ဟောလီးဝုဒ်ရောက် Daniel Henney

Korean actor
Daniel Henney
ကိုးရီးယား မင်းသား မင်းသမီ နဲ့ အဆိုတော် အချိွု့ ဟာ USA မှာ အောင်မြင် ဖို့ အတွက် ကြိုးစား နေကြ ပါတယ်။
သူတို့ တတွေ အထဲမှာ၊ မင်းသား Daniel Henney ကို အောင်မြင် နိုင်ခြေ အရှိဆုံး ထဲမှာ ပါတယ် လို့ မှတ်ယူ ထားကြ ပါတယ်။
Daniel Henney ဟာ ၂၀၀၉ ခုနှစ် ဦးပိုင်း မှာ ပြသမည့် X-men Origins: Wolverine အမည် ရှိတဲ့ Hollywood ရုပ်ရှင် မှာလည်း ပါဝင် သရုပ်ဆောင် ထားခဲ့ ပြီးဖြစ် ပါတယ်။
အင်္ဂလိပ် ဖခင် နဲ့ အမေရိကန် နိုင်ငံသား ကိုးရီးယား လူမျိုး မိခင် တို့မှ မွေးဖွား ခဲ့ပြီး၊ USA, Michigan မှာ ကြီးပြင်း ခဲ့ ပါတယ်။ ထို့ပြင် သူကိုယ်တိုင် ကလည်း အမေရိကန် နိုင်ငံသား ဖြစ်လို့၊ အောင်မြင် နိုင်ခြေ ပိုရှိ ပါတယ်။
Daniel Henney ဟာ မင်းသား နဲ့ မိုဒယ် အနေ နဲ့ အာရှ မှာ လာပြီး အောင်မြင် ခဲ့ ပါတယ်။ သူက သူ့ကိုယ် သူ၊ ကိုးရီးယား မင်းသား လို့ပဲ သတ်မှတ် ပါတယ် လို့ပြော ပါတယ်။

Daniel Henney cast as a mutants in
Twentieth Century Foxs X-Men Origins
ကျွန်တော် Michigan မှာ ရောက်နေ စဉ်။ X-men: Wolverine ကို ရိုက်မည့်၊ ဒါရိုက်တာ က ဆက်သွယ် လာတော့ အတော် အံ့သြ သွားခဲ့ မိ ပါတယ်။ သူနဲ့ သွားတွေ့ တော့ အစမ်းရိုက် (audition) လုပ်ရ လိမ့်မယ် လို့ ထင်မှတ် ခဲ့ ပါတယ်။
ဒါရိုက်တာ ကြီးက၊ ကျွန်တော် မနှစ်က ရိုက်ခဲ့ တဲ့ My Father အမည် ရှိ၊ ကိုးရီးယား ရုပ်ရှင် ကို ကြည့်ထား ပြီးသား ဖြစ်နေလို့၊ audition မလုပ်ပဲ၊ လက်ခံ ခဲ့ ပါတယ်။

Daniel Henney
ကိုးရီးယား ဟာ ကျွန်တော့ ကို အောင်မြင်မှု လမ်းကြောင်း ပေါ်ကို တင်ပေး ခဲ့တဲ့ နိုင်ငံ ဖြစ် ပါတယ်၊ ကျွန်တော့ ကိုယ် ကျွန်တော် လည်း ကိုးရီးယား သရုပ်ဆောင် လို့ပဲ ယူဆ ထား ပါတယ်။
နှစ်စဉ် USA နဲ့ Korea တို့မှာ ရုပ်ရှင် တစ်ကား စီ ရိုက်နိုင် ပါစေရန် အမြဲ ဆုတောင်း နေပါ တယ်လို့ Daniel Henney က အင်တာဗျူး တစ်ခု မှာ ပြောသွား ပါတယ်။
Links
Daniel Henney Is Poised for Hollywood Glory
Daniel Henney Cast in 'X-Men Origins: Wolverine'
Other English articles of Daniel Henny
Profile, photos and video clips of Daniel Henny
Articles of Daneil Henny, written
in this site

Tags:
korean actor |
korean news |
korea
Leave your comment