မင်းသမီး Koo Hye-sun

Korean Actress Koo Hye-sun (25)
မင်းသမီး Koo Hye-sun (25 )ကို 1984-Nov-09 မှာ တောင် ကိုးရီးယား နိုင်ငံ Seoul မြို့မှာ မွေးဖွား ခဲ့ ပါတယ်။ မိသားစု ဖြစ်တဲ့ အဖေ၊ အမေ၊ အမ တို့နဲ့ အတူ နေထိုင် ပြီး အိမ်ထောင် မရှိ လူလွတ် ဖြစ် ပါတယ်။ ပညာ အရည် အချင်း မှာ Seoul Art College မှ ဘွဲ့ရ တစ်ဦး ဖြစ် ပါတယ်။
Koo Hye-sun ဟာ ၂၀၀၂ ခုနှစ် မှာ ကွန်ပျူတာ ကြော်ငြာ တစ်ခု ရိုက် ရာက နေ အနုပညာ လောက ကို ခြေချ ခဲ့ ပါတယ်။
၎င်းနောက် ရုပ်ရှင် နဲ့ ဇာတ်လမ်း တွဲတွေ ဆက်တိုက် ရိုက်လာ ခဲ့ပြီး တဖြေးဖြေး နာမည် တက်လာ ခဲံ ပါတယ်။

Koo Hye-sun as lead actress in
drama Boys 'Before Flowers'
မကြာသေးမှိ က ပြလို့ ပြီးသွား တဲ့ နာမည် ကျော် Boys Before Flowers ဇာတ်လမ်း တွဲမှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် ခဲ့တဲ့ အခါ မှာတော့ လျှမ်းလျှမ်း တောက် နာမည် ကျော် မင်းသမီး တစ်လက် ဖြစ်လာ ခဲ့ ပါတယ်။
မင်းသမီး ဟာ စွယ်စုံ ရသူ တစ်ဦး ဖြစ် ပါတယ်။ Boys Before Flowers ရိုက်နေဆဲ ကာလ မှာပဲ Tango လို့ အမည် ရှိတဲ့ novel တစ်အုပ် ရေးသား ထုတ်ဝေ ခဲ့ ပါတယ်။ စာအုပ် မျက်နှာဖုံး design ကို ကိုယ်တိုင် ဆွဲ ပါတယ်။
စာအုပ် အတွင်း မှာလည်း သူကိုယ် တိုင် ဆွဲတဲ့ သရုပ် ဖေါ် ပန်းချီ ၄၀ ကျော် ပါရှိ တယ်လို့ ဆို ပါတယ်။ စါအုပ် ကို March 31, 2009 က ထုတ်ဝေ ခဲ့ ပါတယ်။
လဝက် အတွင်း မှာ အုပ်ရေ ၃ သောင်း စံချိန် တင် ရောင်းချ ခဲ့ရ ပြီး ယခု ရောင်း မလောက် လို့ ၇ ကြိမ်မြောက် ပုံနှိပ် နေရ ပါတယ်။

Korean actress Koo Hye-sun
မကြာ ခင် ကလည်း The Cheerful
Caretaker လို့ အမည် ရှိတဲ့ ရုပ်ရှင် ကားတို လေး တစ်ကား ကို ဒါရိုက်တာ လုပ်ပြီး ထုပ်ဝေ ခဲ့ ပါတယ်။ ဒီ ဇာတ်လမ်း တိုရဲ့ theme song ကို ကိုယ်တိုင် ရေးစပ် ပါတယ်။ Panio လည်း ကောင်းကောင်း တီးတတ် ပါတယ်။
သူ ခေါင်ဆောင် မင်းသမီး အဖြစ် ပါဝင် ခဲ့တဲ့ Pure 19 (KBS1, 2006) ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ဝင် သီချင်း (themes song) ကိုလည်း ကိုယ်တိုင် ဆိုခဲ့ ပါတယ်။
ဒါတင် မပြီးသေး ပါဘူး၊ သူဟာ SBS ရဲ့ (2006 - 2007) က music program ရဲ့ စီစဉ် တင်ဆက် သူ (host) အဖြစ် လည်း ဆောင်ရွက် ဖူး ပါတယ်။
SBS Drama Award (2007) ရဲ့ အခမ်း အနားမှူး (MC) အဖြစ်လည်း ဆောင်ရွက် ခဲ့ ပါတယ်၊ ဒီ အလုပ် ကလည်း လူတိုင်း လုပ်နိုင်တဲ့ အလုပ် မဟုတ် ပါဘူး။
ဒီ ခလေးမ ဟာ အခုမှ အသက် ၂၅ နှစ် ရှိပါ သေးတယ်။ နောက် ဘာတွေ များ ဆက်လုပ် ဦး မလဲ မသိပါ။ Koo Hye-sun ရဲ့ profile မှာ အောက်ပါ အတိုင်း ဖြစ် ပါတယ်။
|
Profile of Koo Hye-sun
- Name: 구혜선 / Koo Hye Sun (Gu Hye Seon)
- Profession: Actress
- Birthdate: 1984-Nov-09
- Birthplace: Seoul, South Korea
- Height: 163cm
- Weight: 42kg
- Star sign: Scorpio
- Blood type: A
- Family: Father, Mother, Older sister
- Talent agency: YG Entertainment
TV Shows
Movies
Awards
- 2007 SBS Acting Awards: New Star Award
- 2006 KBS Acting Awards: New Actress Award
Trivia
- Education: Seoul Art College
- She was the MC of the popular music program Inkigayo
on SBS (2006-2007).
- She hosted the SBS Drama Award in 2007.
- She sang the theme song for her drama Pure 19.
External links
|
Links
Profile of Koo Hye-sun
Boys Before Flowers - drama
Articles in English of Koo Hye-sun
Koo Hye-seon Talks About her Role in "Boys Over Flowers"
Koo Hye-seon Debuts as Writer
Gu Hye Sun (http://k-popped.com/2009/04/gu-hye-sun.html)
Tags:
korean actress |
korean drama |
korean news |
korea
Leave your comment