည် ထွက်လာတာ ထူးခြားချက် ပါပဲ။

အဆိုလောက ကို လက်ဝါကြီး အုပ်ထားတဲ့ agency တွေမှ မွေးထုတ် တာလည်း မဟုတ်ပဲ၊ မထင် မရှား agency လေးတစ်ခု မှ မွေးထုတ် ပေးခဲ့တဲ့ ထူးခြားတဲ့ အနုပညာ သည်လေး တစ်ယောက် ပါပဲ။

Source : Teenage Singer IU Is Open to Surprises


Ryoo Si-won Signs Deal with Japan's Avex

ဂျပန်မှာအောင်မြင်းနေတဲ့ Ryoo Si-won

အဆိုတော် မင်းသား Ryoo Si-won ဟာ မကြာမှီ က နာမည်ကြီး ဂျပန် ဓါတ်ပြား ကုမ္ပဏီ Avex နဲ့ contract စာချုပ် အသစ် ချုပ်ဆို လိုက် ပါတယ်။

Avex ကုမ္ပဏီ ဟာ နာမည်ကြီး ဂျပန် အဆိုတော် များဖြစ် ကြတဲ့ Ayumi Hamasaki, Namie Amuro နဲ့ M-Floင တို့အပြင် ကိုးရီးယား အဆို အဖွဲ့ TVXQ တို့နဲ့ လက်တွဲ နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်း Ryoo Si-won ဟာ ဂျပန်မှာ album ၁၉ ခု ထုတ်ဝေ ခဲ့ပြီး၊ အားလုံး ဂျပန် Oricon Charts ရဲ့ top 10 စာရင်းဝင် ဖြစ်ခဲ့ ပါတယ်။ ထို့ပြင် concert ပေါင်း ၈၀ ကျော် ကျင်းပ ခဲ့ရာ စုစုပေါင်း ပရိသတ် ၅ သိန်းကျော် ကြည့်ရှု ခဲ့ပါတယ်။

Source : Ryoo Si-won Signs Deal with Japan's Avex


Hyeon Bin - Song Hye kyo,
their worlds within? Going separate ways?

သူတို့နှစ်ယောက်လမ်းခွဲကြတော့မှာလား

ချစ်သူများ ဖြစ်ကြတဲ့ မင်းသား Hyeon Bin နဲ မင်းသမီး Song Hye-kyo (အွန်စော) တို့ လမ်းခွဲ ကြတော့မယ် ဆိုတဲ့ သတင်းတွေ internet ထဲမှာ ပြောနေကြ ပါတယ်။

သူတို့ နှစ်ဦးရဲ့ agency များက ဒီသတင်းကို ငြင်းပယ် ထားပါတယ်။ သို့သော် အင်မတန် မှ ကိုယ်ရေး ကိုယ်တာ ကိစ္စ တွေမှာ နုတ်လုံ တဲ့ မင်းသား Hyeon Bin ရဲ့ နုတ်ဆိတ် နေမှုက မီးလောင်ရာ လေပင့် ပေးသလို ဖြစ်နေ ပါတယ်။

Source : Hyeon Bin - Song Hye kyo, their worlds within? Going separate ways?


TVXQ's New Album Ranks 4th on Global Chart

နာမည်တက်လာတဲ့ TVXQ

TVXQ အဖွဲ့ဟာ နှစ်ဖွဲ့ ကွဲသွား ပါတယ်။ Jaejoong, Yoochun နဲ့ Junsu တို့က JYJ ဆိုပြီး ခွဲထွက် သွား ပါတယ်။

ကျန်ခဲ့တဲ့ Changmin and Yunho ကို TVXQ (duo) လို့နာမည် သစ်ပေးပြီး ဆက်ဆိုစေ ခဲ့ပါတယ်။

Keep Your Head Down ဆိုတဲ့ album အသစ်ဟာ Hanteo နဲ့ Hot Track အပါတ်စဉ် chart တွေမှာ #1 ရခဲ့ ပါတယ်။

United World Chart မှာလည်း နံပတ် ၄ ချိတ်ခဲ့ ပါတယ်။ သူတို့ ရှေ့မှာ Rihanna, the Black Eyed Peas နဲ့ Michael Jackson တို့ပဲ ရှိပါတယ်။

United World Chart ဟာ U.S. Billboard Chart, Japan's Oricon နဲ့ Britain's U.K. Chart တို့ကို စုပေါင်းပြီး ရေးဆွဲ ထားတဲ့ chart ဖြစ်ပါတယ်။

Source : TVXQ's New Album Ranks 4th on Global Chart


Lee Byeong-heon to Star in
Hollywood Blockbuster 'G.I.Joe 2'

Lee Byeong-heon ရဲ့ဟောလီဝုဒ် G.I.Joe အမှတ်၂

မင်းသား Lee Byeong-Heon ဟာ G.I.Joe အမှတ် ၂ ကို ၂၀၁၁ ဇွန်လ မှာ စတင် ရိုက်မှာ ဖြစ်ပြီး၊ ၂၀၁၂ နွေရာသီ မှာ ရုံတင် ပြသမှာ ဖြစ်ပါတယ်။

G.I.Joe အမှတ် ၁ သို့မဟုတ် "G.I.Joe : The Rise Of Cobra" ဟာ အမြတ်ငွေ US$ 302.13 million ရရှိခဲ့ ပါတယ်။

Source : Lee Byeong-heon to Star in Hollywood Blockbuster 'G.I.Joe 2'


Big Bang to return with new album

Big Bang ရဲ့ Album အသစ်

နာမည်ကျော် Big Bang အဖွဲ့ဟာ မကြာမှီမှာ album အသစ် ထုတ်တော့မှာ ဖြစ်ကြောင်း ၄င်းတို့ရဲ့ အေးဂျင့် ဖြစ်တဲ့ YG Entertainment က ကြေငြာ ခဲ့ ပါတယ်။

Big Bang အဖွဲ့ဟာ အဖွဲ့လိုက် အနေနဲ့ ပျောက် နေတာ ၂ နှစ်လောက် ရှိပါပြီး။ ဒီကြား ထဲမှာ အဖွဲ့ဝင် များဟာ တစ်ဦး ချင်းပဲ အနုပညာ လုပ်ငန်း များကို လုပ်နေ ကြပါတယ်။

ပြန်ဆုံပွဲ အနေနဲ့ လူ ၄၀, ၀၀၀ ဆန့်တဲ့ Olympic Park မှာရှိတဲ့ Gymnastics Stadium မှာ ဖေဖဝါရီ ၂၅ မှ ၂၇ အတွင်း show ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

Source : Big Bang to return with new album


Han Hye-jin to return after 1 year
as lead in "A Thorn Bush Bird"

Han Hye-jin ရဲ့ဇာတ်လမ်းတွဲအသစ်

ဇာတ်လမ်းတွဲ လောကမှ ၁ နှစ်လောက် ပျောက်နေတဲ့ (Jumong) မင်းသမီး Han Hye-jin ဟာ KBS 2TV ရုပ်သံမှ ဖေဖဝါရီ လ ၂၃ ရက်နေ့မှာ ထုတ်လွှင့်မဲ့ Jejoongwon လို့ အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ နဲ့ ပြန်လည် ပေါ်ထွက် လာတော့မှာ ဖြစ်ပါတယ်။

Source : Han Hye-jin to return after 1 year as lead in "A Thorn Bush Bird"


Korea Becomes the
"Hollywood of the East"

ကိုးရီးယားသည်အရှေ့တိုင်းရဲ့ဟောလီးဝုဒ်ဖြစ်လာပြီးလား?

ကမ္ဘာကျော် CNN သတင်း အဖွဲ့နဲ့ France 2 TV တို့မှ ကိုးရီးယား အနုပညာ လောကနဲ့ Korean Wave အကြောင်းကို အတော် ကျယ်ကျယ် ပျံပျံ ထုတ်လွှင့် ခဲ့ကြပြီး၊ CNN သတင်း အဖွဲ့က ကိုးရီးယား ကို "အရှေ့တိုင်းရဲ့ ဟောလီဝုးဒ်" (Hollywood of the East) လို့ပင် တင်စား ဖေါ်ပြ ခဲ့ပါတယ်။

Source : Korea Becomes the "Hollywood of the East"


Kim Ah-joong Receives Master's
Degree from Korea University

Kim Ah-joong Master ဘွဲ့ရခြင်း

မင်းသမီး Kim Ah-joong ဟာ Korea University မှ မဟာ ဝိဇ္ဇာဘွဲ့ (master degree in journalism and mass communications) ကို မကြာမှီ က အောင်မြင်ခဲ့ ပါတယ်။

မင်းသမီး ဟာ မင်းသား Park Shin-yang နဲ့တွဲဖက် ပြီး ပြသဆဲ Sign (SBS) ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် လျက်ရှိ ပါတယ်။

Source : Kim Ah-joong Receives Master's Degree from Korea University


Kim Tae-hee, armpit humiliation?
Netizens "Her beauty shines!"

Kim Tae-hee ရဲ့မမြင်အပ်တဲ့အရာပေါ်သွားလို့တဲ့

Kim Tae-hee ရဲ့ လက်မြှောက် ထားတဲ့ ပုံတစ်ပုံ ဟာ internet ထဲမှာ ပျံ့နေ ပါတယ်။ မင်းသမီး ရဲ့ ကောင်းစွာ ရိတ်မထား တဲ့ ဂျိုင်းမွှေး များကို ပုံထဲမှာ ရေးရေး မြင်နေရ တဲ့အတွက်၊ ပရိသတ် အကြားမှာ တော်တော် ပွစေ့ ပွစေ့ ဖြစ်နေ ကြပါတယ်။

ဂျွိုင်းမွှေ ရိတ်မထား လည်း လှနေတုံး ပါပဲလို့ မခံချင် တဲ့သူများ ကပြန်ပြော ကြပါတယ်။

Source : Kim Tae-hee, armpit humiliation? Netizens "Her beauty shines!"


Hyeon Bin's Long party kiss
scene with Ha Ji-won? With
Song Hye-kyo too in "Worlds Within"

Hyeon Bin မင်းသမီး
နှစ်ဦးကိုအကြင်နာပေးနေပုံ

မကြာမှီက ပြသ ပြီးသွားတဲ့ Secret Garden ဇာတ်လမ်းတွဲ မှာ မင်းသား Hyeon-bin (Kim Joo-won) က မင်းသမီး Ha Ji-won (Gil La-im) ကို စက္ကန့် ၄၀ ကြာ နမ်းခဲ့ ပါတယ်။

World Within ဇာတ်လမ်းတွဲ မှာလည်း မင်းသမီး Song Hye-kyo နဲ့ အတော် ကြာတဲ့ အနမ်းခန်း တွေကို ရိုက်ခဲ့ ပါတယ်။

Kiss scene တွေကို အထက်မှာ ယှဉ်တွဲ ဖေါ်ပြ ထားပါတယ်။ အဲ - တော်တော် ကံကောင်းတဲ့ မင်းသား ပါပဲ။

Source : Hyeon Bin's Long party kiss scene with Ha Ji-won? With Song Hye-kyo too in "Worlds Within"


Song Seung-heon surprise reveals top nude

ဂျွန်စော ဗလကြီးများထုတ်ပြနေပုံ

ပြသဆဲ My Princess (MBC) ဇာတ်လမ်းတွဲ မှာ မင်းသား Song Seung-heon ဟာ သူ့ရဲ့ လုံးကျစ် နေတဲ့ အပေါ်ပိုင်း ဗလ များကို အပြည့် ထုတ်ပြ သွားပါတယ်။

မင်းသားကြီး ဝင်းဦး ရဲ့ "ကြွက်သား အဖုအဖု ထုထုပြီး ခရာချင် စရာကွယ် ထွားကြိုင်းတဲ့ မြန်မာ လူငယ်" ဆိုတဲ့ သီချင်း စာသားကို သွားပြီး သတိ ရမိ ပါတယ်။

Source : Song Seung-heon surprise reveals top nude


Joo Jin-mo and Lee Da-hae
cast in new historical film

Joo Jin-mo နဲ့ Lee Da-hae
တို့ရဲ့ရုပ်ရှင်အသစ်

မင်းသား Joo Jin-mo မင်းသမီး Lee Da-hae (ချိုဝမ်) တို့ဟာ ဒါရိုက်တာ Jang Yoon-hyeon ရဲ့ Coffee လို့ အမည် ပေးထားတဲ့ ရာဇဝင် ရုပ်ရှင်ကား မှာပါဝင် သရုပ်ဆောင် တော့မယ်လို့ သိရ ပါတယ်။

ဒီရုပ်ရှင် မှာ မင်းသား Joo Jin-mo, မင်းသမီး Lee Da-hae, မင်းသား Park Hee-soon နဲ့ မင်းသမီး Yoo Seon တို့ ပါဝင် ကြမှာ ဖြစ်ပါတယ်။

Source : Joo Jin-mo and Lee Da-hae cast in new historical film

End of Article - Hot News-19 Feb 2011
http://video.phpmyanmar.com/video/article/503/hot-news-19-feb-2011

1 comment

heroine.tvxqJune 1, 2011 - 9:32 am
TVXQ & JYJ Fighting.............!

Leave your comment

Name

You can type in both English and Myanmar (Use Zawgyi Font)

<< Type above word in this box

.
Article Link - http://video.phpmyanmar.com/video/article/503/hot-news-19-feb-2011








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0251 sec *

dc8b5602cf527391f5ed4a05f00439a3 - July 23, 2017 - 4:21:19 am