Rain ရဲ့သတင်းများ

Rain featured on Discovery Channel
အနု ပညာသည် တွေပေါ် လာတယ်၊ နောက်တော့ မှေးမှိန် ပြီး ပျောက်ကွယ် ကြတယ်၊ သူတို့ကို မေ့သွား ကြတယ်၊ အသစ် တွေထပ် ပေါ်လာ ကြပြန် တယ်၊ ဒီလို ပဲ သံသရာ လည်နေ ပါတယ်။
သူတို့ တွေထဲ မှာ Rain ဆိုတဲ့ ကောင်လေး ကတော့ သူများ တွေထက် အတော် ကြာကြာ ပိုခံ မယ်လို့ ပြောနေ ကြ ပါတယ်။
အများ အားဖြင့် အောင်မြင် သွားရင် မှေးလိုက် သွားပြီး ရ သလောက် သဲ့ယူ မဲ့သူ ကများ ပါတယ်။ Rain ကတော့ ဒီလို အမျိုး အစား ထဲမှာ မပါ တာတွေ့ ရ ပါတယ်။
သီချင်း album အသစ် အတွက် မအားလပ် တဲ့အ ကြားက၊ Racer နဲ့ Ninja Assassin အမည် ရှိတဲ့ hollywood ရုပ်ရှင် နှစ်ကား ကို အပြီး ရိုက်ခဲ့ ပါတယ်။
Six to Five အမည် နဲ့ အဝတ် အထည် လုပ်ငန်း လည်းလုပ် ပါတယ်။ အဆောက် အဦး တစ်ခု ကို USD 7 million နဲ့ဝယ် ပြီး စားသောက် ဆိုင်လည်း ဖွင့်ပါ သေးတယ်။

Korea's hottest star Rain
J TUNE ခေါ်တဲ့ agency company ထောင်ပြီး၊ မင်းသမီး မင်းသား များ (သူကိုယ် တိုင်အ ပါ အဝင်) တွက် agency လုပ်ငန်း ကိုလည်း လုပ် ပါ သေးတယ်။
ဒီလို မအား လပ်တဲ့ ကြားက ကာယ လေ့ကျင့်ခဏ်း နဲ့ အက လေ့ကျင့်ခဏ်း ကိုလည်း အပျက် မကွက် ပြုလုပ် ပါတယ်။
ပြီးခဲ့တဲ့ အိုလံပစ် ပိတ်ပွဲ မှာလည်း သီချင်း ဆိုခဲ့ ပါတယ်။ မကြာခင် က ဂျပန် မှာ Fan Meet လုပ်ရာ မှာ၊ ဂျပန် ပရိသတ် က သောင်းသောင်း ဖျဖျ အားပေး ခဲ့ကြ ပါတယ်။
နာမည် ကျော် TIMES Magazine က၊ ရွေးတဲ့ 100 most influential people in the world စါရင်း ထဲမှာ 2007 ကရွေး ချယ်ခံ ခဲ့ရ ပါတယ်။
ပြီးခဲ့တဲ့ ၆လ လုံးလုံး TV Discovery Channel က Rain နောက်က တတွဲတွဲ လိုက်ပြိး သူ့ရဲ့ နေ့စဉ် ဘဝ ကို မှတ်တမ်း တင်ခဲ့ ပြီး အခု အပြ နေပါ တယ်။
ပြီးခဲ့တဲ့ နှစ်က USA မှာပြုလုပ် ဖို့ စီစဉ် ထားတဲ့ Stage Show ပွဲတွေ ပျက်ခဲ့ တဲ့ အတွက်၊ Rain ကို လျှော်ကြေး ငွေ USD 40 million တောင်းထားလို့၊ ဟာဝါရီ(USA) မှာ အမှု ချိန်းထား တာလည်း ရှိ ပါတယ်။
သူဟာ Korea မှာ ဒုတိယ ငွေ အများဆုံး မင်းသား လည်း ဖြစ် ပါတယ်။ အောင်မြင် နေသူ ဆိုတော့ အတိုက် အခိုက် လည်း အများ အပြား ခံရ ပါတယ်။ Rain တစ်ယောက် ဆက်လက် အောင်မြင် ပါစေ လို့ ဆုတောင်း ပေးအပ် ပါတယ်။
Links
Korea hottest star Rain featured on Discovery Channel documentary
Rain Settles in a Name Dispute
1,000 Japanese Fans Flock to Airport to See Rain
Rain Launches Six to Five Fashion Line
Rain purchases a 10,000,000,000 Won building for his new company
Articles about Rain in this site
Profile, photos, video clips and and articles in English of Rain
Tags:
korean actor |
korean news |
korea
Leave your comment