အတိုအထွာသတင်းများ(၃၇)

Won Bin's movies all successful
Won Bin ရဲ့ရုပ်ရှင်အားလုံးပေါက်ကြသည်
မြန်မာတွေ "ထယ်စောက်" လို့ သိထား ကြတဲ့ မင်းသားချော Won Bin ဟာ ယနေ့ အထိ ရုပ်ရှင် ၅ ကား ရိုက်ခဲ့ ပြီးဖြစ် ပါတယ်။ ဇာတ်ကား အားလုံး ပေါက်ကြ ပါတယ်။
Guns and talks (2001), Taegukgi in (2003), My Brother (2004) နဲ့ Mother (2009) ၄ ကားဟာ အားပေး ကြည့်ရှုသူ ၅ သန်း ကျော်ခဲ့ ပါတယ်။
ပြသဆဲ နောက်ဆုံး ကားဖြစ်တဲ့ The Man From Nowhere (2010) ဟာ ရုံတင်ရက် ၄ ပတ် ထဲနဲ့ ကြည့်သူ 4,047,227 ကျော်နေ ပြီးဖြစ် ပါတယ်။
Source :
Won Bin's movies all successful
Web Users Flame Child Actress Over Photo

ဒီမင်းသမီးလေးကိုအပုတ်ဝိုင်းချနေကြပါတယ်
ခလေး သရုပ်ဆောင် Kim Sae-ron (10) ဟာ မင်းသားချော Won Bin (ထယ်စောက်) ရဲ့ အလွန် လူကြိုက် များနေတဲ့ The Man From Nowhere (2010) ရုပ်ရှင်မှာ အဓိက ခလေး သရုပ်ဆောင် ဖြစ် ပါတယ်။
နို့နံ့တောင် မစင်သေးတဲ့ ဒီခလေး သရုပ်ဆောင် လေးကို internet ထဲမှာ မကောင်းကြောင်း ဝိုင်းပြီး အပုတ်ချ နေကြတယ် လို့ သိရ ပါတယ်။
စီစစ် ကြည့်တော့ အသက် ရွယ်တူ အလယ်တန်း ကျောင်းသူ များမှ မနာလို ဖြစ်ပြီး မကောင်း ကြောင်း ဝိုင်းရေး နေကြတာ လို့ဆို ပါတယ်။ သြ ဖြစ်မှ ဖြစ်ရ ပါလေ။
Source :
Web Users Flame Child Actress Over Photo
SS501 Kim Hyung-joon joins Kang Ji-hwan agency
SS501 အဖွဲ့ဖျက်သိမ်းမှာမဟုတ်ပါ
SS501 ရဲ့ အဖွဲ့ဝင် Kim Hyung-joon ဟာ agency အသစ် ဖြစ်တဲ့ S-Plus Entertainment နဲ့ စာချုပ် အသစ် ပြောင်းချုပ်လိုက် ပြီးလို့ သိရ ပါတယ်။ သူဟာ SS501 ကနေ ခွဲထွက် တဲ့ တတိယ မြောက် ဝိုင်းတေါ်သား ဖြစ်ပါတယ်။
Kim Hyung-joon က မကြာ သေးခင် ကပြု လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ၊ ကျွန်တော် တို့ရဲ့ SS501 အဖွဲ့ကို ဖျက်သိမ်းမှာ မဟုတ် ပါဘူ။ မကြာမှိမှာ SS501 ရဲ့ album အသစ် ထွက်လာ တော့မှာပါ လို့ ပြောသွား ပါတယ်။
Source : SS501 Kim Hyung-joon joins Kang Ji-hwan agency
Sexy moves provoke debate over teen idols

ခလေးသာသာတွေကိုမတရား
ခိုင်းနေကြတဲ့ဝိသမသမားများ
COOL, g.o.d, Shinhwa အစရှိတဲ့ အဆို အဖွဲ့ များကို ၁၉၉၀ နှစ်လွန် များက စတင် ပွဲထုတ် ခဲ့စဉ်က ၄င်းတို့ရဲ့ ဖျမ်းမျှ အသက် များဟာ ၂၂ နဲ့ ၁၉ လောက် ပဲရှိကြ ပါတယ်။ ပွဲထုတ် စဉ်က ကကွက် များကို ခလေး ဆန်တဲ့ အမူ အရာ များနဲ့ ဖေါ်ကြူး ခဲ့ကြ ပါတယ်။
၂၀၁၀ ဝန်းကျင် အဆို အဖွဲ့ သစ်များရဲ့ ဖျမ်းမျှ အသက် များဟာ ၁၅ နဲ့ ၁၆ လောက်ပဲ ရှိကြ ပါတယ်။
သို့ပေမဲ့ ဝိုင်းတည် ထောင်သူ ဝိသမ လောဘ သားများ ဟာ၊ ဒီလို ခလေး သာသာ လေးတွေကို၊ ဖေါ်နိုင် သမျှ ဖေါ် ထားတဲ့ အဝတ်တွေ ဝတ်ခိုင်းပြီး၊ လိမ်မှု ဆန်ဆန် ကကွက် များနဲ့ စတင် ပွဲထုတ် လာကြတာ တွေ့ရ ပါတယ်။
ကိုးရီးယား လူ့ဘောင်မှာ ဒီလို ရမ်းကား လာမှု တွေကို ဘယ်လို ထိမ်းချုပ် ရမယ် ဆိုတာ အကြီး အကျယ် ဆွေနွေး ငြင်းခုံ မှုတွေ ဖြစ်ပေါ် နေပါတယ်။
Source :
Sexy moves provoke debate over teen idols
Korean Teen Entertainers 'Pressed to Wear Skimpy Clothes'
Jay Park to arrive in Korea

Jae bum ပြန်လာခြင်း
2PM အဆို အဖွဲ့ဝင် ဟောင်း Jae Bum ဟာ USA သို့ ခေတ္တ ပြန်သွား ခဲ့ပြီး Aug 25 ရက်နေ့က ကိုးရီးယား ပြန်ရောက် လာပါတယ်။
Aug 28 ရက်နေ့က Korea University (Seoul) မှာ fan meet ပြူလုပ် ပါတယ်။ Sept လဆန်းမှာ USA ပြန်ပြီး Show ပွဲတစ်ပွဲ ပြူလုပ် မှာဖြစ် ပါတယ်။
နောက်ပိုင်း မှာ Taiwan, China, Hong Kong, Thailand, Philippines, Malaysia စတဲ့ နိုင်ငံ များသို့ သွားပြီး fan meet များ ဆက်တိုက် ပြုလုပ် မယ်လို့ သိရ ပါတယ်။
Source : Jay Park to arrive in Korea
"Dong Yi" reclaims lead on Monday and Tuesday nights

အလံထူနေဆဲဇာတ်လမ်းတွဲ Dong Yi
ရာဇဝင် ဇာတ်လမ်းတွဲ Dong Yi ဟာ အပတ် ၂၀ မြောက် လူကြည့် အများဆုံး ဇာတ်လမ်းတွဲ အဖြစ် ဆက်လက် အောင်လံ ထူနေဆဲ ဖြစ်ပါတယ်။
Dong Yi မှာ မင်းသမီး Han Hyo-joo နဲ့ မင်းသား Ji Jin-hee တို့ခေါင်းဆောင် ပါဝင် ပါတယ်။ ဒုတိယ လိုက်နေ တာကတော့ Giant (SBS) ဇာတ်လမ်တွဲ ဖြစ်ပါတယ်။
Source : "Dong Yi" reclaims lead on Monday and Tuesday nights
'The Slave Hunters' Wins Seoul International Drama Award

The Slave Hunters ဇာတ်လမ်းတွဲ Grabd Prize ရရှိခြင်း
မကြာမှီက ပြသ ပြီးသွားတဲ့ The Slave Hunters (ကျွန်မုဆိုး) ဇာတ်လမ်းတွဲ ဟာ Seoul International Drama Awards 2010 မှာ Grand Prize ရရှိတယ် လို့သိရ ပါတယ်။ အကောင်းဆုံး ဒါရိုက်တာ ဆု (Director Kwak Jeong-hwan) ကိုလည်း ရရှိတယ် လို့သိရ ပါတယ်။
ဒီ
ဇာတ်လမ်းတွဲ မှာ မင်းသား Jang Hyeok မင်းသား Oh Ji-ho နဲ့ မင်းသမီး Lee Da-hae တို့
ပါဝင် သရုပ်ဆောင် ထား ပါတယ်။
Source : 'The Slave Hunters' Wins Seoul International Drama Award
Lee Joon-ki Reassures Fans Not To Worry About His Injury

Lee Joon-ki ခေါင်းအချက်ငါးဆယ်ချုပ်ရခြင်း
မင်းသား Lee Joon-ki ဟာ လောလောဆယ် စစ်မှုထမ်း နေပါတယ်။ ၄င်းပါဝင် သရုပ်ဆောင် တဲ့ Voyage of Life အမည်ရှိတဲ့ ပြဇာတ် ကို ကိုးရီးယား တပ်မတော် အနုပညာ အဖွဲ့မှ National Theatre (Seoul) မှာ Aug 24 က စင်တင် ပြသ ပါတယ်။
ထိုပွဲ အတွက် လေ့ကျင့် နေစဉ် မင်းသားဟာ သံဘောင်တန်း နဲ့ တိုက်မိပြီး ဦးခေါင်းမှာ အချက် ၅၀ ချုပ်လိုက် ရတယ်လို့ သိရ ပါတယ်။
ပထမ ပွဲမှာ ခေါင်းပတ်တီး စီးလျှက်နဲ့ ပါဝင် ကပြခဲ့ ပါတယ်။ ဒုတိယ ပွဲမှာ နားပြီး တတိယ ပွဲမှ စလို့ ပွဲစဉ် မပျက် ဆက်တိုက် ပါဝင် ကပြ သွားတယ်လို့ သိရ ပါတယ်။
Source : Lee Joon-ki Reassures Fans Not To Worry About His Injury
So Ji-sub to release a photo essay

So Ji-sub စာအုပ်ထုတ်ဝေခြင်း
The Journey of So Ji-sub လို့အမည် ရှိပြီး ဓါတ်ပုံ များနဲ့ ဝေဝေ ဆာဆာ သရုပ်ဖေါ် ထားတဲ့ စါအုပ် တစ်အုပ် ကို မင်းသား So Ji-sub မှ ထုတ်ဝေ ခဲ့ပါတယ်။
ခေါင်းစဉ် များကို 'Rest and Travels', 'Freedom', 'Dreams', 'Pain and Remedies', 'Youth and Passion', 'Memories and Deep Thoughts', 'Ours and Mine' နဲ့ 'Peace and Love' စသည်ဖြင့် ခွဲခြား ထားတယ်လို့ သိရ ပါတယ်။
Source : So Ji-sub to release a photo essay
Taiwanese Singer Reveals Underbelly of Korean Showbiz

ကိုးရီးယားအဆိုလောကရဲ့အပုတ်နံ့
3EP Beauties အမျိုးသမီး အဆို အဖွဲ့ဝင်ဟောင်း ထိုင်ဝမ် နိုင်ငံသူ Estrella Lin ဟာ၊ ကိုးရီးယား အဆိုလောက မှာ အောင်မြင်အောင် အစွမ်းကုန် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ပဲ ထိုင်ဝမ် ကို ပြန်လာခဲ့ရ ပါတယ်။
ထိုင်ဝမ် ပြန်ရောက်တော့ ကိုးရီးယား အဆိုလောက ရဲ့ စိတ်မချမ်းမြေ့ ဖွယ်ရာ များကို ဖေါ်ကြူး ထားတဲ့ စာအုပ် တစ်အုပ် ထုတ်ဝေ ခဲ့ ပါတယ်။
၎င်းရဲ့ agency မှ ၄င်းကို ရင်းနှီးမြှုပ်နှံ သူငွေရှင် များနဲ့ အိပ်စက်ဖို့ အကြိမ်ကြိမ် တိုက်တွန်း ခဲ့ကြောင်း၊ ၄င်းမှ မည်သည့် အခါကမှ မလိုက်လျှော ခဲ့ကြောင်း၊ ထို့ပြင် အခြားနည်း များနဲ့လည်း လူမဆန်စွာ ဆက်ဆံ ခံခဲ့ရကြောင်း ရေးသား ဖေါ်ပြ ထား ပါတယ်။
ရင်းနှီးမြှုပ်နှံ သူငွေရှင် များနဲ့ အိပ်စက်ဖို့ ရန် ယောက်ျားလေး အဆိုတော် များလည်း တိုက်တွန်း ခံရ ကြောင်း ရေးသား ထား ပါတယ်။
Source : Taiwanese Singer Reveals Underbelly of Korean Showbiz
Kim Hyun-joong wraps up "Boys Over Flowers" reunion

F4-Boys over Flower အဖွဲ့ပြန်ဆုံပွဲ
F4-Boys over Flower အဖွဲ့ဝင် များရဲ့ ပြန်ဆုံပွဲ ကို 21 Aug က Tokyo International Forum, Japan မှာ ကျင်းပ ခဲ့ပါတယ်။
၎င်းပြန်ဆုံပွဲကို Kim Hyun-joong, Koo Hye-seon, Kim Bum နဲ့ Kim Jun တို့တက်ရောက် ခဲ့ပါတယ်။
Source : Kim Hyun-joong wraps up "Boys Over Flowers" reunion
Kim So-yeon, no longer a prosecutor but now a doctor!

ဆရာဝန်ဖြစ်သွားတဲ့မင်းသမီး
မင်းသမီး Kim So-yeon ဟာ IRIS မှာ မြောက် ကိုးရီယား စပိုင်၊ Prosecutor Princess မှာ ရှေ့နေမ အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ပြီး ဖြစ်ပါတယ်။
27 Sept မှာ Doctor Champ အမည်နဲ့ ထုတ်လွှင့်မဲ့ ဇာတ်လမ်း တွဲမှာ ဆရာဝန် အနေနဲ့ သရုပ်ဆောင် ဦးမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် ပီပြင်ဖို့ အတွက် ဆရာဝန် တွေအကြောင်း အပြင်းအထန် လေ့လာ နေတယ် လို့ သိရ ပါတယ်။
Source : Kim So-yeon, no longer a prosecutor but now a doctor
"Bread, Love and Dreams" maintains
lead on weekly TV charts for 8th week

ပေါင်မုတ်ဇာတ်လမ်းတွဲ
Bread, Love and Dreams (KBS) ဇာတ်လမ်းတွဲ ဟာ ဗုဒ္ဒဟူး၊ ကြာသာပတေး နေ့တွေ မှာပြတဲ့ ဇာတ်လမ်းတွဲ တွေထဲမှာ ရှစ်ပတ် တိတိ average rating 40 ရာခိုင်နှုံးနဲ့ ထိပ်ဆုံးမှ ပြေးနေ ပါတယ်။
သရုပ်ဆောင် မင်းသား များ ကတော Yoon Si-yoon နဲ့ Joo Won တို့ဖြစ်ပြီး၊ မင်းသမီး ကတော့ Eugene ဖြစ်ပါတယ်။
Source :
"Bread, Love and Dreams" maintains lead on weekly TV charts for 8th week
Remembering Lee Eon

မင်းသား Lee Eon ရဲ့အမှတ်တရ
မင်းသား Lee Eon ဟာ မေါ်တော်ဆိုင်ကယ် မှောက်ပြီး ဆုံးသွား ခဲ့တာ ၂ နှစ် ရှိသွား ပါပြီ။ သူ့ရဲ့ fans များဟာ 21 Aug နေ့က ၂ နှစ်မြောက် အမှတ်တရ ပွဲကျင်းပ ခဲ့ပါတယ်။
မင်းသား Lee Eon ဟာ Coffee Prince No 1 မှာ နာမည်ကျော် လာခဲ့ ပါတယ်။ ကွယ်လွန် ချိန်မှာ အသက် ၂၇ နှစ်ရှိပြီး ဖြစ်ပါတယ်
Source :
Remembering Lee Eon
Actor Lee Eon passed away from motorcycle accident
Kim Tae-hee aims higher with new sports film

ရင်ထိပ်နေတဲ့မင်းသမီး Kim Tae-hee
IRIS ဇာတ်လမ်းတွဲ မှာ မင်းသမီး Kim Tae-hee ဟာ တော်တော် နာမည် ရခဲ့ ပါတယ်။ အခု မင်းသား Yang Dong-geun နဲ့တွဲပြီး Grand Prix လို့အမည် ရှိတဲ့ ရုပ်ရှင် တစ်ကား ရိုက်ထား ပါတယ်။ 26 Sept မှာ ရုံတင်မှာ ဖြစ်ပါတယ်။
မြင်းစီး အားကစား နောက်ခံ ဇာတ်လမ်း ဖြစ်တဲ့ အတွက် Kim Tae-hee ဟာ မြင်းစီး ၅ လလောက် လေ့ကျင့် ခဲ့ရတယ် လို့ ဆိုပါတယ်။ သူ့ရုပ်ရှင် လူမဝင်မှာ စိုးရိမ်ပြီး မင်းသမီးဟာ အတော် ရင်ထိပ် နေတယ်လို့ လည်းသိရ ပါတယ်။
Source : Kim Tae-hee aims higher with new sports film
Song Seung-heon denies dating Son Dam-bi

ဂျွန်စောနဲ့ Son Dam-bi တွဲနေကြသလား
အဆိုတော် မင်းသမီး Son Dam-bi (26) နဲ့ ကျွန်တော် တွဲနေ ကြပြီးလို့ သတင်း ကြားရတော့ ကျွန်တော် ဝမ်းသာ သလို ဖြစ်သွား ပါတယ်။ Son Dam-bi ဟာ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး (sexiest singer in Korea) လို့ ကျော်ကြား နေသူပဲ၊ ကျွန်တော် မနာ ပါဘူး လို့ မင်းသား Song Seung-heon (33) က ပြောသွား ပါတယ်။
မင်းသမီး ရော မင်းသား ကပါ ဒီသတင်း မမှန်ကြောင်း ငြင်းဆို သွားပါတယ်။ ကျွန်တော် တို့ဟာ မိတ်ဆွေ တွေတောင် မဟုတ် ပါဘူးလို့ မင်းသားက ပြောသွား ပါတယ်။
Source : Song Seung-heon denies dating Son Dam-bi
BoA takes first win on "Music Bank" after comeback

BoA ရဲ့နောက်ဆုံး Album
BaO (23) ရဲ့ နောက်ဆုံး Album, "Hurricane Venus" ဟာ လူကြိုက် အလွန် မျာနေ ပါတယ်။ Hurricane Venus ဟာ BaO ရဲ့ ၆ ကြိမ်မြောက် album ဖြစ်ပါတယ်။ ဒိအရင် နောက်ဆုံး album ကို လွန်ခဲ့တဲ့ ၅ နှစ်က ထုတ်ခဲ့ ပါတယ်။
Source : BoA takes first win on "Music Bank" after comeback
Saying goodbye to Andre Kim

ဖက်ရှင်ဒီဇိုင်နာ Andre Kim ကွယ်လွန်ခြင်း
ကမ္ဘာကျော် ကိုးရီးယာ။ လူမျိုး ဖက်ရှင် ဒီဇိုင်နာ Andre Kim (74) ဟာ 12 Aug က နီမိုးနီးယား ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။ သူ့ကို အဆိုတော် နဲ့ ရုပ်ရှင် မင်းသမီး မင်းသားများ အပါ အဝင် လူထု လူတန်းစား အလွှာ ပေါင်းစုံမှ လာရောက် ဂါရဝ ပြုကြ ပါတယ်။
တောင်ကိုးရီးယား နိုင်ငံ သမတ ကြီး Lee Myung-bak မှလည်း ဝမ်းနည်းကြောင်း သဝုဏ်လွှာ ပို့ခဲ့ ပါတယ်။ ရုရှနိုင်ငံ သံအမတ် ကြီးမှလည်း ဝမ်းနည်းကြောင်း သဝုဏ်လွှာ ပို့ခဲ့ ပါတယ်။
Andre Kim ဟာ ကိုးရီးယား ဖက်ရှင် လောကကို လွှမ်းမိုး လာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ ပါပြီး။ သူ့မှာ ၂နှစ် သား အရွယ် ထဲက မွေးစား လာခဲ့တဲ့ သား Jung-do (30) နဲ့ မြေး ၂ ယောက် ကျန်ခဲ့ ပါတယ်။
Source :
Saying goodbye to Andre Kim
Top designer Andre Kim dies at 74
Han Ji-hye to wed prosecutor in September

မင်းသမီး Han Ji-hye လက်ထပ်တော့မည်
မင်းသမီး Han Ji-hye (26) ဟာ သူ့ရဲ့ ချစ်သူ ရှေ့နေ နဲ့ စက်တင်ဘာ လ ထဲမှာ လက်ထပ်တော့ မယ်လို့ မင်းသမီးရဲ့ agency မှ ထုတ်ပြန် သွား ပါတယ်။
သတိုးသား ဟာ မင်းသမီးထက် ၆ နှစ်ကြီး ပါတယ်။ ချစ်သူ အဖြစ် တွဲလာတာ ၂ နှစ်ရှိပြီး လို့သိရ ပါတယ်။ Hawaii တွင် 21 Sept မှာ လက်ထပ်မယ် လို့သိရ ပါတယ်။
Source : Han Ji-hye to wed prosecutor in September
Song Il-gook credits family for his success

မျိုးရိုးကြောင့်ကျွန်တော်အောင်မြင်ခဲ့တာပါ
ကျွန်တော့ မျိုးရိုးက ကျွန်တော့ရဲ့ အောင်မြင်မှု ကို များစွာ အထောက် အကူ ဖြစ်စေခဲ့ ပါတယ်လို့ Jumong မင်းသား Song Il-gook (39) က အင်တာဗျူး တစ်ခုမှာ ပြောသွား ပါတယ်။
မင်းသားရဲ့ အဖိုးဟာ နာမည်ကျော် နိုင်ငံရေး သမားကြီး တစ်ဦး ဖြစ်ပါတယ်။ သူ့ဖခင် ဟာ ကိုးရီးယား လွတ်လပ်ရေး ပိသုကာ တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး Kim Jwa-jin ဖြစ်ပါတယ်။ သူ့မိခင် Kim Eul-dong (65) ဟာ ရုပ်ရှင် မင်းသမီး တစ်ဦး ဖြစ်ခဲ့ တဲ့အပြင်၊ လက်ရှိ လွှတ်တော် အမတ် တစ်ဦး လည်းဖြစ် ပါတယ်။
မင်းသားက တောပြော တောင်ပြော လျှေက်ပြော နေတာပါ၊ Jumong ဇာတ်လမ်းတွဲ ကြည့်ပြီး သူတိုင်း မင်းသား Song Il-gook မှာ ပင်ကိုယ် အရည်အချင်း ရှိပြီးသား ဆိုတာ သိကြ ပါတယ်။
Source : Song Il-gook credits family for his success
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment