အတိုအထွာသတင်းများ(၃၈)
Are Kim Tae-hee and Lee Byeong-heon dating?

Kim Tae-hee and Lee Byeong-heon in IRIS
မင်းသမီး Kim Tae-hee နဲ့ မင်းသား
Lee Byeong-Heon တို့တွဲ နေကြ သလား?
မင်းသမီး Kim Tae-hee နဲ့ မင်းသား Lee Byeong-Heon တို့တွဲ နေကြတယ် လို့ သတင်းတွေ ထွက်နေ ပါတယ်။
ဒီကိစ္စ ကို မကြာမှီက KBS ရုပ်သံက ပြုလုပ်တဲ့ အင်တာဗျူး မှာ မေးခွန်း ထုတ်တဲ့ အခါမှာ မင်းသမီးက၊ "ဒီသတင်းကို ကြားရတော့ ကျွှန်မ အတော် ဝမ်းသာ သွားမိ ပါတယ် လို့ ဖြေပါတယ်"။
နောက်တခါ ထပ်ပြီး တကယ် တွဲနေ ကြလား လို့ မေးတော့၊ မဟုတ် ပါဘူး လို့ ငြင်းဆို သွား ပါတယ်။
Source : Kim Tae-hee was happy about dating rumors with Lee Byeong-heon
Gong Yoo to Hold Live Concert
In Japan in December

Gong Yoo ဂျပန်တွင်ပြဇာတ်ကမည်
Coffee Prince ဇာတ်လမ်းတွဲ မှ မင်းသား Gong Yoo ဟာ December 5 မှာ ဂျပန်တွင် fan meet ပြုလုပ်ရန် ရှိပါတယ်။
အဲဒီ ပွဲမှာ Love Song for You အမည်ရှိတဲ့ ပြဇာတ်နဲ့ သူ့ရဲ့ fans များကို ဖြေဖျော်ဖို့ အစီအစဉ် ရှိတယ်လို့ သိရ ပါတယ်။
Source :
Gong Yoo to Hold Live Concert In Japan in December
'The Man From Nowhere' going
to reach 6,000,000 viewers
Won Bin ရဲ့ရုပ်ရှင်ကိုအားပေးသူ ၆ သန်းကျော်သွားပြီး
The Man From Nowhere လို့အမည် ရှိတဲ့ မင်းသား Won Bin ရဲ့ရုပ်ရှင် ဟာ အားပေး ကြည့်ရှုသူ ၆ သန်းကျော် သွားပြီး လို့သိရ ပါတယ်၊ ၆သန်း ဆိုတာ ရန်ကုန် မြို့ရဲ့ လူဦးရေ နဲ့ညီ ပါတယ်။
Source : Won Bin's 'The Man From Nowhere' going to reach 6,000,000 viewers
Rain says done lifetime's worth
of running for "The Fugitive Plan B"

Rain ရဲ့ဇာတ်လမ်းတွဲသစ် The Fugitive Plan B
မင်းသား Rain ရဲ့ The Fugitive Plan B (KBS) လို့အမည် ရှိတဲ့ ဇာတ်လမ်းတွဲ အသစ်ကို မင်းသမီး Lee Na-young နဲ့တွဲဖက် ပြီး September 29 မှာ စတင် ပြသ ပါတယ်။
ဒါရိုက်တာ ကတော့ မကြာမှီ က ပြသွားတဲ့ နာမည်ကျော် Slave Hunter ဇာတ်လမ်းတွဲ (ကျွန်မုဆိုး) ကိုရိုက်ခဲ့တဲ့ Kwak Jeong-hwan ပဲဖြစ် ပါတယ်။
ဒီဇာတ်လမ်းတွဲ မှာ အခြားပါဝင် သူများ ကတော့ Daniel Henney, Lee Jeong-jin, Kong Hyeong-jin, Yoon Son-ha, ဟောင်ကောင်မှ Ti Lung, တရုတ်ပြည်မှ Josie Ho, ဂျပန်မှ Naoto Takenaka နဲ့
Uehara Takako တို့ ဖြစ်ကြ ပါတယ်။
Source : Rain says done lifetime's worth of running for "The Fugitive Plan B"
Song Hye-kyo's return in films

Song Hye-kyo ရုပ်ရှင်တစ်ကားရိုက်တော့မည်
မင်းသမီး Song Hye-kyo ဟာ မကြာမှီမှာ ဒါရိုက်တာ Lee Jeong-hyang ရဲ့ Nobody Somebody လို့ ယာယီ အမည် ပေးထားတဲ့ ရုပ်ရှင် တစ်ကား ရိုက်ရန် ရှိ ပါတယ်။
မင်းသမီးဟာ လောလောဆယ် တရုတ်ပြည် မှာရုပ်ရှင် တစ်ကား ရိုက်နေ ပါတယ်။ အောက်တိုဘာ လကုန်မှာ ပြီးမှာ ဖြစ်ပါတယ်။ ပြီးရင် အထက် ဖေါ်ပြပါ ကိုးရီးယား ရုပ်ရှင် ကို ဆက်ရိုက်မှာ ဖြစ်ပါတယ်။
မင်းသမီး နောက်ဆုံး ရိုက် ခဲ့တဲ့ ရုပ်ရှင် ကတော့ Hwangjin-yi (2007) ဖြစ်ပါတယ်။
Source : Song Hye-kyo's return in films
A secret date between
Jeon Ji-hyeon and John Woo

Jeon Ji-hyeon နဲ့ ဒါရိုက်တာ John Woo
လျှို့ဝှက် date လုပ်ကြသလား?
လူတွေက မေးခွန်း ထုတ်နေကြ ပါတယ်။ ကမ္ဘာကျော် ဟောင်ကောင် ဒါရိုက်တာ John Woo ဟာ ကိုးရီးယား ကို မကြာမှီက ခေတ္တ ရောက်ရှိ ခဲ့ပါတယ်။ ထိုစဉ်က ကိုးရီးယား မင်းသမီး Jeon Ji-hyeon နဲ့ တိတ်တိတ် ချိန်းတွေ့ ကြတယ်လို့ သတင်းတွေ ထွက်နေ လို့ပါ။
လုပ်ငန်း ဆွေနွေး ဖို့တွေ့ ကြတယ်လို့ သိရ ပါတယ်။ မင်းသမီး Jeon Ji-hyeon ဟာ တရုပ်ကား တွေဖက် ခြေဦး လှည့်ဖို့ ခြေလှမ်း ပြင်နေတယ် လို့လည်း သိရ ပါတယ်။
Source : A secret date between Jeon Ji-hyeon and John Woo
"Bread, Love and Dreams" places
at No. 1 on weekly TV charts for 12th

Bread, Love and Dreams ဇာတ်လမ်းတွဲ
ဆက်လက်လူကြိုက်များနေခြင်း
ပြသဆဲ Bread, Love and Dreams ဇာတ်လမ်းတွဲ ဟာ #1 နေရာတွင် ၁၃ ပတ်မြောက် ရပ်တည် နေခဲ့ပြီး လူကြိုက် များနေကြောင်း သိရ ပါတယ်။
Source : "Bread, Love and Dreams" places at No. 1 on weekly TV charts for 12th
Why Japanese Girls Go Mad for Korean Girl Bands

ကိုးရီးယားအမျိုးသမီးအဆိုအဖွဲ့တွေကို
ဂျပန်မိန်းခလေးများပိုနှစ်သက်ကြသည်
မကြာမှီက ဂျပန်မှာ Girls' Generation အဖွဲ့ ဖြေဖျော် ခဲ့စဉ်က အားပေးသူ ပရိသတ် ၈၀% ကျော်ဟာ မိန်းခလေး တွေဖြစ် နေတာ တွေ့ရ ပါတယ်။
အခြား ကိုးရီးယား အမျိုးသမီး အဆို အဖွဲ့ များဖြစ် ကြတဲ့ 4 Minute, Kara နဲ့ Brown Eyed Girls တို့ ဖြေဖျော် ခဲ့စဉ်က လည်း အားပေးသူ ပရိသတ် အများစု မိန်းခလေး များဖြစ် နေတာ တွေ့ရ ပါတယ်။
ပရိသတ် အများစု ဟာ ယောက်ျား လေးများ ဖြစ်သင့် ပေမဲ့ အခုလို အမျိုးသမီး အများစု ဖြစ်နေလို့ ဝေဖန် သူများ မျက်စေ့လည်နေကြ ပါတယ်။
Source : Why Japanese Girls Go Mad for Korean Girl Bands
MC Mong had healthy teeth extracted

ဒီလူစစ်ထဲမဝင်ရအောင်သွားတွေနှုတ်ပစ်သလာ?
TV-show host နဲ့ အဆိုတော် MC Mong (31) ကို ရဲက စစ်ထဲ မဝင်ရအောင် ရှောင်တဲ့ စွဲချက်နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရ ပါတယ်။
ရဲအဖွဲ့ ရဲ့ အဆို အရ သူဟာ အကြောင်း အမျိုးမျိုး ပြပြီး ရက်ပေါင်း ၄၂၂ ရက် စစ်ထဲ မဝင် ရအောင် ရှောင်တိမ်း နေခဲ့ကြောင်း၊ ထို့ပြင် ကောင်းနေတဲ့ သွား ၃ ချောင်း ကိုတမင် နှုတ်ပစ်ပြီး တပ်ဝင် ဆေးစစ်ချက် ကျအောင် လုပ်ခဲ့ကြောင်း စွပ်စွဲ ထားပါတယ်။
ကိုးရီးယား မှာ ယောက်ျားလေး များဟာ အရွယ်ရောက် လာရင် ၂ နှစ် မဝင် မနေရ စစ်မှုထမ်း ကြရ ပါတယ်။
Source : MC Mong had healthy teeth extracted
So Ji-sub to receive honor at Daejong Film Awards

So Ji-sub ဂုဏ်ထူးဆောင်ဆုရရှိခြင်း
September 25 မှ 30 အတွင်း ပြုလုပ် ကျင်းပ ခဲ့တဲ့ 47th Daejong Film Award (2010) မှာ မင်းသား So Ji-sub ဟာ ထူးခြားတဲ့ ဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။
မင်းသားဟာ ကိုးရီးယား ယဉ်ကျေးမှု (culture) ကို အာရှတလွှား မှာ သိရှိ လာစေရန် ဆောင်ရွက် ပန့်ပိုး ပေခဲ့လို့ ဒီဆုကို လက္ခံ ရရှိ ခဲ့ခြင်း ဖြစ်ပါတယ်။
Source : So Ji-sub to receive honor at Daejong Film Awards
Please love 'Doctor Champ' says Kim So-yeon

Kim So-yeon ရဲ့နောက်ဆုံးဇာတ်လမ်းတွဲ
မင်းသမီး Kim So-yeon ရဲ့ Doctor Champ (SBS) လို့အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ အသစ်ကို September 27 ကစတင် ပြသ ပါတယ်။
ဒီဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင် သူများ ကတော့ Kim So-yeon, Jeong Kyeo-woon နဲ့ Eom Tae-woong တို့ဖြစ် ကြပြီး၊ ဒီ သုံးဦးရဲ့ ၃ ပွင့်ဆိုင် အချစ် ဇာတ်လမ်း နဲ့ ပုံဖေါ်ထား ပါတယ်။
Source : Please love 'Doctor Champ' says Kim So-yeon
Bae Yong-joon photo essay
to sell in China starting today

Bae Yong-joon ရဲ့စါအုပ် Chinese version ထုတ်ဝေခြင်း
မင်းသား Bae Yong-joon ရဲ့ Discovering the Beauty of Korea အမည်ရှိ စါအုပ် Chinese version ကို September 16 က တရုတ်ပြည် မှာ စတင် ဖြန့်ချီ ခဲ့ပါတယ်။ အုပ်ရေ ၁၀၀, ၀၀၀ ရောင်းရမယ် လို့ ခန့်မှန်း ထားကြ ပါတယ်။
တစ်သိန်း ဆိုရင် တရုတ် ပြည်မှာ bestseller လို့သတ်မှတ် နိုင်ပါတယ်။ ကိုရီးယား နဲ့ ဂျပန် version ကို မနှစ်က စက်တင်ဘာ လမှာ ထုတ်ဝေ ခဲ့ရာမှာ သိန်းချီပြီး ရောင်းခဲ့ ရတယ်လို့ ဆိုပါတယ်။
ဂျပန်က version copyright ကို မကြုံစဖူး won 800 million နဲ့ဝယ်သွား ခဲ့ပါတယ်။ တစ်အုပ်ကို US$ 28.87 နဲ့ ရောင်း ပါတယ်။
Source :
Bae Yong-joon photo essay to sell in China starting today
Discovering the Beauty of Korea - Bae Yong-joon - Publisher - Sid Paper-US$28.87
Joo Jin-mo thinks Zhang Ziyi liked him

Zhang Ziyi မင်းသား Joo Jin-mo ကိုကြိုက်ခဲ့သလား?
နာမည်ကျော် တရုတ် မင်းသမီး Zhang Ziyi ဟာလွန် ခဲ့တဲ့ ၁၀ နှစ်က ယခုလောက် နာမည် မကြီး သေးပါ။ Zhang Ziyi နဲ့ Joo Jin-mo တို့တွဲပြီး Musa အမည် ရှိတဲ့ ကိုးရီးယား ရာဇဝင် ရုပ်ရှင်ကား ကို ၂၀၀၁ ခုနှစ်က ရိုက်ခဲ့ ဖူးပါတယ်။
သူတို့ နှစ်ဦးဟာ ရိုက်ကွင်း အတွင်းမှာရော ရိုက်ကွင်း အပ မှာပါ တတွဲတွဲ စါးအတူ သွားအတူ ရင်းနှီး ခဲ့ကြ ပါတယ်။
MBC talk show မှာ မင်းသားက "Zhang Ziyi ကျွန်တော့ ကိုများ သဘောကျ ခဲ့ လေမလား မသိပါ၊ သူ့ကိုတော့ ချစ်စရာ ကောင်းတယ် လို့ထင်ခဲ့ ပါတယ်။"
ဒါပေမဲ့ ထိုစဉ်က ကျွန်တော်က girl friend ရှိနေ လေတော့ ဘယ်လိုမှ ရှေ့မဆက် ဖြစ်ခဲ့ပါ၊ အဲတုံးက သာ နာမည်ကျော် မင်းသမီး ဖြစ်လါမယ် ဆိုတာ သိခဲ့ ရရင် အကောင်းသား လို့ ညီးသွား ပါတယ်။
Source :
Joo Jin-mo thinks Zhang Ziyi liked him
Musa (武士 무사) or The Warrior in English, is a 2001 Korean epic film
Jang Dong-gun Hollywood
picture
to premiere in Korea

Jang Dong-gun ရဲ့ဟောလီးဝုဒ်ရုပ်ရှင်
မင်းသား Jang Dong-gun (ဒါရိုက်တာရင်) ရဲ့ The Warrior's Way အမည် ရှိတဲ့ Hollywood ရုပ်ရှင်ကို USA နဲ့ ကိုးရီးယား တို့မှာ December 3 တွင် တပြိုင်နက် ထဲပြမယ် လို့သိရ ပါတယ်။
Source : Jang Dong-gun Hollywood picture to premiere in Korea
Actor Lee Byeong-heon
wins Seoul Tourism Award

မင်းသား Lee Byeong-heon အား
Seoul Tourism ဆုချီးမြင့်ခြင်း
ကိုးရီးယား ကို tourist အမျာအပြား လာရောက် လယ်ပတ် စေရန် သြဇာ သက်ရောက် စေခဲ့သူ ဖြစ်တယ်လို့ သတ်မှတ်ပြီး မင်းသား Lee Byeong-Heon ကို Seoul Municipal အုပ်ချုပ်ရေး အဖွဲ့မှ Seoul Tourism Award ဆုချီးမြင့် ခဲ့ပါတယ်။
Source : Actor Lee Byeong-heon wins Seoul Tourism
Kim So-eun's popularity rises in Taiwan

Kim So-eun အား ထိုင်ဝမ် တွင်လူကြိုက်များနေခြင်း
မင်းသမီး Kim So-eun ကို Taiwan မှာလူကြိုက် များနေတယ် လို့သိရ ပါတယ်။ KBS TV ရဲ့ Good Days when the Wind Blows ဇာတ်လမ်းတွဲ ကို July 22 မှာစတင် ပြသ ခဲ့ပြီး နောက်မှာ ယခုလို popular ဖြစ်လာ တာပါ။
မင်းသမီးဟာ ၂၀၀၅ ခုနှစ်မှာ MBC ရုပ်သံ ရဲ့ Sister of the Sea အမည်ရှိ ဇာတ်လမ်းတွဲ နဲ့ စတင် သရုပ်ဆောင် ခဲ့ပြီး Sad Love Story (2005) နဲ့ The Iron Empress (2009) တို့မှာလည်း ပါခဲ့ ပါတယ်။
Choo Ga-eul အဖြစ် Boys Over Flowers (F4) မှာ အထူး နာမည် ရခဲ့ ပါတယ်။ နောက်ထပ် ရိုက် ခဲ့တဲ့ The Man Who Can’t Get Married ဇာတ်လမ်းတွဲ မှာလည်း လူကြိုက် များခဲ့ ပါတယ်။
Source : Kim So-eun's popularity rises in Taiwan
Lee Byeong-heon named PR ambassador for California

Lee Byeong-heon အား California ၏
PR သံအမတ်အဖြစ်ခန့်အပ်ခြင်း
မင်းသား Lee Byeong-heon အား California ၏
PR သံအမတ် အဖြစ် ခန့်အပ် လိုက်တယ် လို့သိရ ပါတယ်။
September 15, 2010 မှာ ပြုလုပ်တဲ့ သံအမတ်အဖြစ်ခန့်အပ် ပွဲ အခမ်းအနား မှာ ခန့်အပ်လွှာ ကို California ပြည်နယ် Governor Arnold Schwarzenegger က မင်းသားအား ပေးအပ် ခဲ့ပါတယ်။
Source : Lee Byeong-heon named PR ambassador for California
Kim Ah-joong cast as female lead in new medical drama

Kim Ah-joong ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Kim Ah-joong မကြာမှီ မှာ ပြသမဲ့ Heaven အမည်ရှိ TV ဇာတ်လမ်းတွဲ မှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။
Kim Ah-joong ဟာ 200 Pounds Beauty အမည်ရှိ ရုပ်ရှင် နဲ့ နာမည်ကြီး လာတဲ့ မင်းသမီး ဖြစ်ပါတယ်။
Source : Kim Ah-joong cast as female lead in new medical drama
Lee Min-ho attends fashion show in New York

New York ဖက်ရှင်ပွဲ တက်ရောက်ခဲ့တဲ့
F4 မင်းသား Lee Min-ho
ပြင်သစ် ဒီဇိုင်နာ Christophe Lemaire ဦးစီးတဲ့ Lacoste 2011 အမည်ရှိ ဖက်ရှင် show ပွဲရဲ့ ဖိတ်ကြား ချက် အရ၊ ၄င်းပွဲကို F4 မင်းသား Lee Min-ho တက်ရောက် ခဲ့တယ်လို့ သိရ ပါတယ်။
Source : Lee Min-ho attends fashion show in New York
Lee Hyo-lee songwriter held in custody for plagiarism

Lee Hyo-lee ရဲ့ခိုးချသီချင်းများကိစ္စ
2010 April က အဆိုတော် Lee Hyo-lee ရဲ့ H-Logic အမည် ရှိတဲ့ album ထွက်လာ ပါတယ်။ သီချင်း ထွက်ပြီး မကြာခင် မှာ အများရဲ့ ထောက်ပြချက် အရ အောက်ပါ သီချင်း များဟာ ခိုးချ ထားတဲ့ သီချင်းတွေ ဖြစ်နေ ကြပါတယ်။
- "I'm Back" [Canadian indie-singer Lil Precious' track "So Insane"]
- "Memory" [British Trip-Hop group Second Person's track "The Alphabet Song"]
- "Feel the Same" [Canadian indie-singer Melanie Durrant's "Feel the Same"]
- "Swing"[(Greek composer Mikis Theodorakis' "To treno fegi stis ohto"]
- "Bring it Back" [Canadian girl-group Cookie Couture's "Boy Bring it Back"]
- "How Did We Get" [Jason Derulo's "How Did We"]
Lee Hyo-lee ဟာ၎င်း ကိစ္စ ဖြေရှင်း မပြီးမချင်း သီချင်း ဆိုခြင်း လုပ်ငန်း အားလုံးကို ရပ်ဆိုင်း ထားလိုက် ပါတယ်။ သီချင်းရေး ဆရာ Bahnus Vacuum @ Lee ကို သီချင်း ရေးခ won 29 million Lee Hyo-lee တို့ဖက်က ပေးထား ရတယ် လို့ဆို ပါတယ်။
Lee Hyo-lee နဲ့ သူမရဲ့ agency Mnet Media တို့က တရား စွဲပြီး ရဲသို့ တိုင်ကြား ထား တဲ့အတွက် သီချင်းရေး ဆရာကို ဖမ်းထား ပါတယ်။
မြန်မာ ပြည်မှာ ဆိုရင် အဆိုတော် အချို့ သီဆိုမှု ရပ်ထား ရပြီး၊ တေးဖွဲ့သူ အချို့ လည်း အချုပ်ထဲ ရောက်နေ လောက် ပါပြီး။ (တောင်းပန် ပါတယ်၊ အမှန်အကန် ပါရမီ ရှင်တွေကို လေးစါး ပါတယ်)
Source : Lee Hyo-lee songwriter held in custody for plagiarism
Moon Geun-yeong joins Jang Geun-seok for new drama

Moon Geun-yeong အွန်စောငယ် ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Moon Geun-yeong (23) ဟာ Mary Stayed Out All Night လို့အမည် ရှိတဲ့ ကာတွန်း ဇာတ်လမ်း ကိုမှီးပြီး KBS TV က ထုတ်လွှင့်မဲ့ TV ဇာတ်လမ်းတွဲ မှာ မင်းသား Jang Geun-seok နဲ့တွဲဖက် ပါဝင်မယ် လို့သိရ ပါတယ်။
Source : Moon Geun-yeong joins Jang Geun-seok for new drama
Cha Seung-won to hold fan meeting in Japan

မင်းသား Cha Seung-won
ဂျပန်တွင် Fan Meet ပြုလုပ်ခြင်း
ကိုးရီးယား ထိပ်တန်း သဘာဝ မင်းသား Cha Seung-won ဟာ September 24 က ဂျပန် နိုင်ငံ Tokyo မြို့မှာ သူ့ သရုပ်ဆောင် သက်တမ်းရဲ့ ပထမ ဦးဆုံး Fan Meet ကို ကျင်းပ ခဲ့ပါတယ်။
Source : Cha Seung-won to hold fan meeting in Japan
Former 2PM Singer Breaks Silence

Jae-bum စကားစပြောပြီး
2PM အဆို အဖွဲ့ ကနေ နှုတ်ထွက် သွားတဲ့ Jae-bum ဟာ ဘာ စကားမှ မပြောပဲ ရေငုံနှုတ် ပိတ်ပြီး ဇာတိ USA သို့ ပြန်သွား ခဲ့ပါတယ်
Jae Bum (23) ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား
မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား
ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ
မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင်
အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။
US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့
တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ
တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။
သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September
4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။ ဒီနောက် အမျိုးမျိုး အပြစ်ပြော ခံရပြီး 2PM အဖွဲ့မှ နှုတ်ထွက် ခဲ့ပါတယ်။
ဖြစ်ပျက် ခဲ့ပုံက အတော် ခံပြင်းဖို့ ကောင်းပါတယ်။ သီချင်း ဆိုတယ်၊ ကတယ် ဆိုတာ ဘယ်မှာ လုပ်လုပ် ရပါတယ်။ လူလည်း သေသွားတာ မဟုတ် ပါဘူ၊ ဒါနဲ့ ကျွန်တော့ ဘဝကို အသစ် ကနေ ပြန် စဖို့ ဆုံးဖြတ် ခဲ့တာပါ။
ကျွန်တော့ agency ဟောင်း ကတော့ ကျွန်တော့ ကို နစ်နာ စေလိုတဲ့ သဘော မရှိခဲ့ ပါဘူ။ ကျွန်တော်လည်း စိတ်ထဲမှာ ဘာမှမထား ပါဘူ။ ကျွန်တော့ကို စောင့်မျှော် နေတဲ့ Fans တွေ အများကြီး ရှိပါတယ် လို့ Jae-bum ကပြောသွား ပါတယ်။
Source : Former 2PM Singer Breaks Silence
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment