|
|
|
|
|
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အတိုအထွာသတင်းများ(၃၆)
မကြာမှီ က သတ်သေပြီး ကွယ်လွန် သွားသော မင်းသား Park Yong-ha (32) အတွက် အောက်မေ့ သတိရပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံ တိုကျိုမြို့ Yurakucho Hall တွင် July 20 ကပြုလုပ် ခဲ့ပါသည်။ ၄င်း အခမ်းအနား မှာ ပရိသတ် မပြတ် ကဖြင့် နံနက် ၁၀ နာရီမှ ည ၆.၂၀ အထိ ကြာမြင့် ခဲ့ပါသည်။ အောက်မေ့ ပွဲကို မူလ မကွယ်လွန် မှီက fan meet ပြုလုပ်ရန် စီစဉ် ထားသော နေရာတွင် ပင်ပြုလုပ် ခဲ့ပါသည်။ "Bread, Love and Dreams" tops TV charts once again
လူကြိုက်များနေသောဇာတ်လမ်းတွဲ Bread, Love and Dreams (KBS2) ဇာတ်လမ်း တွဲသည်၊ ဇူလိုင် ၁၂ မှ ၁၈ ရက်အတွင်း rating ၃၆.၄ ရာနှုံး ဖြင့် #1 လူကြိုက် အများဆုံး နေရာတွင် ရောက်ရှိခဲ့ ပါသည်။ သရုပ်ဆောင် များမှာ မင်းသား Yoon Si-yoon နှင့် မင်းသမီး Eugene တို့ဖြစ်ကြ ပါသည်။ ယခင် ပထမ နေရာတွင် ရှိခဲ့သော Dong Yi (MBC) ရာဇဝင် ဇာတ်လမ်းတွဲ မှာ rating ၂၉.၄ ရာနှုံးဖြင့် ဒုတိယ နေရာသို့ ရောက်ရှိ သွားပါသည်။ Source : "Bread, Love and Dreams" tops TV charts once again Ryoo Jin 'I Was Happy While Playing
အသွင်ပြောင်းသွားသောမင်းသား မင်းသား Ryoo Jin (38) သည် သရုပ် ဆောင်သက် ၁၄ နှစ်ကျော် လုံးလုံး စိတ်ပုတ် မင်းသား နေရာ တွင်သာ သရုပ်ဆောင် ခဲ့ ရာမှ၊ Secret Agent Miss Oh (KSB2) ဇာတ်လမ်း တွဲတွင် ထူးခြားသော အသွင် သစ်ဖြင့် သရုပ်ဆောင် ခဲ့ပါသည်။ Secret Agent Miss Oh တွင် Ryoo Jin သည် အူတူတူ ယောင်နန ခင်မင် ဖွယ်ရာ အသွင်ဖြင့် သရုပ်ဆောင် သွားခဲ့ ပုံကို ပရိသတ် အထူး သဘောကျ နှစ်သက် နေကြသည် ဟု သိရှိရ ပါသည်။ Source : Ryoo Jin 'I Was Happy While Playing Lovely Character Han Do Hoon' Park Jae-beom officially signs with SidusHQ
Jae Bum အေဂျင်စီအသစ်ခန့်အပ်ခြင်း 2PM အဆိုအဖွဲ့ ခေါင်းဆောင်ဟောင်း Jae Bum သည် နာမည်ကြီး ကိုးရီးယား အေဂျင်စီ SidusHQ အား၎င်း၏ အာရှ ကိုယ်စလှယ် အဖြစ်ခန့်အပ် လိုက်ပါသည်။ SedusHQ သည် ကိုးရီယား ၏ ထိပ်တန်း agency တစ်ခု ဖြစ်ပြီး၊ နာမည်ကြီး သရုပ်ဆောင် Jo In-Seong, Jeon Ji-hyeon, Han Ye-seul စသူ တို့၏ agent လည်းဖြစ် ပါသည်။ Source : Park Jae-beom officially signs with SidusHQ Where Do Stars Who Advertise Apartments Live?
ကြိုက်လှပါတယ်ဆိုတဲ့အိမ်တွေမှာ သရုပ်ဆောင် များဟာ ဒီအိမ် တွေမှာ ကျွန်တ်ာကျွန်မ တို့ ကြိုက်လွန်းလို့ နေထိုင် နေကြ ပါတယ် ဆိုပြီး ကန်ထရိုက် တိုက်တွေ အတွက် ကြော်ငြာ ခဲ့ကြလို့ လူတွေက အဟုတ်မှတ်ပြီး တိုက်တွေ အိမ်တွေ ဝယ်ခဲ့ကြ ပါတယ်။ ဒီလို ကြော်ငြာ ပေးခဲ့တဲ့ သူတွေ ထဲမှာ Lee Young-ae, Jang Dong-gun, Kim Tae-hee, Son Ye-jin, စသူ တို့လည်း ပါကြ ပါတယ်။ Hyeon Bin may enter military in early November
မင်းသား Hyun Bin စစ်ထဲဝင်တော့မည် မင်သား Hyun Bin သည် လာမည့် နိုဝင်ဘာ လတွင် စစ်မှု ၂ နှစ် ထမ်းဆောင် ရန် စစ်ထဲဝင် တော့မည်ဟု သိရ ပါသည်။ Hyun Bin သည် My Name is Kim Sam-soon ဇာတ်လမ်းတွဲ ဖြင့်နာမည် ကြီးလာ ခဲ့သူ ဖြစ်ပါသည်။ သူသည် Song Hye-kyo (အွန်စော) ၏ boy friend လည်းဖြစ် ပါသည်။ Source : Hyeon Bin may enter military in early November SS501 takes over music charts in Taiwan
SS501 ထိုင်ဝမ်တွင်အထူးအောင်မြင်နေခြင်း ကိုးရီးယား အဆိုအဖွဲ့ SS501 သည် Taiwan တွင်အထူး အောင်မြင်မှု ရနေ သည်ဟု သိရ ပါသည်။ ဇွန်လ ၂၆ ရက်နေ့က ဖြန့်ချီ ခဲ့သော DESTINATION သီချင်း album သည် copy ၃၀၀၀၀ ကျော် ရောင်းချ ခဲ့ရပြီး musiic charts များ၏ #1 နှင့် #2 နေရာ များကို ဆက်တိုက် နေရာ ယူထား သည်ဟု သိရ ပါသည်။ Source : SS501 takes over music charts in Taiwan Lee Byeong-heon testifies at Kang Byung-kyu trial
သက်သေမင်းသား Kang Byung-kyu ဆိုသည့် သူသည် မနှစ် ဒီဇင်ဘာ လက မင်းသား Lee Byeong-Heon ရိုက်နေသည့် IRIS ဇာတ်လမ်းတွဲ ရိုက်ကွင်းတွင် လာရောက် ရမ်းကားမှု ဖြင့် ရဲက အမှုဖွင့် ရူံးတင် ခဲ့ပါသည်။ ထိုအမှု အတွက် Lee Byeong-Heon သည် ရုံးတော်တွင် ဇူလိုင်လ ၁၄ ရကိနေ့က သက်သေ ထွက်ဆိုချက် ပေးသွား သည်ဟု သိရပါသည်။ Source : Lee Byeong-heon testifies at Kang Byung-kyu trial Actor Kwon faces W5 million fine for hit-and-run
ဒါဏ်ငွေအရိုက်ခံရတော့မည့်မင်းသား လွန်ခဲ့သော တစ်လကျော် က မင်းသား Kwon Sang-woo သည်ကား ၂စီးကို သူ့ကားဖြင့် တိုက်ပြီး ထွက်ပြေး သွားခဲ့ ပါသည်။ နောက်ရက် အနည်းငယ် ကြာမှ ရဲသို့ ရောက်ရှိ သတင်း ပို့ခဲ့ ပါသည်။ ထိုအမှု အတွက် မင်းသားသည် ဝမ် ၅ သန်း (US$4200) ခန့် ဒါဏ်ငွေ အရိုက် ခံရ ဖွယ်ရာ ရှိသည် ဟုသိရ ပါသည်။ Source : Eom, Moon to perform in 'Closer'
ပြဇာတ်ကတော့မည့်အွန်စောငယ် မြန်မာများ အွန်စောငယ် ဟုသိထား ကြသည့် မင်းသမီး Moon Geun-yeong သည် Closer ဟု အမည် ရှိသည့် စင်တင် ပြဇာတ် တွင်ပါဝင် ကပြမည် ဟုသိရ ပါသည်။ ၄င်းပြဇာတ် ကို မင်းသား Eom Gi-joon နှင်တွဲဖက်ပြီး ၂လ ကြာကပြ ကြမည် ဖြစ်ပါသည်။ Source : Kim Hye-soo says "have no marriage plans yet"
ကျွန်မယောက်ျားမယူသေးပါဘူ ကျွန်မ လက်ထပ်ဖို့ အစီအစဉ် မရှိသေး ပါဘူးလို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မင်းသမီး Kim Hye-soo (39) မှ ထုတ်ဖေါ် ပြောဆို သွားပါတယ်။ မင်းသမီး Kim Hye-soo သည်ဇာတ်ရံ မင်းသား တစ်လက် ဖြစ်သူ Yu Hae-jin နှင့် ပေါ်ပေါ် ထင်ထင် date လုပ်နေသူ ဖြစ်ပါသည်။ Source : Kim Hye-soo says "have no marriage plans yet" Can Yoo Jin add something new to beauty scene?
အလှပြင်နည်းရုပ်သံဆွေးနွေးပွဲပြုလုပ်မည် Eugene မင်းသမီး Eugene (29) ဟာ Get It Beauty လို့အမည် ပေးထားတဲ့ ရုပ်သံ အစီ အစဉ်မှာ အမျိုးသမီး များအလှ ပြင်ရာမှာ သတိ ပြုသင့် တဲ့အချက် များကို တင်ပြ ဆွေးနွေးမှာ ဖြစ်ပါတယ်။ Eugene ဟာ မနှစ် ကလည်း လူကြိုက် များခဲ့တဲ့ Yoo Jin's Beauty Secret အမည် ရှိတဲ့ အလှ ပြင်နည်း အကြံပြု စာအုပ် တစ်အုပ် ထုတ်ဝေ ခဲ့ပါ သေးတယ်။ Source : Can Yoo Jin add something new to beauty scene? Choi admits assault, will leave TV role
ပြသနာဖြစ်နေတဲ့မင်းသား Choi Cheol-ho မင်းသား Choi Cheol-ho (40) ကို ရဲတပ်ဖွဲ့ က လက်ရောက် ကြူးလွန်မှု (assault) နဲ့ စစ်ဆေးမှု များပြုလုပ် ခဲ့ပါတယ်။ မင်းသားဟာ ပထမ တော့ မဟုတ်ဖူး လို့ငြင်း ခဲ့ပါတယ်။ နောက်တော့ လုံခြုံရေး ကင်မရာမှာ (surveillance camera) အရက် သောက်ရင်း အတူပါ မင်းသမီး တစ်ဦးကို တိုက်ခိုက် ခဲ့တာ ပေါ်ထင်ကြီး တွေ့ရမှ ဝန်ခံ ပါတယ်။ မင်းသားဟာ သူ့ရဲ့ အပစ် တွေကို ဆေးကြောတဲ့ အနေနဲ့ လက်ရှိ သရုပ်ဆောင် နေတဲ့ နာမည်ကျော် Dong Yi ရာဇဝင် ဇာတ်လမ်းတွဲ မှ နှုတ်ထွက် တော့မယ် လို့ကြေငြာ သွားပါတယ်။ Source : Choi admits assault, will leave TV role Won Bin: 'I Almost Killed Myself While Filming Action Scene'
အသက်အန္တရာယ်ဖြစ်လောက်အောင်အရုပ်ဆောင်ခဲ့သူ မင်းသား Won Bin နဲ့ မင်းသမီး Kim Sae-ron တို့ဟာ ဒါရိုက်တာ Lee Jeong-beoml ရဲ့ The Man From Nowhere အမည် ရှိတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင် ခဲ့ကြ ပါတယ်။ တချို့ action ခန်းတွေဟာ အသက် အန္တရာယ် ရှိလောက် တဲ့အပြင်၊ မျက်လုံးကန်း နိုင်တဲ့ အခန်းတွေ ပါတယ် လို့လည်း ထုတ်ဖေါ် ပြောဆို ပါတယ်။ Source : Won Bin: 'I Almost Killed Myself While Filming Action Scene' Actor Lee Wan Starts His Military Service
စစ်ထဲဝင်သွားတဲ့ Wan Bin မင်းသား Won Bin ဟာ ဇွန်လိုင်လ ၁၂ ရက်နေ့ က ၂နှစ်တာ စစ်မှုထမ်း ရန်အတွက် စစ်ထဲဝင် သွားပြီး ဖြစ်ပါတယ်။ Won Bin ဟာ နာမည်ကျော် မင်းသမီး Kim Tae-hee ရဲ့ မေါင်ငယ် ဖြစ် ပါတယ်။ Source : Actor Lee Wan Starts His Military Service Kim Yoon-jin to star in new suspense film with Park Hae-il
မင်းသမီး Kim Yoon-jin ရဲ့ရုပ်ရှင်သစ် မင်းသမီး Kim Yoon-jin (37)ဟာ မင်းသား Park Hae-il နဲ့ တွဲဖက်ပြီး The Confrontation အမည် ရှိတဲ့ လျှို့ဝှက် သဲဖို ရုပ်ရှင် ကားသစ် တစ်ကား ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။ Kim Yoon-jin ဟာ ဝင်ငွေ အလွန်ကောင်း ခဲ့တဲ့ Shiri (1999) ရုပ်ရှင် နဲ့ စတင် နာမည် ရခဲ့ ပါတယ်။ နောက်တော့ ကမ္ဘာကျော် USA TV ဇာတ်လမ်တွဲ LOST မှာ ပါဝင်ပြီး ကမ္ဘာသိ မင်းသမီး ဖြစ်လာခဲ့ ပါတယ်။ Source : Kim Yoon-jin to star in new suspense film with Park Hae-il Wonder Girls album debuts 21st on US Billboard Charts
US Billboard အဆင့် ၂၁ မှာချိတ်ခဲ့တဲ့ Wonder Girls Wonder Girls အဆို အဖွဲ့ရဲ့ 2 Different Tears အမည် ရှိတဲ့ သီချင်းဟာ USA Billboard 100 မှာ ဇွန်လိုင်လ ၇ ရက်နေ့က အဆင့် ၂၁ မှာ ရောက်ရှိ ခဲ့ပါတယ်။ မနှစ် ကလည်း ၄င်းတို့ရဲ့ Nobody သီချင်းဟာ USA Billboard 100 မှာ အဆင့် ၇၆ ရခဲ့ ဖူပါတယ်။ Source : Wonder Girls album debuts 21st on US Billboard Charts Jang Dong-gun Tops CNN's List of Korea's Hottest Male Stars
Hot အဖြစ်ဆုံးမင်းသားများ CNN Asian website CNNGO ရဲ့ သုံးသပ်ချက် အရ Korea's 20 hottest male celebs ခေါင်းစဉ်နဲ့ တန်းစီ ဇယား တစ်ခု တင် ထားတာ တွေ့ရ ပါတယ်။ 1# -Jang Dong-gun, 2# - Won Bin, 3# - Bae Yong-joon ဖြစ်ကြ ပါတယ်။ အားလုံးရဲ့ စါရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Source : Actress Kim Ah-joong's Book Used For University
ပညာရှိမင်းသမီး(၁) မင်းသမီး Kim Ah-joong ရဲ့ စါအုပ် "Emotional Communication" ကို Seoul National University, media studies curriculum ရဲ့ စါရင်းဝင် စာအုပ် တစ်အုပ် အဖြစ် သတ်မှတ် လိုက်တယ် လို့ သိရ ပါတယ်။ Kim Ah-joong ဟာ 200 Pound Beauty ရုပ်ရှင်နဲ့ နာမည် ကြီးလာတဲ့ မင်းသမီး ဖြစ်ပါတယ်။ Source : Actress Kim Ah-joong's Book Used For University Jang Nara to be associate professor at university in Beijing
ပညာရှိမင်းသမီး(၂) Hallyu မင်းသမီး Jang Nara ကို Beijing Huajia University မှာ associate professor အဖြစ် ခန့်အပ် လိုက်တယ် လို့ သတင်း ရရှိ ပါတယ်။ Source : Jang Nara to be associate professor at university in Beijing |
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||||
|
| |||||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
|
|||||||||
|
| |||||||||
I will try hard
|
Using Code Igniter Frameworks, Hosted by PheonixMyanmar.com. |
Leave your comment