မင်းသမီး Lee Ji-ah

Korean actress Lee Ji-ah
တခါမှ သရုပ် မဆောင် ဖူးတဲ့ မိန်းခလေး တစ်ယောက် ဟာ နာမည် ကြီး မင်းသား ကြီး Bae Yong-joon နဲ့ The Legend ဆိုတဲ့ ဇာတ်လမ်း တွဲကြီး မှာ ကံကောင်း ထောက်မ စွာ သရုပ် ဆောင်ခွင့် ရခဲ့ ပါတယ်။
ဒီ ဇာတ်လမ်းတွဲ မှာဆု ၄ ဆု ရခဲ့တဲ့ အပြင်၊ လူကြိုက် များတဲ့ နာမည် ကြီး မင်းသမီး တစ်လက် ဖြစ်သွား လို့ သူ့ဟာ Cinderella လို့တောင် အမည် ရခဲ့ ပါတယ်။

Bae Yong-joon and Lee Ji-ah
in The Legend (TV drama)
မင်းသမီး နာမည် ကတော့ Lee Ji-ah ဖြစ် ပါတယ်။ အခုလို ရုတ်တရက် နာမည် ကြီးသွား တဲ့ အဖြစ် မျိုး ကိုးရီးယား အနုပညာ ရာဇဝင် မှာ မရှိခဲ့ ဖူလို့ ဆို ပါတယ်။
The Legend ဟာ ကိုးရီးယား နိုင်ငံ ရဲ့ တံခိုး အကြီးဆုံး ဘုရင် Damdeok ရဲ့ အကြောင်း ကို ရိုက်ထား တာဖြစ် ပါတယ်။
ဘုရင် Damdeok ရဲ့ နိုင်ငံတော် ဟာ ကိုးရီးယား ရာဇဝင် မှာ အကျယ် ဝန်းဆုံး နဲ့ တံခိုး အကြီးဆုံး ဖြစ်ခဲ့ ပါတယ်။ Lee Ji-ah ဟာ ဘုရင် Damdeok ရဲ့ ချစ်သူ မီး နတ်သမီး Soojini အဖြစ် သရုပ်ဆောင် ခဲ့ ပါတယ်၊

Lee Ji-ah in The Legend
မြင်းစီး၊ မျှားပစ်၊ သိုင်းကစား တာတို့ ကို The Legend ရိုက်တော့ မှ တပွဲတိုး သင်ပြီး ရိုက်ခဲ့ ခြင်း ဖြစ်လို့၊ ပါရမီ ရှင် တစ်ယောက် လို့တောင် ခေါ်သင့် ပါတယ်။
The Legend အတွက် လူရွေး ပွဲမှာ နာမည် ကြီးများ ဖြစ် ကြတဲ့ မင်းသမီး Ha Ji-won, Kim Tae-hee စသူ တို့နဲ ယှဉ်ပြိုင် ပြီး အနိုင် ရခဲ့ တာ ဖြစ် ပါတယ်။

Lee Ji-ah in The Legend
Lee Ji-ah ကို ၁၉၈၁ ခုနှစ် ဖေဖဝါရီ လမှာ Seoul မြို့မှာ မွေးဖွား ခဲ့ ပါတယ်။ မူလတန်း ကျောင်းသူ အရွယ်မှာ မိဘ များနဲ့ USA သို့ ပါသွားပြီး၊ California မှာ ကြီးပြင်း ခဲ့ ပါတယ်။
သူမဟာ Pasadena Art Center College of Design (Pasadena, California, United Sates) မှ ဘွဲ့ရ တစ်ဦး ဖြစ်ပြီး၊ အင်္ဂလိပ်၊ ဂျပန် နဲ့ ကိုးရီးယား ၃ မျိုးကို ကျွမ်းကျင် စွာ ပြောနိုင် ပါတယ်။

Lee Ji-ah in Beethoven Virus (TV drama)
The Legend အပြီး မှာ ဆက်တိုက် ပဲ Beethoven Virusဆိုတဲ့ ဇာတ်လမ်း တွဲကို ရိုက်ခဲ့ ပါတယ်။ Beethoven Virus ဟာလည်း အလွန် လူကြိုက် များခဲ့ ပါတယ်။
တံယော ပညာရှင် အဖြစ် Beethoven Virus မှာ သရုပ် ဆောင်ခဲ့တဲ့ Lee Ji-ah ဟာလည်း တော်လွန်းလို့၊ ချီးကျူး လို့ မဆုံး အောင် ဖြစ်ခဲ့ ကြ ပါတယ်။

Lee Ji-ah in Beethoven Virus
Beethoven Virus မှာလည်း တံယော ထိုးတာ ကို သူ့ရဲ့ ထုံးစံ အတိုင်း ချက်ချင်း သင်ပြီး ပီပြင် အောင် သရုပ် ဆောင်ခဲ့ တာဖြစ် ပါတယ်။ Lee Ji-ah ရဲ့ profile ကတော့ အောက် ဖေါ်ပြ ပါ အတိုင်း ဖြစ် ပါတယ်။
|
Profile of Lee Ji Ah
- Name: 이지아 / Lee Ji Ah (Yi Jee Ah)
- Profession: Actress
- Birthdate: 1981-Feb-02
- Birthplace: Seoul, South Korea
- Height: 168cm
- Weight: 48kg
- Star sign: Aquarius
- Blood type: A
- Talent agency: BOF Korea
TV Shows
Recognitions
Trivia
- Education: Pasadena Art Center College of
Design (Pasadena, California, United Sates)
- Languages: Korean, English and Japanese
- Lee grew up in California, United States
External links
|
Links
Profile of Lee Ji-ah
The Legend (TV Drama)
Beethoven Virus (TV Drama)
Leave your comment