အတိုအထွာသတင်းများ(၁၉)

Song Hye Kyo and her panda friend
အွန်စော နဲ့ ပင်ဒါ ဝက်ဝံလေးများ
မင်းသမီးလေး အွန်စော (Song Hye Kyo) ကို ကမ္ဘာ့ ပထမ ဆုံး Panda Goodwill Ambassador အဖြစ် Beijing မြို့မှာ မကြာမှီ က ခန့်အပ် လိုက်တယ် လို့ သိရ ပါတယ်။
မျိုးတုံး မလို ဖြစ်နေတဲ့ panda ဝက်ဝံ အလေးများ ပြန်လည် ပွားများ လာရေး ကို လူအများ စိတ်ဝင်စား လာစေ ရန်၊ မင်းသမီး ရဲ့ ပေါ်ပြူလာ ဖြစ်မှုကို အသုံး ချမှာ ဖြစ် ပါတယ်။
Source : Song Hye Kyo is panda goodwill ambassador
So Ji-sub and Zhang Ziyi

မင်းသား So Ji-sub နဲ့တရုတ်မင်းသမီးလေးများ
ဇွန်လ ၁၃ ရက်နေ့ က ကျင်းပ ခဲ့တဲ့ 2009 Shanghai International Film Festival မှာ ကိုးရီးယား မင်းသားချော So Ji-sub ကို တရုတ် မင်းသမီး များဖြစ် ကြတဲ့ Zhang Ziyi နဲ့ Fan Bing Bing (ယာအစွန်) တို့နဲ့ အတူ တွေ့ခဲ့ ရ ပါတယ်။
Source :
So Ji-sub and Zhang Ziyi
Rain or Won Bin: Who will be "wooed" by John Woo?
Rain နှင့် Won Bin ကို John Woo မှ ကမ်းလှမ်းခြင်း
နာမည်ကျော် တရုတ် ဒါရိုက်တာ/ထုတ်လုပ်သူ John Woo ဟာ Hollywood မှ ထုတ်လုပ် မည့် USD သန်း ၃၀ တန် The Legend of the Magic Bell အမည်ရှိ ရုပ်ရှင် ကား အတွက် မင်းသား ရှာနေ ပါတယ်။
မင်းသား အဖြစ် ကိုးရီးယား မင်းသား Rain သို့မဟုတ် Won Bin တစ်ဦးဦး နဲ့ ရိုက်ဖို့ သတ်မှတ် ထား ပါတယ်။ ယခု မင်းသား နှစ်ဦး စလုံးနဲ့ ဆွေးနွေး နေတယ် လို့ သိရ ပါတယ်။
Source : Rain or Won Bin: Who will be "wooed" by John Woo?
Wondergirls don't have time for their own education

ပညာ သင်ရန် ခက်ခဲ နေတဲ့ အဆိုတော်များ
ကျော်ကြား မှု နောက်ကို လိုက်နေ ကြတဲ့ Wondergirls တီးဝိုင်း အဖွဲ့ မှ အဆို တော်လေး အချို့ဟာ ပညာ သင်ကြား ဖို့ အတွက် အခက် အခဲ ဖြစ်နေ ကြ ပါတယ်။
အဆိုတော် Yoo-bin, Ye-eun နဲ့ Sun-ye တို့ဟာ တက္ကသိုလ် ရောက်နေ ကြ ပါပြီး၊ ဒါပေမဲ့ ဖြေဖျော်ရေး အစီ အစဉ် တွေကို မဖျက် နိုင်တဲ့ အတွက် ကျောင်းမှ ခွင့်ရက်ရှည် ယူထား ရတယ် လို့ သိရ ပါတယ်။
Source : Wondergirls don't have time for their own education
Lee Jung-hyun is a "pimptress"

ကြောက်စရာကောင်းတဲ့ အဆိုတော်
အဆိုတော် Lee Jung-hyun ဟာ သူ့ကို ကြိုက်လို့ ချဉ်းကပ် ဘူးတဲ့ နာမည်ကျော် celebrities များရဲ့ လုပ်ဆောင် ချက်တွေ ဒိုင်ရာရီ နဲ့ မှတ်သား ထားတယ် လို့ဆို ပါတယ်။ အားလုံးပေါင်း ချဉ်းကပ် ခဲ့သူ ၃၄ ယောက် ရှိတယ် သိရ ပါတယ်။
မကြာမှီ က ထုတ်လွှင့် ခဲ့တဲ့ TV အစိ အစဉ် တစ်ခု နာမည် ဖေါ်ပြီး ထုတ်ဖေါ် ကြွားဝါ ခဲ့လို့၊ သူ့ကို ချဉ်းကပ် ခဲ့သူ များ ထိပ်လန့် နေကြ တယ်လို့ သိရ ပါတယ်။
Source : Lee Jung-hyun is a "pimptress"
The Man Who Can't Get Married press conference

ရေပန်းစား လာတဲ့ မင်းသမီး သစ်ကလေး Kim So-eun
မကြာမှီ က ပြပြီး သွားတဲ့ Boys Before Flowers မှ သရုပ်ဆောင် အချိဲု့ဟာ နာမည် ကျော်တွေ ဖြစ်လာ ကြ ပါတယ်။
အရံ မင်းသမီး တစ်လက် ဖြစ်တဲ့ Kim So-eun ဟာ The Man Who Can't Get Married(KBS) အမည်ရှိ TV ဇာတ်လမ်းတွဲ မှာ Ji Jin-hee, Uhm Jung-hwa နဲ့ Yang Jung-an တို့နဲ့ အတူ ပါဝင် သရုပ် ဆောင်မယ် လို့ သိရ ပါတယ်။
Source : The Man Who Can't Get Married press conference
2NE1 heading to America

2NE1 အဆိုတော် အဖွဲ့ USA သွားတော့မည်
2NE1 အဆိုတော် အဖွဲ့ USA မှ အဖွဲ့ အစည်း တစ်ခု ရဲ့ ဆက်သွယ်မှု အရ USA မှာ သီချင်းများ ထုတ်ဝေ ကြတော့ မယ်လို့ သိရ ပါတယ်။
Source : 2NE1 heading to America
Moon Geun-yeong so cute

အွန်စောငယ် ရဲ့ချစ်စဖွယ် ဓါတ်ပုံများ
Awareness for Breast cancer and Preventions လုပ်ငန်း အတွက် အွန်စောငယ် ရိုက်ကူး ပေထား တဲ့ ချစ်စဖွယ် ဓါတ်ပုံများ အောက်ပါ Link မှာ ကြည့်ရှု နိုင် ပါတယ်။
Source : Moon Geun-yeong so cute
Actor Oh Arrested for Smoking Marijuana

ဆေးခြောက် သုံးစွဲမှု နဲ့ အရေးယူခံ နေရတဲ့ မင်းသား
မင်းသား Oh Kwang-rok ကို ဆေးခြောက် သုံးစွဲမှု နဲ့ ရဲက အရေး ယူထား တယ်လို့ သိရ ပါတယ်။
မြင့်မြတ်နှလုံးသားပိုင်ရှင် (The Legand) ဇာတ်လမ်းတွဲ မှာ မင်းသမီး ရဲ့ ဆရာ အဝတ် ဖြူဝတ် ပညာ ရှိကြီး အဖြစ် သရုပ် ဆောင်ခဲ့ သူဖြစ် ပါတယ်။
Source : Actor Oh Arrested for Smoking Marijuana
Nam Sang-mi turns Horror Queen

ကြောက်စရာအသွင်နဲ့မြင်ရမည့်မင်းသမီးလေး Nam Sang-mi
"စပိုင်ချစ်သူ" ထဲက မင်းသမီးလေး Nam Sang-mi ဟာ သရဲကား ဆံဆံ ရိုက်ထား တဲ့ 'Hell Distrust' အမည်ရှိ လျှို့ဝှက်သဲဖို ရုပ်ရှင် ကားကို မတ်လ ကစ ပြီးရိုက် နေတာ ယခု ပြီးခါ နီးပြီး လို့ဆို ပါတယ်။ ဒီကားကို သြဂုတ်လ ဆန်းမှာ ရုံတင် မယ်လို့ သိရ ပါတယ်။
Source : Nam Sang-mi turns Horror Queen
Links
Song Hye Kyo is panda goodwill ambassador
So Ji-sub and Zhang Ziyi
Rain or Won Bin: Who will be "wooed" by John Woo?
Wondergirls don't have time for their own education
Lee Jung-hyun is a "pimptress"
The Man Who Can't Get Married press conference
2NE1 heading to America
Moon Geun-yeong so cute
Actor Oh Arrested for Smoking Marijuana
Nam Sang-mi turns Horror Queen
Tags:
korean news |
korean actor |
korean actress |
korean singer |
korea
Leave your comment