Posted By - Ko Ko - April 20, 2010

အတိုအထွာသတင်းများ(၃၅)


Rumors said Song Hye-gyo and Hyun Bin have broke up

Song Hye-gyo နဲ့ Hyun Bin တို့လမ်းခွဲကြပြီးလား?

မင်းသား Hyun Bin နဲ့ မင်းသမီး Song Hye Kyo (အွန်စော) တို့ လမ်းခွဲ လိုက်ကြ ပြီးလို့ သတင်း တွေ ဖြစ်နေ ပါတယ်။

မင်းသမီး နဲ့ မင်းသား တို့ရဲ့ agency များကတော့ ဒီသတင်း မဟုတ်မှန် ကြောင်းကို တရားဝင် ငြင်းဆိုထား ပါတယ်။

မင်းသမီး နဲ့ မင်းသား တို့ဟာ အသီးသီး အလုပ်တွေ များပြီး မတွေ့နိုင် ကြလို့ အခုလို သတင်းတွေ ထွက်လာတာ လို့လည်း ပြောကြပါတယ်။

Source : Rumors said Song Hye-gyo and Hyun Bin have broke up


Daniel Henney at a press conference to promote his new show

Daniel Henney ရဲ့ Reality Show

Daniel Henney goes to Outback လို့အမည် ပေးထားတဲ့ reality show မှာ မင်းသား Daniel Henney ပါဝင် သရုပ်ဆောင် နေပါတယ်။

Reality Show ဆိုတာက နာမည်ကျော် များကိုယ်တိုင် လက်တွေ့ လောက ထဲကို ဆင်းပြီး ဗဟု သုတ ဖြစ်ဖွယ်ရာ များကို တင်ဆက်တဲ့ TV အစီအစဉ် မျိုးဖြစ် ပါတယ်။

Source : Daniel Henney at a press conference to promote his new reality show


JYP Entertainment is losing money

JYP ကုမ္ပဏီအရှုံးပေါ်နေခြင်း

ကိုးရီးယား မှာ ထိပ်တန်း ဖြေဖျော်ရေး အေဂျင်စီ (Entertainment Agency) ကြီး ၃ခု ရှိ ပါတယ်။ ၄င်းတို့မှာ YG Entertainment SM, Entertainment နဲ့ JYP Entertainment တို့ဖြစ်ကြ ပါတယ်။

ထို ကုမ္ပဏီ များအနက် JYP Entertainment ဟာ အကြီး အကျယ် အရှုံးပေါ် နေပါတယ်။ လုပ်ငန်း နဲ့ပတ်သက် တဲ့ တရားစွဲ ခံရ မှုတွေ ကြောင့် ယခုလို ဖြစ်ရတာ ဖြစ်ပါတယ်။

Source :
JYP Entertainment is losing money
JYPE is tied up in another lawsuit


YG Entertainment records biggest profit in history

YG Entertainment အကြီးအကျယ်အမြတ်ပေါ်နေခြင်း

YG Entertainment ဟာ ယခုနှစ် အတွက် အကြီး အကျယ် မြတ်စွန်း ခဲ့တယ် လို့ သိရပါတယ်။

YG Entertainment ဟာ ကိုးရီးယား မှာ ထိပ်တန်း ဖြေဖျော်ရေး အေဂျင်စီ (Entertainment Agency) ကြီး ၃ခု ဖြစ်တဲ့ YG Entertainment, SM Entertainment နဲ့ JYP Entertainment အနက် တစ်ခု အပါ အဝင် ဖြစ်ပါတယ်။

Source : YG Entertainment records biggest profit in history


Rain's new album triumphs on music charts

Rain ရဲ့နောက်ဆုံးသီချင်းလူကြိုက်များနေခြင်း

Rain ရဲ့နောက် ထုတ်သီချင်း "Love Song" မှာအလွန် လူကြိုက် များနေပြီး၊ music chart များ ရဲ့ TOP 10 မှာ နေရာ ယူနေ ပါတယ်။ "Love Song" ကို single အဖြစ်နဲ့ ထုတ်ဝေ ခဲ့ ပါတယ်။

အလားတူ "BACK TO THE BASIC" လို့ အမည် ပေးထားတဲ့ ၄င်းရဲ့ နောက်ဆုံး Album မှာလည်း အလွန် လူကြိုက် များနေ ပါတယ်။

Rain မှာ ကိုးရီးယား ဂီတ လောကနဲ့ ၂ နှစ်ကျော် ကင်းကွာ နေရာက ယခု တစ်ကျော့ ပြန် လာတာ ဖြစ် ပါတယ်။

Source : Rain's new album triumphs on music charts
Rain’s Love Song Banned from KBS!?
Rain takes the reigns of online music charts


Mr Lee Young-ae identified

Lee Young-ae ရဲ့ခင်ပွန်းဘယ်သူလဲ

ပြီးခဲ့တဲ့ April က သိုသို သိတ်သိတ် လက်ထပ် ခဲ့တဲ့ မင်းသမီး Lee Young-ae (နန်းတွင်း ရတနာ) ရဲ့ခင်ပွန်း ကို လူတွေ မသိ ကြပါ။

April 11 က ကျင်းပ ခဲ့တဲ့ Basket Ball ပြိုင်ပွဲ တစ်ခုကို သူတို့ ဇနီး မောင်နှံ လာရောက် အားပေး တော့မှဘဲ သူ့ရဲ့ ခင်ပွန်း မြင်တွေ့ ကြရ ပါတော့တယ်။

Source :
Mr Lee Young-ae identified
Lee Young-ae at the basketball game with her husband


"Three Brothers" knocks out competition for eighth week

တိုင်ထိပ်ရောက်နေတဲ့ဇာတ်လမ်းတွဲ

Three Brothers အမည် ရှိတဲ့ ကိုးရီးယား TV Drama မှာ ရှစ်ပတ် တိတိ rating အများဆုံး ဖြစ်နေ ပါတယ်။ Rating 39.4 % အထိ ရရှိ ခဲ့တယ် လို့ သိရ ပါတယ်။

Source : "Three Brothers" knocks out competition for eighth week


"Clash of the Titans" topples box office again

Clash of the Titans ရုပ်ရှင်လူကြည့်များနေခြင်း

ဟောလီဝုဒ် ရုပ်ရှင် Clash of the Titans မှာ ၂ ပတ်တိတိ လူကြည့် အများဆုံး ဖြစ်နေ ပါတယ်။ Weekend ၃ ရက် ထဲမှာ တွင်လူ 553,401 ယောက်ကြည့် ရှုခဲ့တယ် လို့သိရ ပါတယ်။

Source : "Clash of the Titans" topples box office again


Lee Da-hae Has Big Plans After 'The Slave Hunters' Success

Lee Da-hae ဘာဆက်လုပ်မှာလဲ

မင်သမီး Lee Da-hae ဟာ သူနောက်ဆုံး ပါဝင် ခဲ့တဲ့ The Slave Hunters ဇာတ်လမ်းတွဲ လူကြိုက် များခဲ့တဲ့ အတွက် အထူး ပျော်ရွှင်နေ ပါတယ်။

ကျွန်မ ခဏတော့ အနားယူ လိုက်ပါ ဦးမယ်။ အခြေ အနေ ပေးရင် USA မှာ သရုပ်ဆောင် သင်တန်း တစ်ခုလောက် တက်ချင် ပါတယ်။ နောက်ထပ် ၁နှစ် ၂နှစ် ထဲမှာ ဟောလီဝုဒ် မှာ သွာပြီး သရုပ်ဆောင် ချင် ပါတယ် လို့ မင်းသမီး က ပြောသွား ပါတယ်။

Source : Lee Da-hae Has Big Plans After 'The Slave Hunters' Success


"Revolver Gangster's Gang" hitting million viewers

ဖွားဖွားဓါးပြဂိုဏ်းရုပ်ရှင်လူကြိုက်များနေခြင်း

"Revolver Gangster's Gang" အမည်ရှိတဲ့ ကိုးရီးယား ရုပ်ရှင် မှာအထူး လူကြည့် များနေ ပါတယ်။ တစ်လ အတွင်းမှာ ကြည့်သူ တစ်သန်း ကျော်သွား ခဲ့ပါပြီး။

ဖွားဖွား သုံးဦးက ဓါးပြ ဂိုဏ်း ထောင်ပြီး ဘဏ် တွေကို ဓါးပြ တိုက်တဲ့ ဟာသ ရုပ်ရှင်ကား ဖြစ် ပါတယ်။

Source : "Revolver Gangster's Gang" hitting million viewers


Soo-ae Cast in Sequel to Hit Drama 'Iris'

Iris-2 တွင်မင်းသမီး Soo-ae သရုပ်ဆောင်မည်

နာမည်ကျော် IRIS ဇာတ်လမ်းတွဲ ရဲ့အဆက် IRIS-2 ကို ATHENA လို့နာမည် ပေးထား ပါတယ်။ သရုပ်ဆောင် မင်းသမီး တစ်လက် အဖြစ် မင်းသမီး Soo-ae ပါမယ် လို့လည်း သိရ ပါတယ်။

Source : Soo-ae Cast in Sequel to Hit Drama 'Iris'
Korean Actress Soo-ae Cast As Female Lead In "Iris" Sequel


Lee Ji-ah confirmed as female lead for Iris sequel

Iris-2 တွင်မင်းသမီး Lee Ji-ah လည်းပါဝင်မည်

နာမည်ကျော် IRIS ဇာတ်လမ်းတွဲ ရဲ့အဆက် IRIS-2 ကို ATHENA လို့နာမည် ပေးထား ပါတယ်။ သရုပ်ဆောင် မင်းသမီး တစ်လက် အဖြစ် မင်းသမီး Lee Ji-ah လည်း ပါမယ် လို့လည်း သိရ ပါတယ်။

ATHENA မှာ မင်းသား Jung Woo-sung နဲ့ Cha Seung-won တို့ ပါဝင်ပြီး မင်းသမီး များ ကတော့ Soo-ae နဲ့ Lee Ji-ah တို့ ဖြစ်ကြ ပါတယ်။

Source : Lee Ji-ah confirmed as female lead for Iris sequel


Gong Yoo to Star in 'Looking For Kim Jong Wook'

Gong Yoo ရဲ့ရုပ်ရှင်အသစ်

မကြာသေးခင် ကမှ စစ်ထဲက ထွက်လာတဲ့ မင်းသား Gong Yoo (31) ဟာ First Love လို့အမည် ပေးထားတဲ့ အချစ် ဟာသ ရုပ်ရှင် မှာ ပါဝင် သရုပ်ဆောင် မှာဖြစ် ပါတယ်။ မင်းသမီး ကတော့ Im Soo-jeong ဖြစ် ပါတယ်။

Source : Gong Yoo to Star in 'Looking For Kim Jong Wook' ('First Love - 2010')


"Cinderella's Sister" beats rival programs to top TV charts

Cinderella's Sister ဇာတ်လမ်းတွဲလူကြိုက်များနေခြင်း

Cinderella's Sister (KBS TV Drama) မှာကြည့်သူ အလွန်များ နေပါသည်။ Epidode ၄ တွင် rating 18 ရှိသည်ဟု သိရ ပါသည်။

သရုပ်ဆောင် များမှာ Moon Geun-yeong, Cheon Jeong-myeong, Seo Woo, Taecyeon နှင့် Lee Mi-sook တို့ ဖြစ်ကြ ပါသည်။

Source : "Cinderella's Sister" beats rival programs to top TV charts


Bae brings life to an 'Air Doll'

Bae Doona နှင့်လေထိုးအရုပ် (Air Doll)

မင်းသမီး Bae Doona မှာ ဂျပန် ဒါရိုက်တာ Koreeda ရိုက်ကူတဲ့ Air Doll အမည်ရှိ ဂျပန် ရုပ်ရှင်ကား တွင်ပါဝင်ခဲ့ ပါတယ်။

အသက် မရှိတဲ့ လေထိုး အရုပ်ကြီး တစ်ခုမှာ တဖြေးဖြေး အသက်ဝင် လာပြီး လူစိတ် ပေါက် လာ ပါတယ်။ ထို့နောက် လူသား အမျိုးသား လေးတစ်ဦး နဲ့ ချစ်ကြိုက် ကြတဲ့ ဇာတ်လမ်း နောက်ခံ ရုပ်ရှင် ကားဖြစ် ပါတယ်။

၎င်းကားတွင် Bae Doona ရဲ့ ခပ်ကြမ်းကြမ်း nude scenes နှင့် bedroom scenes များပါဝင် သဖြင့် ၁၈ နှစ်အောက် ကြည့်ခွင့် မရှိပါ။

၎င်းကားတွင် Bae Doona ဟာ ဂျပန် နိုင်ငံ မှ ချီးမြှင့်တဲ့ ဆုအမြောက် အများ ရရှိခဲ့ ပါတယ်။ နိုင်ငံခြားသား တစ်ဦး အနေနဲ့ ဂျပန် နိုင်ငံ မှ ချီးမြှင့်တဲ့ အကယ်ဒမီ ဆုတွေကို ပထမ ဦးဆုံး အကြိမ် ရရှိ ခြင်းလည်း ဖြစ် ပါတယ်။

Source :
Bae brings life to an 'Air Doll'
Bae Doona says "Air Doll" nude scene filming was "surprising"


Lee Byeong-heon warns fans his Twitter accounts are fake

Lee Byeong-heon ရဲ့ Twitter Account ဟာအတုကြီးလို့ဆိုပါတယ်

ကျွန်တော့မှာ twitter account မရှိ ပါဘူး၊ ကျွန်တော့ နာမည်နဲ့ ဖွင့်ထားတဲ့ twitter accout တွေဟာ အားလုံး အတု တွေပါလို့ မင်းသား Lee Byeong-heon က ၄င်းရဲ့ agency မှတဆင့် ပြောကြား သွား ပါတယ်။

Twitter account တွေကို email ရှိသူတိုင်း ဖွင့်နိုင်ပြီး၊ နာမည် ကိုလည်း ဦးတဲ့ သူက ယူလို့ ရပါတယ်။

Source : Lee Byeong-heon warns fans his Twitter accounts are fake


Rain and Kim Yuna nominated for 2010 TIME 100

Rain နှင့် Kim Yuna တို့ 2010 TIME 100 ရွေးပွဲတွင်ပါဝင်ခြင်း

ကမ္ဘာကျော် TIMES Magazine ဟာ နှစ်စဉ် ကမ္ဘာ့ လူသိ အများဆုံး လူ ၁၀၀ ကို online မှာ ရွေးချယ်ပွဲ ပြုလုပ် ပါတယ်။

TIMES ဟာ လူ ၁၀၀ ထက်ပိုတဲ့ ပဏမ ရွေးချယ် ထားတဲ့ စါရင်းကို online မှာတင် ပါတယ်။ ဒီစါရင်း ကို nomination list လို့ခေါ် ပါတယ်။

ဒီ nomination list မှာ အဆိုတော် မင်းသား Rain နဲ့ အိုလံပစ် စကိတ် ချန်ပီယံ Kim Yuna တို့ ပါလာတာ တွေ့ရ ပါတယ်။ စကာတင် ၁၀၀ ကိုတော့ online မှာ မဲပေး ရွေးချယ် ကြမှာ ဖြစ် ပါတယ်။

Source : Rain and Kim Yuna nominated for 2010 TIME 100


"Personal Preference" already stirring Asia

Personal Preference ဇာတ်လမ်းတွဲကိုလူများစိတ်ဝင်စားနေကြခြင်း

F4 မင်းသား Lee Min-ho နဲ့ နာမည်ကျော် မင်းသမီး Son Ye-jin တို့ရဲ့ မောင်လေး နဲ့ မမ ဇာတ်လမ်းတွဲ Personal Preference ဟာ တာထွက် episode မှာတင် rating 13.8 % ရရှိခဲ့ ပါတယ်။

အာရှ နိုင်ငံ အများ အပြားမှ အပြိုင် အဆိုင် ဈေးကြီးပေး ဝယ်ယူဖို့ လည်းကြိုးစား နေကြ ပါတယ်။ မင်းသား Lee Min-ho နဲ့ မင်းသမီး Son Ye-jin တို့ရဲ့ ပြည်တွင်း နဲ့ ပြည်ပ fans များဟာလည်း၊ ရိုက်ကွင်းမှာ တခဲနက် လာရောက် အားပေး နေကြ ပါတယ်။

Source :
"Personal Preference" already stirring Asia
Younger Men, Power, Money Fill Dramas
Son Ye-jin says relieved Lee Min-ho "not young-looking"


Late actress Choi Jin-sil's actor brother commits suicide

မင်းသမီး Choi Jin-sil ရဲ့မောင်ငယ်သတ်သေခြင်း

နာမည်ကျော် မင်းသမီး Choi Jin-sil ရဲ့မောင်ငယ် Choi Jin Young ဟာ နေအိမ်မှာ ကြိုးဆွဲချ သတ်သေသွား ပါတယ်။

၎င်းရဲ့ အစ်မ ဖြစ်သူ နာမည်ကျော် မင်းသမီး Choi Jin-sil ဟာလည်း လွန်ခဲ့တဲ့ ၁၈ လက သတ်သေ သွားခဲ့ ပြီးဖြစ် ပါတယ်။

Source :
Choi Jin-young Dead in Apparent Suicide
Late actress Choi Jin-sil's actor brother commits suicide
Late Choi Jin Young Planned to Be Singer and Actor


Kim Yoon-jin to Marry in Hawaii

Lost မင်းသမီး Kim Yoon-jin လက်ထပ်ခြင်း

မင်းသမီး Kim Yoon-jin (37) ဟာ ၈နှစ်ကြာ တွဲလာ ခဲ့တဲ့ ၄င်းရဲ့ မန်နေဂျာ Park Jeong-hyuk နဲ့ မကြာမှီ က လက်ထပ်လိုက် ပါတယ်။

Park Jeong-hyuk ဟာ မင်းသမီး ရဲ့ agency Zion Entertainment ရဲ့ CEO လည်းဖြစ် ပါတယ်။

Kim Yoon-jin ဟာ USA မှ LOST ဇာတ်လမ်း တွဲတွေ မှာ ဆက်တိုက် ပါဝင် ခဲ့ပြီး ကမ္ဘာ ကျော်နေတဲ့ မင်းသမီး တစ်လက် ဖြစ် ပါတယ်။

Source :
Kim Yoon-jin to Marry in Hawaii
'Lost' actress ties the knot
Kim Yoon-jin weds movie producer in Hawaii


Choi Ji-woo to hold autograph session in Seoul this week

Choi Ji-woo ရဲ့ Autograph ပွဲ

မင်းသမီး Choi Ji-woo (34) ဟာ Shiseido အလှကုန် promotion အတွက် autograph signing ပွဲကို Seoul မြို့မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

Source : Choi Ji-woo to hold autograph session in Seoul this week

End of Article - Hot News-20 April 2010
http://video.phpmyanmar.com/video/article/486/hot-news-20-april-2010

4 comments

M D KMay 18, 2011 - 2:34 am
ကောင်း ပါ တယ် ။ နောက်လည်း တင်ပြ ပေး အုံး နော်။ ကျေး ဇူး နော်
love minwaiFebruary 4, 2011 - 9:38 am
ကောင်း ပါ တယ် သတင်း လေး တွေ ကဆုံ တော့ အ ကြောင်း ဆုံသိရတာ ပေါ့ ဗျာ ..
l. .. y .. g February 4, 2011 - 9:34 am
အခုလို သတင်း လေး တွေ ကိုဖတ်ရတာ ကောင်း ပါ တယ် ဗျာ မသိတာ လေး တွေ သိတာ ပေါ့  ..
SarkaarJune 22, 2010 - 7:52 am
yes! Go YG Entertainment ! gogo! this is where Big Bang started!

Leave your comment

Name

You can type in both English and Myanmar (Use Zawgyi Font)

<< Type above word in this box

.
Article Link - http://video.phpmyanmar.com/video/article/486/hot-news-20-april-2010








All photograph,logos, articles, comments and trademarks -- etc in this site are property of their respective owners.All the rest © 2006 by PhpMyanmar.com.
Using Code Igniter Frameworks, Hosted by PheonixMyanmar.com
.
Unique Visitors

Rendering time 0.0222 sec