Jae Bum ပြန်လာပြီး

Jae Bum in the news
2PM တီးဝိုင်း အဖွဲ့က နှုတ်ထွက် သွားတဲ့ Jae Bum ဟာ Hype Nation လို့အမည် ပေးထားတဲ့ ဟောလီဝုဒ် ရုပ်ရှင် ရဲ့ ဇာတ်ဝင်ခန်း တွေရိုက်ဖို့ ကိုးရီးယား ကိုပြန်ရောက် လာမှာဖြစ် ပါတယ်။
ဇာတ်ဝင်ခန်း ၇၀ ရာနှုံးကို ကိုးရီးယား မှာရိုက် ကူးမယ်လို့ သိရ ပါတယ်။ Jae Bum ရဲ့ public relation ကိစ္စ အားလုံးကို မိဘများ ကိုယ်တိုင် ကိုင်တွယ် နေတာ တွေ့ရ ပါတယ်။ အရင်လို ဒုက္ခ မရောက်အောင် မိဘများ ကိုယ်တိုင် ရင်အုပ် မကွာ လိုက်လာ ကြမှာဖြစ် ပါတယ်။

Jae Bum (23)
Jae Bum (23) ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။
ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။
US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။
သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။
ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင် အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ 2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။

Jae Bum keeps dancing
ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့ Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး ဝိုင်အပြစ် တင်ကြ ပါတယ်။
Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော် နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။
Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။
အခုတော့ ခေါင်နှိမ် ထားလို့ မရတဲ့ Jae Bum ရဲ့ခေတ် တစ်ခေတ် ပြန်ထ လာတော့ မယ်လို့ မျှော်လင့် မိပါတယ်။
Links
Jae Bum to Star in Movie
Park Jae-beom considering press conference in Korea
Jaebom is into the Hype
Jaebeom in the news
Jaebum Keeps Dancing
Fans Commemorate Jaebum's 100 Days After Leaving Korea
2PM's Jaebum knows what time it is
Jaebeom From Wikipedia
Tags:
korean singer |
korean news |
korea
Leave your comment