ကားတိုက်ပြီးထွက်ပြေးတဲ့မင်းသား

Kwon Sang-woo booked for hit-and-run
မင်းသား Kwon Sang-woo ကားတိုက်မှု နဲ့ ရဲမှ အရေးယူ ထားတယ်လို့ သတင်း ရရှိ ပါတယ်။
မင်းသားဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က Seoul မြို့တောင်ပိုင်း မှာ ကိုယ်တိုင် ကားမောင်း သွားနေစဉ် ရပ်ထားတဲ့ ကားတစ်စီး ကိုတိုက်မိ ပါတယ်။
သူဟာ မရပ်ပဲ မောင်းပြေး ရာမှ ကိုက် ၃၀၀ လောက်မှာ မောင်းနေတဲ့ ရဲကား တစ်စီးကို ထပ်မံ တိုက်မိ ပြန် ပါတယ်။
ရဲက ရပ်ရန် လှမ်းအေါ်ပြော နေတဲ့ ကြားမှ ဆက်မောင်း ခဲ့ရာမှာ သစ်ပင် တစ်ပင်နဲ့ တိုက်မိ ပြီးရပ်သွား ပါတယ်။ ထို့နောက် မင်းသားဟာ အဖမ်း မခံပဲ ထွက်ပြေး သွားတယ် လို့ဆို ပါတယ်။

Kwon Sang-woo
မင်းသားဟာ နောက် နှစ်ရက် အကြာမှာ ရဲစခန်း မှာလာရောက် သတင်းပို့ ပါတယ်။ ရဲကားက ကျွန်တော့ နောက်လိုက် လာတော့ ကျွန်တော်လည်း ကြောက်ပြီး ထွက်ပြေးခဲ့ မိပါတယ်။ ထိုစဉ်က ကျွန်တော် အရက်သောက် ထားခြင်း မရှိပါ လို့ မင်းသားက ပြောသွား ပါတယ်။
ရဲက ယာဉ်တိုက်ပြီး ထွက်ပြေး မှုနဲ့ အရေးယူ ထားပါတယ်။ ဖြစ်ဖြစ်ခြင်း မစစ်နိုင် လို့ အရက် သောက် ထားခြင်း ရှိမရှိ ကိုတော့ စစ်ဆေးလို့ မလွယ်တော့ ပါလို့ ရဲက ပြောပါတယ်။
မင်းသားဟာ ယခု ကိစ္စ အတွက် အလွန်မှ နောင်တ ရနေ ပါတယ်လို့ သူ့ရဲ့ agent က ပြောသွား ပါတယ်။

Kwon Sang-woo, Son Tae-yeong come out
to watch the World Cup with their son
Kwon Sang-woo ဟာ Stairway to Heaven (SBS, 2003) ဇာတ်လမ်းတွဲနဲ့ နာမည်ကြီး လာခဲ့ သူဖြစ် ပါတယ်။
မြန်မာ ပရိသတ် ကတော့ Sad Love Song (MBC, 2005) [လွမ်းမပြေ] ဇာတ်လမ်းတွဲ နဲ့ သူ့ကို ပိုပြီး ရင်းနှီး ခဲ့ကြ ပါတယ်။
မကြာမှီ က မင်းသမီး Son Tae-yeong နဲ့ ဟိုးလေး တစ်ကျော် လက်ထပ် ခဲ့ပြီး သားယောက်ျား လေး တစ်ဦး ထွန်ကား ခဲ့ ပါတယ်။
လောလောဆယ် မင်းသားဟာ 71-Into the Fire လို့အမည် ရှိတဲ့ ရုပ်ရှင် ကားတစ်ကား ကို ရိုက်ကူးနေ ပါတယ်။
Links
Actor Kwon Sang-woo booked for hit-and-run
Kwon Sang-woo indicted for hit-and-run accident which happened 2 weeks ago
Tags:
korean actor |
korean news |
korea
Leave your comment