အတိုအထွာသတင်းများ(၃၀)

Rain's Concert In Las Vegas
Rain ရဲ့ USA ဂီတပွဲ
အဆိုတော် မင်းသား Rain ဟာ Caesars Palace Hotel in Las Vegas USA မှာ ဒီဇင်ဘာ ၂၄ နဲ့ ၂၅ နေ့တိှု့ က ၂ နာရီကြာ nonstop concert ပွဲကျင်းပ ခဲ့ပါတယ်။
Concert ပွဲအတွက် သီဆိုခ 530 million won (US$1=W1,184) ရတယ် လို့ သိရ ပါတယ်။ ငွေတွေ ထာစရာ နေရာ မှ ရှီရဲ့ လား မသိပါ။
Source : Rain's Concert In Las Vegas
Jang Dong-gun goes under surgery in January

Jang Dong-gun ခွဲစိပ်ရမည်
မင်းသား Jang Dong-gun ဟာ ဇန်နဝါရီ လထဲမှာ ဒူးခေါင်း ခွဲစိပ် မှုပြု လုပ်မယ် လို့ သိရ ပါတယ်။
၂၀၀၃ မှာ Taegukgi အမည် ရှိတဲ့ ရုပ်ရှင် ရိုက်ခဲ့ စဉ်က ဒူးခေါင်း ထိခိုက် မိပြီး တစ်ကြိမ် ခွဲစပ် ခဲ့ရပြီး။ အခု ဒူးခေါင်းက ပြန်နာ လာလို့ ထပ်ပြီး ခွဲစိပ် ရတာ လို့ သိရ ပါတယ်။
Source :
Jang Dong-gun goes under surgery in January
Song Hye-kyo is secretly practicing martial arts
အွန်စောလျှို့ဝှက်သိုင်းကျင့်နေခြင်
မင်းသမီး Song Hye-kyo (အွန်စော) ဟာ လျှို့ဝှက် ပြီး သိုင်းကျင့် နေတယ်လို့ သိရ ပါတယ်။
Bruce Lee နဲ့ အခြား အကျော် အမော် သိုင်းသမား ရာပေါင်း များစွာ ကို မွေးထုတ် ပေးခဲ့ တဲ့သိုင်း ဆရာကြီး အကြောင်း ရိုက်ကူးမဲ့ The Grand Master အမည် ရှိတဲ့ တရုတ် သိုင်းကား ကြီးမှာ Song Hye-kyo ပါဝင် သရုပ်ဆောင် မယ်လို့ သိရ ပါတယ်။
Source :
Song Hye-kyo is secretly practicing martial arts
Song Hye-kyo to appear in Won Kar-wai biopic
Bae Doo-na Receives Award From Japan Academy Prize

Bae Doo-na ဂျပန် အကယ်ဒမီ ဆုရခြင်း
ကိုးရီးယား မင်းသမီး Bae Doo-na ဟာ ဒါရိုက်တာ Hirokazu Koreeda ရိုက်ကူး ခဲ့တဲ့ Air Doll အမည်ရှိ ဂျပန် ရုပ်ရှင် မှာ သရုပ်ဆောင် မှု အတွက် ဂျပန် နိုင်ငံ ကပေးတဲ့ အကယ်ဒမီ ဆုကို ရရှိ တယ်လို့ သတင်း ရရှိ ပါတယ်။
ဂျပန် ရုပ်ရှင် ရာဇဝင် မှာ နိုင်ငံခြားသား တစ်ဦး ပထမ ဦးဆုံး အကြိမ် အကယ်ဒမီ ဆုရ ခြင်းလည်း ဖြစ်တယ် လို့ သိရ ပါတယ်။
Source : Bae Doona Receives Award From Japan Academy Prize
Song Il-gook Wins Damages Over False Assault Claim

Jumong မင်းသား Song Il-gook လျှော်ကြေးရရှိခြင်း
Jumong မင်းသား Song Il-gook ဟာ သူ့ကို မတရား စွပ်စွဲ ထားတဲ့ အမှု နိုင်လို့ လျှော်ကြေး တယ်လို့ သိရ ပါတယ်။
အမျိုးသမီး journalist တစ်ဦးက သူ့ကို လက်ရောက် ကျူးလွန် မှုနဲ့ တရား စွဲထား ပါတယ်။ Seoul Central District Court က မင်းသားကို အနိုင် ပေးခဲ့ ပါတယ်။ အမျိုး သမီး က မင်းသားသို့ won 100 million (US$1=W1,184) ပေးဖို့ပါ အမိန့် ချမှတ် ခဲ့ပါတယ်။i
Source : Song Il-gook Wins Damages Over False Assault Claim
"Seon-deok" wraps up final shooting

Queen Seon-deok နောက်ဆုံး episode ရိုက်ပြီးခြင်း
နာမည်ကျော် Queen Seon-deok ဇာတ်လမ်းတွဲ နောက်ဆုံး episode ရိုက်ကူး ပြသ ပြီးသွား ပြီး ဖြစ် ပါတယ်။
Episode one မှာ rating 15 သာရှိခဲ့ သော်လည်း လူကြိုက် များလာလို့ rating 44.7 အထိ ရရှီခဲ့ ပါတယ်။ Final episode မှာ rating 37.7 ရှိပါတယ်။
Source :
"Seon-deok" wraps up final shooting today
TV series "Seon-deok" makes proud exit
KBS TV series "The Slave Hunters"

Lee Da-hae ပါဝင်တဲ့ The Slave Hunters ဇာတ်လမ်းတွဲ
Lee Da-hae (ချိုဝမ်) ပါဝင်တဲ့ The Slave Hunters ရာဇဝင် ဇာတ်လမ်းတွဲ ရဲ့ သတင်း ထုတ်ပြန် ပွဲကို ဒီဇင်ဘာ ၂၁ ရနေ့က CJ CGV Theater မှာ ပြုလုပ် ပါတယ်။
မင်းသား Jang Hyeok မင်းသမီး Lee Da-hae တို့ ခေါင်းဆောင် ပါဝင် ပါတယ်။ ယခု episode 10 အထိ ရိုက်ကူး ပြီးထား ပြီးပြီ လို့ သိရ ပါတယ်။
Source :
KBS TV series "The Slave Hunters"
Lee Da-hae returns through "The Slave Hunters"
Lee Min-ho wraps up fan meeting in Singapore

Lee Min-ho စင်ကာပူ တွင် Fan Meet ပြုလုပ်ခြင်း
F4 မင်းသား Lee Min-ho ဟာ စင်ကာပူ မှာ မကြာသေး မှီက fan meet ပြုလုပ် ပါတယ်။ Fans ၂၀၀၀ ခန့်တက် ရောက် ပါတယ်။ Indonesia, Malaysia နဲ့ Thai နိုင်ငံ များမှ fans အများ အပြား လည်း လာရောက် ကြတယ် လို့ သိရ ပါတယ်။
မိတ်ဆုံ ပွဲမှာ Lee Min-ho ဟာ သီချင်း နှစ်ပုဒ် ဆိုသွား ပါတယ်။ စင်ကာပူ မတိုင် မှီက ဂျပန် နဲ့ ထိုင်ဝမ် တို့မှာ fan meet လုပ်ခဲ့ ပါတယ်။
Source : Lee Min-ho wraps up fan meeting in Singapore
Lee Honey to Hold Traditional Concert on Christmas

ရိုးရာဂီတပညာရှင်မင်းသမီး Lee Honey
မင်းသမီး Lee Honey ဟာ အမေ အမ တို့နဲ့ တွဲပြီး ကိုးရီးယား ရိုးရာ concert ပွဲကို National Center of Traditional Performing Arts မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ က ပြုလုပ် ခဲ့ ပါတယ်။
မိခင် Moon Jae-sook ဟာ Ewha Womans University မှာ ရိုးရာဂီတ professor တစ်ဦး ဖြစ်ပြီး၊ အစ်မ Seul-gi မှာ Korean traditional music ဘွဲ့ကို Seoul National University မှ ရရှိ ထားသူ ဖြစ် ပါတယ်။
Lee Honey ကိုယ်တိုင် မှာလည်း Seoul National University မှာ Korean traditional music ဘာသာ ယူထား သူဖြစ် ပါတယ်။
Source : Lee Honey to Hold Traditional Concert on Christmas
Ko Hyeon-jeong Named Best TV Star

အကောင်းဆုံးဇာတ်လမ်းတွဲမင်းသမီး Ko Hyeon-jeong
Korea Gallup Pool ဆန္ဒ ခံယူတဲ့ စါရင်း အရ MBC TV ရဲ့ Queen Seon-deok ဇာတ်လမ်းတွဲ မှာသရုပ် ဆောင် ခဲ့တဲ့ Ko Hyeon-jeong ကို မဲ 34.8% နဲ့ အကောင်းဆုံး TV သရုပ် ဆောင်အဖြစ် ရွေးချယ် ခဲ့ကြ ပါတယ်။
KBS TV ရဲ့ IRIS ဇာတ်လမ်းတွဲ မှာသရုပ် ဆောင်ခဲ့ ကြတဲ့ မင်းသား Lee Byeong-Heon နဲ့ မင်းသမီး Kin Tae-hee တို့က 20.5% နဲ့ 16.3% အသီးသီး ရရှိပြီး၊ ဒုတိယ နဲ့ တတိယ ချိတ်ခဲ့ ကြ ပါတယ်။
Source : Ko Hyeon-jeong Named Best TV Star
Lee Byeong-heon Sued by Female Gymnast

Lee Byeong-heon တရားစွဲခံရခြင်း
Kwon လို့ အမည် ရှိတဲ့ Canadian နိုင်ငံသူ ကိုးရီးယား အမျိုးသမီး တစ်ဦးက မင်းသား Lee Byeong-heon ကို လက်ထပ် မည်ဟု ပေးခဲ့ သည့် ကတိ ဖေါက်ဖျက် မှုနဲ့ လျှော်ကျေး won million 100 ရလိုကြောင်း ကိုးရီးယား တရား ရုံးတော် တစ်ခု မှာ တရားစွဲ ဆိုထား ပါတယ်။
မင်းသား ကလည်း ခေတ္တ တွဲခဲ့ သော်လည်း မည်သည့် ကတိမှ မပေး ခဲ့ကြောင်း၊ ၄င်း အမျိုး သမီးကို အသရေ ဖျက်မှုနဲ့ တန်ပြန် တရားစွဲ မည်ဖြစ် ကြောင်း ထုတ်ပြန် ထား ပါတယ်။
Source :
Lee Byeong-heon's Ex-Girlfriend Questioned
Lee Byeong-heon Saga Takes New Twist
Lee Byeong-heon Shares His Thoughts on Rumors
Lee Byeong-heon Sued by Female Gymnast
Woochi' Marks Birth of Korean Superhero

ကိုးရီးယား Harry Potter လား?
Woochi လို့အမည် ပေးထားတဲ့ ကိုးရီးယား မှော်ဆရာ ရုပ်ရှင်ကား တစ်ကားကို နာမည်ကြီး ဒါရိုက်တာ တစ်ဦး ဖြစ်သူ Choi Dong-hoon နဲ့ ရိုက်ဖို့ စီစဉ် နေတယ် လို့ သိရ ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က ရှိခဲ့တယ် လို့ဆိုတဲ့ မှော်အတတ် ပညာ ပြကွက် တွေကို ခေတ်ပေါ် computer နည်းပညာ တွေနဲ့ ပေါင်းစပ်ပြီး အမြင်ဆန်း အောင်ရိုက် ထားတယ် လို့ဆို ပါတယ်။
Source : Woochi' Marks Birth of Korean Superhero
Hallyu '4Card' Tokyo Show Draws Attention

လေးယောက်ပေါင်းတော့လောင်းကျော်တယ်
ဂျပန် စာရေးဆရာ-ပရိုဂျူဆာ Yasushi Akimot ရဲ့ အစီ အစဉ် နဲ့ super hallyu မင်းသားများ ဖြစ်တဲ့ Lee Byeong-Heon, Jang Dong-gun, Song Seung-heon နဲ့ Won Bin တို့ဟာ ဂျပန် နိုင်ငံ Tokyo Dome မှာ show ပွဲ ကျင်းပခဲ့ ပါတယ်။ ပရိသတ် ၇၀,၀၀၀ ကျော် တက်ရောက် ခဲ့ကြ တယ်လို့ ဆို ပါတယ်။
Show ပွဲပြီး နောက်နေ့ တွေမှာ မင်းသား များဟာ သူတို့ရဲ့ fan meets တွေကို အသီးသီး ပြုလုပ် ကြတယ် လို့ သိရ ပါတယ်။
Source : Hallyu '4Card' Tokyo Show Draws Attention
Product Placement Grows Popular in Korea

ရောင်တော်ပြန်နဲ့ရောလွှတ်ခြင်း
ကိုးရီးယား ကာ ကုမ္ပဏီ တွေဟာ မိမိ တို့ရဲ့ ကားအသစ် တွေကို နာမည်ကြီး ဇာတ်လမ်းတွဲ တွေရဲ့ ဇာတ်ဝင်ခန်း တွေမှာ ထဲ့ရိုက်ပြီး လူသိ များအောင် လုပ်လာ ပါတယ်။
ကားရဲ့ logo ပေါ်အောင် မရိုက်ရ ဆိုတဲ့ ဥပဒေ ပယ်ဖျက် ပြီးနောက် မှာ ခေတ်စား လာတာပါ။
ပြပြီး သွားတဲ့ IRIS ဇာတ်လမ်းတွဲ မှာ ကိုးရီးယား Kia Motors က သူတို့ရဲ့ ကုမ္ပဏီ ထုတ်ကား ၁၉ စီး ထဲ့သွင်း ရိုက်ကူး သွားတာ တွေ့ရ ပါတယ်။
Source : Product Placement Grows Popular in Korea
2000 Fans Rush to See Lee Min-ho

Lee Min-ho ရဲ့ထိုင်ဝမ် Fan Meet
F4 မင်းသား Lee Min-ho ရဲ့ ထိုင်ဝမ် fan meet ကို ဒီဇင်ဘာ ၁၅ ရက်နေ့ က National Taiwan University Stadium မှာ ကျင်းပခဲ့ ပါတယ်။ Fans ၂၀၀၀ ကျော် တက်ရောက် ခဲ့တယ် လို့ သိရ ပါတယ်။ ထိုင်ဝမ် ပြီးရင် စင်ကာပူ မှာ fan meet ဆက်လုပ်မှာ ဖြစ် ပါတယ်။
Source : 2000 Fans Rush to See Lee Min-ho
2NE1 Picked Artist of the Year by Mnet

2NE1 အဆိုအဖွဲ့ Artist of the Year ရခြင်း
Online ကနေ သီချင်း ရောင်းတဲ့ Mnet.com က 2NE1 အဆို အဖွဲ့ကို ၂၀၀၉ ခုနှစ်ရဲ့ Artist of the Year အဖြစ် သတ်မှတ် ပေးခဲ့ ပါတယ်။
၂၀၀၉ ဇန်နဝါရီ လမှ ဒီဇင်ဘာ လ အထိ online ပေါ်မှာ ရောင်းချ ရတဲ့ music chart တွေကို လေ့လာပြီး ဆုံးဖြတ် ခဲ့တာ ဖြစ် ပါတယ်။
Source : 2NE1 Picked Artist of the Year by Mnet
Yoona's Skirt Sells for Won 2 Million

ဂါဝန်တစ်ထည် Won 2 Million
Girls' Generation ရဲ့ပစ္စည်း ၁၆ မျိုးကို online ပေါ်မှာ လေလံတင် ရောင်းချ ခဲ့ရာတွင် လေလံ ဆွဲသူ ၂၃၀၀ ကျော် ရှိ ခဲ့ပြီး စုစုပေါင်း ရောင်းရငွေ won 5.35 million ရရှိခဲ့ ပါတယ်။ (US$1=W1,184)
Yoona ရဲ့ mini skirt က won 2.01 million နဲ့ဈေး အများဆုံး ရခဲ့ ပါတယ်။
Tiffany ရဲ့ T-Shirt က 1.01 million won,
Seohyun ရဲ့ ဘောင်းဘီတို က 945,000 won,
Sooyoung ရဲ့ ခါပတ် က 456,000 won ရ ပါတယ်။
ရောင်းရငွေ များကို လှူမှာ ဖြစ် ပါတယ်။
Source : Yoona's Skirt Sells for Won 2 Million
Awards ceremony draws A-list stars, politicians alike

အစိုးရ၏အနုပညာနှင့်ယဉ်ကျေးမှုဆုပေးပွဲ
ကိုးရီးယား အစိုးရ ရဲ့ Mass Culture & Media Research Group က နှစ်စဉ် အနုပညာ နဲ့ ယဉ်ကျေးမှု ဆု ၁၀ မျိုးပေး ပါတယ်။
Lee Byeong-Heon နဲ့ Kim Tae-hee တို့က IRIS ဇာတ်လမ်းတွဲ မှာ သရုပ်ဆောင် တော်လို့ အထူးဆု Special Award ကို ရရှိ ပါတယ်။
Girls' Generation အဖွဲ့က Musician of the Year,
MBC ရဲ့ North Pole's Tears က TV Program of the Year,
Dae Jang Geum က Musical of the Year ရပါတယ်။
Source : Awards ceremony draws A-list stars, politicians alike
Kim Tae-hee says was "lifeless" before taking up acting

Kim Tae-hee ၏ အင်တာဗျူး
KBS ရဲ့ IRIS ဇာတ်လမ်းတွဲ last episode ပြပြီးနောက် တနေ့မှာ မင်းသမီး Kim Tae-hee နဲ့ သတင်းစာ ဆရာများ အမေး အဖြေ ပြုလုပ် ခဲ့ကြ ပါတယ်။
ဇာတ်ညွှန်းက အစဉ်အတိုင်း မဟုတ်ပဲ ဖေါက်ပြီး ရိုက်ချင် သလိုရိုက် ခဲ့ရလို့ သူ့အနေနဲ့ အနုပညာ ဈာန်သွင်း ရတာ ခက်ကြောင်း၊ ဇာတ်ညွှန်း ကို အားလုံး ဖတ်ရတာ မဟုတ်ပဲ နီးလာမှ ကပ်ကပ် ပြီးမှ ရလို့ သူများ တွေလောက် မတော်တဲ့ သူ့အတွက် အလွန် ပင်ပန်း ရပါတယ် လို့ ပြောသွား ပါတယ်။
သရုပ်ဆောင် ရတာ စိတ်ကြိုက် မဟုတ် ပေမဲ့ သင်ခန်းစာ တော့ တော်တော် ရလိုက် ပါတယ်လို့ ပြောသွား ပါတယ်။
Source : Kim Tae-hee says was "lifeless" before taking up acting
Girls' Generation Impresses Fans With First Concert

Girls' Generation ၏ပထမဆုံးသီးသန့် Show ပွဲ
Girls' Generation ၏ ပထမဆုံး သီးသန့် Show ပွဲကို Fencing Stadium, Olympic Park မှာပြု လုပ်ခဲ့ ပါတယ်။ အရင်က SM Entertainment ရဲ့အခြား music group တွေနဲ့ တွဲဆိုခဲ့ တာပါ။
ထိုင်ခုံ ၆၀၀၀ ပြည့်မှပြည့် ပါ့မလား လို့ပူခဲ့ ကြပါတယ်။ ဒါပေမဲ့ ရုံလျှံ သွားခဲ့ ပါတယ်။ သီချင်း ၃၇ ပုဒ်ကို သုံးနာရီ ကြာ အုပ်စုအလိုက် ရော တစ်ဦးချင်းပါ ဆိုသွား ကြပါတယ်။ အထူး အောင်မြင် တယ်လို့ သတင်း ရရှိ ပါတယ်။
Source : Girls' Generation Impresses Fans With First Concert
Yoo Named Comedian of the Year

ယခုနှစ်၏အကောင်းဆုံးဟာသပညာရှင်
Gallup Pool နဲ့ စစ်တမ်း ကောက်ယူ ရာမှာ Yoo Jae-seok ကို အကောင်းဆုံး ဟာသ ပညာရှင် Comedian of the Year အဖြစ် ရွေးချယ် ခဲ့ကြ ပါတယ်။ ဒီဆုကို ၅ နှစ် ဆက်တိုက် ရရှိ ခြင်းဖြစ် ပါတယ်။
Source : Yoo Named Comedian of the Year
Cyber 'Detectives' Irk Celebrities

Online စုံထောက်များ
ကိုးရီးယား မှာ Netizen Crime Scene Investigation (NCSI) ဆိုတဲ့ online အပျော်ထမ်း စုံထောက် အဖွဲ့တစ်ဖွဲ့ ဖွဲ့ထား တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် တွေတော့ ဘယ်သူ တွေဆိုတာ တိတိ ကျကျ မသိပါ။
သူတို့ရဲ့ ဖေါ်ထုတ် မှုကြောင့် တချို့ အဖွဲ့အစည်း များ၏ မတရား ဖုံးဖိ ထားတဲ့ ကိစ္စ အများအပြား ကို ဖေါ်ထုတ် နိုင်ခဲ့ ကြ ပါတယ်။
သို့သော် ပုဂ္ဂလိက (personel matters) တွေကို အသေးစိပ် ဖေါ်ပြ လာကြတဲ့ အခါမှာ တော့ စည်းကျော် သလိုဖြစ် လာပါတယ်။ လူ့အခွင့် အရေး ကိုလည် ထိခိုက် တဲ့ ဆိုးကြိုးတွေ ဖြစ်ပေါ် လာပါတယ်။
Source : Cyber 'Detectives' Irk Celebrities
World's largest screen brings film scenes to life

ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပိတ်ကားကြီး
ကမ္ဘာ့ အကြီးဆုံး ရုပ်ရှင် ပိတ်ကားကြီး ကို Seoul မြို့ Yeongdeungpo CGV multiplex တွင် တွေ့ရှိ နိုင်ပါတယ်။ အလျှား 31.38 မီတာ၊ အမြင့် 13 မီတာ ရှိပါသည်။ Guinness World Records စာရင်း ဝင် ပါတယ်။
နံရံကို ၃ ကြိမ်ဖွင့်ချ ပြီးမှ ပိတ်ကား ကြီးကို ရုံထဲ ရောက်အောင် သွင်းနိုင် ခဲ့တယ် လို့ ဆိုပါတယ်။ ဒီ ရုပ်ရှင်ရုံ ရဲ့ sound system ဟာ အလွန်ကောင် တယ်လို့လည်း သိရ ပါတယ်။
Source : World's largest screen brings film scenes to life
So Ji-sub, Lee Yo-won Named Best Actors

ကင်မရာဆရာများအကြိုက်ဆုံးမင်းသားမင်းသမီး
ကိုးရီးယား Television Directors of Photography Association မှ Camera Director များမှ မင်းသား So Ji-sub ကို အကောင်းဆုံး မင်းသား နှင့် Lee Yo-won ကို အကောင်းဆုံး မင်းသမီး အဖြစ် ရွေးချယ် ခဲ့ကြ ပါတယ်။
အကောင်ဆုံး ဇာတ်လမ်းတွဲ ကို Queen Seon-deok မှ ရရှိပြီး၊ ၄င်းဇာတ်လမ်း တွဲရဲ့ ဒါရိုက်တာ ၂ ဦး ကိုလည်း အကောင်းဆုံး ဒါရိုက်တာများ အဖြစ်ရွေးခဲ့ ကြပါတယ်။
Source : So Ji-sub, Lee Yo-won Named Best Actors
Girl singers turns sexy

Yuri from Girl's Generation
အမျိုးသမီးအဆိုတော်များကြမ်းလာကြပြီး
အမျိုးသား အဆိုတော် များဟာ သီဆို နေရင်း အပေါ်ပိုင်း အဝတ်တွေ ကို ဆွဲချွတ်ပြီး သူတို့ရဲ့ ဗလကြီး တွေကို ပြတတ် ပါတယ်။
Girls Generation က Yuri ဟာ အမျိုးသား အဆိုတော် တွေကို တုပြီး အပေါ် ပုံမှာ ပြထားတဲ့ အတိုင်း လုပ်လာတာ တွေ့ရ ပါတယ်။

Ga-in of the Brown Eyed Girls pulls up shirt
ဒါက Brown Eyed Girls အဆို အဖွဲ့မှ မှ အဆိုတော် Ga-in ရဲ့ အလားတူ ပြကွက် နောက် တစ်မျိုးပါ။
အမျိုးသား အဆိုတော် များက အဝတ် ချွတ်ပြီး ဗလ ကြီးများပြ ကြတယ်။ အမျိုးသမီး အဆိုတော် များက တော့ -- အဲအဲ -- မပြောတော့ ပါဘူ။
Source :
Girls Generation's Yuri turns sexy
Ga-in of the Brown Eyed Girls pulls up shirt
Heechul is Han-kyung's girlfriend

Han-kyung ရဲ့ မိန်းခလေး Heechul
မှာကုန်မယ်နော်၊ Han-kyung ရော Heechul ပါ Super Junior အဖွဲ့ဝင် ယောက်ျား လေး အဆိုတော် တွေပါ။
Han-kyung က Super Junior အဖွဲ့ရဲ့ တစ်ဦး တည်းသော တရုတ် အမျိုးသား အဆိုတော်ပါ။ Heechul ကတော့ ပုံထဲမှာ မိန်းခလေး နဲ့ တော်တော် တူတယ်နော်။
ဟဲဟဲ -- အီစီကလီ တော့ မဟုတ်တန် ကောင်း ပါဘူ။
Source :
Heechul is Han-kyung's girlfriend

Will Super Junior break up?

Han-kyung
Super Junior အဖွဲ့ပျက်တော့မလား?
Super Junior အဖွဲ့ဝင် Han-kyung (တရုတ်နိုင်ငံသား) ဟာ သူ့ရဲ့ agency SM Entertainment နဲ့ တရားဆိုင် နေပါတယ်။ မတရား ခိုင်းစေ တယ်ဆိုပြီး အကြောင်း ပြထား ပါတယ်။
SM Entertainment လက်အောက် က TVXQ အဖွဲ့ဝင် Xiah, Micky နဲ့ Hero တို့ မကြာမှီ က SM Entertainment နဲ့ တရား ရင်ဆိုင် တဲ့ပုံစံ အတိုင်းပဲ လို့ဆို ပါတယ်။
ထို့အပြင် Super Junior အဖွဲ့ဝင် နောက်တစ်ဦး ဖြစ်တဲ့ Kang In ဟာလည်း မူးပြီး လူရိုက် ကားတိုက် မကြာ ခဏ ဖြစ်နေ ပါတယ်။
Source :
Will Super Junior break up?
Kang Apologizes for Drunk Driving, Hit-Run
Jaebum Keeps Dancing

Jaebum ပြိုင်ပွဲဝင်နေပုံ
2PM ကနေ နှုတ်ထွက် သွားတဲ့ Jaebum နဲ့ သူ့အဖွဲ့ ဟာ Seattle, USA မှာပြုလုပ်တဲ့ Winter Nights battle in Seattle အက ပြိုင်ပွဲ မှာ ပထမ ဆုရတယ် လို့သိရ ပါတယ်။
Jaebum အခြေအနေ ကောင်းပြီး ပျော်နေ ပုံပါပဲ၊ သူ့ရဲ့ ကိုးရီးယား fan များဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ က Jaebum ပြည်တော်ပြန် ရက် ၁၀၀ ပြည့် အထိမ်း အမှတ်ပွဲ ပြုလုပ် ကြပါတယ်။ သူပြန်လာ မဲ့ရက် ကိုလည်း မျှော်နေ ကြပါတယ်။
Source :
2PM's Jaebum knows what time it is
Jaebum Keeps Dancing
Fans Commemorate Jaebum's 100 Days After Leaving Korea
Taeyeon Talks About Not Being the Leader

ခေါင်းဆောင်မလုပ်ချင်တဲ့ခေါင်းဆောင်
Girls Generation ရဲ့ ခေါင်းဆောင် Taeyeon ဟာ မိန်ခလေး များကို ထိန်းရတာ ခေါင်းခြောက် ပုံရ ပါတယ်။
သူဟာ ခေါင်းဆောင် မလုပ် လိုကြောင်း အဖွဲ့သားများ ကိုပြော ခဲ့ကြောင်း၊ အဖွဲ့သားများ က အင်းမလုပ် အဲမလုပ် ဖြစ်နေ ကြလို့ သူပဲဆက် ခေါင်းဆောင် နေရ ပါတယ် လို့ SBS variety show အစီအစဉ်မှာ ထုတ်ပြောသွာပါတယ်။
Source :
Taeyeon Talks About Not Being the Leader
Taeyeon Steps Down from Leader Position
Brian's Drunken Confession

မှားတဲ့အခါလည်းမှားပေမှာပေါ့
Fly to the Sky အဖွဲ့ဝင်ဟောင်း Brian ဟာ မူးပေါက် နေစဉ် မှာခဲ့တဲ့ ကိစ္စ တစ်ခုကို KBS ရဲ့ Star Golden Bell အစီအစဉ် မှာ ပြောသွား ပါတယ်။
မူးမူးနဲ့ ရည်းစားဟောင်း ၃ ယောက် ထံ "ကိုယ်မင်းကို ပဲအမြဲ သတိရနေ ပါတယ်" လို့ message ပို့ခဲ့ မိတယ် လို့ဆို ပါတယ်။
နောက်နေ့မှာ ၃ ယောက်စလုံး ထံမှ "Oppa, ပြန် စကြရ အောင်နော်" ဆိုတဲ့ message များလာတယ် ဆိုပဲ။ --- ဒုက္ခ ဒုက္ခ။
Source : Brian's Drunken Confession
So Ji-sub and Han Ji-min are Getting Married

So Ji-sub နဲ့ Han Ji-min ယူကြတော့မှာလား?
Cain and Abe ဇာတ်လမ်းတွဲ မှ So Ji-sub နဲ့ Han Ji-min တို့ဟာ ပုံတူ စုံတွဲ လက်စွပ် (couple rings) များ ဝတ်ထား ကြလို့ ပရိသတ် က မေးခွန်းတွေ မေးလာကြ ပါတယ်။
နှစ်ဖက် agencies များကတော့ မဟုတ်ကြောင်း ငြင်းဆို ကြပါတယ်။ ဟုတ်ရင်တော့ အတော် ကြည့်လို့ ကောင်းမည့် အတွဲ ပါပဲ။
Source : So Ji-sub and Han Ji-min are Getting Married
Rain's Ideal Woman

Rain ကြိုက်တဲ့မိန်းခလေးပုံစံ
ဂျပန် မှာလုပ်တဲ့ fan meet တစ်ခုမှာ Rain ဟာ သူနှစ်သက်တဲ့ အမျိုးသမီး ပုံစံကို ပုံဆွဲပြီး ပြခဲ့ ပါတယ်။ (အပေါ် ပုံကို ကြည့်ပါ)
အာလုံပဲ မျှော်လင့်ချက် မလျှော့ ကြနဲ့ နော် ဒီပုံနဲ့ တူရင် Rain ကကြိုက်မှာ။
Source : Who drew his ideal woman?
Han Ga-in's Comeback

Han Ga-in ပြန်လာပြီး
မင်းသမီး Han Ga-in ဟာ ၂၀၀၇ နှစ်က Witch Amusement ဆိုတဲ့ ဇာတ်လမ်းတွဲ ကို နောက်ဆုံး ရိုက်ခဲ့ ပါတယ်။
အခု သူနဲ့ လိုက်ဖက်မည့် ဇာတ်လမ်းတွဲ ကိုရွေး နေတယ် လို့ သိရ ပါတယ်။ ကမ်းလှမ်း ထားတဲ့ ဇာတ်လမ်းတွဲ ကတော့ သုံးလေး ခုရှိ တယ်လို့ ဆိုပါတယ်။
Source : Han Ga-in's Comeback
Lee Hyori's Christmas Spirit

Lee Hyor ရဲ့  Chrismas စိတ်ဓါတ်
အဆိုတော် Lee Hyo-ri ဟာ မရှိဆင်းရဲ ခလေးများ ကို Chrismas လက်ဆောင် ပို့ဖို့ စီစဉ် နေတဲ့ အဖွဲ့ တစ်ဖွဲ့ မှာ လုပ်အား ပေးနေ ပါတယ်။
သူ့ကို အတုယူပြီး နေက်က လိုက်လုပ် ကြအောင် ရည်ရွယ် ပုံလည်း ရပါတယ်။
Source : Lee Hyori's Christmas Spirit
Links
Rain's Concert In Las Vegas
Jang Dong-gun goes under surgery in January
Song Hye-kyo is secretly practicing martial arts
Bae Doona Receives Award From Japan Academy Prize
Song Il-gook Wins Damages Over False Assault Claim
"Seon-deok" wraps up final shooting today
KBS TV series "The Slave Hunters"
Lee Min-ho wraps up fan meeting in Singapore
Lee Honey to Hold Traditional Concert on Christmas
Ko Hyeon-jeong Named Best TV Star
Lee Byeong-heon Sued by Female Gymnast
Woochi' Marks Birth of Korean Superhero
Hallyu '4Card' Tokyo Show Draws Attention
Product Placement Grows Popular in Korea
2000 Fans Rush to See Lee Min-ho
2NE1 Picked Artist of the Year by Mnet
Yoona's Skirt Sells for Won 2 Million
Awards ceremony draws A-list stars, politicians alike
Kim Tae-hee says was "lifeless" before taking up acting
Girls' Generation Impresses Fans With First Concert
Yoo Named Comedian of the Year
Cyber 'Detectives' Irk Celebritie
World's largest screen brings film scenes to life
So Ji-sub, Lee Yo-won Named Best Actors
Girls Generation's Yuri turns sexy
Heechul is Han-kyung's girlfriend
Will Super Junior break up?
Jaebum Keeps Dancing
Taeyeon Talks About Not Being the Leader
Brian's Drunken Confession
So Ji-sub and Han Ji-min are Getting Married
Who drew his ideal woman?
Han Ga-in's Comeback
Lee Hyori's Christmas Spirit
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment