မူးယစ်ဆေးမှုဖြင့်မင်းသားဖမ်းခံရခြင်း

Actor Joo Ji-hoon for alleged drug abuse
နာမည်ကျော် မင်းသား Joo Ji-hoon ကို မူးယစ်ဆေး သုံးစွဲ မှုနဲ့ ဖမ်းထား တယ်လို့ သတင်း ထွက်လာ ပါတယ်။
ပါတီ တစ်ခု မှာ ecstasy and Ketamine စတဲ့ ဆေးများ နှစ်ကြိမ် သုံးခဲ့ဖူး ပါတယ် လို့ ထွက်ဆို တယ်လို့ ဆို ပါတယ်။ ဖမ်တော့ မထားပဲ ပြန်လွှတ် ပေးထား တယ်လို့ သိရ ပါတယ်။့ 

Alleged traffickers, actress
Yoon Seol-hee and
model Yeh Hak-young.
ဒီဆေး တွေကို မင်းသမီး Yoon Seol-hee နဲ့ မိုဒယ် Yeh Hak-young ထံမှ ဝယ်ယူ တယ်လို့ ဆို ပါတယ်။ Yoon Seol-hee နဲ့ Yeh Hak-young ကိုတော့ ရဲက ဖမ်းဝရမ်း ထုတ်ထား ပါတယ်။
မင်းသမီး Yoon Seol-hee နဲ့ Yeh Hak-young ဟာ ဂျပန် မှ ၁၄ ကြိမ်ခန့် မူးယစ် ဆေးများ ကို အောက်ခံ ဘောင်းဘီ ထဲမှာ ဝှက်ပြီး သယ်ဆောင် ခဲ့ကြောင်း၊ ပါတီ ပွဲတွေ မှာ အခြား မင်းသား မင်းသမီး တွေထံ ရောင်းချ တယ်လို့ အတည် မပြု ရသေး တဲ့ သတင်းများ ကဆို ပါတယ်။

Korean actor Joo Ji-hoon
မင်းသမီး Yoon Seol-hee ရဲ့ စစ်ချက် အရ နောက်ထပ် နာမည် ကြီး မင်းသား မင်းသမီး ရှစ်ယောက် လောက်ကို ကို စစ်ဆေး ဦးမယ် လို့ သိရ ပါတယ်။
တဖြေးဖြေး နဲ့ ပိုမို ကြီးထွား လာပြီး အရုပ် ဆိုးလာ မည့် သဘော ရှိ ပါတယ်။ (This thing could get bigger and uglier)

Joo Ji-hoon and actress Yun Eun-hye
in
drama "Princess Hours"
မင်းသား Joo Ji-hoon ဟာ မင်းသမီး Yun Eun-hye နဲ့တွဲ ပြီး Princess Hours ဇာတ်လမ်းတွဲ မှာ အလွန် မှ နာမည် ကြီးခဲ့ ပါတယ်။
နာမည်ကျော် Boys Over Flowers ဇာတ်လမ်းတွဲ မှ မင်းသမီး Jang Ja-yeon သတ်သေ တဲ့ သတင်း များ အပြီး ငြိမ်နေ ခဲ့တဲ့ ကိုးရီးယား နာမည်ကြီး လောက သတင်း များဟာ ပြင်းထန် စွာ ပြန်လည် လှုပ်ရှား လာပြန် ပါပြီး။
Links
Movie Star Nabbed on Drug Charges
Korean star Joo Ji-hoon arrested on drug charges
Joo Ji-hoon busted for drug use
Joo Ji-hoon is arrested for drugs
Joo Ji-hoon is not sorry
About actor Joo Ji-hoon
Profile of Joo Ji-hoon
Articles of Joo Ji-hoon (31 articles)
Tags:
korean actor |
korean actress |
korean news |
korea
Leave your comment