အတိုအထွာသတင်းများ(၃၃)

Kim Beom Embroiled in Legal Disputes
Kim Bum တရားစွဲခံရခြင်း
Boys over Flowers (F4) မှ မင်းသား တစ်လက် ဖြစ်တဲ့ Kim Bum ဟာ တရားစွဲ ခံနေရ ပါတယ်။
Eyagi Entertainment agency က သူတို့နဲ့ ချုပ်ဆို ထားတဲ့ စာချုပ် သက်တမ်း မကုန် ဆုံးမှီ မင်းသား ဘက်မှ ရပ်ဆိုင်း ခဲ့တဲ့ အတွက် နစ်နာကြေး တောင်းထား ပါတယ်။
Source : Kim Beom Embroiled in Legal Disputes
Jang Nara to Finally Graduate from University

Jang Nara ဘွဲ့ရပြီး
မင်းသမီး Jang Nara ဟာ ChungAng University မှ သရုပ်ဆောင် ဘာသာရပ် နဲ့ ဘွဲ့ရ သွားပြီး ဖြစ် ပါတယ်။
မင်းသမီး ဟာ ဒီဘွဲ့ ရရန် ၁၀ နှစ် ကျောင်းတက် ခဲ့ရ ပါတယ်။ သရုပ်ဆောင် အလုပ် တွေနဲ့ မအား မလပ်နဲ့ ကျောင်းတက် ရတဲ့ အတွက် ဒီမျှလောက် ကြာသွား တာဖြစ် ပါတယ်။
Source :
Jang Nara to Finally Graduate from University
Daniel Kim Cast in New CBS Series
Lost မင်းသား Daniel Kim ရဲ့ဇာတ်လမ်းတွဲအသစ်
Korean-American ကပြား Daniel Dae Kim ဟာ US TV ဇာတ်လမ်းတွဲ Lost နဲ့ တော်တော် နာမည် ကြီးခဲ့ ပါတယ်။
မင်းသား ကို US TV CBS မှ Hawaii Five-O အမည် ရှိတဲ့ ဇာတ်လမ်းတွဲ မှာ ခေါင်းဆောင် မင်းသား အဖြစ် ထဲ့သွင်း ရိုက်ကူး မယ်လို့ သိရ ပါတယ်။
Source : Daniel Kim Cast in New CBS Series
Chae Rim to make a comeback to the small screen

မင်းသမီး Chae Rim ပြန်လာပြီး
တနှစ်လောက် ထိုင်နေတဲ့ မင်းသမီး Chae Rim (ဂျင်စမ်းမီ) (31) ဟာ Oh! My Lady (SBS) ဇာတ်လမ်းတွဲ အသစ်နဲ့ ပြန်လာ တော့မယ် လို့ သီရ ပါတယ်။
မင်းသား ကတော့ Super Junior တီးဝိုင်း အဖွဲ့ မှ အဆိုတော် Choi Si-won (23) ဖြစ် ပါတယ်။
Source :
Chae Rim to make a comeback to the small screen
Chae Rim returns
Ji Jin-hee: 'I Don't Regret a Thing'

အလုပ်ပြုတ်လို့မင်းသားဖြစ်လာသူ
မင်းသား Ji Jin-hee (နန်းတွင်း ရတနာ) ဟာ မူလက ကြော်ငြာ လုပ်ငန်းလေး တစ်ခုမှာ အလုပ်လုပ် ပါတယ်။
နာမည်ကျော် မင်းသမီး များဖြစ် ကြတဲ့ Kim Hye-soo နဲ့ Jeon Do-yeon တို့ရဲ့ မန်နေဂျာ ဖြစ်သူ Park Sung-hye က Ji Jin-hee ကို မင်းသား လုပ်ဖို့ အဆက် မပြတ် တိုက်တွန်း ခဲ့ပါတယ်။
Ji Jin-hee ကအမြဲ ငြင်းခဲ့ ပါတယ်။ တစ်နေ့တော့ Ji Jin-hee လုပ်နေတဲ့ ကြော်ငြာ လုပ်ငန်း က စီးပွားရေး ပျက်ကပ် ကြောင့် ပျက်ပြီး Ji Jin-hee လည်း အလုပ်ပြုတ် ခဲ့ ပါတယ်။
နောက်တော့ သူလည်း မင်းသား ဖြစ်လာတယ် လို့ဆို ပါတယ်။ ဒီလို သာဆိုရင် ကျွန်တော်လည်း အလုပ် ပြုတ်ချင် လိုက်တာ။
Source : Ji Jin-hee: 'I Don't Regret a Thing'
Lee Byeong-heon Offered US Drama Role

Lee Byeong-heon အား USA ဇာတ်လမ်တွဲမှကမ်းလှမ်ခြင်း
မင်းသား Lee Byeong-heon အား US TV ဇာတ်လမ်းတွဲ တစ်ခု တွင် ပါဝင် သရုပ်ဆောင် ရန်ကမ်းလှမ်း ခံထား ရတယ်လို့ သတင်း ရရှိ ပါတယ်။
မင်းသား ဟာ ၄င်း ကိစ္စ အတွက် US သို့ သွားရောက် ဆွေနွေး ခဲ့ ပါတယ်။ ပါမယ် မပါဘူး ဆိုတာတော့ အတည် မပြု သေးပါ။
Source : Lee Byeong-heon Offered US Drama Role
"Three Brothers" on top once again

Three Brothers ဇာတ်လမ်းတွဲလူကြိုက်များနေခြင်း
Three Brothers (KBS2) ဇာတ်လမ်းတွဲ ဟာ ကြည့်ရှုသူ rating အများ ဆုံးနဲ့ ၆ ပတ်တိတိ ရပ်တည် လာခဲ့ပြီး ဖြစ် ပါတယ်။
အခြား ဇာတ်လမ်းတွဲ များ အနေနဲ့ The Slave Hunters က ဒုတိယ နဲ့ Love You a Thousand Times က တတိယ လိုက်နေ ပါတယ်။
Source : "Three Brothers" on top once again
Ryoo Si-won receives award at car racing event

ပြိုင်ကားမောင်းဆုရရှိတဲ့မင်းသား
Hallyu မင်းသား Ryoo Si-won ခေါင်းဆောင် တဲ့ ပြိုင်ကား အသင်း Team106 ဟာ 2009 CJ O Super Race Award ဆုကို ရရှိ ပါတယ်။
မင်းသား Ryoo Si-won ဟာ ကိုးရီးယား အနုပညာ သည်တွေ ထဲမှာ တစ်ဦး တည်းသော ပြိုင်ကားမောင်း လိုင်စင် ရှိသူ မင်းသား လည်းဖြစ် ပါတယ်။ ကိုယ်တိုင်လည်း ပြိုင်ပါတယ်။
Source : Ryoo Si-won receives award at car racing event
Kim Beom's Movie Picks

Kim Beom နှစ်သက်တဲ့ရုပ်ရှင်များ
မင်းသား Kim Beom (F4) ဟာ သူနှစ်သက် တဲ့ ရုပ်ရှင် ၅ကား ကိုရွေးပြီး အသေးစိပ် ဝေဖန်ချက် များ ပေးသွား ပါတယ်။
၎င်းရုပ်ရှင် များကတော့ If Only (Gil Junger 2004), I am Sam (Jessie Nelson 2002), Black (Sanjay Leela Bhansali 2005), You are my Sunshine (Park Jin-pyo 2005) နဲ့ The Letter (Lee Jeong-gook 1997) တို့ပဲဖြစ် ပါတယ်။
Source : Kim Beom's Movie Picks
Korean Dramas Captivate Young People in Nepal

ကိုးရီးယား Drama များ နီပေါနိုင်ငံတွင်အထူးခေတ်စားနေခြင်း
ကိုးရီးယား ဇာတ်လမ်းတွဲ မျာဟာ နီပေါ နိုင်ငံ မှာ အထူး ခေတ်စား နေတယ်လို့ သိရ ပါတယ်။ ဇာတ်လမ်းတွဲ များကို ခိုးသွင်း လာတဲ့ DVD များမှ၎င်း။ internet မှ download လုပ်ပြီး၎င်း ဖြန့်ချီ နေကြ ပါတယ်
Source : Korean Dramas Captivate Young People in Nepal
Avatar Brings in $88.5Mln in S.Korea

Avatar မှ US$ 88.5 million ရရှိခြင်း
Hollywood ရုပ်ရှင် Avater ဟာ ကိုးရီးယား တစ်နိုင်ငံ ထဲမှာတင် ဝင်ငွေ US$ 88.5 million ရှိတယ်လို့ သိရ ပါတယ်။
Source : Avatar Brings in $88.5Mln in S.Korea
Actor Kwon Sang-woo injured while filming fight

Kwon Sang-woo ဒါဏ်ရာရခြင်း
မင်းသား Kwon Sang-woo ရုပ်ရှင် ရိုက်နေစဉ် ဒါဏ်ရာ ရသွားတယ် လို့ သတင်း ရရှိ ပါတယ်။
Into The Gunfire ရုပ်ရှင်ရဲ့ ဖိုက်တင် အခန်းတွေ ရိုက်စဉ် ဖြစ်ပွား တာဖြစ် ပါတယ်။
နာကျဉ်တာ မသက် သာလို့ ဆေးရုံ အဆင့်ဆင့် ပြောင်းတင် ရာက ယခု Seoul ဆေရုံ တစ်ရုံ ရောက်နေတယ် လို့သိရ ပါတယ်။
Source : Actor Kwon Sang-woo injured while filming fight
G-Dragon questioned by Korean authorities

G-Dragon ကိုတရားရုံးမှခေါ်ယူစစ်ဆေးခြင်း
G-Dragon ကို အာဏာပိုင် များမှ ခေါ်ယူပြီး တစ်နာရီခန့် စစ်မေး ကြတယ်လို့ သိရ ပါတယ်။ မကြာ မှီက show ပွဲတစ်ခုမှာ အမြင် မတော်ဖွယ်ရာ အမူအရာ များနဲ့ ကပြ ခဲ့တဲ့ အတွက် ယခုလို စစ်ဆေး ခံခဲ့ ရတာ ဖြစ်ပါတယ်။
Source : G-Dragon questioned by Korean authorities
Actress Han Ga-in to make small screen comeback

Han Ga-in ရဲ့ဇာတ်လမ်းတွဲအသစ်
မင်းသမီး Han Ga-in ဟာ ဇာတ်လမ်းတွဲ မရိုက်တာ ၃နှစ် ရှိသွား ပါပြီး။ အခု မင်းသမီး ဟာ Bad Boy အမည်ရှိ SBS က ရိုက်တဲ့ ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင် ထား ပါတယ်။ ၄င်း ဇာတ်လမ်း တွဲကို လာမည့် မေ လမှာ ပြသမှာ ဖြစ်ပါတယ်။
Source : Actress Han Ga-in to make small screen comeback
Park Bo-yeong Accused of Breaching Contract

မင်းသမီး Park Bo-yeong အမှုဖြစ်နေခြင်း
မင်းသမီး Park Bo-yeong (Speedy Scandal) ကို ရုပ်ရှင် ကုမ္ပဏီ တစ်ခုမှ စာချုပ် ဖေါက်ဖျက် မှုနဲ့ တရားစွဲ ထားပါတယ်။
ရုပ်ရှင် ထဲမှာ သရုပ်ဆောင် နိုင်ရန် မင်းသမီးဟာ စကိတ်စီး လေ့ကျင့် တဲ့အခါ ကျောရိုး ထဲက နာတဲ့ အတွက်၊ သရုပ်ဆောင် အစားထိုး ဖို့ မင်းသမီး ရဲ့ agency က အဆိုပါ ရုပ်ရှင် ကုမ္ပဏီ အကြောင်း ကြားခဲ့ ပါတယ်။
ညှိနှိုင်း နေစဉ်မှာ အဆိုပါ ရုပ်ရှင် ကုမ္ပဏီ မှ တရားစွဲ ခဲ့ ပါတယ်။ မင်းသမီးရဲ့ agency မှ လည်း အသရည် ဖျက်မှုနဲ့ တန်ပြန် တရားစွဲ ထားတယ် လို့လည်း သိရ ပါတယ်။
Source : Park Bo-yeong Accused of Breaching Contract
Actor Ji Jin-hee to star in Chinese film

မင်းသား Ji Jin-hee တရုတ်ရုပ်ရှင်တစ်ခုတွင်ပါဝင်မည်
မင်းသား Ji Jin-hee (နန်းတွင်း ရတနာ) ဟာ မကြာမှီ တရုတ် ရုပ်ရှင် တစ်ခု မှာ ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။ ၄င်း ရုပ်ရှင် ကို စက်တင်ဘာ လမှာ စတင် ရိုက်ကူး မှာဖြစ် ပါတယ်။
ဒါရိုက်တာ Kim Poong-gi (ကိုးရီယား) ရဲ့ On the Road လို့ အမည် ပေးထားတဲ့ ရုပ်ရှင် အတွက် ခေါင်းဆောင် တရုပ် မင်းသမီး ကို ရွေးချယ်ဆဲ ဖြစ်ပါတယ်။
မင်းသားရဲ့ ကိုးရီးယား ရုပ်ရှင်Parallel Life ကို ယခုလ ရုံတင်မှာ ဖြစ်ပြီး၊ Dong-Yi အမည်ရှိ TV ဇာတ်လမ်းတွဲ ကိုလည်း မတ်လ မှာ စတင် ပြသမှာ လို့လည်း သိရ ပါတယ်။
Source : Actor Ji Jin-hee to star in Chinese film
Hyun Bin chosen as top Hallyu star in Thailand

Hyun Bin ကိုထိုင်းနိုင်ငံတွင်လူကြိုက်များနေခြင်း
ထိုင်းနိုင်ငံ မှာ internet စစ်တမ်း ကောက်ယူချက် အရ မင်းသား Hyun Bin ဟာ ထိုင်းမှာ လူကြိုက် အများ ဆုံးလို့ သိရ ပါတယ်။
Hyun Bin ဟာ My Name is Kim Sam-soon ဇာတ်လမ်းတွဲ နဲ့ နာမည်ကြီး လာသူဖြစ် ပါတယ်။
လောလောဆယ် ဂျပန်မှာ မင်းသားရဲ့ ဇာတ်လမ်းတွဲ များဖြစ်တဲ့ My Name is Kim Sam-soon နဲ့ Friend တို့ တစ်ပြိုင်နက် ပြနေတယ် လို့လည်း သိရ ပါတယ်။
Source : Hyeon Bin chosen as top Hallyu star in Thailand
Actor Joo Ji-hoon enters military

မင်းသား Joo Ji-hoon စစ်မှုထမ်းပြီး
မင်းသား Joo Ji-hoon ဟာ ၂နှစ် စစ်မှုထမ်း ရန်အတွက် Gyeonggi ပြည်နယ် Uijeongbu စစ်စခန်း သို့ သတင်း ပို့လိုက်ပြီး လို့သိရ ပါတယ်။
ကိုးရီးယား နဲ့ ဂျပန် မှ fan ၂၀၀ ခန့် စစ်စခန်း ဝမှာ လာရောက် နှုတ်ဆက်တယ် လို့လည်း သိရ ပါတယ်။
Joo Ji-hoon ဟာ မူးရစ်ဆေး သုံးစွဲမှု နဲ့ ဆိုင်းငံ့ ထောင်ဒါဏ် ၆လ ကျခံ ထားရ သူလည်း ဖြစ် ပါတယ်။
Source :
Actor Joo Ji-hoon enters military
Joo Ji-hoon goes to military service
Rain takes Taiwan by storm with Legend tour

Rain ထိုင်ဝမ်တွင်အထူးရေပန်းစားနေခြင်း
Rain ဟာ ထိုင်ဝမ် နိုင်ငံ Kaohsiung National Stadiuma မှာ မကြာမှီ က Legend of Rainism အမည် ရှိတဲ့ show ပွဲ ပြုလုပ် ခဲ့ ပါတယ်။
၎င်းပွဲသို့ Kaohsiung မြို့တော်ဝန် Qu Ju တက်ရောက်ပြီး ကိုယ်တိုင် Rain ကို ပရိသတ် နဲ့ မိတ်ဆက် ပေးခဲ့ ပါတယ်။ လူ သုံးသောင်းကျော် လာရေက် အားပေး တယ်လို့လည်း သိရ ပါတယ်။
Source : Rain takes Taiwan by storm with Legend tour
Big Bang wraps up Big Show in success

Big Bang ရဲ့ Show ပွဲအောင်မြင်ခြင်း
မကြာမှီ က Soul မြို့ Olympic Park Gymnastics Stadium မှာ Big Bang တီးဝိုင်း အဖွဲ့ မှ show ပွဲ ပြုလုပ် ခဲ့တာ အထူး အောင်မြင် ခဲ့ပါတယ်။ ပရိသတ် ၁၃, ၀၀၀ ကျော် တက်ရောက် အားပေး ပါတယ်။
Show ပွဲက ရတဲ့ ဝင်ငွေ တစိတ် တပိုင်း ကို ဟေတီ ငလျင် ဘေးသို့ လှူမယ် လို့လည်း သိရ ပါတယ်။
Source : Big Bang wraps up Big Show in success
Jang to Disclose Wedding Plans in March

Jang Dong-gun လက်ထပ်မည့်ကိစ္စကြေငြာမည်
မင်းသား Jang Dong-gun နဲ့ မင်းသမီး Ko So-young တို့ရဲ့ လက်ထပ်ပွဲ အစီအစဉ် ကို လာမည့် မတ်လ ၆ ရက်နေ့ မှာ ပြုလုပ်မည့် Jang Dong-gun ရဲ့ fan meet မှာ ကြေငြာ မယ်လို့ သတင်း ရရှိ ပါတယ်။
Source : Jang to Disclose Wedding Plans in March
Rain's Visit to Taiwan Paralyzes Airport

Kaohsiung လေဆိပ်ပိတ်ဆို့သွားခြင်း
ထိုင်ဝမ်ရဲ့ ဒုတိယ မြို့တော်
Kaohsiung လဆိပ်သို့ Rain ရောက်လာ ချိန်မှာ လာရာက် ကြိုဆို သူနဲ့ သတင်းစာ အဖွဲ့တွေ များလွန်း တဲ့အတွက် လေဆိပ် လုပ်ငန်းများ ခေတ္တ ရပ်တန့် သွားတယ်လို့ သိရ ပါတယ်။
Source : Rain's Visit to Taiwan Paralyzes Airport
Links
Kim Beom Embroiled in Legal Disputes
Jang Nara to Finally Graduate from University
Daniel Kim Cast in New CBS Series
Chae Rim to make a comeback to the small screen
Ji Jin-hee: [I Don-t Regret a Thing]
Lee Byeong-heon Offered US Drama Role
[Three Brothers] on top once again
Ryoo Si-won receives award at car racing event
Kim Beom-s Movie Picks
Korean Dramas Captivate Young People in Nepal
Avatar Brings in $88.5Mln in S.Korea
Actor Kwon Sang-woo injured while filming fight
G-Dragon questioned by Korean authorities
Actress Han Ga-in to make small screen comeback
Park Bo-yeong Accused of Breaching Contract
Actor Ji Jin-hee to star in Chinese film
Hyeon Bin chosen as top Hallyu star in Thailand
Actor Joo Ji-hoon enters military
Rain takes Taiwan by storm with Legend tour
Big Bang wraps up Big Show in success
Jang to Disclose Wedding Plans in March
Rain-s Visit to Taiwan Paralyzes Airport
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment