အတိုအထွာသတင်းများ(၂၉)

Actor Bae Sues Travel Agency
မင်းသား Bae Yong-joon မှတရားစွဲခြင်း
မင်းသား Bae Yong-joon(37) ဟာ သူ့ရဲ့ ဓါတ်ပုံ ကို ခွင့်ပြုချက် မရပဲ သုံးပါတယ် ဆိုပြီး ကိုးရီးယား ခရီးသွား agency တစ်ခုကို တရားစွဲ ထားတယ် လို့ သတင်း ရရှိ ပါတယ်။
Source :
Actor Bae Sues Travel Agency
'Ninja Assassin' 8th

Rain ရဲ့ရုပ်ရှင် ၁ မှ ၁၀ ထဲတွင်စာရင်းပါလာခြင်း
Hollywood မှ ရိုက်တဲ့ Rain ခေါင်းဆောင် မင်းသား အဖြစ် ပါဝင်တဲ့ Ninja Assassin အမည် ရှိတဲ့ ရုပ်ရှင် ကို နိုဝင်ဘာ လကုန် တွင် ကမ္ဘာ လုံးမှာ ရုံတင် ခဲ့ ပါတယ်။
မူလက နံပါတ် ၆ နေရာမှာ ရှိခဲ့ ရာမှ အခုတော့ နံပါတ် ၈ နေရာမှာ ပြေးနေ ပါတယ်။ ၂ ပါတ် အတွင်းမှာ US$ 30 million ဝင်ငွေ ရခဲ့ တယ်လို့ သိရ ပါတယ်။
Source : 'Ninja Assassin' 8th
Gong Yoo finished with military service
Gong Yoo လွတ်လာပြီး
စစ်မှုထမ်း ဥပဒေ အရ ၂ နှစ် စစ်မှု ထမ်းနေ ခဲ့တဲ့ မင်းသား Gong Yoo ဟာ တာဝန် ပြီးဆုံး သွားတဲ့ အတွက် အရပ်သား ပြန်ဖြစ် လာပါပြီး။
သူဟာ ကျန်းမာ နေတဲ့ အပြင် သူငယ်ချင်း များနဲ့ တွေ့ပြီး ပျော် နေတယ် လို့ဆို ပါတယ်။ အမေ ချက်တဲ့ ထမင်းဟင်း ကို စါပြီး တနေကုန် အိပ်နေတယ် လို့လည်း သိရ ပါတယ်။
မင်းသားဟာ စစ်ထဲ မဝင် ခင်မှာ Coffee Prince ဇာတ်လမ် တွဲကို နောက်ဆုံး ရိုက်ခဲ့ ပါတယ်။
Source : Gong Yoo finished with military service
Queen Seondeok

၂၀၀၉ ခုနှစ်လူကြိုက်အများဆုံးဇာတ်လမ်းတွဲများ
Queen Seonkeok ဇာတ်လမ်း တွဲဟာ ၂၀၀၉ ခုနှစ် မှာ rating 35.3% နဲ့ လူကြိုက် အများ ဆုံး ဖြစ်ခဲ့ ပါတယ်။
SBS TV ရဲ့ Temptation of Wife 34.6% နဲ့ Shining Inheritance က 31.9% ရခဲ့ပြီး၊ KBS TV ရဲ့ IRIS က 30% rating အသီးသီး ရရှိ ခဲ့ကြ ပါတယ်။
Queen Seonkeok ကို ပြဇာတ် အဖြစ် ပြန်လည် ပြသဖို့ စီစဉ် နေတယ် လို့လည်း သိရ ပါတယ်။
Source : Queen Seondeok
Kwon Sang-woo Becomes Entrepreneur

Kwon Sang-woo လုပ်ငန်းရှင်ဖြစ်လာပြီး
မင်းသား Kwon Sang-woo ဟာ Seoul မြို့ မှာ အလှကုန် ဆိုင်တစ်ဆိုင် ဖွင့်ပါတယ်။ ဒီဆိုင်မှာ TEARS အမည်ရှိ သူ့ရဲ့ ကိုယ်ပိုင် အမှတ် တံဆိပ် အလှကုန် တွေကို ရောင်းချ မှာဖြစ် ပါတယ်။
မင်းသမီး Choi Ji-woo နဲ့တွဲပြီး SBS-TV ဇာတ်လမ်းတွဲ Stairway to Heaven ရိုက်ခဲ့ စဉ်က သူ့ fans များက မင်းသားကို Mr. Tears လို့ nick name ပေးခဲ့ ကြ ပါတယ်။
ဒီလ ထဲ မှာပဲ Daegu နဲ Busan တို့မှာ ဆိုင်ခွဲတွေ ဖွင့်မှာ ဖြစ် ပါတယ်။ အောင်မြင်မှု အခြေ အနေ ကို ကြည့်ပြီး၊ ပြင်ပ နိုင်ငံ တွေမှာပါ ဆိုင်ခွဲတွေ ဖွင်နိုင်ရန် မျှော်မှန်း ထားတယ်လို့ သိရ ပါတယ်
Source : Kwon Sang-woo Becomes Entrepreneur
Choi Ji-woo to Publicize Her Hometown, Busan

မင်းသမီး Choi Ji-woo နဲ့သူ့ရဲ့ဇာတိမြေ Busan
မင်းသမီး Choi Ji-woo ဟာ Butan ဇာတိ သူဖြစ် ပါတယ်။ သူ့ကို Butan မြို့က Public Relation Ambassador ခန့်ထား ပါတယ်၊
Butan မြို့တော်ဝန် နဲ့ ပူးပေါင်း ပြီး ဇာတိ မြို့သို့ tourist အဝင် များအောင် promotion တွေ လုပ်နေ ပါတယ်။
Choi Ji-woo ဟာ မင်းသား Bae Yong-joon နဲ့တွဲ ရိုက်ခဲ့တဲ့ Winter Sonata ဇာတ်လမ်း တွဲမှာ နာမည် ကြီးလာတဲ့ မင်းသမီး ဖြစ် ပါတယ်။
Source : Choi Ji-woo to Publicize Her Hometown, Busan
'Closer to Heaven' Couple Win Best Acting Nods

အကောင်းဆုံးမင်းသားမင်းသမီးဆု
မင်းသား Kim Myeong-min နဲ့ မင်းသမီး Ha Ji-won တို့ကို အကြိမ် ၃၀ မြောက် Blue Dragon Awards ပွဲတော် မှ ၂၀၀၉ ရဲ့ အကောင်းဆုံး ရုပ်ရှင် မင်းးသား မင်းသမီး များ အဖြစ် ရွေးချယ် ခဲ့ပါတယ်။
Kim Myeong-min ဟာ Immortal Admiral ရာဇဝင် ဇာတ်လမ်တွဲး နဲ့ နာမည် ရလာတဲ့ မင်းသား ဖြစ် ပါတယ်။
မင်းသမီး Ha Ji-won ဟာ ၂၀၀၀ ခုနှစ် က Blue Dragon Awards ရဲ့ အကောင်းဆုံး အရံ မင်းသမီး (Best Supporting Actress) ဆုကို ရခဲ့ဖူး ပါတယ်။
ဒါရိုက်တာ Park Jin-pyo ရဲ့ Closer to Heaven ရုပ်ရှင်မှာ သရုပ်ဆောင် ခဲ့ကြ တာဖြစ် ပါတယ်။
Source : 'Closer to Heaven' Couple Win Best Acting Nods
'Mother - 2009' Sweeps Blue Dragon Awards

၂၀၀၉ ခုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်
အကြိမ် ၃၀ မြောက် Blue Dragon Awards ပွဲတော် မှ ဒါရိုက်တာ Bong Joon-ho ရဲ့ (Mother-2009) ကို ၂၀၀၉ ခုနှစ် ရဲ့ အကောင်းဆုံး ရုပ်ရှင် အဖြစ် ရွေးချယ် ခဲ့ ပါတယ်။
အမေ အဖြစ် မင်းသမီ ကြီး Kim Hye-ja နဲ့ သားအဖြစ် မင်းသား Won Bin (ထယ်စောက်) တို့မှ ပါဝင် သရုပ် ဆောင် ခဲ့ကြ ပါတယ်။
Source : 'Mother - 2009' Sweeps Blue Dragon Awards
Actor Choi Min-soo's Family Overcomes Flu

မင်းသား Choi Min-soo H1N1 တုပ်ကွေးဖြစ်ခြင်း
မင်းသား Choi Min-soo နဲ့ သူ့ရဲ့ သားကြီး ဟာ H1N1 တုပ်ကွေး ဖြစ်ခဲ့ ကြ ပါတယ်. ဇနီး နဲ့ သားငယ် ကတော့ ကာကွယ်ဆေး အထိုး မြန်လို့ ရောဂါ မရ ခဲ့ကြပါ။ အခုတော့ အားလုံး နေကောင် သွားကြ ပြီးလို့ သတင်း ရရှိ ပါတယ်။
Source : Actor Choi Min-soo's Family Overcomes Flu
Ha Ji-won Wins 1st Best Actress Award

မင်းသမီး Ha Ji-won အကောင်းဆုံးမင်းသမီးဆုရရှိခြင်း
5th University Film Festival က ချီးမြှင့်တဲ့ အကောင်းဆုံး ရုပ်ရှင် မင်းသမီး ဆုကို မင်းသမီး Ha Ji-won မှ ရရှိ ခဲ့ ပါတယ်။
မင်းသမီး Ha Ji-won ကို အကြိမ် ၃၀ မြောက် Blue Dragon Awards ပွဲတော် မှလည်း ၂၀၀၉ ခုနှစ်ရဲ့ အကောင်း ဆုံး ရုပ်ရှင် မင်းသမီး အဖြစ် ရွေးချယ် ခဲ့ပြီး ဖြစ် ပါတယ်။
၂၀၀၉ ခုနှစ် မှာ ဝင်ငွေတွေ စံချိန် တင်ခဲ့ ကြတဲ့ ရုပ်ရှင် များဖြစ် ကြတဲ့ Haeundae နဲ့ Closer to Heaven တို့မှာ Ha Ji-won ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ် ဆောင်ခဲ့ ပါတယ်။
Source : Ha Ji-won Wins 1st Best Actress Award
Jackie Chan Appears at Rain Concert

Jackie Chan မှ Rain ၏ Show ပွဲသို့တက်ရောက်ခြင်း
Rain ဟာ ဟောင်ကောင် မှာ Legend of Rainism အမည် နဲ့ music tour ပြုလုပ် ခဲ့ ပါတယ်။ ဒုတိယ နေ့မှာ Rain ဟာ နာမည်ကျော် Rainism သီချင်း သီဆိုဖို့ လုပ်နေ ပါတယ်။
မမျှော် လင့်ပဲ စင်မြင့် ပေါ်ကို Jackie Chan ပန်းစီး ကိုင်ပြီး တက်လာတာ တွေ့လိုက် ကြ ရ ပါတယ်။
ကျွန်တော် Rain ကို ပွေ့ဖက် အားပေး ချင်လို့ လာခဲ့ တာပါ။ အခုပဲ လေယာဉ် အမှီ သွားရ တော့မှာမို့ ခွင့်လွှတ် ပေးကြ ပါလို့ Jackie Chan က ပြောလိုက် ပါတယ်။ ပြီးတော့ Rain ကို ပွေ့ဖက် နုတ်ဆက် ပြီး စင်ပေါ်က ဆင်းသွား ပါတယ်။
Jackie Chan ဟာ ကမ္ဘာ ကျော်ဆဲ ပထမ မျိုးဆက် (first generation) မင်းသား ကြီး ဖြစ် ပါတယ်။ ဒုတိယ မျိုးဆက် (second generation) ဖြစ်တဲ့ Rain နေရာက ကြည့်ရင် တော့ အခုလို လာပြီး နုတ်ဆက် တာဟာ ကြီးမား သော ချီးမြှောက်မှု ကြီးဖြစ် ပါတယ်။
Source : Jackie Chan Appears at Rain Concert
Season 2 of 'Iris' Due Next Year

IRIS အမှတ် ၂ လာမည်
မင်းသား Lee Byeong-Heon နဲ့ မင်းသမီး Kim Tae-hee တို့ ပါဝင်တဲ့ ပြသဆဲ IRIS တီဗွီ ဇာတ်လမ်းတွဲ ဟာ အလွန် လူကြိုက် များ ပါတယ်။
IRIS Season2 (အမှတ် ၂) ကို လာမဲ့နှစ် မေလ မှာ ထပ်မံ ထုတ်လွှင့် မယ်လို့ သိရ ပါတယ်။ အမှတ် ၂ မှာတော့ အခြား ပွဲဆက် တွေ ရှီနေ လို့ မင်းသား Lee Byeong-Heon မပါ တော့ဘူး လို့သိရ ပါတယ်။
Source : Season 2 of 'Iris' Due Next Year
Kim Hye-ja Named Best Actress at Asia-Pacific Fest

Kim Hye-ja ဆုများဆက်တိုက်ဆွတ်ခူးခဲ့ခြင်း
Australia နိုင်ငံ Queensland ပြည်နယ် မှာ ကျင်းပ ခဲ့တဲ့ 3rd Annual Asia Pacific Screen Awards က မင်းသမီးကြီး Kim Hye-ja(68) ကို အကောင်းဆုံး မင်းသမီး ဆု ချီးမြှင့် ခဲ့ ပါတယ်။
Kim Hye-ja ဟာ Blue Dragon Awards, China Golden Rooster နဲ့ Hundred Flowers Film Festival တို့မှလည်း အလားတူ ဆုများ ရရှိ ခဲ့ပြီး ဖြစ် ပါတယ်။
ဒီဆု တွေဟာ ဒါရိုက်တာ Bong Joon-ho ရိုက်ကူးတဲ့ Mother-2009 မှာ ပါဝင် သရုပ်ဆောင် ခဲ့တဲ့ အတွက် ရရှိ ခဲ့တာပါ။
Source : Kim Hye-ja Named Best Actress at Asia-Pacific Fest
Yoona Thinks She is the Prettiest

ကျွန်မအလှဆုံးပါပဲ
KBS 2TV variety program မှာ လုပ်တဲ့ အမေး အဖြေ အခန်း မှာ။ Girls Generation အဖွဲ့မှာ ဘယ်သူ အလှဆုံး လဲ လို့မေး ခဲ့ ပါတယ်။ Girls Generation အဖွဲ့ဝင် ဖြစ်တဲ့ Yoona က ကျွန်မ အလှ ဆုံးပါ လို့ ဖြေခဲ့ တယ်လို့ ဆို ပါတယ်။
Source : Yoona Thinks She’s the Prettiest
Wonder Girls hit U.S. television

Wonder Girls အဖွဲ့ USA တီဗွီအစီအစဉ်တွင်ဖျြဖျာ်ခြင်
ဒီဇင်သာ ၉ ရက်နေ့ မှာ ထုတ်လွှင့် ခဲ့တဲ့ U.S.A တီဗွီ channel FOX ရဲ့ So you think you can dance အစီအစဉ် မှာ Wonder Girls တီးဝိုင်း အဖွဲ့ က Nobody သီချင်း နဲ့ တက်ရောက် သီဆို ခဲ့ ပါတယ်။
Nobody ဟာ copy 30, 000 ကျော် ရောင်းချ ခဲ့ရပြီး အောက်တိုဘာ ၁၁ ရက် Billboard Hot 100 singles chart မှာ အဆင့် ၇၆ ရခဲ့ ပါတယ်။ ကိုးရီးယား ဂီတ ရာဇဝင် မှာ ပထမ ဆုံး Billboard Hot 100 စါရင်း ဝင်ခဲ့ ခြင်းဖြစ် ပါတယ်
Source : Wonder Girls hit U.S. television
Infinity Challenge 2010 calender is a money maker

ရောင်းကောင်နေတဲ့ calander
ကိုးရီးယား မှာ calander ဆိုတာ ဝယ်စရာ မလိုပါ၊ အလကား ရတဲ့ ပစ္စည်းပါ၊ Infinity Challenge အမည် ရှိတဲ့ TV variety show က ရောင်းတဲ့ calander ကတော့ အလွန် ရောင်းကောင်း နေပါတယ်။
တခုကို won ၁၀,၀၀၀ လောက် ပေးရတဲ့ Infinity Challenge Calander ဟာ ၃ ရက် အတွင်းမှာ စောင်ရေ ၃၀, ၀၀၀ ကျော် ရောင်းခဲ့ ရပြီး ဖြစ် ပါတယ်။
1.5 billion won (about 1.2 million USD) လောက် ရောင်းရ မယ်လို့ ခန့်မှန်း ထား ပါတယ်။ ရောင်းရငွေ အားလုံးကို Africa က ခလေး တွေ အတွက် လှူမှာ ဖြစ် ပါတယ်။
Source : Infinity Challenge 2010 calender is a money maker
Daniel Henney will not practice medicine on CBS

Daniel Henney ဆရာဝန်လိုင်စင်ပြုတ်သွားခြင်း
USA CBS တီဗွီ မှာ ပြနေတဲ့ Three Rivers ဇာတ်လမ်းတွဲ မှာ မင်းသား Daniel Henney ဟာ ဆရာဝန် တစ်ဦး အနေနဲ့ ပါဝင် သရုပ်ဆောင် နေပါတယ်။
Three Rivers ဇာတ်လမ်းတွဲ ဟာ လူကြည့် နည်းလို့ ပြသခြင်းရပ်ဆိုင်း လိုက်ပါတယ်။ ထို့ကြောင့် Daniel Henney ဆရာဝန်လိုင်စင်ပြုတ်သွား ပါပြီး လို့ ဆိုလိုက် ရတာပါ။
Source : Daniel Henney will not practice medicine on CBS
MBLAQ eyes Japan

MBLAQ တီဝိုင်းအဖွဲ့ဂျပန်သို့ခြေဦးလှည့်ခြင်
Rain တည်ထောင် ထားတဲ့ MBLAQ တီဝိုင်းအဖွဲ့ ဟာ ဂျပန် ဖက်ကို ခြေဦး လှည့်ဖို့ ပြင်နေ ပါတယ်။ ဒီဇင်ဘာ ၆ ရက် နေ့မှာ Rain ဟာ Tokyo International Forum မှာ fan meet လုပ်မှာ ဖြစ် ပါတယ်။
ဒီပွဲမှာ MBLAQ တီဝိုင်းအဖွဲ့ ကို ဂျပန် ပရိသတ် နဲ့ မိတ်ဆက် ပေးမှာ ဖြစ် ပါတယ်။ ဂျပန် Mnet တီဗွီ ရဲ့ 2010 K-POP Star အစီအစဉ် မှာလည်း promotion အနေနဲ့ ပါဝင် တင်ဆက် မှာလို့ သိရ ပါတယ်။
Source : MBLAQ eyes Japan
Lee Byung-Heon Meets the President

Lee Byung-heon သမတ ညနေစာ စားပွဲသို့တက်ရောက်ခြင်း
မင်းသား Lee Byung-heon ကို ကိုးရီယား သမတ အိမ်တော် မှာ ပြုလုပ်မဲ့ ညနေစာ စားပွဲ supper (evening meal) သို့ တက်ရောက်ရန် ဖိတ်ကြား ခဲ့ ပါတယ်။ ဟန်ဂေရီ နိုင်ငံ သမတ Lászlo Solyom အတွက် ပြုလုပ်တဲ့ ညနေစာ စားပွဲ ဖြစ် ပါတယ်။
မကြာမှီ က ဟန်ဂေရီ နိုင်ငံ Budapest မြို့တော် မှာ Lee Byung-heon ပါဝင်တဲ့ IRIS ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ဝင်ခန်း အချို့ကို ရိုက်ကူးခဲ့ ပါတယ်။ ဟန်ဂေရီ သမတ ဟာ မင်းသား ရဲ့ အကြောင်းကို ထိုစဉ် ကထဲက သိနေ ပုံရ ပါတယ်။
ထို့ကြောင့် မင်းသားကို ဖိတ်တာလို့ ခန့်မှန်း နေကြ ပါတယ်။ မင်းသား Lee Byung-heon ဟာ အဖိတ်ကြား ခံရတဲ့ တစ်ဦး တည်းသော ကိုးရီးယား အနုပညာ သည်ဖြစ် ပါတယ်။
Source : Lee Byung-Heon Meets the President
Sunny of Girls Generation doesn’t wash

မျက်နှာမသစ်တဲ့အဆိုတော်
Girls Generation တီးဝိုင်း အဖွဲ့ဟာ 1 night, 2 days အစီအစဉ် ရိုက်ကြ ပါတယ်။ အဖွဲ့ဝင် အားလုံး မိတ်ကပ် လိမ်းပြီး ရိုက်ကြ ပါတယ်။
တနေ ကုန်တော့ နောက်နေ့ ဆက်ရိုက်ဖို့ တစ်ည နားကြ ပါတယ်။ မနက် ကျတော့ အားလုံး မိတ်ကပ် မလိမ်း ရသေးခင် Sunny တစ်ယောက် ထဲ မိတ်ကပ် လိမ်းပြီး အဆင်သင့် ဖြစ် နေတာ တွေ့ရ ပါတယ်။
စစ်ဆေး ကြည့်တော့ Sunny ဟာ ဖျက်ပစ် ရမှာ နှမျော လို့ ဆိုပြီး ညကရော မနက် မှာပါ မျက်နှာ မသစ်ဖူး ဆိုပဲ။ (dirty huh??)
Source : Sunny of Girls Generation doesn’t wash
Younha’s first solo concert

Younha ရဲ့ပထမဆုံး concert ပွဲ
Younha ရဲ့ Christmas themed concert ကို Melon Ax Hall မှာ ဒီဇင်ဘာ လ ၂၅ ရက်နေ့ မှာ ပြုလုပ် မှာဖြစ် ပါတယ်။ သူ့ရဲ့ ပထမ ဦးဆုံး concert လည်းဖြစ် ပါတယ်။ ကိုးရီးယား နဲ့ ဂျပန် လိုပါ သီချင်း တော်တော် များများ ဆိုမယ် လို့ သိရ ပါတယ်။
Source : Younha’s first solo concert
Mnet Asian Music Awards Red Carpet

Mnet Asian Music Awards (MAMA) ဆုပေးပွဲး
နိုဝင်ဘာ လ ၂၁ ရက်နေ့က Seoul မြို့ Jamsil Indoor Stadium မှာ Mnet Asian Music Awards (MAMA) ပွဲကို ကျင်းပခဲ့ ပါတယ်။
နာမည် ကြီးများ ဖြစ်ကြတဲ့ Lee Hyori တို့ Son Dambi တို့ မလာ ကြတဲ့ အပြင်။ SM entertainment နဲ့ trot singers တွေက သပိတ်မှောက် ကြ ပါတယ်။ သို့ပေမဲ့ ပွဲဟာ စည်စည် ကားကား နဲ့ အောင်မြင် တယ်လို့ သိရ ပါတယ်။
ဆုရသူ နဲ့ အဖွဲ့ တွေကတော့ အောက် ဖေါ်ပြပါ အတိုင်း ဖြစ် ပါတယ်၊
- Best Artist: 2PM
- Best Album: G-dragon
- Best song: “I don’t care” 2NE1
- Best Male Singer: Drunken Tiger
- Best Female Singer: Baek Ji-young
- Best Female group: Brown Eyed Girls
- Best Male Group: 2PM
- Best Mixed Group: 8eight
- Best Asian Star: Dong-bang-shin-ki
- Best Asian Composer: Park Jin-young
- Best Male Newcomer: Supreme Team
- Best Female Newcomer: 2NE1
- Best Ballad and Music: Kim Taewoo
- Best House and Electronic Music: Brown Eyed Girls
- Best Rock: Buhwal
- Best Dance Music: Kara (Honey)
- Best Hiphop: LeeSsang
- Best Trot: Hong Jin-young (Love’s Battery)
- Best Music Video: 2NE1 (Fire)
Source : Mnet Asian Music Awards Red Carpet
Is Jaebum Expelled?

Jaebum ကျောင်းထုတ်ခံရသလား?
2PM အဖွဲ့ရဲ့ ခေါင်းဆောင် ဟောင်း အမေရိကန် နိုင်ငံသား Jaebum(22) ဟာ နှုတ်ထွက် ပြီးနောက် နေရပ် USA ပြန်သွား ပါတယ်။
ကိုးရီးယား မှာ နေစဉ် Seoul မြို့ Dankook University မှာ တက်နေ ပါတယ်။ စပ်စုတဲ့ Jaebum ရဲ့ fans တွေက ၄င်း တက္ကသ်ုလ် မှာ Jaebum ရဲ့ စါရင်း ရှိသေးလား လို့ သွားမေး ကြ ပါတယ်။
ကျောင်းကတော့ ပြန်ဖြေ ဖို့ ငြင်းဆန် ပါတယ်။ ကျောင်းပျက်ရက် များရင်တော့ ထုံးစံ အရ ဆိုရင် ကျောင်းထုတ် ပစ်ရ ပါတယ်။
Jaebum ကို ကျောင်းထုတ် လိုက်ပြီးလား ??
Source : Is Jaebum Expelled?
The ideal woman: Son Ye-jin and Yoona

စံပြအမျိုးသမီး
အမျီုးသမီး အဆိုတော် နဲ့ မင်းသမီး များထဲမှ စံပြ မိန်းခလေး ရွေးခိုင်း ပါတယ်။
ရွေးချယ်တဲ့ သူများ ကတော့ သူတို့ရဲ့ လုပ်ဖေါ် ကိုင်ဘက် အမျိုးသား အဆိုတော် နဲ့ မင်းသားများ ဖြစ်ကြ ပါတယ်။
Son Ye-jin နဲ့ Yoona တို့ကို စံပြ မိန်းခလေး များ အဖြစ် ရွေးချယ် ခဲ့ကြ ပါတယ်။
Source : The ideal woman: Son Ye-jin and Yoona
Links
Actor Bae Sues Travel Agency
'Ninja Assassin' 8th
Gong Yoo finished with military service
Queen Seondeok
Kwon Sang-woo Becomes Entrepreneur
Choi Ji-woo to Publicize Her Hometown, Busan
'Closer to Heaven' Couple Win Best Acting Nods
'Mother - 2009' Sweeps Blue Dragon Awards
Actor Choi Min-soo's Family Overcomes Flu
Ha Ji-won Wins 1st Best Actress Award
Jackie Chan Appears at Rain Concert
Season 2 of 'Iris' Due Next Year
Kim Hye-ja Named Best Actress at Asia-Pacific Fest
Yoona Thinks She’s the Prettiest
Wonder Girls hit U.S. television
Infinity Challenge 2010 calender is a money maker
Daniel Henney will not practice medicine on CBS
MBLAQ eyes Japan
Lee Byung-Heon Meets the President
Sunny of Girls Generation doesn’t wash
Younha’s first solo concert
Mnet Asian Music Awards Red Carpet
Is Jaebum Expelled?
The ideal woman: Son Ye-jin and Yoona
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment