အတိုအထွာသတင်းများ(၂၇)

Singer Ryoo Si-won kicks off tour in Japan
Ryoo Si-won ရဲ့ဂျပန် Concert Tour
အဆိုတော် မင်းသား Ryoo Si-won ကို ဂျပန် မှာ အလွန် လူကြိုက် များ ပါတယ်။ ဂျပန် မှာ ခြေချ ခဲ့တဲ့ ၅ နှစ်မြောက် အထိမ်း အမှတ် အဖြစ် ဂျပန် Concert Tour ကို တိုကျိုမြို့ ပရိသတ် ၈၀,၀၀၀ ဆန့်တဲ့ Saitama Super Arena မှာ စတင် ပါတယ်။ လက်မှတ် အကုန် ရောင်းရ တယ်လို့ ဆို ပါတယ်။
ဆက်ပြီး Nagoya, Yokohama နဲ့ Osaka မှာလည်း အလားတူ concert တွေ ကျင်းပ မှာဖြစ် ပါတယ်။ ဒီမြို့ တွေမှာ လည်း လက်မှတ် တွေ အကုန် ရောင်ထား ပြီးပြီး (sold out) လို့ သိရ ပါတယ်။
Source : Singer Ryoo Si-won kicks off tour in Japan
Joo Ji-hoon Waits For His Turn To Serve His Country

Joo Ji-hoon စစ်မှုထမ်းရန်စောင့်ရဦးမယ်
၂၀၀၉ ခုနှစ် ကုန်မှာ စစ်မှု ထမ်းရန် စီစဉ် နေတဲ့ မင်းသား Joo Ji-hoon ဟာ စစ်မှု ထမ်းမဲ့ သူတွေ များနေ လို့ ၂၀၁၀ နှစ်ဦး လောက်မှာ မှ စစ်ထဲ ဝင်နိုင် မယ်လို့ သိရ ပါတယ်။
Joo Ji-hoon ဟာ Princess Hour တိဗွီ ဇာတ်လမ်းတွဲ မှား မင်သမီး Yun Eun-hye နဲ့ အတူ နာမည် ကြီးလာ သူဖြစ် ပါတယ်။ မင်းသား ဟာများ မကြာမှီ က မူးယစ် ဆေးသုံး စွဲမှု နဲ့ ဆိုင်းငံ့ ထောင်ဒါဏ် ၁ နှစ် ကျခံ ထာရ သူဖြစ် ပါတယ်။
Source :
Joo Ji-hoon Waits For His Turn To Serve His Country
Hyun Bin said 'There is no right answer for happiness'
ပျော်ရွှင်ခြင်း ဆိုတာ ဘာလဲ
မင်းသမီး Song Hye-kyo (အွန်စော) ရဲ့ ချစ်သူ ရည်းစား Hyun Bin ဟာများ မကြာမှီ က I Am Happy အမည် ရှိတဲ့ ရုပ်ရှင် တစ်ကား ရိုက်ခဲ့ ပါတယ်။
I Am Happy ရုပ်ရှင် ရိုက်ပြီး တဲ့ နောက်မှာ "ပျော်ရွှင်းခြင်း" ဆိုတာ ဘာလဲ ရဲ့ အနက် အဓိပ္ပယ် ကို ပြောဖို့ မလွယ် ပါဘူး လို့ ပြောသွား ပါတယ်။
ကဲ ဖြေကြည့် ကြပါ၊ "ပျော်ရွှင်ခြင်း ဆိုတာ ဘာလဲ"
Source : Hyeon Bin said 'There is no right answer for happiness'
Rain Returns As A Killer In New Hollywood Movie

Rain ရဲံ Hollywood ရုပ်ရှင်သစ်
Rain ခေါင်းဆောင် မင်းသား အဖြစ် ပါဝင် သရုပ်ဆောင် ထားတဲ့ Hollywood ရုပ်ရှင် အသစ် Ninja Assassin ကို နိုဝင်ဘာ လကုန်မှာ တစ် ကမ္ဘာ လုံးမှာ ဖြန့်ချီ ပြသ မှာဖြစ် ပါတယ်။
ဒီကား ရိုက် နေတဲ့ ရှစ်လ လုံးလုံး Rain ဟာ သရုပ် ဆောင်မှု ပီပြင်စေရန် အတွက်၊ သူ့ကိုယ်သူ လူသတ် သမာ. တစ်ဦး လို အမှတ် ထားပြီး နေခဲ့ ရ ပါတယ် လို့ ပြောသွား ပါတယ်။
Source : Rain Returns As A Killer In New Hollywood Movie
Rain's Documentary Nominated For Asia TV Awards

Rain အကြောင်း မှတ်တမ်းတင်ရုပ်ရှင်Asia TV Award များရခြင်း
Rain ရဲ့ ဘဝ ကိုရိုက် ထားတဲ့ Discovery Channel ရဲ့ Hip Korea, Seoul Vibes အမည် ရှိတဲ့ မှတ်တမ်းတင် documentary ကားဟာ 14th Asia Television Awards အတွက် ဆု ၄ ဆု ဆွတ်ခူး ခဲ့တယ် လို့ သိရ ပါတယ်။
The Asia Television Awards ဟာ အာရှ အတွက် နောက်တိုင်း ရဲ့ Emmys Awards နဲ့ အလား တူတဲ့ ဆုပေးပွဲ တစ်ခု ဖြစ် ပါတယ်။ Rain ရဲ့ ဘဝ ကို Discovery Channel မှ မှတ်တမ်းတင် ရိုက်ကူး ခဲ့တာ ဖြစ် ပါတယ်။
Source : Rain's Documentary Nominated For Asia TV Awards
Lee Byeong-Heon's High Salary

ဈေးကြီးတဲ့မင်းသား Lee Byeong-Heon
လက်ရှိ ပြသဆဲ တီဗွီ ဇာတ်လမ်းတွဲ IRIS မှာ မင်းသား Lee Byeong-Heon ဟာ eposode တစ်ခု ကို 100 million won ($US100,000) ရတယ် လို့ သိရ ပါတယ်။
IRIS ရဲ့ ခေါင်းဆောင် မင်းသမီး Kim Tae-hee ဟာ eposode တစ်ခု ကို 20 million won ပဲရ ပါတယ်။ မင်းသား ထက် ၅ဆ နည်း ပါတယ်။ IRIS ဟာ eposode ၂၀ ရှိ ပါတယ်။
Source : Lee Byeong-Heon's High Salary
Actress Kim Hye-soo Volunteers In Nepal

နီပေါလ်မှာလူမှုရေးလုပ်နေတဲ့မင်းသမီး Kim Hye-soo
မင်းသမီး Kim Hye-soo ဟာ Nepal နိုင်ငံ Kathmandu မြို့တော် ကနေ ၁၀ နာရီ လောက်သွား ရတဲ့ Kailali ဆိုတဲ့ မြို့လေး မှာ လူမှုရေး လုပ်ငန်း များသွား လုပ်နေ တယ်လို့ သိရ ပါတယ်။ ဒီ အကြောင်း မှတ်တမ်းတင် ရုပ်ရှင် ကို MBC TV program မှာ ပြသ မှာဖြစ် ပါတယ်။
Source : Actress Kim Hye-soo Volunteers In Nepal
Lee Seung-gi Diagnosed With H1N1

မင်းသား Lee Seung-gi H1N1 တုတ်ကွေးဖြစ်နေခြင်း
နာမည်ကျော် အဆိုတော် မင်းသား Lee Seung-gi ဟာ H1N1 ဝက်တုတ်ကွေး ဖြစ်နေ တယ်လို့ သိရ ပါတယ်။ Lee Seung-gi ဟာ ကြော်ငြာ အရိုက် ရဆုံး မင်းသား တွေ ထဲမှာ စါရင်း ဝင်သူ တစ်ဦး ဖြစ် ပါတယ်။
Source : Lee Seung-gi Diagnosed With H1N1
First Lady Meets Bae Yong-joon

Bae Yong-jun အား သမတ ကတော်မှတွေ့ဆုံခြင်း
မင်းသား Bae Yong-jun ကို ကိုးရီးယား သမတ ကတော် Kim Yoon-ok မှ ခေါ်ယူ ဆွေးနွေး တယ်လို့ သိရ ပါတယ်။
ကိုးရီးယား ဟင်းလှာ တွေကို ကမ္ဘာ သိအောင် (globalization of Korean cuisine) လုပ် တဲ့ လုပ်ငန်း စဉ်တွေ အတွက် မင်းသားနဲ့ ဆွေနွေး တယ်လို့ ဆို ပါတယ်။
Bae Yong-jun ဟာ အစိုးရ ကဖွဲ့ ထားတဲ့ Globalization of Korean Cuisine ကော်မတီ မှာ အဖွဲ့ဝင် တစ်ဦး ဖြစ် ပါတယ်။
Source : First Lady Meets Bae Yong-joon To Discuss Globalizing Korean Food
Park Gyu-ri kicked Ex-President Grandson

သမတ ဟောင်းရဲ့ မြေးကို ခြေနဲ့ပိတ်ကန်ခဲ့တဲ့မင်းသမီး
KARA အဆို အဖွဲ့ရဲ့ ခေါင်းဆောင် အဆိုတော် Park Gyu-ri ဟာ ကိုးရီယား သမတ ဟောင်း Kim Young-sam ရဲ့ မြေး ဖြစ်သူ ကို ဒေါသ ကြီးစွာ နဲ့ကန် ခဲ့တယ် လို့ သိရ ပါတယ်။
သမတ ဟောင်း ရဲ့ မြေးက သူ့ကို မကြိုက် ပဲ တခြား မိန်းခလေး တစ်ဦး ကိုကြိုက် သွားလို့ ဒေါသ ဖြစ်ပြီး ကန်တာ ဖြစ် ပါတယ်။ (ခြောက်နှစ် သမီး အရွယ် ခလေး ဘဝ တုံးက ကန်ခဲ့ တာပါ)
Source : Park Gyu-ri kicked Ex-President Grandson
G-Dragon To Stop All Broadcasting Activities

G-Dragon တီဗွီအဆိုလုပ်ငန်းမျာကိုခေတ္တရပ်နားမည်။
အဆိုတော် G-Dragon ဟာ တီဗွီ အဆို လုပ်ငန်း မျာကို ခေတ္တ ရပ်နား မယ်လို့ သိရ ပါတယ်။ မကြာမှီ မှာ ပြုလုပ် မည့် သူ့ရဲ့ ပထမ ဆုံး solo concert အတွက် လေ့ကျင့် ရန် ရပ်နား တာလို့ ဆို ပါတယ်။
G-Dragon ရဲ့ solo concert ကို Seoul Olympic Stadium မှာ ဒီဇင်ဘာ လ ၅ရက် နဲ့ ၆ရက် တို့မှာ ကျင်းပ မှာဖြစ် ပါတယ်။
Source : G-Dragon To Stop All Broadcasting Activities
JYP talks about Jaebum

JYP မှ Jae Bum အကြောင်းပြောကြားခြင်း
Jae Bum ဟာ အမှား လုပ်ခဲ့ တာတော့ မှန် ပါတယ်။ ဒါပေမဲ့ အမှားက အကြီးကြီး မဟုတ် ပါဘူး။ ဝေဖန် သူတွေရဲ့ တုံ့ပြန် မှုကလည်း နည်းနည်း လွန်တယ် လို့ ထင်ပါတယ် လို့ Jae Bum ရဲ့ ဆရာ JYP Entertainment ခေါင်းဆောင် JYP မှ ပြောသွား ပါတယ်။
Jae Bum ဟာ ကိုးရီးယား ရောက်စ က Facebook.com မှာ ကိုးရီးယား မကောင်း ကြောင်းတွေ ရေးခဲ့ ဖူး ပါတယ်။(ငယ်ပါသေးတယ်) ဒီကိစ္စ ပေါ်လာတဲ့ အခါမှာ အချို့ သူများ က မခံ မရပ် နိုင်ဖြစ်ခဲ့ ပါတယ်။
နောက်တော့ အမေရိကန် နိုင်ငံသား Jae Bum ဟာ 2PM အဆို အဖွဲ့ ကနေ နုတ်ထွက် ပြီး USA ကို ပြန်သွား ပါတယ်။ အခုတော့ Jae Bum ပြန်လာ ဖို့ တစာစာ အော်နေ ကြပြန် ပါပြီး။
Source : JYP talks about Jaebum
Who Did Kim Hyun-joong Kiss On National Television

Kim Hyun-joong မွှေးမွှေးပေးခြင်း
F4 အဖွဲ့ မှ မင်းသား တစ်လက် ဖြစ်တဲ့ မင်းသား Kim Hyun-joong ဟာ 2009 Style Icon Awards ရလို့ အခမ်း အနား မှာဆု တက်ယူ ပါတယ်။ စီစဉ် တင်ဆက်သူ မိန်းခလေး က သူ့ကို နမ်းဖို့ တောင်းဆို ပါတယ်။
ဒါနဲ့ Kim Hyun-joong က မိန်းခလေး ရဲ့ ပါလေးကို ဖွဖွ လေးနမ်း ပေးလိုက် ပါတယ်။ မိန်းခလေး က မကျေနပ် သေးပဲ သူ့ နုတ်ခမ်း ကိုနမ်း ဖို့ ပူဆာ ပြန်တဲ့ အတွက် lip kiss ပေးလိုက် ရတယ် လို့ သိရ ပါတယ်။ (အစီအစဉ် တင်ဆက် သူ မိန်းခလေး က ခလေး သရုပ်ဆောင် ငယ်ငယ်လေး တစ်ဦး ဖြစ်ပါတယ်)
Source : Who Did Kim Hyun-joong Kiss On National Television
Star Couple to Marry Vast Assets

Jang Dong-gun and Ko So-young
အလွန်ချမ်းသာကြမည့်အတွဲ
မင်းသား Jang Dong-gun နဲ့ မင်းသမီး Ko So-young ရည်ငံ နေကြ ပြီးဆို တာကို မကြာမှီ က ပရိသတ် ကို အသိ ပေးခဲ့ ပါတယ်။
မင်းသမီး Ko So-young ဟာ ဆယ်စုနှစ် တစ်ခုလုံး ကိုးရီးယား ကြော်ငြာ လောက ကို လွှမ်းမိုး ခဲ့တဲ့ မင်းသမီး တစ်လက် ဖြစ်လို့ တော်တော် ချမ်းသာ ပါတယ်။ အလား တူပဲ မင်းသား Jang Dong-gun ဟာလည်း မင်းသမီး လောက် နီးပါး ချမ်းသာ ပါတယ်။
ဒီနှစ်ဦး လက်ထပ် ပြီးရင်တော့ တော်တော် ချမ်းသာ မဲ့အတွဲ ဆိုပြီး ပြောဆို နေကြ ပါတယ်။
Source : Star Couple to Marry Vast Assets
Kwon Sang-woo and Rain Launched An Online Shopping Mall

Online ဆိုင်ဖွင့်တဲ့မင်းသားများ
မင်းသား Rain, Kwon Sang-woo နဲ့ Kim Sung-soo တို့ဟာ internet ထဲမှာ shopping mall တစ်ခု တင်ခဲ့ ကြ ပါတယ်။ Rain ကသူ့ရဲ့ "SIX to FIVE" brand, Kwon Sang-woo က "The Guy" brand နဲ့ Kim Sung-soo က "Dear Gentleman" brand တို့ကို အသီးသီး ဈေးကွက် တင်ခဲ့ ကြတယ် လို့ သိရ ပါတယ်။
Source : Kwon Sang-woo and Rain Launched An Online Shopping Mall
Links
Singer Ryoo Si-won kicks off tour in Japan
Joo Ji-hoon Waits For His Turn To Serve His Country
Hyeon Bin said 'There is no right answer for happiness'
Rain Returns As A Killer In New Hollywood Movie
Rain's Documentary Nominated For Asia TV Awards
Lee Byeong-Heon's High Salary
Actress Kim Hye-soo Volunteers In Nepal
Lee Seung-gi Diagnosed With H1N1
First Lady Meets Bae Yong-joon To Discuss Globalizing Korean Food
Park Gyu-ri kicked Ex-President Grandson
G-Dragon To Stop All Broadcasting Activities
JYP talks about Jaebum
Who Did Kim Hyun-joong Kiss On National Television
Star Couple to Marry Vast Assets
Kwon Sang-woo and Rain Launched An Online Shopping Mall
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment