အိုးသည် Chae Rim

Potter
Chae Rim
မြန်မာတွေ (ဂျင်စန်းမီ) လို့သိ ထားကြ တဲ့ မင်းသမီး Chae Rim ဟာ Good job, good job လို့ အမည် ရှိတဲ့ ဇာတ်လမ်း တွဲ တစ်တွဲ ရိုက်မယ် လို့ သိရ ပါတယ်။
ဒီဇာတ်လမ်း တွဲမှာ Chae Rim ဟာ အိုးသည် (potter) သရုပ် ဆောင်မှာ ဖြစ် ပါတယ်။ ပီပြင် စွာ သရုပ် ဆောင်နိုင် အောင်၊ အိုးလုပ် ပညာ ကို အပြင်း အထန် လေ့ကျင့် နေတယ် လို့လည်း ဆိုပါတယ်
မင်းသမီး ဟာ ဆံတို လေးညှပ် ထားလို့ အမြင် ဆန်းပြီး တမျိုး ကြည့်ကောင်း နေ ပါတယ်။

Lovely Chae Rim in short hairs
Chae Rim ဟာ ခလေး တစ်ယောက် မိခင် (single mother) အဖြစ် ပါဝင် ထား ပါတယ်.။ သူဟာ အိုးလုပ် အနု ပညာသည် (pottery artist) တစ်ဦး ဖြစ် ပါတယ်။
အိုးလုပ် အတတ် ပညာနဲ့ ဝမ်းကျောင်း နေစဉ်၊ ရုပ်ရည် ချောမော တဲ့ လူငယ် တစ်ဦး (မင်းသား Eom Ki-joon) နဲ့ဆုံ ခဲ့ရာ က ဇာတ်လမ်း စခဲ့ ပါတယ်။
နောက်တော့ ကွဲနေ တဲ့ ချစ်သူ ဟောင်း ပြန်ရောက် လာပြီး ရှုပ်ထွေး ကုန်တဲ့ ဇာတ်လမ်း အဖြစ် ဇာတ်အိမ် တည်ထား ပါတယ်။
Chae Rim ဟာ အသက် ကြီးလာ တော့ (ယခု ၃၀) မောင်လေး နဲ့ မမ ကားတွေ အရိုက် များလာ ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ် (ကျွန်တော် အပါ အဝင်) ကတော့ ဘယ်လိုပဲ ရိုက်ရိုက် ကြည့်မှာ ပါပဲ။
Links
Chae Rim Cuts Her Hair Short For New Drama
Chae Rim new look, new role!
Articles of Chae Rin in this site(4)
Other articles in English of Chae Rim
Tags:
korean actress |
korean drama |
korean news |
korea
Leave your comment