အတိုအထွာသတင်းများ(၃၉)

Kim Hyun-joong will watch 'Mischievous Kiss' with his fans
ဇာတ်သိမ်းကို Fans များနှင့်အတူကြည့်တဲ့မင်းသား
ပြသဆဲ Mischievous Kiss ဇာတ်လမ်းတွဲ (ဟန်ဆောင် အနမ်း) ဇာတ်သိမ်းပိုင်း ကို၊ ခေါင်းဆောင် မင်းသား Kim Hyun-joong ဟာ ၄င်းရဲ့ fans များနဲ့ အတူ ကြည့်မှာ ဖြစ်ပါတယ်။
စုပေါင်း ကြည့်ပွဲကို လူ ၂၀၀၀ ဆံ့တဲ့ Seoul Grand Park Dorm Art Hall မှာ ပြုလုပ် မှာဖြစ် ပါတယ်။
Korea, China, Japan, Hong Kong နဲ့ Taiwan တို့မှ fans ၁၀, ၀၀၀ ကျော်တို့မှ လျှောက်လွှာ တင်ထား ကြပြီး မဲချ ပေးမှာဖြစ်ပါတယ်။
Source : Kim Hyun-joong will watch 'Mischievous Kiss' with his fans
Rain's 'The Fugitive Plan B' recorded
its lowest viewer rating, 11.9%

လူကြည့်အလွန်နည်းသွားတဲ့
Rain ရဲ့နောက်ဆုံးဇာတ်လမ်းတွဲ
ပြသဆဲ Rain ရဲ့ The Fugitive Plan B ဇာတ်လမ်းတွဲ ဟာ အပတ်စဉ် Wed-Thurs နေ့တွေမှာ ပြသတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ ကြည်သူ ၂၁% ကျော်ခဲ့ ပါတယ်။
တစ်ပတ် နောက်ကျ ပြီး မင်းသမီး Ko Hyeon-jeong ရဲ့ Daemul - Big Thing စင်ပြိုင် ပြချိန် မှစပြီး ကြည့်သူ ဆုတ်လာ ခဲ့တာ ယခု ဆိုရင် rating ၁၁.၉% ပဲရှိ ပါတော့တယ်။
Daemul - Big Thing ကတော့ rating ၂၀% ကျော်နဲ့ ထိပ်ဆုံးမှ ပြေးနေဆဲ ဖြစ်ပါတယ်။
Source : Rain's 'The Fugitive Plan B' recorded its lowest viewer rating, 11.9%
Kim Tae-hee, Song Seung-heon
to star in new drama

Kim Tae-hee နဲ့ Song Seung-heon
တို့ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Kim Tae-hee နဲ့ မင်းသား Song Seung-heon တို့ဟာ MBC ရုပ်သံရဲ့ Pasta အမည်ရှိ ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။
ရိုးရိုး တက္ကသိုလ် ကျောင်းသူလေး တစ်ဦးနဲ့ အလွန် ချမ်းသာတဲ့ လုပ်ငန်းရှင် တစ်ဦးတို့ ရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
Source : Kim Tae-hee, Song Seung-heon to star in new drama
Ha Ji-won is Korean Jolie?
She turned into an "Action Queen'

Action မင်းသမီး Ha Ji-won
November 13 မှာပြသမဲ့ SBS ရုပ်သံရဲ့ Secret Garden ဇာတ်လမ်းတွဲ မှ ပိုစတာ ပုံများ ထုတ်ပြန် ရာမှာ မင်းသမီး Ha Ji-won ကို အမေရိကန် မင်းသမီး Angelia Jolie စတိုင်မျိုး အဝတ် အစား နဲ့တွေ့ရ ပါတယ်။ မင်းသား ကတော့ Hyun Bin ဖြစ်ပါတယ်။
Source : Ha Ji-won is Korean Jolie? She turned into an "Action Queen'
Actor Ryoo Si-won to wed October 26

မင်းသား Ryoo Si-won လက်ထပ်တော့မည်
Hallyu မင်းသား Ryoo Si-won ဟာ October 26 မှာ လက်ထပ်တော့ မှာဖြစ်ကြောင်း သူ့ website မှတဆင့် အသိပေး ဖေါ်ပြ သွားပါတယ်။
သတိုးသမီး ဟာ ရိုးရိုး အရပ်သူ တစ်ဦး ဖြစ်ပြီး မင်းသားရဲ့ ကိုယ်ဝန်ကို လွယ်ထား ပါတယ်။ လက်ထပ်ပြီး မကြာမှီမှာ မွေးမှာ ဖြစ်ပါတယ်။
Source : Actor Ryoo Si-won to wed October 26
Police confirmed that Tablo is a Stanford graduate

Hip-hop အဆိုတော် Tablo ရဲ့ဘွဲ့လက်မှတ်ဟာအစစ်ပါ
Hip-hop အဆိုတော် Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အစစ် ဖြစ်ကြောင်းကို ကိုးရီးယား ရဲအဖွဲ့ က သက်ဆိုင်ရာ တက္ကသိုလ် နဲ့ဆက်သွယ် ပြီးနောက် အတည် ပြုပေး ခဲ့ပါတယ်။
Tablo ရရှိ ထားတဲ့ Stanford University (USA) ဘွဲ့လက်မှတ် ဟာ အတုပါ ဆိုပြီး internet ထဲမှာ တိုက်ခိုက် နေတာ ကြာပါပြီး။ ရဲက မဟုတ် မမှန် သတင်း ဖြန့်နေ သူတွေကို အရေးယူ ဖို့ ဆောင်ရွက် နေပါတယ်။
Source : Police confirmed that Tablo is a Stanford graduate
Cha Seung-won has surgery,
he will be in hospital for 25 days

မင်းသား Cha Seung-won ခွဲစိပ်ခံယူခြင်း
ATHENA ဇာတ်လမ်းတွဲ ရဲ့ မင်းသား Cha Seung-won ဟာ ဆေးရုံ တက်ပြီး ခွဲစိပ် ကုသမှု ခံယူ နေရ ပါတယ်။ October 20 မှာ ရိုက်ကွင်း ရှိရာ Hawaii သို့လိုက်သွား မယ်လို့ သိရ ပါတယ်။
Source : Cha Seung-won has surgery, he will be in hospital for 25 days
MC Mong indicted for draft-dodging

အဆိုတော် MC Mong စွဲချက်တင်ခံရပြီး
အဆိုတော် MC Mong ကို ကိုးရီးယား ရဲအဖွဲ့ က စစ်မှု ထမ်းရန် ရှောင်တိမ်း မှုနဲ့ စွဲချက်တင် အရေးယူ လိုက်ပြီး လို့ သိရ ပါတယ်။
MC Mong ဟာ သူ့ရဲ့ သွားအကောင်း တွေကို နှုတ်ပစ် ပြီး တပ်ဝင် ဆေးစစ် ကျအောင် ကြံစည် တာမှန်ကန် တယ်လို့ တွေ့ရှိ ရတဲ့ အတွက် ယခုလို စွဲချက်တင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။
Source : MC Mong indicted for draft-dodging
Yoon Si-yoon: '99 Percent of People Said 'No' to Me'

အလွန်အောင်မြင်လာတဲ့ Yoon Si-yoon
မနှစ်က လူမသိ သူမသိ မင်းသား Yoon Si-yoon ဟာ၊ ဒီနှစ် လူတိုင်း သိတဲ့ super star မင်းသား တစ်လက် ဖြစ်လာ ပါတယ်။
မင်းသား ပါဝင် ခေါင်းဆောင် တဲ့ Bread, Love, and Dreams ဇာတ်လမ်းတွဲ ဟာ rating ၅၀.၈% အထိ ရရှိ ခဲ့ပါတယ်။ ကျွန်တော် သရုပ် မဆောင် နိုင်ဘူး၊ မဖြစ်နိုင် ဘူးဆိုပြီး ဆန့်ကျင် ကြတဲ့ သူများက ၉၉% ရှိပြီး၊ ထောက်ခံတဲ့ ကျန်တဲ့ ၁% က အမေရယ် အဖေရယ် ကျွန်တော့ မန်နေဂျာ ရယ်ဘဲ ရှိခဲ့ ပါတယ်လို့၊ မင်းသားက ပြောသွား ပါတယ်။
မင်းသား Yoon Si-yoon ဆက်လက် အောင်မြင် ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Source : Yoon Si-yoon: '99 Percent of People Said 'No' to Me'
'Girls Generation's and Kara's
hot pants not allowed!' in Thailand

ဘောင်းဘီတိုမဝတ်သင့်ဆိုတဲ့ထိုင်းအစိုးရရဲ့အဆို
ကိုးရီးယား အမျိုးသမီး အဆိုအဖွဲ့ များရဲ့ ဘောင်းဘီတို hot pants ဖက်ရှင်ဟာ အာရှတလွှာမှာ အလွန် ခေတ်စါး လာပြီး တောမီးလို ပြန့်နှံ့ လာပါတယ်။
ဘောင်းဘီတို ဝတ်ရင် ခြင်ကိုက်ခံ ရပြီး သွေးလွန် တုတ်ကွေး ပိုဖြစ်နိုင်လို့ ထိုင်း မိန်းခလေး များ ဘောင်းဘီတို မဝတ် သင့်ကြောင်း ထိုင်းအစိုးရ က ထုတ်ပြန် ကြေငြာ ပါတယ်။ (ယောက်ျား လေးတွေ ရင်ခုံပြီး အသက်တို မှာလည်း ရှိသေးတယ် နော်)
Source : 'Girls Generation's and Kara's hot pants not allowed!' in Thailand
Jang Ja-yeon's Ex-Representative and
Ex-Manager got one year jail sentence

သတ်သေတဲ့မင်းသမီးရဲ့အေးဂျင်းနဲ့
မန်နေဂျာတို့ထောင်ကျပြီး
Boys Over Flowers (F4) ဇာတ်လမ်းတွဲ မှ အရံမင်းသမီး တစ်လက် ဖြစ်တဲ့ Jang Ja-yeon ဟာ ၂၀၀၉ မတ်လ က မိမိ ကိုယ် မိမိ သတ်သေ သွားခဲ့ ပါတယ်။
သေတမ်းစာ ထဲမှာ သူ့ကို အထက် လူကြီး များနဲ့ အိပ်စက်ဖို့ အဆက် မပြတ် ဖိအား ပေးခံရ တာကို မခံနိုင် တော့လို့ သတ်သေ တာပါလို့ ရေးထား ခဲ့ပါတယ်။
ဒီကိစ္စ အတွက် Agent Mr. Kim နဲ့ မန်နေဂျာ Mr. Yoo တို့ကို ထောင်ဒါဏ် ၁ နှစ်စီ ချလိုက်တယ် လို့သိရ ပါတယ်။
Source :
Jang Ja-yeon's Ex-Representative and Ex-Manager got one year jail sentence
Jang Dong-gun begot a son,
"Both wife and child are healthy"

Jang Dong-gun အဖေဖြစ်ပြီး
မင်းသား Jang Dong-gun ရဲ့ ဇနီး မင်းသမီး Ko So-young ဟာ October 4 က သား ယောက်ျား လေး ဖွားမြင်တယ် လို့သတင်း ရရှိ ပါတယ်။ မိခင်ရော ခလေးပါ ကျန်းမာစွာ ရှိကြ ပါတယ်။
Source : Jang Dong-gun begot a son, "Both wife and child are healthy"
Ain't No Stopping TVXQ's Trio In China

TVXQ ရဲ့သုံးဦးအဖွဲ့တရုတ်ပြည်တွင်
ဆက်လက်လှုပ်ရှားကြမည်
TVXQ အဖွဲ့မှ Xiah Jun-su, Micky Yoochun နဲ့ Hero Jae-joong တို့ဟာ 2010 East Asia All Stars Concert မှာ ပါဝင် ဆင်နွှဲ ကြပါမယ်။ ထို့ကြောင့် ဂျပန်မှာ လုပ်မဲ့ show ပွဲတွေကို ဖျက်လိုက် ရပါတယ်။
တရုတ်ပြည် က fans များဟာ သူတို့ ဆီက show ပွဲ အစီအစဉ် တွေလည်း ဖျက်လိုက်မှာ အလွန် စိုးရိမ် နေကြ ပါတယ်။
အဆိုတော် များရဲ့ တရုတ်ပြည် agent က တရုတ် show ပွဲများ ဆက်လုပ် မှာ ဖြစ်ကြောင်း ပြော သွားလို့ အားလုံး စိတ်အေး သွားကြတယ် လို့ သိရ ပါတယ်။
Source : Ain't No Stopping TVXQ's Trio In China
Interpark Demands Monetary
Compensation From Lee Hyo-lee

Lee Hyo-lee ရဲ့ Agency လျှော်ကြေးတောင်းခံရခြင်း
Lee Hyo-lee ရဲ့နောက်ဆုံး album မှာ ခိုးချ သီချင်းတွေ ပါခဲ့လို့ အကြီးအကျယ် ပြဿနာ တက်ခဲ့ ပါတယ်။
ဒီနောက်မှာ Lee Hyo-lee ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းထားခဲ့ ပါတယ်။ Interpark လုပ်ငန်းစု က ဒီကိစ္စကြောင့် အဆိုတော်ရဲ့ ရိုးသား ပွင့်လင်း တဲ့ ပြရုပ်ဟာ မှေးမှိန် ခဲ့ရကြောင်း၊ ထို့ကြောင့် ၄င်းတို့ ရဲ့ ရောင်းအား ကျဆင်း ပြီးဝင်ငွေ လျှော့ခဲ့ရ တယ်ဆိုပြီး တရားစွဲ ပါတယ်။
Lee Hyo-lee ရဲ့ Agency ထံမှ ပေးလျှော်ရန် တောင်းခံတဲ့ လျှော်ကြေး ကတော့ 490 million won ဖြစ် ပါတယ်။
Source :
Interpark Demands Monetary Compensation From Lee Hyo-lee
Actor Kwon's management agency
ruled to compensate W350 million

မင်းသား kwon Sang-woo ရဲ့
Agency လျှော်ကြေးပေးရပြီး
မင်းသား kwon Sang-woo ရဲ့
Agency မှ ContentsLab လုပ်ငန်းစု သို့ လျှော်ကြေး 350 million won ပေးရ မယ်လို့ Seoul Central District Court က မကြာမှီ က အမိန့် ချမှတ် လိုက်ပါတယ်။
မင်းသား agency ဟာ ဖြေဖျော်ရေး ကိစ္စများ နဲ့ ပတ်သက်ပြီး ချုပ်ဆို ထားတဲ့ စါချုပ်ပါ အချက်အလက် များကို အပြည့် အဝ ဆောင်ရွက် ပေးရန် ပျက်ကွက် ခဲ့တာ ထင်ရှားလို့ ယခုလို လျှော်ကြေး ပေးရတာ ဖြစ်ပါတယ်။
Source :
Actor Kwon's management agency ruled to compensate W350 million
Kim Tae-Hee: South Korea's 'most
beautiful woman' on shyness, beauty and guns

အလှဆုံးကိုးရီးယားအမျိုးသမီး
မင်းသမီး Kim Tae-Hee ဟာ ဂျပန်မှာ အလွန် ခေတ်စား နေပါတယ်။ ဂျပန် media များက မင်းသမီးကို ကိုးရီးယား နိုင်ငံရဲ့ အလှဆုံး အမျိုးသမီး အဖြစ် တင်စား လာကြပါတယ်။ Kim Tae-Hee ဟာ IRIS ဇာတ်လမ်းတွဲ တွင် စပိုင်မ အဖြစ် ပါဝင် ပြီးနောက် အထူး နာမည် ကြီးလာ ပါတယ်။
Source :
Kim Tae-Hee: South Korea's 'most beautiful woman' on shyness, beauty and guns
Rain military entrance date deferred to next year

Rain စစ်မှုထမ်းခြင်းမှတစ်နှစ်ရွှေ့ဆိုင်းခွင့်ရခြင်း
မင်းသား Rain (28) ဟာနိုင်ငံသား တိုင်းရှိတဲ့ တာဝန်အရ စစ်မှုထမ်း ချိန်တန် နေပါပြီး။ သို့သော် သူတင်ပြတဲ့ အထွေထွေ အကြောင်း ပြလျက် များကို လက်ခံ တဲ့အတွက်၊ ကိုးရီးယား Military Manpower Administration (MMA) က စစ်တပ်သို့ သတင်း ပို့ရမဲ့ ရက်ကို တစ်နှစ် ဆိုင်းငံ့ ခွင့်ပြုလိုက် ပါတယ်။
Source : Rain military entrance date deferred to next year
Song Seung-heon says wants to
dine with Girls' Generation and Kara

အဆိုတော်မလေးတွေနဲ့ညစာစား
ချင်နေတဲ့မင်းသားဂျွန်စော
မကြာမှီက ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ မင်းသား Song Seung-heon (33) က Girls' Generation, Kara, After School နဲ့ f(x) စတဲ့ music band တွေက အဆိုတော် မလေး များနဲ့ ညစာ (dinner) အတူ စားလိုကြောင်း ထုတ်ဖေါ် ပြောသွား ပါတယ်။
Source :
Song Seung-heon says wants to dine with Girls' Generation and Kara
Pop Queen Lee Hyo-lee Maintains Status As CF Queen

ကြော်ငြာဘုရင်မ Lee Hyo-lee
Lee Hyo-lee (33) ကို ကိုးရီးယား ကြော်ငြာ လောကရဲ့ ဘုရင်မ တစ်ဆူ အဖြစ် တင်စားထား ကြပါတယ်။
သာမန်အာဖြင့် သုံးလေးနှစ် ကြာလာရင် မျက်နှာသစ် အငယ် လေးများနဲ့ အစားထိုး တတ်ကြ ပါတယ်။ Lee Hyo-lee ကတော့ ၁၀ နှစ် ရှိသွား ပါပြီး။ ယခု အထိ ကျမသွားပဲ လူကြိုက် များနေဆဲ ဖြစ်တဲ့ CF Queen ဖြစ်ပါတယ်။
Source : Pop Queen Lee Hyo-lee Maintains Status As CF Queen
Will 'Athena' Exceeds Popularity of 'IRIS'?

IRIS ထက်သာမယ်လို့တစ်ပြေးနေတဲ့ ATHENA
နာမည်ကျော် ဇာတ်လမ်းတွဲ IRIS ရဲ့ အဆက် ATHENA ဟာ IRIS ထက်သာ မယ်လို့ တစ်ပြေး နေပါတယ်။ မင်းသား Jeong Woo-seong, Cha Seung-won မင်းသမီး Soo-ae, Lee Ji-ah တို့ခေါင်းဆောင် ပါဝင် ပါမယ်။
Super Junior အဖွဲ့မှ Choi Si-won က လက်သင် စုံထောက် ပေါက်စလေး အဖြစ် ပါဝင်ပြီး၊ အဆိုတော် BoA နဲ့ မင်းသမီး Lee Bo-yeong တို့က ဧည့်သည်တော် သရုပ်ဆောင် များအဖြစ် ပါဝင် ကြမှာ ဖြစ်ပါတယ်။
Source : Will 'Athena' Exceeds Popularity of 'IRIS'?
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment