အတိုအထွာသတင်းများ(၄၁)
Song Hye-kyo Ranked 18th Among
100 Most Beautiful Face

http://www.youtube.com/watch?v=mZM8uiAAvDs
အလှဆုံး ၁၀၀ ထဲမှာ ၁၈ ချိတ်တဲ့ Song Hye-kyo
နာမည်ကျော် www.tccandler.com က နှစ်စဉ် 100 Most Beautiful Famous Faces ကိုရွေ.ချယ် တင်ဆက် လာတာ နှစ်ပေါင်း ၂၀ ရှိသွား ပါပြီး။
ဒီနှစ် ၂၁ ကြိမ်မြောက် ရွေးချယ် ခဲ့တဲ့ စာရင်း ထဲမှာ၊ ကိုးရီးယား မင်းသမီး Song Hye-kyo (အွန်စော) ဟာ ၁၀၀ မှာ အမှတ်စဉ် ၁၈ တက်ချိတ် ခဲ့ပါတယ်။
၎င်း website ကပဲ လာမဲ့ နှစ်မှာ Song Hye-kyo ဟာ အမှတ်စဉ် ၁ မှ ၁၀ အတွင်းကို ရောက်သွား လိမ့်မယ်လို့ မှတ်ချက်ပြု ထားပါတယ်။
Song Hye-kyo ဟာ ၂၁ နှစ် အတွင်းမှာ ပထမ ဆုံး ဒီစားရင်း မှာပါ လာတဲ့ ကိုးရီးယား မင်းသမီး လည်းဖြစ် ပါတယ်။
Source : 100 Most Beautiful Famous Faces 2010
Kim Hyun-joong won Hong Kong
'Top Buzz Korean Artist'

Kim Hyun-joong
မင်းသား Kim Hyun-joong - Yahoo ဆုရခြင်း
Yahoo.com က သူ့ website မှာရှာ ကြတဲ့ မင်းသား မင်းသမီး တွေရဲ့ နာမည်နဲ့ ရှာဖွေ ကြတဲ့ အရေ အတွက် တွေကို မှတ်ထားပြီး Yahoo! Asia Buzz Awards လို့အမည် ပေးထားတဲ့ ဆုကို နှစ်စဉ် ဆုပေး ပါတယ်။
မင်းသား Kim Hyun-joong ဟာ အကြိမ် အများဆုံး ရှာဖွေ ခံရလို့ Yahoo Asia Buzz Award 2010 ကို ဆွတ်ခူး ရရှိ သွားတယ်လို့ သိရ ပါတယ်။
Source :
Kim Hyun-joong won Hong Kong 'Top Buzz Korean Artist'
Han Ji-min is changed?

ပုံပြောင်းသွားတဲ့ Han Ji-min
မင်းသမီး Han Ji-min ဟာသူ့ ရဲ့ သရုပ်ဆောင် သက်တမ်း တစ်လျှောက် နုနုရွရွ ချစ်စဖွယ် ပုံစံ လေးတွေ နဲ့ပဲ သရုပ်ဆောင် လာခဲ့ ပါတယ်။ မကြာမှီ ပြသမဲ့ Gaek-joo နဲ့ Detective K ရုပ်ရှင် များမှာ တော်တော် sexy ဖြစ်တဲ့ ပုံစံ များနဲ့ သရုပ်ဆောင် ထားတာ ကို အံ့သြဖွယ်ရာ တွေ့ရှိ ရပါတယ်။
Source :
Han Ji-min is changed?
Lee Seung-gi appeared in most TV ads this year
ကြော်ငြာမှာထိပ်ဆုံးကမင်းသား
TVCF ကြော်ငြာ website ရဲ့စစ်တမ်း အရ မင်းသား Lee Seung-gi ဟာ ဒီနှစ် ထဲမှာ ကြေငြာ အရိုက်ရဆုံး မင်းသား ဖြစ်ပါတယ်။
Lee Seung-gi က ကြော်ငြာ ၃၀၊ အိုလံပစ် စကိတ် ချန်ပီယံ Kim Yu-na က ကြော်ငြာ ၂၈၊ Girls' Generation အဆို အဖွဲ့က ကြောငြာ ၂၅၊ မင်းသား Rain က ကြော်ငြာ ၂၁၊ မင်းသမီး Lee Na-young နဲ့ Sin Min-ah တို့က ကြော်ငြာ ၂၀ စီ နဲ့ ၂၀၁၀ နှစ်မှာ ကြော်ငြာ ခဲ့ကြ တယ်လို့ သိရ ပါတယ်။
Source : Lee Seung-gi appeared in most TV ads this year
Jaejoong, The Most Popular Idol Star Abroad

ပထမရတဲ့ Hero Jaejoong
ထိုင်ဝမ် မဂ္ဂဇင်း မှ Korea, Taiwan, Hong Kong တို့မှာ စစ်တမ်း ကောက်ချက် အရ Hero Jaejoong ဟာ ဒီဒေသ မှာ လူကြိုက် အများဆုံး ဖြစ်တယ် လို့ ဆိုပါတယ်။
Hero Jaejoong ဟာ TVXQ အဖွဲ့နဲ့ ရှေးဦးစွာ သီချင်း စဆို ခဲ့ပါတယ်။ နောက်တော့ အသစ် ဖွဲ့တဲ့ JYJ အဖွဲ့မှာ ပြောင်း ဆိုပြန် ပါတယ်။
သူပါတဲ့ JYJ အဖွဲ့ဟာ ဒီနှစ် USA Billboard 100 မှာ အမှတ် ၅ ချိတ်ခဲ့ ပါတယ်။ နောက်ထွက်မဲ့ The Beginnings အမည်ရှိ album ဟာ အခွေ မထွက်မှီ ကြိုမှာတဲ့ pre-order ခွေ 520,000 အော်းဒါ ရရှိ ထားပြီး ဖြစ် ပါတယ်။
Source : Jaejoong, The Most Popular Idol Star Abroad
Koreans Growing Taller, Thinner, Study Shows

ကိုးရီးယားလူမျိုးများအရပ်ပိုရှည်လာကြသည်
နိုင်ငံ တိုးတက် လာသည် နဲ့အမျှ ဝင်ငွေ တိုးတက် လာတော့ အဟာရ ရှိတဲ့ အစားအစာ တွေစားနိုင် လာပါတယ်။ ဒီအခါမှာ ကိုယ်ခန္ဒာ တောင့်တင်း ပြီးအရပ် ရှည်လာ ကြပါတယ်။
ကိုးရီးယား မျိုးဆက်သစ် ဟာ ဖျမ်းမျှ 6 cm မှ 8 cm အရပ် ပိုရှည်လာ တယ်လို့ ဆိုပါတယ်။ ယခု ကိုးရီးယား တွေရဲ့ အရပ်ဟာ ဖျမ်းမျှ ယောက်ျား 174 cm နဲ့ မိန်းမ 160.5 cm ရှိနေပြီး လို့ ဆို ပါတယ်။
Source : Koreans Growing Taller, Thinner, Study Shows
TVXQ becomes the third most-searched artist in Japan

အရှာခံရတဲ့ထဲမှာတတိယရတဲ့ TVXQ
Yahoo, Japan ရဲ့ အဆိုအရ Yahoo search မှာ အရှာခံ ရတဲ့ အထဲမှာ TVXQ အဖွဲ့ဟာ တတိယ လိုက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရှေ့မှာ ဂျပန် သီချင်း အဖွဲ့များ ဖြစ်တဲ့ AKB48 နဲ့ Arashi ရှိပါတယ်။
Source : TVXQ becomes the third most-searched artist in Japan
Kara "Jumping" claims No.1 in downloads
for smartphone applications

Download အများဆုံး Kara Album
Jumping လို့အမည် ပေးထားတဲ့ Kara ရဲ့သီချင်း album "smartphone application" ကို ဂျပန်မှာ download အများဆုံး လုပ်ခဲ့ ကြတယ်လို့ အဆိုတော် လေးများရဲ့ agency ကပြောသွား ပါတယ်။
Source : Kara "Jumping" claims No.1 in downloads for smartphone applications
SBS "Daemul - Big Thing" leads TV chart for 10th week

ဆက်လက်အောင်လံထူနေတဲ့ Daemul
Wednesdays နဲ့ Thursdays မှာပြသ တဲ့ SBS ရုပ်သံမှ Daemul - Big Thing ဇာတ်လမ်းတွဲ ဟာ ၁၀ ပတ်မြောက် rating ၂၆.၁% နဲ့ ပထမ နေရာမှာ ရပ်တည် နေဆဲ ဖြစ်ပါတယ်။
Source : SBS "Daemul - Big Thing" leads TV chart for 10th week
10 more entertainers involved in drug use

မူးယစ်ဆေးသုံးမှုဖြင့်အနုပညာသည်
၁၀ဦးကိုအရေးယူမည်ဆိုခြင်း
နာမည်ကြီး မင်းသား Kim Seong-min ကို မူးယစ်ဆေး သုံးစွဲမှု နဲ့အမှု ဖွင့်ထားပြီး လာမဲ့ အပတ်မှာ အချုပ်ချ တော့မယ်လို့ သိရ ပါတယ်။
အမှုကွင်းဆက် လိုက်ပြီး လူရွှင်တော် Jeon Chang-geol နဲ့ အဆိုတော် Crown J တို့ကိုပါ အရေးယူ ထားပါတယ်။ နောက်ထပ် အနု ပညာသည် ခုနှစ်ယောက် ခန့်ထပ်မံ အရေးယူ ရန်ရှိ နေတယ်လို့ လည်းသတင်းတွေ ထွက်နေ ပါတယ်။
Source : 10 more entertainers involved in drug use
70s Musical Brings Father and Daughter Together

သမီးနှင့်အဖေအတူသရုပ်ဆောင်ခြင်း
T-ara အဖွဲ့ ခေါင်းဆောင် Jeon Bo-ram နဲ့ ဖခင် ဖြစ်သူ Jeon Young-rok တို့ဟာ Crazy for You အမည်ရှိ musical အစီအစဉ် မှာ အတူ ပါဝင် သရုပ်ဆောင် မယ်လို့ သီရ ပါတယ်။
Jeon Bo-ram ရဲ့ ဖခင် ဖြစ်သူ Jeon Young-rok ဟာ 1970-1980 က နာမည်ကျော် အဆိုတော် တစ်ဦး ဖြစ်ခဲ့ ပါတယ်။
အဖိုး Hwang Hae နဲ့ အဖွား Baek Seol-hee ဟာလည်း တချိန်က မင်းသားနဲ့ အဆိုတော် များ အသီးသီး ဖြစ်ခဲ့ကြ ပါတယ်။ တကယ့် အနုပညာ မျိုးရိုး ပါပဲ။
Source : 70s Musical Brings Father and Daughter Together
Girls' Generation tops YouTube's
most watched video list in Korea

Youtube တွင်အကြည့်ဆုံး Girls' Generation
Girls' Generation ဟာ ကိုးရီးယား မှာ ၂၀၁၀ ခုနှစ် အတွက် youtube ကနေ အကြည့် ကြဆုံး အဆိုအဖွဲ့ ဖြစ်တယ်လို့ သိရ ပါတယ်။
Source : Girls' Generation tops YouTube's most watched video list in Korea
Bae Yong-joon takes photo with 5,000 fans in Japan

Bae Yong-joon ၄င်းရဲ့ Fans များနှင့်
မိသားစုပုံရိုက်ခြင်း
မင်းသား Bae Yong-joon ဟာ "Family Photo Project-We're a family" အမည်ရှိတဲ့ project အစီအစဉ် ကိုစတင် ပါတယ်။ သူ့ရဲ့ fans များနဲ့ အတူရော ပြီး ဓါတ်ပုံ ရိုက်တဲ့ အစီအစဉ် ပါ။
ဂျပန်မှာ December 15 က fans ၅၀၀၀ နဲ့စရိုက်ပြီး အာရှတခွင် က နိုင်ငံတွေမှာ လှည်ရိုက်မယ် လို့ သိရ ပါတယ်။
Source : Bae Yong-joon takes photo with 5,000 fans in Japan
IU's new song tops weekly Gaon chart

တစ်ဟုန်ထိုးအောင်မြင်လာတဲ့ IU
မကြာခင် ကအထိ သိတ် မအောင်မြင် သေးတဲ့ အဆိုတော် IU (age 17) ဟာ တစ်ဟုန်ထိုး အောင်မြင်လာ ပါတယ်။ IU ရဲ့ Good Day အမည်ရှိတဲ့ သီချင်းဟာ Gaon's weekly singles chart ရဲ့ထိပ်ဆုံးကို ဒီဇင်ဘာ ၅ မှ ၁၁ ရက် အတွင်း ရောက်ရှိ လာပါတယ်။

http://www.youtube.com/watch?v=xNOoxoENsfs
IU ရဲ့သီချင်လေးများ
IU ဟာ ကိုးရီးယား သီချင်း လောကကို လက်ဝါးကြီး အုပ်ထားတဲ့ နာမည်ကြီး agency ကြီး ၃ခု ကနေ မွေးထုတ် လိုက်တဲ့ အဆိုတော် တစ်ဦး မဟုတ်ပါ။ သီးခြား ရပ်တည်ပြီး ၃ နှစ်လောက် ကြိုးစား ပြီးမှ အောင်မြင် တဲ့သူ ဖြစ်လို့ ရှားတယ်လို့ ဆိုရ ပါမယ်။
သူ့အကြောင်း အချက်အလက် စုဆောင်းလို့ ပြည့်စုံရင် သီးခြား ဆောင်းပါး တစ်ပုဒ် ရေးပြီး တင်ပြ ပါမယ်။
Source : IU's new song tops weekly Gaon chart
Giant: A Korean Drama Soap Opera
About A Korean Family & Revenge

Giant ဇာတ်လမ်းတွဲဇာတ်သိမ်းခြင်း
နာမည်ကျော် ဇာတ်လမ်းတွဲ Giant ကို ၇ လကျော် ပြသပြီးနောက် ဇာတ်သိမ်းခန်း မကြာမှီ က ပြသ သွားပါတယ်။
ဇာတ်သိမ်းခန်း ဟာ rating 40.1% ရရှိ ခဲ့ပါတယ်။ Seoul မြို့ ကို ၁၉၇၀ မှ ၂၀၁၀ အတွင်း နောက်ခံ ထားတဲ့၊ မိသားစု ဇာတ်လမ်းတွဲ ကြီးဖြစ် ပါတယ်။
Lee Beom-soo, Park Jin-hee, Park Sang-min, Jeong Bo-Suk တို့ ပါဝင် သရုပ်ဆောင် ပြီး ဒါရိုက်တာ က Yoo In Shik နဲ့ ဇာတ်ညွှန်း က Jang Young Chul ဖြစ်ပြီး၊ US$ 9 million ကုန်ကျ ပါတယ်။
Source : Giant: A Korean Drama Soap Opera About A Korean Family & Revenge
Singer Eric to hold fan meeting in Japan this weekend

Eric Moon ဂျပန်တွင် Fan Meet ပြုလုပ်မည်
မင်းသား Eric Moon (31) ဟာ စစ်မှု ထမ်းသက် ၂နှစ် ပြီးဆုံးလို့် အောက်တိုဘာ ၃၀ ရက်နေ့ မှာ စစ်တပ် ထဲက ထွက်ပါတယ်။
တပ်ဂိတ် ကနေပြီး Korea, Taiwan, Japan, Thailand နဲ့ Canada က fans ၄၀၀ ခန့်စောင့်ကြို ကြပါတယ်။
မင်းသားဟာ ဂျပန် နိုင်ငံ Tokyo နဲ့ Osaka တွင် December 18 နဲ့ 19 မှာ fan meet ပြုလုပ်ခဲ့ ပါတယ်။ မကြာမှီ Poseidon လို့အမည် ပေးထားတဲ့ တီဗွီ ဇာတ်လမ်းတွဲ ရိုက်ရန် အစီအစဉ် ရှိ ပါတယ်။
Source : Singer Eric to hold fan meeting in Japan this weekend
New SBS drama "Athena" leads
prime time chart on 1st week

အောင်မြင်မှုရနေတဲ့ ATHENA ဇာတ်လမ်းတွဲ
SBS ရုပ်သံရဲ့ ATHENA ဇာတ်လမ်းတွဲ ဟာ ပွဲဦးထွက် အပတ်မှာ rating 26.5% နဲ့ ထိပ်ဆုံးက ပြေးခဲ့ ပါတယ်။
Jeong Woo-seong, Soo-ae, Cha Seung-won, Lee Ji-ah, Kim Min-jong, Yoo Dong-geun နဲ့ Choi Si-won တို့ ပါဝင် သရုပ်ဆောင် ပြီး၊ နာမည်ကျော် IRIS ဇာတ်လမ်းတွဲ ရဲ့အဆက် ဖြစ်ပါတယ်။
Source : New SBS drama "Athena" leads prime time chart on 1st week
Actress Han Ji-hye to star in new historical drama

Han Ji-hye ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Han Ji-hye (27) ဟာ ၂၀၁၁ ခု နှစ် ဦးပိုင်းမှာ The Duo လို့ အမည် ပေးထားတဲ့ ရာဇဝင် တီဗွီ ဇာတ်လမ်းတွဲ ကို ရိုက်ရန် ရှိပါတယ်။ September 2009 တွင် လက်ထပ်ခဲ့ ပြီးနောက်မှာ ပထမဆုံး ရိုက်မဲ့ ဇာတ်လမ်းတွဲ ရှည်လည်း ဖြစ်ပါတယ်။
ဒီကြားထဲ မှာ KBS ရဲ့ Pianist လို့အမည် ရှိတဲ့၊ episode တစ်ခုထဲ ပါတဲ့ special drama တစ်ခုကို F4 မင်းသား Lee Min-ho နဲ့ တွဲပြီး ရိုက်ခဲ့ပါ သေးတယ်။
Source : Actress Han Ji-hye to star in new historical drama
'Mary' Moon Geun-yeong is old now, now just younger

အသက်ကြီးလာပေမဲ့ငယ်သွား
တယ်လို့ထင်ရတဲ့အွန်စောငယ်
မြန်မာတွေ အွန်စောငယ် လို့သိထား ကြတဲ့ Moon Geun-yeong (23) ဟာ KBS 2TV ရဲ့ ပြသဆဲ Marry Me, Mary အမည်ရှိ ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် နေပါတယ်။
Moon Geun-yeong ဟာ အသက် ၂၃နှစ် ရှိပြီး ဖြစ်ပေမဲ့ Marry Me, Mary ဇာတ်လမ်းတွဲ ထဲမှာ ပိုပြီး ငယ်တယ်လို့ ထင်ရတယ် လို့ ဆိုကြ ပါတယ်။
Source : 'Mary' Moon Geun-yeong is old now, now just younger
Wonder Girls' 'Nobody' Among
Best-Selling Singles of the Year in U.S.

Wonder Girls သီချင်း US Billboard 100 တွင် ၃၁ ချိတ်ခြင်း
Wonder Girls အဆိုအဖွဲ့ ရဲ့သီချင်း Nobody ဟာ USA Billboard 100 ရဲ့ Year End Hot Single Sales ဇယားမှာ အမှတ်စဉ် ၃၁ ချိတ်ပါတယ်။
မနှစ်က အောက်တိုဘာ လမှာ Billboard 100 ရဲ့ အမှတ်စဉ် ၇၆ ရရှိ ခဲ့ပြီး အခု ၁နှစ် ကျော် ကြာတဲ့ အထိ ရောင်းကောင်း နေတုံးပဲ ဖြစ်ပါတယ်။ .
Source : Wonder Girls' 'Nobody' Among Best-Selling Singles of the Year in U.S.
'So Ji-sub Train' to Operate
Between Seoul and Chuncheon

ကိုးရီးယားရထားများတွင် So Ji-sub ပုံများချိတ်ဆွဲခြင်း
Seoul ဘူတာနဲ့ Chuncheon ဘူတာ နှစ်ခု အကြား စနေ နဲ့ တနင်္ဂနွေ နေ့တွေမှာ Hallyu Romance Train အမည်ရှိ ရထား များကို တနေ့ နှစ်ကြိမ် ပြေးဆွဲ ပေးနေ ပါတယ်။
၎င်းရထား တွေမှာ မင်းသား So Ji-sub ရဲ့ဓါတ်ပုံ တွေချိတ် ဆွဲပြီး အရောင်း မြှင့်တင် လျက် ရှိတယ် လို့သိရ ပါတယ်။
Source : 'So Ji-sub Train' to Operate Between Seoul and Chuncheon
Kim Hye-ja named best actress by LA critics

Los Angeles Critics Association မှ
မင်းသမီးကြီး Kim Hye-ja အားဆု ချီးမြှင့်ခြင်း
USA Los Angeles မြို့ Critics Association မှ ကိုးရီးယား မင်းသမီး ကြီး Kim Hye-ja အား အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ချီးမြှင့်ခဲ့ ပါတယ်။
၎င်း ပါဝင်တဲ့ Mother - 2009 အမည် ရှိတဲ့ ရုပ်ရှင် အမေ အခန်းက ပါဝင် သရုပ်ဆောင် ခဲ့တာ ကောင်းလို့ ဆုချီးမြင့် တာဖြစ် ပါတယ်။
Source : Kim Hye-ja named best actress by LA critics
Motion picture first came to
Korea at turn of 20th century

ကိုးရီးယားသို့ပထမဆုံးရုပ်ရှင်ရောက်ရှိလာခြင်း
October 1897 မှာ အမေရိကန် လူမျိုး Burton Holmes ဆိုသူ ခရီးသွား ဧည့်သည် တစ်ဦးဟာ ကိုးရီးယား နိုင်ငံသို့ ရုပ်ရှင် ပြစက် နဲ့ ရုပ်ရှင် ကင်မရာ များ ယူဆောင် လာခဲ့ ပါတယ်။
Burton Holmes ဟာ သူယူဆောင် လာတဲ့ ပြစက် နဲ့ တော်ဝင် မိသားစု ကို နန်းတွင်မှာ ပထမ ဆုံး ရုပ်ရှင်ကို ပြသပေး ခဲ့ပါတယ်။
အဲဒီနှစ် မှာပဲ Seoul မြို့တော် Chungmuro ရပ်ကွက် ရှိ ကုန်လှောင်ရုံ အစုတ် တစ်ခုကို ရုပ်ရှင် ပြလို့ရအောင် ဖန်တည်း ပြီး၊ ရုံဝင်ခ နဲ့ပြ ခဲ့တယ်လို့ သိရ ပါတယ်။
Source : Motion picture first came to Korea at turn of 20th century
Ji Jin-hee to visit Hong Kong to promote "Dong Yi"

Ji Jin-hee ဟောင်ကောင်သွားခြင်း
မင်းသား Ji Jin-hee ဟာ December 11 မှ 13 အတွင်း ဟောင်ကောင် သို့ သွားရောက်ပြီး ရာဇဝင် ဇာတ်လမ်းတွဲ Dong Yi ကို promotion သွားလုပ် ပါတယ်။
ရောက်တုံး ရောက်ခိုက် မှာ fan meet နဲ့ အင်တာဗျူး တွေလည်း ပြုလုပ် ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ လ ကလည်း Dong Yi ကို promotion လုပ်ရန် Taiwan သို့ အလားတူ သွားခဲ့ ပါသေးတယ်။
Source : Ji Jin-hee to visit Hong Kong to promote "Dong Yi"
Rain Wraps Up "The Fugitive Plan B"...What's Next?

Rain ဘာဆက်လုပ်မလဲ ?
Rain ဟာ The Fugitive Plan B လို့အမည် ရှိတဲ့ KBS ဇာတ်လမ်းတွဲ ကို အဆုံးသတ် ပြီးနောက်ဘာ ဆက်လုပ်မယ် ဆိုတာကို TV အစီအစဉ် တစ်ခုမျာ ပြောသွား ပါတယ်။
The Fugitive Plan B ရိုက်နေစဉ် မှာလည်း Las Vagas မှာ လောင်းကစား ပြုလုပ် ခဲ့လို့ ကြွေး တွေ အများကြီး တင်နေတယ် ဆိုတဲ့ စွပ်စွဲချက် ကိုလည်း ဖြေရှင်းခဲ့ ရပါ သေးတယ်။
ကျွန်တော် Hollywood နဲ့ ရုပ်ရှင် တစ်ကား လောက်ထပ်ရိုက် ပြီးရင် နောက်နှစ် ကုန်လောက်မှာ စစ်မှုထမ်း တာဝန် စတင် ပါတော့မယ် လို့ ပြောသွား ပါတယ်။
Source : Rain Wraps Up "The Fugitive Plan B"...What's Next?
Book on Korean Wave adopted
as textbook for universities abroad

နိုင်ငံခြားတက္ကသိုများမှကိုးရီးယားသာအုပ်
တစ်အုပ်ကိုသင်ရိုးစာအုပ်အဖြစ်သတ်မှတ်ခြင်
Goldsmiths, University of London in England နဲ့ the University of Melbourne in Australia တို့က "Korean Masculinities" လို့ အမည်ရှိတဲ့ ကိုးရီးယား နိုင်ငံထုတ် စာအုပ်တစ်အုပ် ကို သင်ရိုး စာအုပ် အဖြစ် သတ်မှတ် လိုက်ပါတယ်။
Source : Book on Korean Wave adopted as textbook for universities abroad
13 years of Romance - Kim Sung-soo
will be mairred to his girlfriend

၁၃ နှစ်သက်တမ်းရှိတဲ့ရည်းစားနဲ့
လက်ထပ်တော့မည့်မင်းသား
မင်းသား Kim Sung-soo (37) ဟာ ၁၃ နှစ် သက်တမ်း ရှိခဲ့ပြီး သူ့ထက် ၄ နှစ်ငယ်တဲ့ ရည်းစား Ms. A နဲ့ ဒီနှစ် ထဲမှာ လက်ထပ်တော့ မယ်လို့ သိရ ပါတယ်။
Source : 13 years of Romance - Kim Sung-soo
will be mairred to his girlfriend
Lee Seung-gi fell down while
'2010 Golden Disk' was in progress

ဗိုင်းကနဲပစ်လဲတဲ့မင်းသား
ဒီဇင်ဘာ ၉ ရက်နေ့က Seoul Korea University မှာ ၂၅ ကြိမ်မြောက် '2010 Golden Disk' ပွဲကျင်းပခဲ့ ပါတယ်။
ဒီပွဲမှာ မင်းသား Lee Seung-gi ကို Tak Jae-joon မှ အင်တာဗျူး လုပ်ခဲ့ ပါတယ်။ ထိုအချိန်မှာ မထင်မှတ်ပဲ မင်းသားရဲ့ ကုလားထိုင် ဟာ ခွေကျ သွားပြီး မင်းသားဟာ ကြမ်းပြင် ပေါ်သို့ ပြုတ်ကျ သွားခဲ့ ပါတယ်။
ဒီနောက်တော့ ဖုတ်ဖက် ခါထပြီး၊ မင်းသားလည်း ရှက်ရှက် နဲ့ ဟန်မပျက် ဆက်ပြီး ဗျူ ခဲ့ရ ပါတယ်။
အခု ဆိုရင် Lee Seung-gi ဟာ Ouch Seung-gi ဆိုတဲ့ နာမည် ပြောင်ရနေ ပြီးလို့ သိရ ပါတယ်။
Source : Lee Seung-gi fell down while '2010 Golden Disk' was in progress
Jeon Do-yeon's father passed away from lung cancer

Jeon Do-yeon ဖခင်ကွယ်လွန်ခြင်း
မင်းသမီး Jeon Do-yeon ရဲ့ ဖခင် ဟာ ဒီဇင်ဘာ ၉ ရက် နေ့က အဆုတ် ကင်ဆာ ရောဂါနဲ့ Ilsan National Cancer Centre ဆေးရုံမှာ ကွယ်လွန် အနိစ္စ ရောက်သွား တယ်လို့ သိရှိ ရပါတယ်။
Source : Jeon Do-yeon's father passed away from lung cancer
Tags: korean news | korean actor | korean actress | korean singer | korea
Leave your comment