Song Yoon-ah လက်ထပ်တော့မည်

Actors Seol Kyeong-gu(41) and actress Song Yoon-ah(35)
နာမည်ကြီး မင်းသမီး Song Yoon-ah(35) နှင့် မင်းသား Seol Kyeong-gu(41) ရုတ်တရက် စေ့စပ် လိုက်ကြ ပြီး မေလ ၂၈ ရက်နေ့ တွင် လက်ထပ် တော့မှာ ဖြစ် ပါတယ်။
၎င်းသတင်း ကို Seoul မြို့ Ritz-Carlton Hotel ဟော်တယ် တွင် ၉ ရက်နေ့ က ပြုလုပ် သော သတင်းစာ ရှင်းလင်း ပွဲမှာ မင်းသား နှင့် မင်းသမီး တို့မှ ကြေငြာ ခဲ့ ပါတယ်။
ဒီလို ဆိုင်း မဆင့် ဗုံမပါ ထ ကြေငြာလိုက်လို့ အများ ပြည်သူ အကြားမှာ တော်တော် လှုပ်လှုပ် ရှားရှား ဖြစ်ခဲ့ ရ ပါတယ်။

Song Yoon-ah
Song Yoon-ah ဟာ On Air, My Sister, Hong Kong Express, Into the Storm, Present, Hotelier, Bad Boys, Advocate, Paper Crane အစ ရှိတဲ့ TV ဇာတ်လမ်း တွဲတွေ တသီ ကြီး နဲ့ ရုပ်ရှင် ကားပေါင်း ၇ ကားကျော် ရိုက်လာ ခဲ့တဲ့ နာမည် ကြီး မင်းသမီး တစ်လက် ဖြစ် ပါတယ်။
မင်းသား ကလည်း နာမည် ကျော် ရုပ်ရှင် ကား အများ အပြား ရိုက်ထား ပြီးတဲ့ နာမည် ကြီး တစ်ဦး ဖြစ် ပါတယ်။ မင်းသား ကတော့ မြန်မာ ပရိသတ် နှင့် သိတ် မရင်းနှီး လှပါ။ သူက ရုပ်ရှင် ကားကြီး (wide screen) လိုင်းမှာ သာ နာမည် ကြီးသူ ဖြစ် ပါတယ်။

Song Yoon-ah, busy with
wedding preparations
မင်းသား ဟာ ၂၀၀၇ ခုနှစ် ဇူလိုင် လက ကွာရှင်း ထားတဲ့ တခုလပ် ဖြစ်ပြီး၊ မင်းသမီး ကတော့ အပျို ဖြစ် ပါတယ်။
သူတို့ နှစ်ဦး ဟာ၊ မင်းသား မကွာရှင်း မှီ ကတည်းကဓ ပတ်သက် နေကြပြီး၊ မင်းသမီး မှာ ကိုယ်ဝန် ရှိနေ တယ် စသည် ဖြင့် ကောလာ ဟာလ သတင်း တွေ ထွက်နေ ခဲ့ ပါတယ်။
ကောလာ ဟာလ သတင်း တွေဟာ မမှန်ကန် ကြောင်း မင်းသမီး နဲ့ မင်းသား တို့က သတင်းစာ ရှင်းလင်း ပွဲမှာ အတိ အလင်. ငြင်းဆို သွား ပါတယ်။ သူတို့ နှစ်ဦး ဟာ ၂၀၀၇ နှစ်ကုန် ပိုင်း မှာ စတင် date လုပ်ခဲ့ ကြ ပါတယ်။
သူတို့ နှစ်ဦး ကို လက်ထပ် ပြီး ဘဝသစ် မှာ အဆင် ပြေစွာ လျှေက်လှမ်း နိုင်ကြ ပါစေ လို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
Actor Seol and Actress Song to Marry on May 28
Song Yoon-ah preparing for wedding!
Profile og Song Yoon-ah
Biography of Seol Kyeong-gu
Tags:
korean actor |
korean actress |
korean news |
korea
Leave your comment