အတိုအထွာသတင်းများ(၄၀)

Han Hye-jin is back on the drama
business by MBC 'Mate'
ဂျူးမွန်မင်းသမီး Han Hye-jin ပြန်လာပြီး
Jumong ဇာတ်လမ်းတွဲ ဖြင့်နာမည် ကြီးလာ ခဲ့သော မင်းသမီး Han Hye-jin ဟာ TV ဇာတ်လမ် တွဲများနှင့် ၄နှစ်မျှ အဆက်ပြတ် နေခဲ့ ပါတယ်။ မင်းသမီးသည် MBC မှပြသမဲ့ Mate အမည် ရှိတဲ့ TV ဇာတ်လမ် တွင်မကြာမီ ပါဝင် သရုပ်ဆောင် တော့မယ် လို့သိရ ပါသည်။
Source : Han Hye-jin is back on the drama business by MBC 'Mate'
Ha Ji-won's self celebration for her drama comeback

Ha Ji-won လည်းပြန်လာတော့မှာပါ
Ha Ji-won ဟာ TV ဇာတ်လမ် တွဲများနှင့် ၄နှစ်မျှ အဆက်ပြတ် နေခဲ့ ပါတယ်။ မင်းသမီးသည် SBS မှပြသမည့် Secret Garden အမည်ရှိသော TV ဇာတ်လမ် တွင်မကြာမီ ပါဝင် သရုပ်ဆောင် တော့မယ် လို့သိရ ပါသည်။
Source :
Ha Ji-won's self celebration for her drama comeback
"Daemul - Big Thing" remains atop
TV charts but sees slight drop in ratings
Daemul ဇာတ်လမ်းတွဲတိုင်ထိပ်တွင်ရှိနေဆဲ
ကိုးရီးယား အမျိုးသမီး သမတ တစ်ဦး အကြောင်း စိတ်ကူးယဉ် ဇာတ်လမ်း နောက်ခံ နဲ့ ရိုက်ထားတဲ့ Daemul - Big Thing အမည် ရှိတဲ့ TV ဇာတ်လမ်းတွဲ ဟာ ဗုဒ္ဓဟူး၊ ကြာသပတေး ၂ရက် ပြတဲ့ ဇာတ်လမ်းတွဲ တွေထဲမှာ rating 24.35 % နဲ့ထိပ်ဆုံး က ပြေးနေဆဲ ဖြစ်ပါတယ်။
မင်းသမီး Ko Hyeon-jeong နဲ့ မင်းသား Kwon Sang-woo တို့ခေါင်းဆောင် ပါဝင်ပြီး SBS TV မှထုတ်လုပ် တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
Source : "Daemul - Big Thing" remains atop TV charts but sees slight drop in ratings
'Pretty Boy' Lee Min-ho has
scratches on his knuckles.... Why?

မင်းသားလေးလက်ရှသွားရှာတယ်
မင်းသား Lee Min-ho ဟာ SBS TV ထုတ်လွှင့်မဲ့ City Hunter ဇာတ်လမ်းတွဲမှာ Kang-jin အမည်ရှိတဲ့ CIA agent ဟောင်း၊ လူကြမ်းကြီး အသွင်နဲ့ ပါဝင် မှာဖြစ် ပါတယ်။
ဒီကားနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေ ထုတ်ပြန် ခဲ့ရာ၊ fans များက မင်းသားရဲ့ လက်မှာ ချစ်ရာတွေ တွေရလို့၊ ဒီကိစ္စ ကို ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြ ပါတယ်။
မင်းသားရဲ့ agency အဆို အရ City Hunter ဇာတ်လမ်းတွဲ ရဲ့ action ခန်းတွေ ရိုက်ရာက၊ ရထားတဲ့ ဒါဏ်ရာတွေ ဖြစ်တယ်လို့ သိရ ပါတယ်။
Source : 'Pretty Boy' Lee Min-ho has scratches on his knuckles.... Why?
Jang Geun-seok said that he actually drank with
Moon Geun-yeong during the shooting

အရက်တော်တော်သောက်နိုင်တဲ့အွန်စောငယ်
ပြသဆဲ ဇာတ်လမ်းတွဲ Marry Me, Mary မှာ မင်းသား Jang Geun-seok နဲ့ မင်းသမီး Moon Geun-yeong (အွန်စောငယ်) တို့ပါဝင် သရုပ်ဆောင် နေကြ ပါတယ်. ရိုက်ကွင်းနား တဲ့အချိန် တွေမှာ ဝိုင်းဖွဲ့ပြီး သောက်တတ် ကြပါတယ်။
မင်းသား Jang Geun-seok က သူဟာ တစ်ခွက်နဲ့ မှောက်နေ ပေမဲ့၊ မင်းသမီး Moon Geun-yeong ကတော့ တော်တော် သောက်နိုင်တယ် လို့ ပြောသွား ပါတယ်။
ဒီလောက် မဟုတ် ပါဘူး၊ အဖေက မူးပြီး ပြန်လာရင် အသေဘဲ လို့ပြော ထားလို့ ကျွန်မ ဟန်ဆောင် နေတာပါ၊ ရင်ထဲမှာတော့ ဘလောင် ဆူနေ ပါတယ် လို့ မင်းသမီး Moon Geun-yeong က ပြန်လည် ချေပ သွာပါတယ်။
Source :
Jang Geun-seok said that he actually drank with Moon Geun-yeong during the shooting
"NO sponsor for baby product" said
Jang Dong-gun and Ko So-young

ကျွန်တော့သားဟာကြော်ငြာဖို့မဟုတ်ပါ
မင်းသား Jang Dong-gun နဲ့ မင်းသမီး Ko So-young တို့ကို ခလေး အသုံးအဆောင် (baby supplies) လုပ်ငန်းရှင် များက၊ ဝိုင်းဝိုင်းလယ်အောင် ချဉ်းကပ် ကြပါတယ်။
မကြာမှီ ကမှ မွေးထားတဲ့ သူတို့ရဲ့ သားကလေး ကို sponsor လုပ်ပြီး၊ ခလေး အသုံးအဆောင် များ ကြော်ငြာ ချင်ကြလို့ ချဉ်းကပ် ကြတာ ဖြစ်ပါတယ်။
Jang Dong-gun နဲ့ Ko So-young တို့ရဲ့ အဖြေကတော့ "NO" ပဲဖြစ်ပါတယ်။
Source : "NO sponsor for baby product" said Jang Dong-gun and Ko So-young
Korean fans enraged at Taiwanese
talk show over Girls' Generation

Girls' Generation ၏ fan များဒေါသထွက်ကြခြင်း
ထိုင်ဝမ် မှာ ကိုးရီးယား အနုပညာ လောက အကြောင်း TV ဆွေးနွေး ပွဲတစ်ခု မကြာမှီက ပြုလုပ် ခဲ့ ပါတယ်။ ကိုးရီးယား အနုပညာ လောက မှ အမျိုးသမီးလေး များဟာ၊ လုပ်ငန်းရှင် များ၊ အခြား အာဏာ ရှိသူ များနဲ့ ဝတ္တရား အရ ပုံမှန် အိပ်စက် ကြရကြောင်း ဆွေးနွေး သွားခဲ့ ပါတယ်။
ဆိုးသွား တာက၊ ဆွေးနွေးပွဲ စင်မြင့်ရဲ့ နောက်ခံ (background) မှာ Girls' Generation အဆိုအဖွဲ့ ရဲ့ poster ကြီးကပ်ထားပြီး၊ လိမ်ဝန်ဆောင်မှု (Sexual Service) ဆိုတဲ့ စာတန်းကြီး ရေးထား ခြင်းပါပဲ။
Girls' Generation ရဲ့ fan များ ဟာ သူတို့ အဆိုတော် တွေကို စော်ကား မော်ကား ပြုတာပဲ ဆိုပြီး ဒေါ်သ အမျက် ထွက်နေကြ ပါတယ်။
Source : Korean fans enraged at Taiwanese talk show over Girls' Generation
Big Bang's DVD reaches No. 1 on Oricon chart

Big Bang အဖွဲ့ ဂျပန် Oricon Chart #1 ရရှိခြင်း
Big Bang ရဲ့ DVD အခွေ "BIG SHOW BIG BANG LIVE CONCERT 2010" ဟာ ဂျပန် နိုင်ငံရဲ့ နာမည်ကြီး Oricon chart ရဲ့ ranking #1 နေရာကို ရရှိ ခဲ့ပါတယ်။ October 27 ရက်နေ့ အထိ ကော်ပီ ၁၅၀၀၀ ကျော် ရောင်းချ ခဲ့ရပြီး ဖြစ်တယ် လို့လည်း သိရ ပါတယ်။
Source : Big Bang's DVD reaches No. 1 on Oricon chart
YouTube version of Kim Hyun-joong
"Naughty Kiss" a big hit

Naughty Kiss ဇာတ်လမ်းတွဲ YouTube
တွင်ခေတ်စားနေခြင်း
Naughty Kiss ဇာတ်လမ်းတွဲ (ဟန်ဆောင်အနမ်း) ကို YouTube မှာ ၁၀ မိနစ် အပိုင်း တိုလေးများ အဖြစ် သက်ဆိုင်ရာ ကုမ္ပဏီ ကတင်ခဲ့ရာ အလွန် လူကြိုက် များနေတယ် လို့သိရ ပါတယ်။ (520,000 hits)
Naughty Kiss ဇာတ်လမ်းတွဲ ကို ကိုးရီးယား မှာ မပြသမှီ ကထဲက နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ ရောင်းချ ထားခဲ့ပြီး ဖြစ်ပါတယ်။
Naughty Kiss ကားတို များကို www.youtube.com/ytkiss မှာကြည့်နိုင် ပါတယ်။
Source : YouTube version of Kim Hyun-joong "Naughty Kiss" a big hit
Explosion during 'Sleeping with the Enemy'
shooting injured one person

ရုပ်ရှင်ရိုက်စဉ်ပေါက်ကွဲမှုဖြစ်ပြီးဒါဏ်ရာရခြင်း
Sleeping with the Enemy အမည်ရှိတဲ့ ရုပ်ရှင် ရိုက်နေစဉ်၊ ရိုက်ကွင်းသုံး ဖေါက်ခွဲ ပစ္စည်းများ ပေါက်ကွဲပြီး တစ်ဦး ဒါဏ်ရာ ရလို့ ဆေးရုံ တင်ထားရ ပါတယ်။ ရဲကလည်း စုံစမ်း မှုများ ပြုလုပ် နေပါတယ်။
ဒီရုပ်ရှင်မှာ Kim Joo-hyeok, Jeong Ryeo-won, Yoo Hae-jin, Byeon Hee-bong နဲ့ Yang Jeong-ah တို့ပါဝင် သရုပ်ဆောင် ကြပြီး ဒါရိုက်တာ Park Geon-yong မှဦးစီး ရိုက်ကူး နေပါတယ်။
Source : Explosion during 'Sleeping with the Enemy' shooting injured one person
Kim So-yeon will be joining 'ATHENA'
as North Korean top spy

ATHENA တွင် Kim So-yeon ပြန်ပါလာမည်
IRIS ဇာတ်လမ်းတွဲ ရဲ့ အဆက် ATHENA တွင် မင်းသမီး Kim So-yeon ဟာ မြောက်ကိုးရီးယား agent အဖြစ် ပြန်လည် သရုပ်ဆောင်မယ် လို့သိရ ပါတယ်။
ဝါရင့် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Kim So-yeon ဟာ IRIS ဇာတ်လမ်းတွဲ မှာလည်း မြောက် ကိုးရီးယား agent အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင် နိုင်ခဲ့လို့ ဆုရရှိ ခဲ့ဖူး ပါတယ်။
မင်းသမီး ရဲ့ ပြသဆဲ Doctor Champ ဇာတ်လမ်းတွဲ ဟာ နိုဝင်ဘာ လ အကုန်တွင် ပြီးမှာ ဖြစ်ပါတယ်။ ပြီးပြီးချင်း ATHENA တွင် ဆက်လက် သရုပ် ဆောင်မှာ လို့သိရ ပါတယ်။
Source : Kim So-yeon will be joining 'ATHENA' as North Korean top spy
Resilient actress relishes dramatic return

ရုပ်ပြမဟုတ်၊ အရည်အချင်းဖြင့်နာမည်ကြီးနေသူ
မင်းသမီး Ko Hyeon-jeong ချောမော လှပသူ တစ်ဦး ဖြစ်ပါတယ်။ သို့သော် သူဟာ သရုပ်ဆောင်မှု အတွက် ပိုနာမည် ကြီးပါတယ်။
မကြာမှီက ပြသွားတဲ့ Queen Seon-deok ဇာတ်လမ်းတွဲမှာ သူဟာ ဒုတိယ မင်းသမီး(လူဆိုးမင်း သမီး မီရှီ) ပါ၊ ဒါပေမဲ့ ပရိသတ် က ဘုရင်မ Seon-deok (ဒုံမန်း) ထက် သူ့ကို ပိုပြီး အမှတ် ရကြ ပါတယ်။
အခု လောလောဆယ် ပြနေတဲ့ Daemul - Big Thing ဇာတ်လမ်းတွဲ မှာ ကိုးရီးယား အမျိုးသမီး သမတ အဖြစ် သရုပ်ဆောင် ရာမှာ၊ ကောင်းလွန်းလို့ rating ၂၆.၄% နဲ့ လူကြိုက် အများဆုံး ဖြစ်နေ ပါတယ်။
အပြိုင် ထိပ်တိုက် Rain ရဲ့ဇာတ်လမ်းတွဲ
The Fugitive Plan B
ရဲ့ rating ဟာ Daemul - Big Thing ရဲ့တဝက် ပဲ ရှိပါတယ်။
Source : Resilient actress relishes dramatic return
Girls' Generation reaches gold
with Japanese single "Genie"

Girls' Generation ရဲ့ ဂျပန် Single
ကော်ပီ ၁၀၀,၀၀၀ ကျော်ရောင်းရခြင်း
Girls' Generation အဆိုအက အဖွဲ့ရဲ့ ပထမဆုံ ဂျပန်ဘာသာ single သီချင်းဟာ ကော်ပီ ၁၀၀,၀၀၀ ကျော်ရောင်းရပြီး ရွှေဓါတ်ပြား (Gold Disk) အဖြစ် သတ်မှတ်ခြင်း ခံရ ပါတယ်။
September 8 ကစတင် ဖြန့်ချီ ခဲ့ရာ October 31 မှာ ကော်ပီ ၁၀၁,၂၅၂ ရောင်ချ ခဲ့ရပြီး၊ Oricon Chart မှာ အဆင့် ၂၅ ချိတ်ခဲ့ ပါတယ်။
Source : Girls' Generation reaches gold with Japanese single "Genie"
U-Know Yunho cast in upcoming action drama

U-Know Yunho ဇာတ်လမ်းတွဲရိုက်မည်
အဆိုတော် U-Know ခေါ် Jung Yunho ဟာ Poseidon အမည်ရှိတဲ့ TV ဇာတ်လမ်းတွဲ မှာ တွဲဖက် မင်းသား အဖြစ် ပါဝင်တယ် လို့သိရ ပါတယ်။
ခေါင်းဆောင် မင်းသား ကတော့ မကြာမှီက တပ်က ပြန်ထွက် လာတဲ့ မင်းသား Eric Moon ဖြစ်ပြီး၊ မင်းသမီး ကတော့ Kim Ok-bin ဖြစ်ပါတယ်။
Source : U-Know Yunho cast in upcoming action drama
Young celebs get early admits to college for 2011

L to R, Top Kara member Gu Hara, actresses Koo Hye-sun
and Seo Woo, bottom -
4minute member HyunA,
actress Ko Ah-seong and Lee Se-yeong
မင်းသမီးလေးတွေတက္ကသိုလ်တက်ကြပြီး
နာမည်ကြီး မင်းသမီး နဲ့ အဆိုတော် အချို့ဟာ မကြာမှီ ကောလိပ်ကျောင်း စတက် တော့မယ်လို့ သိရ ပါတယ်။
ကျောင်းတက်မဲ့ နာမည်ကြီး များကို အပေါ်ပုံမှာ ဖေါ်ပြထား ပါတယ်။ အပေါ်တန်း ဘယ်မှညာ Gu Hara (Kara အဖွဲ့) , မင်းသမီး Koo Hye-sun, မင်းသမီး Seo Woo တို့ဖြစ်ပြီး၊ အောက်တန်း ဘယ်မှညာ၊ HyunA (4minute အဖွဲ့), မင်းသမီး Ko Ah-seong, မင်းသမီး Lee Se-yeong တို့ဖြစ် ကြပါတယ်။
Source : Young celebs get early admits to college for 2011
Han Chae-young cast as heroine
in Chinese film "Big Deal"

Han Chae-young တရုတ်ကားရိုက်မည်
မင်းသမီး Han Chae-young ဟာ မကြာမှီမှာ Big Deal အမည်ရှိတဲ့ တရုတ် ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ လက္ခံထား ပါတယ်။
၂၀၀၅ ခုနှစ်က Golden Rooster award for Best Director ဆုရ ထားတဲ့ တရုတ် အမျိုးသမီး ဒါရိုက်တာ Liwen Ma မှဦးစီး ရိုက်ကူး မှာဖြစ် ပါတယ်။
Source : Han Chae-young cast as heroine in Chinese film "Big Deal"
2PM Break into World Music Chart in U.S

2PM အဖွဲ့ U.S. Billboard အဆင့် ၁၃ နေရာချိတ်ခြင်း
2PM အဖွဲ့ရဲ့ Still 02:00PM အမည်ရှိတဲ့ album ဟာ U.S. Billboard Chart မှာ အဆင့် ၁၃ ချိတ်တယ်လို့ သိရ ပါတယ်။
ဒီ album ဟာ တရားဝင် CD ချပ် အနေနဲ့ ရောင်းခဲ့တာ မဟုတ်ပဲ၊ အင်တာနက် digital download ရောင်းအားကို Nielsen SoundScan အဖွဲ့ စစ်တမ်း အရ Billboard 13# နေရာ ရခဲ့ တာဖြစ် ပါတယ်။
ဒီသတင်းကြောင့် 2PM အဖွဲ့ အနေနဲ့ အလွန်မှ အံ့သြ ဝမ်းသာ ဖြစ်နေကြ ပါတယ်။
Source :2PM Break into World Music Chart in U.S.
The Fugitive Plan B' Continues
Filming Without Actress Yoon Son-ha

မင်းသမီး Yoon Son-ha ဒဏ်ရာရရှိသွားခြင်း
ပြသဆဲ မင်းသား Rain ရဲ့ဇာတ်လမ်းတွဲ The Fugitive Plan B ထဲမှာ professor Hwang Mi Jin အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Yoon Son-ha ဟာ ယာဉ်တိုက်မှု ကြောင့်ဆေးရုံ တင်ထားရ ပါတယ်။
ထို့ကြောင့် ဇာတ်ညွှန်း တွေပြင်ပြီး တနေ ရာရာ ခရီးထွက် နေတဲ့ ပုံမျိုး ပြင်ဆင် ရိုက်ကူးနေ ပါတယ်။ နေကောင်းရင် အလွယ် တကူ ပြန်ဝင်ပြီး ရိုက်နိုင်အောင်လည်း ဖန်တည် ထားတယ်လို့ သိရ ပါတယ်။
Source : The Fugitive Plan B' Continues Filming Without Actress Yoon Son-ha
Hyeon Bin to enter military by March 2011

မင်းသား Hyeon Bin စစ်မှုထမ်းတော့မည်
မင်းသား Hyeon Bin ဟာ မဝင် မနေရ ၂ နှစ် စစ်မှုထမ်းရန် လာမဲ့ ၂၀၁၁ ခုနှစ် မတ်လမှာ စစ်ထဲဝင် တော့မယ်လို့ သိရ ပါတယ်။
စစ်မှု မထမ်းမှီ SBS ရုပ်သံရဲ့ Secret Garden ဇာတ်လမ်းတွဲ ကိုပြီးအောင် ရိုက်သွား မယ်လို့ သိရ ပါတယ်။
မင်းသား Hyeon Bin ဟာ အွန်စော (မင်းသမီး Song Hye-kyo) ရဲ့ချစ်သူ လည်းဖြစ် ပါတယ်။
Source : Hyeon Bin to enter military by March 2011
Will Yoon Eun-hye come back to
the screens after a 4-year gap

Yoon Eun-hye ရဲ့ရုပ်ရှင်ကားသစ်
မင်းသမီး Yoon Eun-hye ဟာ My Black Mini Dress အမည်ရှိတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ လက္ခံ ထားတယ်လို့ သိရ ပါတယ်။ သူ့ရဲ့ နောက်ဆုံး ပါဝင် ခဲ့တဲ့ ရုပ်ရှင် ကတော့ လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ခဲ့တဲ့ My Fair Lady ဖြစ်ပါတယ်။
Source : Will Yoon Eun-hye come back to the screens after a 4-year gap?
Korean film "Passerby #3" wins
award at film fest in Japan

Passerby #3 ရုပ်ရှင်ဂျပန်မှ
ပေးသောဆုဆွတ်ခူးခြင်း
Passerby #3 ကိုးရီးယား ရုပ်ရှင်ဟာ ၂၃ ကြိမ်မြောက် ကျင်းပတဲ့ Tokyo International Film Festival မှ ချီးမြှင့်တဲ့ ဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။
ဒီရုပ်ရှင် ဟာ မကြာမှီက ကျင်းပ ခဲတဲ့ ကိုးရီးယား မှာကျင်းပ ခဲ့တဲ့ ၁၁ ကြိမ်မြောက် Jeonju International film Festival မှာလည်း ဆုရရှိ ခဲ့ပါတယ်။
Source : Korean film "Passerby #3" wins award at film fest in Japan
Shinhwa Eric discharged from military

Eric Moon စစ်မှုထမ်းတာဝန်ပြီးဆုံးခြင်း
မင်းသား Eric Moon (31) ဟာ ဥပဒေ အရ စစ်မှုထမ်း ၂ နှစ်ပြည့်မြောက် တဲ့အတွက်၊ October 30 ရက်နေ့က တပ်ကနေ ထွက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ မကြာမှီ မှာ Poseidon လို့အမည် ရှိတဲ့ ဇာတ်လမ်းတွဲ ရိုက်ရန် ရှိပါတယ်။
Source : Shinhwa Eric discharged from military
North Korea emerges as animation producer

မြောက်ကိုးရီးယားတွင်ကာတွန်း
ရုပ်ရှင်ငန်းတွင်ကျယ်နေခြင်း
မြောက်ကိုးရီးယားတွင် ကွန်ပျူတာ အခြေခံတဲ့ ကာတွန်း
ရုပ်ရှင် လုပ်ငန်းများ တွင်ကျယ် နေတယ် လို့သိရ ပါတယ်။ အနောက်နိုင်ငံ များက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား စတဲ့ ဈေးချိုတဲ့ နိုင်ငံ များသို့ လုပ်ငန်း များကို ကန်ထရိုက် စနစ်နဲ့ ချပေးကြ ပါတယ်။
၎င်းနိုင်ငံများ က အချို့လုပ်ငန်း များကို ဆပ်ကန်ထရိုက် ပြန်ချပေး ရာမှ စီးပွားရေး ပိတ်ဆို့ ခံထားရတဲ့ မြောက်ကိုးရီးယား နိုင်ငံမှာ ကွန်ပျူတာ အခြေခံ ရုပ်ရှင် ကာတွန်း လုပ်ငန်းများ တွင်ကျယ် လာတာ ဖြစ်ပါတယ်။
Source : North Korea emerges as animation producer
'Dae Jang Geum' will continue its journey in Europe

နိုင်ငံတကာသို့ထိုးဖေါက်နေတဲ့နန်းတွင်းရတနာ
နိုင်ငံတကာ သို့ ကိုးရီးယား အနုပညာ ထိုးဖေါက် ရာမှာ ရှေးဦးစွာ "နန်းတွင်းရတနာ" (Dae Jang Geum) ဇာတ်လမ်းတွဲ ကိုတင်ပို့ ပြသ စေပါတယ်။
အကြိုက်တွေ့ပြီး အသဲခိုက် သွားမှ နောက်က အခြား နာမည်ကြီး ဇာတ်လမ်းတွဲ တွေနဲ့ ဆက်တိုက် ထိုးဖေါက်တဲ့ နည်းဗျူဟာ ပါပဲ။
နိုင်ငံပေါင်း ၆၀ ကျော်ကို ဒီနည်းနဲ့ပဲ ထိုးဖေါက် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က စတင် ပြသ ခဲ့တဲ့ "ချန်ဂင်" ရဲ့ "နန်းတွင်းရတနာ" ဇာတ်လမ်းတွဲဟာ အလွန်တရာ မှ အနုပညာ အစွမ်းထက် ပါတယ်။
Source : 'Dae Jang Geum' will continue its journey in Europe
Won Bin won his first Daejong Best Actor Award

Won Bin ရဲ့အောင်မြင်မှု
၂၀၀၀ ခုနှစ်က နာမည်ကျော် ခဲ့တဲ့ Autumn in my Heart ဇာတ်လမ်းတွဲ မှာ နာမည်ကြီး လာခဲ့သူ များကတော့ အွန်စော (Song Hye-kyio), ဂျွှန်စော (Song Seung Hun), ထယ်စောက် (Won Bin), အွန်စောငယ် (Moon Geun Young) နဲ့ စိတ်ပုတ်မ လုပ်တဲ့ (Han Chae Young) တို့ပဲ ဖြစ်ပါတယ်။ အားလုံးဟာ ယနေ့တိုင် လျှမ်းလျှမ်းတောက် နာမည်ကြီး နေကြဆဲ ဖြစ်ပါတယ်။
Won Bin ကတော့ နာမည်ကြီး သော်လည်း သူရိုက် ခဲ့တဲ့ ဇာတ်လမ်းတွဲ နဲ့ ရုပ်ရှင် တွေကတော့ သိတ် အားရစရာ မရှိခဲ့ပါ။ Won Bin ဟာ ၂၀၀၅ နှစ်ကုန် မှာစစ်ထဲ ဝင်သွားပြီး ၂ နှစ်အကြာမှာ ပြန်ထွက် လာပါတယ်။
ထိုနောက်ပိုင်း ရိုက်တဲ့ ရုပ်ရှင်တွေဟာ အလွန်ပေါက် တဲ့ block buster တွေဖြစ်လာ ပါတယ်။ နောက်ဆုံး ရိုက်တဲ့
The Man From Nowhere ဟာ ဝင်ငွေ စံချိန်ချိုး ခဲ့ပါတယ်။ ဒီကား အတွက် Daejong ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံး မင်းသား ဆုကို ရရှိ ခဲ့ပါတယ်။
Source : Won Bin won his first Daejong Best Actor Award
Best Star Actors in Second Half of 2010
Are Won Bin and Sin Min-ah'

လူကြိုက်အများဆုံးမင်းသမီနဲ့မင်းသား
Leesprင Research Institute ရဲ့စစ်ဆမ်း ကောက်ချက် အရ ၂၀၁၀ နှစ် ဒုတိယ ၆ လ ပိုင်းမှာ လူကြိုက် အများဆုံး မင်းသား နဲ့ မင်းသမီး တို့ဟာ Won Bin နဲ့ Sin Min-ah တို့ဖြစ်ကြပါတယ်။
Source : Best Star Actors in Second Half of 2010 Are Won Bin and Sin Min-ah'
Koo Hye-seon's 1st feature "Magic - 2010"
invited to Tokyo film fest

ဂျပန်ရုပ်ရှင်ပွဲတော်တွင်
Koo Hye-seon ၏ရုပ်ရှင်ဝင်နွှဲမည်
မင်းသမီး Koo Hye-seon မကြာမှီက director အဖြစ် ထုတ်လုပ် ခဲ့တဲ့ "Magic - 2010" အမည်ရှိ ရုပ်ရှင် ကို၊ ၂၃ ကြိမ်မြောက် Tokyo International Film Festival မှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ် ခြင်းခံထား ရတယ်လို့ သိရ ပါသည်။
Source : Koo Hye-seon's 1st feature "Magic - 2010" invited to Tokyo film fest
Lee Min-ho wins more hearts
in Asia with "Personal Taste"

အာရှတွင် Lee Min-ho အား လူပိုကြိုက် လာခြင်
အာရှ တခွင်မှာ မင်းသား Lee Min-ho ဟာ Personal Taste ဇာတ်လမ်းတွဲ ရိုက်ပြီးနောက် လူပိုကြိုက် လာတယ်လို့ ဆိုပါတယ်။
လောလောဆယ် Personal Taste ဇာတ်လမ်းတွဲ ကို Taiwan, Singapore နဲ့ Hong Kong တို့မှာ ပြသနေပြီး၊ Japan နဲ့ Thailand မှာ နောက်လ ပြမယ်လို့ သိရ ပါတယ်။
Source : Lee Min-ho wins more hearts in Asia with "Personal Taste"
Rain rep readying lawsuit against accuser

Rain မှ Daniel Kim ကိုတရားစွဲရန်ပြင်ဆင်နေခြင်း
ကမ္ဘာကျော် LOST ဇာတ်လမ်းတွဲ မှ ကိုးရီယား ဇာတ်လိုက် Daniel Kim က Rain ဟာ လောင်း ကစား အလွန် ဝါသနာ ပါပြီး၊ လောင်းကြွေးတွေ အများအပြား တင်နေသူ ဖြစ်တယ်လို့ လူသိရှင်ကြား စွပ်စွဲ ခဲ့ပါတယ်။
Rain တို့ဘက်က ဒီကိစ္စ လုံးဝ မဟုတ်ပါ လို့ငြင်းဆို ထားပါတယ်။ များ မကြာမှီက Daniel Kim က Rain ထံမှ လောင်းကြွေး US$ 150,000 ရလိုမှု နဲ့ USA တရား ရုံးတော် တစ်ခုမှာ တရားစွဲဆို ထား ပါတယ်။
ထို့ကြောင့် Rain တို့ဘက်က မခံမရပ် နိုင်ဖြစ်ပြီး နာမည် ဖျက်မှုနဲ့ ပြန်လည် တရားစွဲဖို့ ပြင်ဆင် နေပါတယ်။
Source : Rain rep readying lawsuit against accuser
Lee Min-ho is coming back as a powerful man

လူကြမ်းကြီး Lee Min-ho
လူနုနုလေး Lee Min-ho ဟာ မကြာမှီ ရိုက်ကူးမဲ့ City Hunter ဇာတ်လမ်း တွဲမှာ CIA agent ဟောင်းအဖြစ် ခပ်ကြမ်းကြမ်း သရုပ်ဆောင် မှာဖြစ် ပါတယ်။ အခု မင်းသားဟာ kickboxing သင်တန်း တက်နေ ပါတယ်။
Source : Lee Min-ho is coming back as a powerful man
Kim Tae-hee to expand career into Japan

Kim Tae-hee ဂျပန်ဈေးကွက်ဖက်ခြေဦးလှည့်ပြီး
မင်းသမီး ဟာ Kim Tae-hee ဂျပန်ဈေးကွက် သို့ အနုပညာ လုပ်ငန်းများ တိုးချဲ့ဖို့ စီစဉ် နေပါတယ်။
ဂျပန် Nikkan Sports သတင်းစာ နဲ့ အင်တာဗျူး ရာမှာ၊ ဂျပန်တွင် လုပ်ငန်းများ တိုးလုပ်ဖို့ ဂျပန် agency တစ်ခုနဲ့ စာချုပ်ချုပ် ထားကြောင်း၊ Hollywood ဘက်ကိုလည်း မျှော်လင့်ချက် ထားကြောင်း ထုတ်ဖေါ် ပြောဆို သွားပါတယ်။
မင်းသမီး ဟာ Kim Tae-hee မကြာမှီက ပြသွားတဲ့ IRIS ဇာတ်လမ်းတွဲ ကြောင့် ဂျပန်မှာ တော်တော် နာမည် ကြီးနေ ပါတယ်။
Source : Kim Tae-hee to expand career into Japan
Bae Yong-joon won the case
against the Japanese publisher

Bae Yong-joon တရားနိုင်ခြင်း
မင်းသား Bae Yong-joon ဟာ ဂျပန် စာပေ ထုတ်ဝေရေး ကုမ္ပဏီ တစ်ခုကို တရားစွဲး ထားပါတယ်။ အဆိုပါ ဂျပန် ကုပ္မဏီ မှထုတ်တဲ့ မဂ္ဂဇင်း တစ်ခုမှာ မင်းသားရဲ့ ဓါတ်ပုံ များကို ခွင့်ပြုချက် မယူပဲ သုံးစွဲ ခဲ့တာကြောင့် တရား စွဲတာ ဖြစ်ပါတယ်။
ဂျပန် တရားရုံးက မင်းသားကို အနိုင် ပေးခဲ့ပြီး၊ အဆိုပါ ဂျပန်ကုမ္ပဏီ က မင်းသားကို ဂျပန်ယန်း ၄ သန်း လျှော်ကြေး ပေးဖို့ပါ အမိန့် ချမှတ် ခဲ့ပါတယ်။
Source : Bae Yong-joon won the case against the Japanese publisher
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment