ကန့်လန့်ကာနောက်မှမျက်ရည်များ

Tears of Jang Ja-yeon
07.03.2009 ညနေ က Jang Ja-yeon (27) အမည် ရှိ
မင်းသမီး တစ် ယောက် မိမိ ကိုယ် မိမိ သတ်သေ သွားတဲ့ သတင်း ကို ဒီ site မှာ ဖေါ်ပြ ခဲ့ပြီး ဖြစ် ပါတယ်။
မင်းသမီး ဟာ လက်ရှိ ပြသဆဲ နာမည်ကျော် Boys Over
Flowers ဇာတ်လမ်း တွဲမှ အရံ မင်းသမီး တဦးဖြစ်ပါတယ်။
သူဟာ သေတမ်းစာ တစ်စေါင် ရေးပြီး သူမ ရဲ့ agent (မန်နေဂျာ) ဆီကို ပို့ထား ရစ်ခဲ့ ပါတယ်။
မင်းသမီး မိသား စုရဲ့ သဘော တူညီ ချက်နဲ့ မန်နေဂျာ ဟာ ၄င်း စာကို၊ အများ သိအောင် ထုတ်ပြန် ခဲ့ ပါတယ်။ ၄င်းနောက် မန်နေဂျာ ဟာ သူ့မှာ တာဝန်ရှိ တယ် ဆိုပြီး သတ်သေ ပြန် ပါတယ်။ အချိန်မှီ သိရှိ ပြီး ဆေးရုံ ပို့နိုင် လို့ အသက် တော့ မသေ ခဲ့ပါ။

Actress Jang Ja-yeon
Jang Ja-yeon ဟာ ကိုးရီးယား အနု ပညာ လောကရဲ့ "ကျားဆိုး" ကြီးများ ရဲ့ သားကောင် ဖြစ်ခဲ့ ရသူ တစ်ဦး ဖြစ် ပါတယ်။
သူဟာ ဆန္ဓ မပါပဲ producer နဲ့ အိပ်စက် ခဲ့ရ တယ်လို့ ဆို ပါတယ်။ ရိုက်နှက် နှိပ်စက် တာ ခံခဲ့ ရတဲ့ အပြင်၊ အခြား လုပ်ငန်း အကြီး အကဲ လူကြီး အချို့ နဲ့ပါ အိပ်စက် ခဲ့ရ တယ်လို့ ဆို ပါတယ်။
Jang Ja-yeon ရဲ့စာ ဟာ diary တစ်ခု လို ရေထား ပါတယ်။ ပထမ စာမျက် နှာမှာ သူမ ရဲ့ လက်ဗွေရာ နဲ့ ထိုးမြဲ လက်မှတ် ပါ ပါတယ်။ "Declaration of Truth" လို့ ခေါင်းစဉ် တပ်ထား ပါတယ်။ သူ ခံစား ခဲ့ရ တာတွေ များကို ပီပြင် စွာ ဖေါ်ပြ ထားတယ် လို့ ဆို ပါတယ်။
ရဲအဖွဲ့ ဟာ တာဝန်ရှိ သူများ ကို ဖေါ်ထုတ် နိုင်အောင် အထူး ကြိုးစား နေတယ် လို့လည်း သတင်း ရရှိ ပါတယ်။
အဖြစ် အပျက် ကတော့ အတော် စိတ် မကောင်း စရာ ပါပဲ။ မင်းသမီး Jang Ja-yeon တစ် ယောက် ကောင်းရာ သုဂတိ လားပါ စေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
Late Actress Was Forced to Have Sex With Showbiz VIPs
Jang Ja Yun Manager Speaks Out
Actress Jang Ja-yeon In Apparent Suicide
Profile Joang Ja Yun
Boys Before Flowers [drama]
Boys over Flowers pay their last respects to Jang Ja-yeon
Tags:
korean actress |
korean news |
korea
Leave your comment