TVXQ တီးဝိုင်းပျက်တော့မလား

Members of TVXQ music group
TVXQ တီးဝိုင်း အဖွဲ့ မှ Jae-joong, Jun-su နဲ့ Yoo-chun တို့ဟာ သူတို့ ရဲ့ agent ဖြစ်တဲ့ SM Entertainment ကို တရား စွဲဆို ထား ပါတယ်။
တီးဝိုင်း အဖွဲ့ ကို SM Entertainment က ငွေဝယ် ကျွန်လို စည်းမျဉ်း တွေနဲ့ ၁၃ နှစ် သက်တမ်း ကြာ တုတ်နှောင် ထားခဲ့ ပါတယ်။ အမြတ် ငွေရဲ့ ၁၀ ရာခိုင် နှုံးကို ပဲ ၅ ယောက် အတွက် ပေး ပါတယ်။
၁၃ နှစ်မှာ စစ်မှု ထမ်းသက် ၂ နှစ် မပါ တဲ့ အတွက် ကာလ က ၁၅ နှစ် ဖြစ်သွား လို့၊ သူတို့ ရဲ့ အနု ပညာ သက်တမ်း အကုန် လုံးကို တုတ်နှောင် ထားတဲ့ သဘော ပါပဲ။

TVXQ fans protesting for them in
front SM Entertainment building
အလုပ် တွေ ကြတော့ အဆက် မပြတ် ခိုင်းခဲ့ လို့၊ တခါ တလေ ဆေးရုံ တောင်တင် ရလောက် အောင် ပင်ပန်း ခဲ့ရ ပါတယ်။
TVXQ ရဲ့ fans များဟာ ဒီ အတွက် မခံ မရပ် နိုင် ဖြစ်ပြီး SM Entertarinment အဆောက် အဦး ရှေ့က လမ်းပေါ် မှာ လှဲအိပ် ပိတ်ဆို့ ပြီး ဆန္ဒ ပြခဲ့ ကြ ပါတယ်။
အနု ပညာ သည်တွေ ဟာ မအောင် မှီမှာ ပေးသမျှ စာချုပ် တွေမှာ လက်မှတ် ထိုးခဲ့ ရလေ တော့ အောင်မြင် လာတဲ့ အခါ မှာ ချီမိ တုတ်မိ ဖြစ်နေ ပါ တော့တယ်။

The three rebels
ဒီလို မတရား မှုတွေ ကို တားဆီး ရန် ကိုးရီးယား အစိုးရ ကလည်း ဥပဒေ တွေထုတ် ပြန်ဖို့ ဆောင်ရွက် နေ ပါတယ်။
ကျန် အဖွဲ့ဝင် နှစ်ဦး ဖြစ်ကြ တဲ့ Max (Choikang Changmin) နဲ့ U-know (U-know Yunho) တို့ဟာ အခြား ကိစ္စ များနဲ့ အလုပ် များနေ လို့၊ ဘေးဖယ် နေကြ သော်လည်း၊ သူတို့ လည်းတ သဘော ထဲရှိ တယ်လို့ သိရ ပါတယ်။
SM Entertainment ရဲ့ ရှယ်ယာ ဈေးဟာ လည်း ထိုးကျ သွားခဲ့ ပါတယ်။ TVXQ ထံမှ ရ နေတဲ့ ဝင်ငွေ ဟာ SM Entertainment ရဲ့ ကြီးမား တဲ့ အစိပ် အပိုင်း ဖြစ်လေ တော့ ဒီ ကိစ္စ ကို တော်တော် သတိ ထားကိုင် တွယ် နေတယ် လို့ သိရ ပါတယ်။
Jae-joong, Jun-su နဲ့ Yoo-chun တို့ ကလည်း အသေးစိပ် ကြေငြာ ချက် တစ်စောင် ကိုထုတ် ပြန်ထား ပါတယ်။ ဘယ်လို ဆက်ဖြစ် မယ်ဆို တာကို စောင့် ကြည့် ရပါ လိမ့်မယ်။
Links
TVXQ on the verge of break-up?
TVXQ fans protest in the streets
TVXQ make an official statement
SM stock value falls
Tags:
korean singer |
korean music |
korean news |
korea
Leave your comment